အပိုင်း ၂၁-၂၂
Viewers 20k

Chapter 21

{ သားမှာ ဘာလို့ ဖေဖေ မရှိတာလဲ - ၂ }


ကျန်းမင်ယွမ်ရဲ့ခံစားချက်ကင်းမဲ့သောမျက်နှာကို တွေးလိုက်ရချိန်တွင်တော့ ကားအပြင်ဘက်မှအမျိုးသားဟာ ချက်ချင်းပင် အံကြိတ်ကာ ခေါင်းခါပြလိုက်ပြီး  " မဟုတ်ပါဘူး... မေးစရာမရှိတော့ပါဘူး Boss... "


ထို့နောက်တွင်တော့ ကျန်းမင်ယွမ်ဟာ ပင်းအန်အိမ်ရာမှ ပြွန်ပုံစံဒီဇိုင်းရှိသည့်အဆောက်အအုံတန်းကြီးကို တစ်ချက်ကြည့်လိုက်ကာ သူ့ကားဒါရိုက်ဘာ ကို အမိန့်ပေးလိုက်လေသည်... “ ပြန်မယ်...” 


ကားဒါရိုက်ဘာက ကားလှည့်လိုက်ချိန်တွင် အနောက်တွင်ရှိသော အပြာရောင်ထရပ်ကားသည်လည်း တစ်ချိန်တည်းတွင် ကားစက်နှိုးလာ၏...

~~~


ရှင်းရှင်းလေးက " ကားအကြီးကြီး "ဟု ပြောရင်း သူ့လက်တိုတိုလေး နှစ်ဖက်ကို ဆန့်ပြချိန်တိုင်း အိမ်အပြောင်းအရွှေ့ဝန်ဆောင်မှုကုမ္မဏီမှဝန်ထမ်းဟာ ကလေးလေးရဲ့ချစ်စရာကောင်းမှုကို ကြည့်ရင်း ရယ်မောကြသည်...


ဝန်ထမ်းက တံခါးကို ပိတ်ပြီး လေကာမှန်ပေါ်မှ မြူများကို သုတ်လိုက်ပြီးသည့်နောက်တွင် ကလေးအား မေးလိုက်သည်... " ဒါဆို သားသားက ကြီးလာရင် ကားအကြီးကြီး မောင်းချင်တာလား... "


 ရှင်းရှင်းလေးပ အနည်းငယ်စဉ်းစားလိုက်ပြီး နှုတ်ခမ်းစူကာ မမောင်းဘူးဟု ပြန်ဖြေလိုက်သည်...


ကားမောင်းဝန်ထမ်းက အံ့သြသွားခဲ့ပြီး " ဘာဖြစ်လို့လဲ? မင်းက ကားကြီးကြီး ကြိုက်တယ် မဟုတ်ဘူးလား "


" ဘာလို့လဲဆိုတော့ သားက အများကြီးကို ကြိုက်ပေမယ့် အကုန်လုံးကို လိုက်လုပ်လို့ မရဘူးလေ... မေမေက ပြောတယ်... ကိုယ်လုပ်ချင်တဲ့အရာတစ်ခုတည်းကို သေသေချာချာ အားစိုက်ထုတ်ပြီး လုပ်ရတယ်တဲ့ " 


ကလေးလေးက သူစိမ်းများနှင့် စကားပြောရခြင်းကို ရှက်ရွံ့နေဆဲဖြစ်တာကြောင့် စကားပြောသည့်အခါတိုင်း သူ့ရဲ့ခေါင်းတစ်ဝက်ကို ချန်းဝှမ်အနောက်၌ ကွယ်၍သာ ​ပြောတတ်လေသည်... 


" ကလေးလေး မင်းက လိမ္မာတဲ့ကလေးလေးပဲ... "


ထိုစကားကြောင့် ရှင်းရှင်းလေးက အားရပါးရ ပြုံးလိုက်မိသည်...


