အပိုင်း (၇၅)
Viewers 34k

part-75


"ရှင်က ပြန်လာတာနဲ့အပေါ်ကိုအလျင်စလိုတက်သွားတာဆိုတော့ ဒီနေ့ဝမ်လေးရဲ့အခြေအနေကိုသတိမပြုမိလိုက်သေးဘူးမဟုတ်လား...သူဒီနေ့ စိတ်အခြေအနေလဲမကောင်းသလိုစကားလဲများများမပြောဘူး...ကျွန်မကသူ့ကိုရေခဲမုန့်ပေးတာတောင်မှလုံးဝမတုံ့ပြန်ဘူး..."


စုန့်ထင်ရှန်းကသူမ၏စကားများကိုခဏမျှစဉ်းစားလိုက်ပြီးနောက် ပြန်မေးလိုက်သည်။


"သူ မူကြိုမှာစကားများခဲ့တာမျိုးများဖြစ်နိုင်လား..."


"ကျွန်မလဲ မသိဘူး သူ့ကိုမေးပေမဲ့လုံးဝပြန်မဖြေဘူး..."

.

ယွမ်ရှကထိုခက်ခဲသောတာဝန်ကို စုန့်ထင်ရှန်းလက်ထဲ သို့လွှဲပြောင်းပေးရန်ဆုံးဖြတ်ထားပြီဖြစ်သည်။


"ဘာပဲဖြစ်ဖြစ်ကျွန်မကအခု သူ့ကိုအကောင်းဆုံး ကြိုးစားပြီးမေးကြည့်ပြီးပြီ...သူကလုံးဝတိတ်ဆိတ်နေတုန်းပဲ အဲ့တော့ရှင် သူ့ကိုစကားသွားပြောကြည်လိုက်ဦး...အခုဒီလိုပုံစံမျိုးနဲ့သူ့ကိုမြင်ရတာကအဆင်မပြေဘူး..."


"ကောင်းပြီလေ..."


စုန့်ထင်ရှန်းခဏမျှရပ်သွားပြီးနောက် ထပ်ပြောလိုက်သည်။


"ဒီနေ့ မင်းလုပ်ပေးလိုက်တဲ့ကိတ်မုန့်ကအရသာကောင်းတယ်..."


ထိုစကားများကိုဆိုပြီးနောက် သူ့၏အမူအယာကအနဲငယ်ရှက်ရွံ့ဟန်ပေါက်သွားလေသည်။ပြောရမည်ဆိုလျှင် သူတို့နှစ်ယောက်ကအပြန်အလှန်မစွက်ဖက်ရန်ကတိပြုထားခဲ့ကြသောကြောင့် တယောက်နှင့်တယောက်ရင်းနှီးကျွမ်းဝင်မှုမရှိပေ။ပထမဆုံးအနေဖြင့်ယွမ်ရှကသူသွေးလေခြောက်ခြားပြီး နားကြားမှားသည်ဟုထင်လိုက်မိသည်။


ယခုအချိန်ထိတိုင်အောင် စုန့်ထင်ရှန်းနှင့်သူမတို့ကြား၌ ဝမ်လေးနှင့်ပတ်သတ်သည့်ကိစ္စမှလွဲ၍ တခြားအကြောင်းမပြောဘူးပေ။သို့သော်လဲ အစောပိုင်းဆီကသူတောင်းဆိုမှုကိုပြန်လည်သတိရသွားပြီးနောက် သူမပြန်စိတ်သက်သာရာရသွားသည်။


တကယ်လို့သူတို့ ဝမ်လေးရှေ့မှာ ချစ်ခင်တဲ့ဇနီးမောင်နှံလိုဟန်ဆောင်ချင်တယ်ဆိုရင်တော့ သူတို့ကြားကဆက်ဆံရေးကလဲဆိုးရွားနေလို့မရဘူးလေ...အနည်းဆုံးသူတို့တယောက်ကိုတယောက်သူစိမ်းတွေလိုဆက်ဆံနေလို့မရတော့ဘူး။


