အပိုင်း ၃၁-၃၂
Viewers 22k

Chapter 31

{ ပထမရက် - ၃ }


ထိုနေ့ညနေ၆နာရီတွင်~~~


ချန်းဟွမ် လိုအပ်သောပစ္စည်းများကို သေချာ ထုတ်ပိုးလို့ ပြီးခဲ့ပြီ... သူမ ရှင်းရှင်းလေးနှင့်အတူ ပြင်ဆင်ထားသောအစားအစာများ၊ စားပွဲများနှင့်ကုလားထိုင်များကို လျှပ်စစ်လှည်းလေးပေါ်သို့ တင်ကာ သယ်ဆောင်လာခဲ့သည်...


သူမ ထိုလှည်းလေးကို လွန်ခဲ့သော ရက်အနည်းငယ်လောက် ဝယ်ထားခဲ့ခြင်းဖြစ်၏... လှည်းလေးပ အရမ်းမကြီးသော်ငြား သူမ လိုအပ်သောပစ္စည်းများကို သယ်ဖို့အတွက်တော့ အဆင်ပြေလှသည်... ချန်းဟွမ်က စားပွဲနဲ့ ကုလားထိုင်တွေကို ကြိုးနဲ့ သေချာချည်ထားခဲ့ပြီး ဘာဘီကျူးရောင်းရန်အတွက် စဥ်းစားထားခဲ့သောနေရာသို့ ထွက်လာခဲ့သည်...


ယခုအချိန်သည် ကားရှုပ်ချိန်ဖြစ်သော်လည်းပဲ...ကံကောင်းစွာနဲ့ ချန်းဟွမ် ရှာထားသောနေရာမှာ သူမတို့နေသောနေရာနှင့် ၅ မိနစ်လောက်သာ ဝေးပေ၏...


သူမ ရွေးထားသောနေရာမှာ ပလာဇာ တစ်ခုအနီးတွင် ​ဖြစ်သည်... ထိုနေရာသည် အရင်က အရောင်းစင်တာတစ်ခုဖြစ်ပြီး ယခုတွင်တော့ အထဲမှဆိုင်ခန်းများအားလုံးဟာ ရောင်းချလိုက်ပြီဖြစ်လေသည်... ဆိုင်များအားလုံးကို ရောင်းချပြီးနောက် အရောင်းစင်တာကို ဖြုတ်ချလိုက်တာကြောင့် ထိုနေရာသည် အတော်လေး ရှင်းလင်းသွားခဲ့ချေသည်..  ထို့နောက်တွင်တော့ တစ်ဝက်ကို အနားယူရန်နေရာအဖြစ် ပြောင်းလဲလိုက်ကာ ကျန်တစ်ဝက်ကိုတော့ ညဈေးအဖြစ်ထားရှိထားပေ၏...


ချန်းဟွ် အရောက်နောက်ကျသောကြောင့် တခြားဆိုင် အများစုမှာ ဆိုင်ခင်းနေရာတောင် ပြင်ဆင်ပြီးခဲ့လေပြီ...


သူမ ရောက်ချိန်၌ ထောင့်တွင် နေရာနှစ်ခုသာ ကျန်တော့သည်... ချန်းဟွမ်က ေနရာအခြေအနေကြောင့် မရောင်းရမည်ကို စိတ်မပူလှပေ... သူမသည် ကလေးကို ဘေးတွင် ခဏရပ်ခိုင်းထားကာ ဆိုင်ခင်းရန် ပြင်ဆင်လိုက်သည်...


ချန်းဟွမ် လှည်းပေါ်ရှိပစ္စည်းများကို တစ်ခုပြီးတစ်ခု သယ်ထုတ်ပြီးနောက် တဲလေး ထိုးနိုင်ရန် ပြင်ဆင်လို့နေသည်..


ညနေ အစောပိုင်းသာရှိသေးသည်ကြောင့် ညဈေး၌ ဖောက်သည်မကျသေးချေ... ထို့ကြောင့်လည်း တခြားဆိုင်ပိုင်ရှင်များက သူမတစ်ယောက်တည်း ပြင်ဆင်နေခြင်းအား လာရောက်ကူညီပေးကြလေသည်...


သူမသည် နောက်ဆုံးတွင်တော့ တခြားဆိုင်ပိုင်ရှင်များရဲ့အကူအညီဖြင့် လမ်းဘေးတဲလေး ထိုးနိုင်ခဲ့သည်... ထို့နောက် သူမကို ကူညီပေးခဲ့သည့်အတွက် ကျေးဇူးတင်ကြောင်းပြောကာ ရေဘူးအနည်းငယ်နှင့် ဘီယာဘူးအနည်းငယ် ဝယ်တိုက်လိုက်၏...


