အပိုင်း (၇၆)
Viewers 31k

part-76...


ဝမ်လေးက တကယ့်ကိုကြည့်ကောင်းသည့်ကောင်လေးတစ်ယောက်ဖြစ်သည်။


ယွမ်ရှ ဖုန်းထုတ်ယူလိုက်ပြီးသူ့၏နောက်ကျောဘက်မှာနေ၍ ပုံရိုက်လိုက်သည်။ယခုအချိန်၌ သူအလွန်အမင်းစိတ်ပျက်အားငယ်နေပုံပေါက်နေ၏။ယွမ်ရှ ဓာတ်ပုံကိုပိုကြည့်မိလေလေ တိရစ္ဆာန်ရုံမှပန်ဒါလေးနှင့်တူလေလေဟုခံစားမိလေလေပင်။


ထိုပန်ဒါငယ်လေးက အလည်လာသူများကိုမကြည့်ချင်ဟန်ဖြင့် နောက်ကျောသာပေးထားလေသည်။ဝမ်လေး၏ပုံရိပ်လေးကိုကြည့်ရသည်မှာ တကယ့်ကိုမျှော်လင့်ချက်များပျောက်ဆုံးပြီးအထီးကျန်ဝမ်းနည်းနေပုံပေါ်လေသည်။


သူမခပ်မြန်မြန်ပင်သူမ၏ wechat avatar ကိုပုံချိန်းလိုက်သည်။သူမပုံချိန်းလိုက်ပြီးသည်နှင့် စုန့်ထင်ရှန်းကသူမကိုပြောလာလေသည်။


"ငါ့ဆီကိုလဲ ပုံပို့လိုက်ငါလဲ ချိန်းလိုက်မလို့..."


လက်ရှိ အခြေအနေက ဝမ်လေးသည်အခန်းထဲတွင်စိတ်ပျက်လက်ပျက်ဖြင့်ထိုင်နေပြီးအခန်းအပြင်၌ ယွမ်ရှနှင့်စုန့်ထင်ရှန်းတို့နှစ်ယောက်သာတယောက်နှင့်တယောက်အကောင့်အပ်နေကြသည်။


ဒါပေါ့... တစ်ယောက်ယောက်ကသာသူတို့ရဲ့ဆင်တူပုံ‌လေးကိုသာမြင်သွားမယ်ဆိုရင်တကာအံ့ဩစရာကောင်းသွားမှာပဲမဟုတ်လား...


စုန့်ထင်ရှန်း၏ ခန့်မှန်းချက်ကမှန်လေသည်။


ဝမ်လေးကသူ့စိတ်ထဲမှအခက်အခဲတွေကိုသူ့အဖေနှင့်လဲဝေမျှလိုခြင်းမရှိပေ။ချစ်စရာပေါက်စီလုံးလေးက သူ့အခက်အခဲများကိုသူကိုယ်တိုင်ပဲကျော်လွှားချင်ခဲ့လေသည်။


သို့သော်လဲကလေးလေးက စုန့်ထင်ရှန်း၏မေးခွန်းများကိုမဖြေခဲ့ပေမဲ့ သူ့၏ကိုယ်ပိုင်မေးခွန်းများကိုတော့ စုန့်ထင်ရှန်းအားထပ်ခါတလဲလဲမေးခဲ့လေသည်။


"ပါပါး သားဆရာမကပြောတယ် တကယ်လို့မင်းကတယောက်ယောက်ကိုသဘောကျနှစ်သက်တယ်ဆိုရင် သူ့ရဲ့ဆုံးဖြတ်ချက်ကိုလဲလေးစားပေးရမယ်တဲ့...အဲ့တာဟုတ်လား..."


စုန့်ထင်ရှန်းတယောက်သူနားကြားမှားခြင်းဖြစ်မည်ဟုထင်လိုက်မိသည်။


ဒီလိုမှမဟုတ်ဘူးဆိုရင် သူ့သားလေးကဒီလိုလေးနက်ခက်ခဲတဲ့မေးခွန်းမျိုးကိုဘယ်လိုလုပ်မေးမှာလဲ...


သူကလေးလေးကိုကြည့်လိုက်ပြီး လေးလေးနက်နက်ခေါင်းညိမ့်ပြလိုက်သည်။


"ဟုတ်တယ်...မှန်တယ် သားဆရာမပြောတာအမှန်ပဲ...တယောက်ယောက်ကိုသဘောကျတယ်ဆိုရင်သူ့ရဲ့ရွေးချယ်ဆုံးဖြတ်မှုကိုလေးစားရမယ်..."


ဝမ်လေးကနောက်ထပ်မေးခွန်းတခုကိုထပ်မေးလာလေသည်။


"အဲ့တာက သူမကိုပိုပြီးတော့ပျော်ရွှင်စေချင်လို့ ဟုတ်တယ်မလား..."


စုန့်ထင်ရှန်းကသူ့သား၏စကားကို နားထောင်လေလေ ပို၍ထူးဆန်းလာလေလေဟုခံစားမိလေသည်။


ယွမ်ရှပြောတာ မှန်နေတာပဲလား...သူတို့သားလေးကတကယ်ပဲအသဲကွဲဝေဒနာခံစားနေရတာလား...


မဟုတ်ဘူး အဲ့လိုမဖြစ်နိုင်ဘူး...သူ့သားကတယောက်ယောက်ကိုသဘောကျနှစ်သက်သွားတယ်ဆိုရင် သူကအဖေတယောက်အနေနဲ့ဘယ်လိုလုပ်ပြီးမသိပဲနေမလဲ..