"အဲ့တာကောင်းတယ်...ကျွန်မရဲ့မုန့်ဖုတ်သင်တန်းမှာ ကွတ်ကီးနဲ့ကိတ်တွေအများကြီးလုပ်ထားတာ...ဒါပေမဲ့ ကျွန်မပြန်သယ်လာလို့မရဘူးဖြစ်နေတယ်...အိမ်အကူအန်တီကလဲ သူမရဲ့ဆီးချိုကိုထိန်းချုပ်နေရပြီးတော့ ဝမ်လေးကလဲအချိုတွေများများစားလို့မရဘူးဖြစ်နေတယ်လေ...ပြီးတော့အချိုပွဲများများစားတာကလဲသူ့ရဲ့ညစာစားချင်စိတ်ကိုဖျက်ဆီးပစ်လိုက်မှာလဲဆိုးသေးတယ်...ပြီးတော့ကျွန်မကလဲ အချိုပွဲစားလို့မရဘူး...များများစားမိရင်ကျွန်မရဲ့ကိုယ်အလေးချိန်တက်လာစေလိမ့်မယ်...ကျွန်မမနက်ဖြန်ကြရင်မုန့်ဖုတ်သင်တန်းမှာလုပ်မဲ့မုန့်တွေကိုအိမ်ကိုပြန်ယူလာမယ်ဆိုရင်ရော ဘယ်လိုသဘောရလဲ...အဲ့ဒာတွေကိုရှင်မစားနိုင်ဘူးဆိုရင်တောင်မှလက်ထောက်ချန်းတို့ကိုပေးလို့ရတယ်လေ..."


ထို့နောက် ယွမ်ရှကထပ်ပေါင်း၍ပြောလိုက်သည်။


"ဒါပေမဲ့ ဘယ်သူပဲစားပါစေ မှတ်ချက်တော့ကျွန်မကိုပြန်ပေးရမယ်...ဒီလိုမှမဟုတ်ဘူးဆိုရင် ကျွန်မလက်ရာကတိုးတက်လာလား မတိုးတက်လာဘူးလားဆိုတာကို ကျွန်မကသိမှာမဟုတ်ဘူး..."


စုန့်ထင်ရှန်းခေါင်းညိမ့်လိုက်သည်။


"ကောင်းပြီလေ..."


သူတို့နှစ်လောက်ကြားထဲတွင်စကားဆက်ပြောစရာအကြောင်းအရာမရှိတော့ပေ။ပြောရမည်ဆိုလျှင်သူတို့က တယောက်နှင့်တယောက်မရင်းနှီးကြသောကြောင့် သူတို့ကြားထဲတွင်ကလေး၏အကြောင်းအရာမှလွဲ၍တခြားအကြောင်းပြောစရာရှားပါးလှပေသည်။


ကံကောင်းထောက်မစွာပင်ညစာ စားရန်လှမ်းခေါ်သည့်အိမ်အကူအန်တီ၏အသံကိုကြားလိုက်ရသည်။


စုန့်ထင်ရှန်းနှင့် ယွမ်ရှတို့နှစ်ယောက်သားအောက်ထပ်ဆီသို့ပြန်လည်ဆင်းလာကြလိုက်သည်။


ယွမ်ရှကမည်သည့်စကားမှထပ်မဆိုတော့သော်လဲ စုန့်ထင်ရှန်းတယောက် သူ့သား၏စိတ်အခြေအနေမကောင်းမှုကိုသတိပြုမိသွားလေသည်။ပုံမှန်အားဖြင့် ပေါက်စီလုံးလေးကအစားစားသည့်အချိန်တိုင်းတွင်အပျော်ရွှင်တက်ကြွဆုံးပင်ဖြစ်သည်။သို့သော်လဲ ဒီနေ့၌သူဟက်ဟက်ပက်ပက်မရှိပေ။


ဒီနေ့အိမ်အကူအန်တီက သူ့အကြိုက်ဆုံးဟင်းပွဲဖြစ်သည့်အသားလုံးကိုပြုလုပ်ပေးထားသော်လဲသူစိတ်ဝင်တစားစားသောက်ခြင်းမရှိပေ။


"ကြည့်ရတာတော့ ဒီနေ့ကိစ္စကြီးကြီးမားမားတခုဖြစ်ခဲ့ပုံပဲ..."


စုန့်ထင်ရှန်းနှင့်ယွမ်ရှတို့ တယောက်ကိုတယောက်ကြည့်လိုက်မိကြသည်။သူတို့လဲဘာလုပ်ရမည်မသိလမ်းပျောက်နေပေသည်။အိမ်အကူအန်တီက ပုံမှန်အတိုင်းသူမတို့နှင့်အတူညစာစားလိုက်သည်။သူမကကလေးလေး၏ စိတ်ဝိဉာဉ်ပျောက်ဆုံးနေသလိုပုံစံကိုမြင်လိုက်ရသောကြောင့်မေးလိုက်၏။


"ပေါင်ပေါင်လေး တနေရာရာကများ မသက်မသာခံစားနေရလို့လား..."


