အပိုင်း (၇၇)
Viewers 31k

Part 77


ယွမ်ရှ အံ့သြစွာဖြင့်ခေါင်းမော့ကြည့်လိုက်မိသည်။


သူမ ဝမ်လေးကို ပွေ့ဖက်ပြီး ညင်သာစွာမေးလိုက်၏။ 


"ပေါင်ပေါင် ဘာတွေပြောနေတာလဲ..."


ဝမ်လေးက အလွန်ချစ်စရာကောင်းသော ကောင်ငယ်လေး တစ်ယောက်ဖြစ်သည်။ သူ့မားမား၏ရင်ခွင်ထဲတွင် လဲလျောင်းရင်း တိုးညင်းစွာပြောလာလေသည်။


 "သား မားမားကို ချစ်တယ် 

သားဆရာမနဲ့ ပါးပါးတို့ကပြောတယ် တစ်ယောက်ယောက်ကို ချစ်ရင် သူတို့ကို လေးစားရမယ်တဲ့...မာမားပျော်နေသေးသရွေ့ အကုန်အဆင်ပြေမှာပါ မားမား 

ပါးပါးနဲ့ လမ်းခွဲလိုက်ရင်လဲ ပျော်ရွှင်ပါစေ မားမား ပေါင်ပေါင်ကို စိတ်ပူစရာမလိုပါဘူး...ဒါပေမဲ့ 

သားကိုတွေ့ဖို့ မကြာမကြာ ပြန်လာရမယ်နော်..."


"ကွာရှင်းတာရဲ့ အဓိပ္ပာယ်ကို သား သိလား..."

ယွမ်ရှက မေးလိုက်သည်။


"သားသိတယ်..." 

ဝမ်လေးက ငိုနေရင်း ပြောလိုက်သည်။


"ကျန်းယောင်ရဲ့ မိဘတွေက ကွာရှင်းထားလို့ အတူတူ မအိပ်ကြဘူးလေ အခု ကျန်းယောင်က သူ့မားမားနဲ့အတူတူနေတယ်"


"ပေါင်ပေါင်ရဲ့ ပါးပါးနဲ့ မားမားက ကွာရှင်းမယ်လို့ ဘယ်သူပြောလဲ..."


ယွမ်ရှ၏စိတ်ထဲတွင် စိုးရိမ်မှုများ ပေါ်ပေါက်လာသည်။ 

အိမ်အကူအန်တီက ထိုကလေးရှေ့တွင် နှုတ်ဖွာရန်မဖြစ်နိုင်ပေ။


ပါးပါးယွမ် နှင့် မားမားယွမ် လည်း ထိုကဲ့သို့စကားများ မပြောကြပေ။ဘေးအိမ်ရှိ လူကြီများသည်လည်း ဝမ်လေးနှင့် အကြာင်းပြချက်မရှိဘဲ စကားပြောရန် မဖြစ်နိုင်ပေ။


 ဒါဆိူ အခြားဘယ်သူဖြစ်နိုင်မှာလဲ...။


ဝမ်လေးက သူ့မားမား၏မေးမြန်းမှုကို  ဆန့်ကျင့်ခြင်းမရှိပေ...သူအချိန်ကြာကြာမတုန့်ဆိုင်းဘဲ ပြန်ဖြေလိုက်သည်။


" ပါးပါးနဲ့ မားမားက အတူတူမအိပ်ကြဘူး အဓပ္ပာယ်က မားမားနဲ့ ပါးပါးက ကွာရှင်းချင်နေတာ..."


အချိန်ခဏရပ်လိုက်ပြီး...


 "မားမားတို့ အရင်တုန်းက ဘယ်လိုလဲဆိုတာ သားမသိဘူး

လူကြီးတွေပြဿနာကိုလဲ နားမလည်ဘူး

ဒါပေမဲ့ မားမားရယ် သားက မားမားကို အလိုအပ်ဆုံးဘဲ ချစ်လဲချစ်တယ် မားမားပျော်နေရင် အဆင်ပြေတယ်..."


ယွမ်ရှ မရယ်နိုင်တော့ပေ...


 "ဒါဆို သားစဉ်းစားပြီးပြီလား ...မားမားနဲ့ ပါးပါး ကွာရှင်းရင် သားဘယ်သူနဲ့့နေမှာလဲ..."


ဝမ်လေးက ခိုင်မာပြတ်သားစွာခေါင်းညိမ့်လိုက်သည်။


"မားမားမှာ ဘိုးဘိုးနဲ့ဖွားဖွားရှိတယ်လေ 

ပါးပါးမှာ က သားဘဲရှိတာ..."


