အပိုင်း (၇၄)
Viewers 31k

part-74


ဝမ်လေးအိမ်ပြန်လာချိန်၌ လုံးဝတက်ကြွပျော်ရွှင်မှုရှိမနေပေ။


ဒါပေါ့.....

 ယွမ်ရှကလဲသူစိတ်အခြေအနေမကောင်းတာကိုခံစားသိမိတယ် ဒါပေမဲ့လဲသူမဘယ်လောက်ပဲကြိုးစားပြီးသူ့ကိုစနောက်ပါစေ ကလေးလေးကလုံးဝတုန့်ပြန်မှုရှိမလာဘူး။


ဝမ်လေးကဆိုဖာပေါ်တွင်ထိုင်လိုက်ပြီးဘာမှမရှိသည့်နေရာအလွတ်ကိုသာငေးကြောင်စိုက်ကြည့်နေလေသည်။


ကလေးများကတခါတရံတွင်ပြဿနာရပ်များကိုတွေးတောနေကြသော်လဲ ပေါက်စီလုံးလေးကတော့အချိန်များစွာတွင်သူမကိုသာကပ်လေ့ရှိသည်။ယခုကပထမဦးဆုံးအကြိမ်အဖြစ် သူမစကားပြောနေသော်လဲလျစ်လျူရှုထားခြင်းဖြစ်သည်။ယွမ်ရှကသူ့အပြုအမူများမှတဆင့်ပြဿနာရပ်ကိုခွဲခြားစိတ်ဖြာရန်ကြိုးစားကြည့်သော်လဲ သူမကမူကြိုဆရာမတဦးမဟုတ်သောကြောင့်ကလေးများ၏အတွေးအမြင်များကိုနားမလည်ပေ။


သူတို့ညစာမစားရသေးသော်လဲ ကလေးကိုမြူစွယ်ရန်အတွက် သရေစာနှင့်ရေခဲမုန့်ကိုယူလာခဲ့သော်လဲအသုံးမဝင်ပေ။


ဘာတွေများဖြစ်နေတာလဲ...အရင်ကသူ့ကိုရေခဲမုန့်ပေးလိုက်တာနဲ့တက်ကြွရွှင်မြူးသွားတာလေ...ဒီနေ့ဘာလို့တုံ့ပြန်မှုမရှိတာလဲ...တစုံတရာတော့ဖြစ်နေပြီ ဒါကပြဿနာကြီးကြီးမားမားတောင်ဖြစ်ရင်ဖြစ်နေနိုင်တယ်...သူအသည်းကွဲနေတာများဖြစ်နိုင်လား...


ယွမ်ရှကတွေးမိတွေးရာလျှောက်စဉ်းစားနေသော်လဲ ၎င်းကမဖြစ်နိုင်ပေ။သူမကဝမ်လေးကို မူကြိုကျောင်းမှအကြိုအပို့လုပ်ဖူးလေရာသူ့၏သူငယ်ချင်းအုပ်စုကိုလဲသိထားလေသည်။မူကြိုကျောင်းတွင် ဝမ်လေးသည် (F4ကားထဲမှ) မင်းသားလေးဟုဆိုလျှင်တောင်ချဲ့ကားပြောဆိုခြင်းမဟုတ်ပေ။မူကြိုကျောင်းတွင် ဝမ်လေးကိုကြိုက်နှစ်သက်သည့်ကလေးမလေးများက တစ်ယောက်ထက်မကရှိပေသည်။


သို့သော်လဲ ထိုကလေးမလေးများနှင့် သူမကသိကျွမ်းထားခြင်းတော့မရှိပေ။ထို့ကြေါင့် ယွမ်ရှစဉ်းစားမနေတော့ပဲ ကလေးကိုသာတိုက်ရိုက်ချော့မေးလိုက်သည်။


"ဝမ်လေး...ဒီနေ့ကျောင်းမှာ သူငယ်ချင်းတွေနဲ့ရန်ဖြစ်ခဲ့လို့လား..."


ဝမ်လေးကအသံတစက်ပင်မထွက်ပဲ သူ့၏လက်ဖောင်းဖောင်းတုတ်တုတ်လေးများကိုဗလာဖြစ်သောအကြည့်များဖြင့်‌ငေးကြောင်ကြည့်နေလေသည်။


ယွမ်ရှသက်ပြင်းတချက်ချလိုက်မိသည်။


ဒီပေါက်စီလုံးလေးကအရမ်းကိုခေါင်းမာတာပဲ သူမဘယ်လိုပဲကြိုးစားပြီးမေးမေးလုံးဝပြန်မဖြေဘူး...