ဝမ်လေးကခေါင်းခါလိုက်ပြီး ခေါင်းငုံ့ကာသာဆက်လက်စားသောက်နေလိုက်သည်။ကလေးလေး၏စိတ်အခြေအနေကတကယ့်ကိုဆိုးရွားနေပေသည်။ညစာစားပြီးသည့်နောက်တွင်လဲ သူကဘယ်သူ့ကိုမှကပ်တွယ်ချွဲနွဲ့ခြင်းမရှိပေ။


အိမ်အကူအန်တီကအပြင်ဘက်တွင်သွားရောက်ဆော့ကစားဖို့ပြောသည့်အချိန်တွင်လဲ သူကဆော့ကစားလိုခြင်းမရှိပေ။


သူက သူ့၏ကိုယ်ပိုင်အခန်းလေးသို့သာပြန်သွားပြီးထိုင်နေလေသည်။ကလေး၏ပုံစံကိုကြည့်ရသည်မှာလူမှုပတ်ဝန်းကျင်နှင့် ဝေးရာကိုရှောင်ဖယ်နေချင်သလိုဖြစ်နေသည်။


စုန့်ထင်ရှန်းနှင့် ယွမ်ရှတို့နှစ်ယောက်သားသူတို့သား၏အခန်းရှေ့တွင်ရပ်ရင်း တယောက်ကိုတယောက်တုန်လှုပ်ခြောက်ခြားစွာကြည့်လိုက်မိကြသည်။ပေါက်စီလုံးလေး၏နောက်ကျောကိုကြည့်နေရင်းကလေးလေးမည်သည့်အရာများဖြစ်ပျက်ခဲ့သည်ကို 

အဖြေမရှာနိုင်ကြပေ။


ယွမ်ရှက မူကြိုဆရာမကိုဖုန်းခေါ်ပြီးယ‌နေ့၌မည်သည့်ကိစ္စရပ်များဖြစ်ပွားခဲ့သည်ကိုမေးမြန်းခဲ့ပြီးသားဖြစ်သည်။သို့သော်လဲ ဆရာမကမည်သည့်ကိစ္စမှမဖြစ်ဟုသာဖြေကြားခဲ့သည်။


"သူကဆယ်ကျော်သက်အရွယ်မှာဖြစ်လေ့ဖြစ်ထရှိတဲ့ ဒေါသထွက်စိတ်အနှောင့်အယှက်ဖြစ်တာမျိုးဖြစ်ရအောင်ကလဲ သူ့အရွယ်ကအရမ်းငယ်နေသေးတယ်လေ ဒါပေမဲ့အဲ့တာဆိုရင်လဲဘာလို့သူစိတ်ဓာတ်ကျသလို့ဖြစ်နေရတာလဲ...သူကအသည်းကွဲဝေဒနာကိုခံစားနေရတာများဖြစ်နိုင်လား..."


ယွမ်ရှ စုန့်ထင်ရှန်းကိုတီးတိုးမေးလိုက်သည်။စုန့်ထင်ရှန်း သူမကိုစူးစူးရဲရဲစိုက်ကြည့်လိုက်သည်။


"သူကအသက်လေးနှစ်ပဲရှိသေးတယ်..."


"အခုခေတ်ကလေးတွေက မူကြို‌ကျောင်းမှာတင်ကြိုက်နှစ်သက်တဲ့လူတယောက်ယောက်ရှိနေပြီလေ...ရှင်ရဲ့သားမှာကြိုက်တဲ့သူရှိမရှိဆိုတာကို ရှင်ဘယ်လိုလုပ်ပြီးသေချာသိနိုင်မလဲ..."


စုန့်ထင်ရှန်း"..."


သူယွမ်ရှ၏ခေါင်းထဲ၌ဘယ်လိုမျိုးတွေးခေါ်နေသည်ကိုနားမလည်နိုင်ဖြစ်သွားသည်။


"ကောင်းပြီ ကိုယ်သူနဲ့စကားပြောကြည့်လိုက်မယ်...ဒါပေမဲ့ သူ မင်းကိုတခုခုမပြောဘူးဆိုရင် ကိုယ့်ကိုလဲပြောချင်မှာမဟုတ်ဘူး...ကိုယ်ထင်တာတော့ သူတယောက်ထဲတွေးကြည့်ဖို့အချိန်လိုနေတာပဲဖြစ်မယ်..."

xxxxxxxxxx