ယွမ်ရှ ခဏကြာ အံ့သြသွားသော်လည်း ဝမ်လေး၏အဓိပ္ပာယ်ကို လျင်မြန်စွာ သဘောပေါက်လိုက်သည်။


စုန့်ထင်ရှန်း၌ ဆွေမျိုးရင်းချာမရှိပေ။သူက ငယ်စဉ်ကထဲက ပင် မိဘများဆုံးရှုံးခဲ့ရသည်။သူမနှင့် စုန့်ထင်ရှန်းတို့ တကယ်ပင် ကွာရှင်းခဲ့မည်ဆိုပါက သူ့သားကိူ ထိန်းထားနိုင်သရွေ့ အရာအားလုံးကို စွန့်လွှတ်နိုင်ရန် ဆန္ဒရှိသည်ဟု ဆိုနိုင်၏။


ဝမ်လေးသည် ငယ်ကထဲကပင် သူ၏ပါးပါးက 

သူ့ကို ဘယ်လောက်ပင် လိုအပ်ကြောင်းသိ၏။


ဝမ်လေးက တကယ်ကို အလွန်ဉာဏ်ကောင်းသော ကလေးတစ်ယောက်ဖြစ်သည်။သူသည် ငွေဇွန်းကိုက်၍မွေးဖွားလာသောကြောင့် ငယ်စဉ်ကထဲကပင် အလိုလိုက်ချစ်ခင်ခြင်းခံရသည်။သို့သော် သူ၏တွေးခေါ်မှုစွမ်းရည်သည် အခြားကလေးများထက် သာလွန်နေပြီဖြစ်သည်။(အလိုလိုက်ထားပေမဲ့ သူများဖက်ကတွေးပေးတတ်တယ်လို့ဆိုလိုတာပါ)


ငယ်ရွယ်သော ကလေး အများစုသည် မိမိကိုယ်ကိုဦးတည်သော အမြင်ကို ကျော်ဖြတ်မလာနိုင်ခဲ့ပေ။


ယွမ်ရှက သူတိူ့နှစ်သက်သော အရုပ်များကိုရရန်အတွက် အရှက်မရှိသော သိူ့မဟုတ် ဂျီကျခြင်းမျိုးကို တစ်ကြိမ်ထက်မက မြင်ဖူးသည်။ ထိုကလေးများသည် မြေပြင်ပေါ်သို့ လိမ့်ကာ လှည့်ပတ်နေကြသည်။သူတို့သည် လိုချင်တာရရန်အတွက် ဘာလုပ်မည်ဆိုသော ကန့်သတ်မှုမရှိကြပါ။


သူတို့က တစ်ခုခုလိုချင်သည့်အချိန်၌ သူတို့ရနိုင်လိမ့်မည်။


သို့သော် သူမ၏လက်ထဲတွင်ရှိနေသော ထိုကလေးလေးက သူမပျော်နေသရွေ့ အဆင်ပြေသည်ဟု ပြောခဲ့သည်။ ထိုအရာက သူမကို ပျော်ရွှင်စေခဲ့သည် ဆိုပါက ကွာရှင်းသင့်သည်ဟုပင်ဆိုလာသည်။


ယွမ်ရှ အတိတ်က သူငယ်ချင်းတစ်ယောက်အကြောင်း တွေးလိုက်မိသည်။ သူ့သူငယ်ချင်း၏မိဘများ ဆက်ဆံရေးသည် မည်သည့်အချိန်မျှမကောင်းခဲ့ပေ..။သူ့အဖေက သူ့အမေကို ရိုက်နှက်နှိပ်စက်ကြောင်း သူ့သူငယ်ချင်းက သေချာသိသော်လည်း...  သူ့မားမားက ကွာရှင်းရင် အဆင်ပြေနိုင်လားဟု မေးသောအခါ သူမ သဘောမတူခဲ့ပေ။


နှစ်များစွာကြာပြီးနောက် ထိုသူငယ်ချင်းက သူမ၏ဆုံးဖြတ်ချက်ကို နောင်တရကြောင်း ယွမ်ရှကို ပြောပြခဲ့သည်။ သူမ၏ရွေးချယ်မှုကြောင့် သူမ မပျော်ရွှင်ခဲ့ရပေ။


လူအများစု၏အတွေးက...' အမျိုးသမီးတစ်ယောက်သည် မိခင်တစ်ယောက်ဖြစ်လာသောအခါ သူကိုယ်တိုင်၏ပျော်ရွှင်မှုထက် သားသမီး၏ ပျော်ရွှင်မှုက သာလွန်ရမည်ဟု ခံယူကြသည်။ မိခင်၏ ပျော်ရွှင်မှုက အရေးမကြီးတော့ပေ။ သူ့ရဲ့ ကလေးပျော်ရွှင်နေလျင်လုံလောက်ပြီ...။


အိမ်ထောင်ပြုကလေးမွေးပြီးသော အမျိုးသမီးက ခံစားချက်ရှိတဲ့ လူတစ်ယောက် မဖြစ်နိုင်တော့ဘူးလို့ သူတိူ့ထင်နေတာလား...။


ယွမ်ရှက ဝမ်လေးကို ပွေ့ဖက်ပြီး နမ်းရှုံ့လိုက်သည်။ နူးညံ့ပျော့ပျောင်းပြီး ချစ်စရာကောင်းသော ထိုသားလေးက သူမ၏နှလုံးသားကို အရည်ပျော်သွားစေခဲ့လေပြီ။