"အဲ့ဒာမှန်လား..."


စုန့်ထင်ရှန်းချက်ချင်းပြန်မဖြေသောကြောင့် ဝမ်လေးကအတည်ပြု၍ထပ်မေးလာလေသည်။


"ဟုတ်တယ် မှန်တယ်...အဲ့ဒီ့အတိုင်းပဲ..."


ဝမ်လေးကဆုံးဖြတ်ချက်ချလိုက်ပုံပေါ်လေသည်။သူလက်သီးသေးသေးလေးကိုတင်းတင်းဆုပ်၍ပြောလိုက်သည်။


"ကောင်းပြီ ဒါဆိုရင်သားသဘောပေါက်သွားပြီ..."


ဝမ်လေးကပြောပြီးသည်နှင့် သူ့၏ခြေထောက်တိုတိုလေးများဖြင့် စာဖတ်ခန်းထဲမှထွက်သွားပြီးအိပ်ခန်းကျယ်တခန်းဆီသို့လှမ်းလျှောက်သွားလိုက်သည်။


စုန့်ထင်ရှန်းခဏမျှစဉ်းစားပြီးနောက် ယွမ်ရှဆီသို့မက်ဆေ့ပိုလိုက်သည်။


oဟုတ်တယ် ဝမ်လေးကိုကြည့်ရတာတကယ်အသဲကွဲဝေဒနာခံစားနေရပုံပဲ...)


ဝမ်လေးအိပ်ခန်းထဲသို့ဝင်လာချိန်၌ ယွမ်ရှကထိုမက်ဆေ့ကိုလက်ခံရရှိပြီးဖြစ်သည်။ပေါက်စီလုံးလေး၏စိတ်ပိုင်းဖြတ်ထားသောအမူအယာကိုကြည့်၍သူမရီချင်လာမိသည်။


သို့သော်လဲအဓိကအချက်ကိုတွေးမိပြီး‌နောက် ခါးသီးမှုကိုခံစားရပြီးသူမငိုချင်လာမိပြန်သည်။


သူမမှာတောင်ကြိုက်ရမဲ့လူမရှိသေးချိန်မှာ ပေါက်စီလုံးလေးကတော့တယောက်ယောက်ကိုကြိုက်မိသွားပြီတဲ့လား...


စုန့်ထင်ရှန်းကရော...ဘယ်သူသိနိုင်မလဲလေ သူကလဲသူ့ကိုသူအတွက်ချစ်စရာကောင်းတဲ့ချစ်သူလေးတယောက်ရှာထားပြီး ဖြစ်ချင်ဖြစ်နေမှာ...သူတို့ကအမည်ခံအနေနဲ့သာလက်ထပ်ထားပေမဲ့အချစ်ရေးနဲ့ပတ်သတ်လာရင်တော့...နေဦးဒီအကြောင်းကိုမပြောတာကောင်းမယ်...


ဒီကြီးမားတဲ့အိမ်ကြီးထဲနေထိုင်တဲ့သူတွေထဲမှာ အိမ်အကူကလဲ လက်တွဲဖော်ရှိပြီးတော့ သားတယောက်ရှိတယ်...စုန့်ထင်ရှန်းမှာလဲချစ်သူလေးတယောက်ရှိကောင်းရှိနိုင်တယ်...သူတို့သားလေးမှာလဲ ခရက်ရ်ှရှိနေပြီ...အဲ့တော့သူမယောက်ထဲ FA လား...သူမရဲ့ရည်းစားလေးကဘယ်မှာများလဲ...


သူမကစင်ဂယ်တယောက်ဟုတော့မပြောနိုင်ပေ မည်သို့ပင်ဆိုစေ သူမတွင်သူမ၏ခင်ပွန်းသည်ကသက်ရှိထင်ရှားရှိနေပေသေးသည်။သို့သော်လဲ သူမနှင့်အမည်ခံခင်ပွန်းကြားရှိဆက်ဆံရေးကသာမာန်သူငယ်ချင်းမျှလောက်ပင်မကောင်းမွန်ပေ။


ယွမ်ရှ၏စိတ်ထဲ၌ သူမကို သူမ FA တယောက်ဟု သတ်မှတ် မသတ်မှတ်ဟုငြင်းခုန်နေချိန်၌ ကလေးလေးကသူမအနားသို့တဖြေးဖြေးချဉ်းကပ်လာလေသည်။


ပေါက်စီလုံးလေးကလက်သီးလေးကိုတင်းတင်းကြပ်ကြပ်ဆုတ်ပြီး နှုတ်ခမ်းလေးစူထော်ကာယွမ်ရှကိုမော့ကြည့်လာလေသည်။သူ့၏မျက်ဝန်းထဲ၌ မျက်ရည်များပြည့်ဝိုင်းနေသော်လဲ သူက မျက်ရည်မကျအောင်ထိန်းချုပ်ထားလေသည်။သို့သော်လဲထိုပုံစံကလေးကပင် ကြည့်မိလိုက်သူများကိုပို၍စိတ်မကောင်းဖြစ်စေ‌လေသည်။


ထို့နောက် သူ့၏ကလေးသံလေးဖြင့်ညင်သာစွာပြောလာလေသည်။


"မာမား မာမားကွာရှင်းချင်တယ် ဆိုလို့ရှိရင်...မာမားဆက်လုပ်လို့ရတယ်နော်...သားအတွက်ကိုစိုးရိမ်နေစရာမလိုဘူး..."


ယွမ်ရှ"..." မြောင်

ဘာတွေဖြစ်နေတာလဲ...။