ယွမ်ရှအနေဖြင့် စုန့်ထင်ရှန်းပြန်လာသည့်အချိန်ထိစောင့်ပြီးမှသာ သူတို့ဒီအခြေအနေကိုမည်ကဲ့သို့ကိုင်တွယ်ဖြေရှင်းမည်ကိုဆွေးနွေးတိုင်ပင်ရပေမည်။ကလေးလေးက အသက်လေးနှစ်အရွယ်သာရှိသေးသည်ဆိုသော်လဲ သူ့၏စိတ်အခြေအနေနှင့်ပတ်သတ်သည့်ကိစ္စများကိုတော့အာရုံစိုက်ရပေမည်။


သူမက ကလေးတွင်ဖြစ်ပေါ်လာမည့်ဆိုးရွားသည့်ကိစ္စများအားလုံးကိုပြောင်းလဲပစ်ပြီးသားဆိုသော်လဲ ဝမ်လေးတွင်အနာဂတ်၌ဗီလိန်ဖြစ်လာနိုင်မည့်လမ်းများရှိနေနိုင်ပေသေးသည်။


ထိုညနေခင်းအချိန်၌ စုန့်ထင်ရှန်းအိမ်ပြန်ရောက်လာသော အခါတွင်သူကအိမ်နေရင်းသက်တောင့်သက်သာအဝတ်အစားများဝတ်ဆင်ရန်အတွက်ပုံမှန်အတိုင်းပင်အပေါ်ထပ်သို့တက်သွားလိုက်သည်။


ယွမ်ရှသူ့အနောက်မှအလျင်အမြန်လိုက်သွားလိုက်သည်။သို့သော် သူကအခန်းတံခါးကိုဖွင့်ထားပြီးအဝတ်အစားလဲနေလိမ့်မည်ဟုတော့ မမျှော်လင့်ထားခဲ့သောကြောင့် သူ့၏ဝမ်းဗိုက်ကြွက်သားများနှင့်ခြေတံသွယ်သွယ်များကိုရင်ဆိုင်လိုက်ရလေသည်။


ယွမ်ရှသိသိသာသာပင် သက်ပြင်းတချက်ချလိုက်မိသည်။စုန့်ထင်ရှန်း၏ပုံရိပ်ကအလွန်ပင်ကြည့်ကောင်းလှပေသည်။သူအဝတ်အစားအများဝတ်ထားသည့်အခါ၌ပိတ်သွယ်သည်ဟုထင်ရသော်လဲ အဝတ်ချွတ်လိုက်သောအခါ၌မူလုံးဝကွဲပြားခြားနားနေသည်။သူမ၏ကိုယ်တွင်းဟော်မုန်းများပင် မြင့်တက်လာပြီးနီရဲပူပြင်းလာလေသည်။


သူမရှက်ရွံ့တကြားအော်လိုက်ပြီးတော့ မျက်လုံးတွေကိုပိတ်လိုက်သင့်လား...မဟုတ်ဘူး အဲ့လိုမျိုးမလုပ်သင့်ဘူး...သူမကငယ်ရွယ်သန့်စင်တဲ့မိန်းမပျိုလေးမဟုတ်တော့ဘူးလေ...ပြီးတော့လဲစုန့်ထင်ရှန်းအနေနဲ့ကြည့်မယ်ဆိုရင်သူမကလွန်ခဲ့တဲ့လေးနှစ်ထဲက သူ့အိပ်ယာထဲကိုတိုးဝင်ဖို့ကြိုးစားခဲ့ပြီးသားလေ...


ထို့ကြောင့် ယွမ်ရှကအေးဆေးတည်ငြိမ်စွာဖြင့်ပင် စုန့်ထင်ရှန်း၏ဝမ်းဗိုက်ကြွက်သားများကိုစိုက်ကြည့်လိုက်ပြီးခြေတံသွယ်သွယ်များကိုတချက်ပိုကြည့်လိုက်သည်။


 သူမအတွက်လုံလောက်သွားပြီဟုခံစားလိုက်ရပြီးနောက်မှ စုန့်ထင်ရှန်းကိုစကားလှမ်းပြောလိုက်သည်။


"ကျွန်မရှင့်ကိုပြောစရာ ရှိတယ်..."


စုန့်ထင်ရှန်းကလဲ အလျင်စလိုပင်အဝတ်ဝတ်ဆင်ပြီးသွားလေပြီ။သူက ယွမ်ရှအနောက်ကလိုက်လာလိမ့်မည်ဟုမထင်ထားခဲ့ပေ။ပုံမှန်ဆိုလျှင်ယွမ်ရှက အောက်ထပ်တွင်ဝမ်လေးနှင့်သာကစားနေပြီး အိမ်အကူအန်တီကလဲဒီအချိန်၌အပေါ်တက်လာလေ့မရှိပေ။ကံကောင်းထောက်မစွာပင်ယွမ်ရှက ရှက်ရွံ့နေခြင်းမရှိပေ။စုန့်ထင်ရှန်း၏အမူအယာကလဲအလွန်ပင်တည်ငြိမ်နေလေ၏။


သူယွမ်ရှဆီသို့လျှောက်လာပြီးအရှေ့တွင်ရပ်လိုက်သည်။သူ့၏အရပ်က သူမထက်ခေါင်းတလုံးစာသိသိသာသာပိုရှည်နေကြောင်းမြင်နိုင်ပေသည်။သူ့ခန္ဓာကိုယ်မှ လတ်ဆတ်သန့်ရှင်းသောရနံ့ဖျော့ဖျော့ကိုပင် ရှူရှိုက်လို့ရနေ၏။ယွမ်ရှအနောက်သို့ခြေတလှမ်းဆုတ်လိုက်သည်။စုန့်ထင်ရှန်း၏ဟော်မုန်းများဖြင့်ဖုံးလွှမ်းခံရလုနီးပါးပင်ဖြစ်သွားလေသည်။


သူတို့ကြားထဲအကွာအဝေးကို ခြားထားတာအကောင်းဆုံးပဲ ဒီလိုမှမဟုတ်ရင် သူမထိန်းချုပ်မှုလွတ်သွားလိမ့်မယ်...

xxxxxxxxxx