" ဒါဆို သားက ကြီးလာရင် ဘာလုပ်ချင်တာလဲ? "

 

 " သားက ပိုက်ဆံအများကြီး အများကြီးဆိုအများကြီး ရှာချင်တာ... အဲ့ဒါမှ မေမေ့ကို အိမ် ဒီလောက်အကြီးကြီး ဝယ်ပေးနိုင်မှာလေ " 


ရှင်းရှင်းလေးက သူ့လက်လေးနှစ်ဖက်ကို ဆန့်ထုတ်ရင်း ပြန်ဖြေလိုက်ပြန်၏...


" Wowww တော်လိုက်တာကွာ... " 


ဝန်ထမ်းအမျိုးသားဟာ ထိုသို့ ပြောလိုက်ရင်း ချန်းဟွမ်အား မော့ကြည့်လိုက်ကာ " သားက သူ့အမေကို ဂရုစိုက်ရမယ့်တာဝန်ကို သိသားပဲဗျာ "...


ထိုချီးကျူးစကားကြောင့် ချန်းဟွမ် အနည်းငယ် ပြုံးလိုက်မိသည်...


မူလပိုင်ရှင်ဟာ အလွန်လှပသောအမျိုးသမီးတစ်ဦးပင်... ဝတ္ထုထဲတွင် မူလပိုင်ရှင်သည် အခြားသူများကို ဆွဲဆောင်ရန် သူမရဲ့ခန္ဓာကိုယ်ကို အသုံးချခဲ့တာကြောင့် မြွေလိုအဆိပ်ပြင်းတဲ့မိန်းမလှလေးဟု ဖော်ပြခံခဲ့ရပေသည်...


ယခုအခါတွင် ခန္ဓာကိုယ်အတွင်းရှိဝိညာဥ်ဟာ မတူတော့သောကြောင့်ခန္ဓာကိုယ်ရဲ့လှပမှု ပုံစံမှာလည်း အနည်းငယ်ပြောင်းလဲသွားနိုင်သည်... 


ရန်လိုမှုနည်းပါးသောလှပမှုပေါ့...


အကြည့်နှင့်အပြုံးတို့ကအစ မူလပိုင်ရှင်လိုအဆိပ်ပြင်းသည်ပုံစံမျိုး မဟုတ်ဘဲ ချိုမြိန်လို့ နေပေမည်...


လူသားများသည် အမြင်အာရုံရှိသောသတ္တဝါများပီပီ ချောမောလှပသူများနှင့် နီးနီးကပ်ကပ် နေချင်တတ်ကြသည်... ကားမောင်းသောဝန်ထမ်းသည် ချန်းဟွမ်ရဲ့အပြုံး​တွင် ​မျောသွားခဲ့ပြီး ရုတ်တရက် မေးလာလေ၏...


 " ဒါနဲ့ ကလေးရဲ့အဖေကို ကျွန်တော် မတွေ့မိသလိုပဲနော် မိန်းမလှလေး..."


ထိုအမျိုးသားသည် ထိုသို့ပြောချလိုက်ပြီးချိန်တွင် သူ့ပါးသူ ပြန်ရိုက်ချင်မိသွားလေ၏...


အကယ်၍ ယောကျ်ားဖြစ်သူက အိမ်အပြောင်းအရွှေ့တွင် မပါပါက တခြားဝေးလှမ်းသောတစ်နေရာတွင် အလုပ်လုပ်နေခြင်းဖြစ်နိုင်သော်လည်း ကွာရှင်းထားခြင်းက ပို၍ဖြစ်နိုင်ချေရှိပေသည်... 


သူ့စကားကြောင့် အရမ်းနောင်တရသွားခဲ့သော်ငြား ဘေးရှိချန်းဟွမ်က စိတ်အနှောင့်အယှက်ဖြစ်သွားပုံမပေါ်ဘဲ ပေါ့ပေါ့ပါးပါး ပြုံးပြပြီး အလုပ်ကိစ္စတချို့ကြောင့် အဝေးတစ်နေရာရောက်နေဟုသာ ပြန်ဖြေလိုက်၏...


" မဟုတ်သေးဘူးလေဗျာ... မိန်းမ,ဖြစ်တဲ့သူကို ဒီလိုမျိုး တစ်ယောက်တည်း အိမ်ပြောင်းခိုင်းတာကတော့ တာဝန်မဲ့လွန်းပါတယ်.

အနှီအမျိုးသားသည် ချန်းဟွမ်ရဲ့ပြန်ဖြေစကားကြောင့် စိတ်အေးလက်အေးဖြစ်သွားခဲ့ပြီး ထိုသို့ဆက်ပြောလိုက်ပြီးနောက် ရှောင်ရှောင်လေးဘက်သို့ လှည့်ကာ " ကလေးလေး မင်းအဖေကို ပြောအုံးနော်... အခုလိုမျိုး..."


ချန်းဟွမ်က ထိုအမျိုးသား နောက်ထပ်ပြောသောစကား မဆုံးခင်တွင် ဝင်တားလိုက်ချေ၏..


." ကလေးကို ဘာတွေပြောနေတာလဲ " 


သူမမျက်နှာပေါ်မှအပြုံးတို့ ပျောက်ကွယ်သွားခဲ့ကာ စိတ်မကြည်သောအကြည့်တစ်ချက် ထွက်ပေါ်လာတော့သည်... ထို့နောက် သူမ ကလေး နှင့်အတူ ထိုအမျိုးသားနားမှ ချက်ခြင်းပင် နေရာရွှေ့လိုက်လေသည်...


ကားမောင်းသမားလည်္ သူ့စကားကြောင့် ဖောက်သည်က စိတ်မပျော်တော့သည်ကို သတိထားမိသွားသည်။ သူ တောင်းပန်ရန် စဥ်းစားလိုက်သော်လည်း ချန်းဟွမ်က သူ့ကို လုံးဝ လှည့်မကြည့်တော့ဘဲ ကလေးနှင့်သာ ကစားနေသည်ကို တွေ့လိုက်ရ၏...


💜💜💜💜💜💜💜💜💜


Chapter 22

{ သားမှာ ဘာလို့ ဖေဖေ မရှိတာလဲ - ၃ }


ကားဒရိုင်ဘာက တောင်းပန်ဖို့ရာ ကြံရွယ်နေသော်လည်း ချန်းဟွမ်က သူ့အား လုံးဝဂရုမစိုက်တော့သည်ကို သတိမူမိပေ၏... 


တစ်ဖက်တွင်တော့ ကလေးက အမေဖြစ်သူအား မေးခွန်းများစွာ ဆက်တိုက်မေးလို့နေလေ၏... အမေဖြစ်သူက သူမေးသမျှကို စိတ်ရှည်ရှည်ဖြင့် ပြန်ဖြေပေးမည်ကို သိသောကြောင့်ပင်...


သို့သော် ရှင်းရှင်းလေးက ကလေးသာရှိသေးတာကြောင့် အစပိုင်းတွင် စိတ်လှုပ်ရှားနေခဲ့ပြီး ခေတ္တအကြာတွင်တော့ အိပ်မောကျသွားလေတော့သည်...


 ပေါက်စီလုံးလေးသည် အိမ်သစ်သို့ မရောက်ခင် လမ်းတစ်ဝက်လောက်တွင်ပင် အမေဖြစ်သူကို မှီရင်း အိပ်မောကျသွားခဲ့ခြင်းဖြစ်သည်... အိမ်သစ်သို့ ရောက်ချိန်တွင်တော့ ချန်းဟွမ်က ကလေးကို ဆိုဖာပေါ်တွင် တင်ကာ ဝန်ထမ်းတို့ကို ပိုက်ဆံရှင်းပေးလိုက်ပြီး ပစ္စည်းများကို နေရာချလေတော့၏...


သူမတို့နှင့်အတူ ပစ္စည်းများများပြားပြား မယူလာခဲ့ချေ...ပရိဘောဂအနည်းငယ်နှင့်အတူ ခရီးဆောင်အိတ်နည်းနည်းမျှသာ ပါလာခဲ့သည်... 


ချန်းဟွမ်သည်အဝတ်အစားများကို ဖယ်လိုက်ပြီး ကောက်ရိုးဖျာကို ကုတင်ပေါ်တွင် အရင်ခင်းထားလိုက်သည်... ထို့နောက် မီးဖိုချောင်သုံးပစ္စည်းများကို နေရာချချိန်တွင် ရှင်းရှင်းလေး နိုးလာခဲ့သည်... 


ကလေးလေးက ဆိုဖာပေါ်တွင် ထိုင်နေသော်ငြား အိပ်ချင်မူးတူးပုံစံမျိုး ရှိနေဆဲပင်... ပေါက်စီလုံးလေးသည် ကြီးမားပြီးဝိုင်းစက်နေသောမျက်လုံးတို့ကို ခပ်ဖွဖွပွတ်သပ်လိုက်ပြီးနောက်  သူ့အမေကို ရှာလိုက်လေသည်... 


သူ့အမေကို တွေ့လိုက်ချိန်၌ ပေါက်စီလုံးလေးကသူ့ရဲ့ခြေထောက်တိုတိုလေးနှစ်ဖက်ကို ဆိုဖာအောက်ထိရောက်အောင် မနည်းခြေဖျားထောက်ရင်း ဆင်းလိုက်သည်..


" မေမေ... " 


 ရှင်းရှင်းလေးက ချန်းဟွမ်အား ချိုသာ​စွာခေါ်လိုက်ရင်း သူမ ရှိရာဆီ ပြေးသွားလိုက်သည်... ထို့နောက် အမေဖြစ်သူရဲ့ခြေထောက်များကို လက်နှစ်ဖက်ဖြင့် ဖက်လိုက်ရင်း သူ့ရဲ့ပါးဖောင်းဖောင်းလေးကိုခြေထောက်တွင် မှီထားလိုက်လေသည်...


 ခဏလောက်အကြာတွင်တော့ သူ အိပ်ချင်စိတ်မရှိတော့သည်ကြောင့် အမေဖြစ်သူကို ကူညီပေးရန် အဆိုပြုလိုက်သည်။..


" ကောင်းပြီလေ...ဒါဆို သေတ္တာထဲက ပန်းကန်တွေကို မေမေ့ဆီ ယူလာပေး... မပြုတ်ကျအောင် သတိထားနော် ..."


 မိသားစုဝင်တစ်ယောက်နှင့်တစ်ယောက် ကူညီပေးခြင်းက မိသားစုအတွင်း ဆက်ဆံရေးကို ပိုမိုမြှင့်တင်ပေးနိုင်သည်ဟု အင်တာနက်ပေါ်တွင် သူမ ဖတ်ခဲ့ဖူးသောကြောင့် ချန်းဟွမ်က ကလေး ကူညီပေးမည်ကို မငြင်းဆန်ခဲ့ချေ...


ပေါက်စီလုံးလေးသည် သူ့လက်နှစ်ဖက်ဖြင့်ပန်းကန်တစ်ချပ်ကို သယ်ပြီးနောက် အမေဖြစ်သူလက်ထဲသို့ ပန်းကန်ရောက်တာ သေချာမှသာ လက်လွှတ်ပေးလိုက်သည်...ထို့နောက် အနည်းငယ်ပိုကြီးသောပန်းကန်ကို မသယ်မီတွင် လက်မှချွေးလေးများကို ဘောင်းဘီတွင် သေချာသုတ်လိုက်သေး၏...


သားအမိနှစ်ယောက် အတူတူအလုပ်လုပ်ရင်းဖြင့် အချိန်အနည်းငယ်ကြာပြီးနောက်တွင်တော့ ကလေးလေး အနည်းငယ် ပင်ပန်းလာပုံပင်... 


သူလေးက ယခုတွင် ကလေးလေးသာဖြစ်သေးသောကြောင့်အလွန်မသန်မာဘဲ ပန်းကန်နည်းနည်းလောက်သယ်ပြီးချိန်တွင် ပင်ပန်းလာခဲ့ခြင်းပင်... သို့သော် ကလေးလေးက သူပင်ပန်းနေသည်ကိုတောင် ဖွင့်မပြောသေးဘဲ တိတ်ဆိတ်နေသေးသည်...


နောက်ဆုံးတွင် ယောက်ချိုဇွန်းတစ်ဇွန်းကို  ယူပေးပြီးတဲ့အခါ သူလေးက မစ်ရှင်ကြီးတစ်ခု ပြီးမြောက်သွားသလို   သက်ပြင်းချလိုက်လေသည်... 


ထို့နောက် ချန်းဟွမ်အား မော့ကြည့်ရင်း " မေမေ... သား အရမ်းပင်ပန်းတာပဲ... " 


" ဒီနေ့ မေမေ့သားလေးက အလုပ်ကြိုးစားခဲ့ရတော့ ပင်ပန်းတာပေါ့... ဒီကိုလာခဲ့... မေမေက သားလက်လေးကို ပြန်နှိပ်ပေးမယ်နော်... " 


ချန်းဟွမ်က ထိုသို့ဆိုရင် ပေါက်စီလုံးလေးရဲ့ပါးဖောင်းဖောင်းလေးကို နမ်းလိုက်၏... 

ထို့နောက် သူမက ကလေးလေးအား ဆိုဖာပေါ်တင်ပေးလိုက်ကာ တီဗီမှကလေးကာတွန်းကားချန်နယ်တစ်ခု ဖွင့်ပေးလိုက်ပြီး ကလေးလေးရဲ့လက်လေးကို ခပ်ဖွဖွနှိပ်ပေးနေတော့သည်... ​


ကလေးကာတွန်းကားချန်နယ်တွင် ရှောင်မိန့်ဆိုသောကလေးလေးအကြောင်း ကာတွန်းဇာတ်လမ်းလေးကို ထုတ်လွှင့်နေသည်... ဇာတ်လမ်းထဲမှရှောင်မိန့်လေးတွင် အမေ၊ အဖေနှင့် သူငယ်ချင်းကောင်း သုံးယောက်ရှိလေသည်... ရှောင်ရှောင်လေး ယခုကြည့်နေသောအပိုင်းတွင် ရှောင်မိန့်လေး သူ့ ရဲ့မိဘနှစ်ပါးနှင့်အတူ ပျော်ပွဲစားထွက်သောအကြောင်းပင်...


ပေါက်စီလုံးလေးသည် တီဗီကို ခေတ္တမျှကြည့်ပြီးနောက် အမေဖြစ်သူကို အသာလေးခိုးကြည့်လိုက်ပြန်၏... ဒါတင်မကသေး ကလေးပေါက်စလေးသည် ကိစ္စတစ်ခုကို  အသေအချာတွေးတောနေသလို တစ်ချိန်လုံး မျက်နှာတည်ကြီး ဖြစ်နေခဲ့ပေ၏...


ထုံးစံအတိုင်း ကလေးပေါက်စလေးရဲ့ပုံစံကို ချန်းဟွမ်က သတိထားမိသည်... ပေါက်စီလုံးလေးက သူမအား ငါးကြိမ်မြောက် ခိုးကြည့်အချိန်တွင်တော့ သူမဘက်က စ၍ မေးလိုက်သည်။


" ဘာဖြစ်လို့လဲ သားသား".


ပေါက်စီလုံးလေး အမေဖြစ်သူရဲ့လည်ပင်းကို အရင်ဆုံးဖက်တွယ်လိုက်ပြီးနောက် သူ့ခေါင်းလေးကို မှီထားရင်း တိုးတိုးလေး ​မေးလာလေ၏...


 “ မေမေ... သားမှာ ဘာလို့ ဖေဖေ မရှိတာလဲဟင်..."


💜💜💜💜💜💜