မှောင်စပြုလာသည်နှင့်အမျှ ညဈေးတွင် တဖြည်းဖြည်းဖြင့် လူပြည့်လာခဲ့သည်..


ဆိုင်တိုင်းနီးပါးတွင် လူပြည့်လာခဲ့ချေသည်... သို့သော် ချန်းဟွမ်တို့ဆိုင်လေးမှာတော့ လူမကျသေးပါလေ... သူမက ဒီနေရာတွင် ဆိုင်သစ်ဖြစ်ရုံတင်မက ဆိုင်နေရာအခြေအနေကြောင့် လူမကျဘဲ လူရှင်းနေခဲ့ခြင်းဖြစ်လေ၏...


 ချန်းဟွမ်က စိတ်မပူဘဲ အရာအားလုံးကိုသာ သေချာပြင်ဆင်ထားခဲ့ပြီး ရှင်းရှင်းလေးအား သင်္ချာတချိူ့ သင်ပေးနေခဲ့သည်... ကလေးလေးသည် သင်္ချာကို စိတ်ဝင်တစားရှိလှလေသည်.. ပေါက်စီလုံးလေးသည် သူ့ရဲ့လက်ချောင်းတုတုလေးများကို အသုံးချရင်း တွက်ချက်လို့နေ၏


သို့သော် သားအမိနှစ်ယောက်ရဲ့သင်္ချာတွက်ချက်ချိန်ဟာ သိပ်မကြာလှပေ... တစ်နာရီခန့်ကြာပြီးနောက်တွင် ချန်းဟွမ် ပထမဆုံးအကြိမ် ဖောက်သည်များစွာရလာလေတော့သည်...


ည၈နာရီအချိန်သည် ကားအသွားအလာက အများဆုံးပင်... ထို့ပြင် လူသွားလူလာအများဆုံးလည်း ဖြစ်လေ၏....


လူတချို့သည် တစ်နေရာရာမှ တစ်နေရာရာသွားလာရင်း နောက်ဆုံးတွင် သူမ ဆိုင်လေးရှိရာဘက်သို့ ရောက်လာကြသည်... 


ထိုစဥ်တွင် ဆိုင်အတော်အများဟာ လူပြည့်နေသည်ကြောင့် အတော်လေး စိတ်ပျက်လက်ပျက်ဖြစ်နေကြလေ၏... ထိုသို့ဖြင့် နောက်ဆုံးတွင်တော့ ထိုင်စရာနေရာရသည့် ချန်းဝှမ်၏ဆိုင်ဆီသို့ ရောက်လာကြလေတော့တယ်...


ဆိုင်တွင် ဒီအတိုင်းထိုင်နေ၍လည်း မဖြစ်တာကြောင့် အနည်းငယ်မှာစားကြလေသည်.. အကယ်၍ အရသာမကောင်းလျှင်လည်း ဒီတိုင်းခေတ္တထိုင်ပြီးနောက် တခြားဆိုင်တွင် နေရာလွတ်ချိန်တွင် ထသွားမည်ဟု တွေးနေခဲ့ကြလေသည်...


သို့သော်လည်း ဘာဘီကျုးအသားကို ပထမဆုံးအကြိမ် တစ်ကိုက်လောက် ကိုက်ပြီးနောက်မှာတော့ သူတို့အားလုံးရဲ့အတွေးများ ပြောင်းလဲသွားခဲ့လေတော့သည်... ဘာဘီကျူးပုံစံကို ကြည့်လိုက်ပါက ဘာမျှထူးထူးခြားခြား ပါပုံမရသော်ငြား ဟင်းခတ်အမွှေးအကြိုင်တွေများဟာ အချိုးအစားကျသည့်အပြင် အနံ့မှာလည်း မွှေးပျံ့နေကာ အသားမှာလည်း နူးညံ့လှသည်ကို အရသာခံလိုက်မိကြသည်...


ဘာဘီကျူးကို စားနေကြသူများသည် များသည် သူတို့လျှာကို ပြန်ကိုက်မိလောက်သည့်အခြေအနေအထိပင် အသည်းအသန်စားသောက်နေကြချေ၏...


ချန်းဟွမ်၏ဘာဘီကျူးကို တစ်ကိုက်စားပြီးနောက် ရွှေဆွဲကြိုးနှင့်အပေါ်အင်္ကျီမပါသော အမျိုးသားတစ်ဦးက ချန်းဝှမ်အား လှမ်းကြည့်ရင်း


  " သူဌေး... နောက်ထပ်သိုးသား ၁၀ချောင်းနဲ့ အမဲသား ၁၀ချောင်း ပေးပါအုံး... ကြာပါတယ်ဗျာ... သိုးသားရော အမဲသားရောကို အချောင်း၂၀စီသာ ချပေးလိုက်ပါတော့... !!! "ဟု လှမ်းအော်ကာ ထပ်မှာလာလေသည်။


.

💓💓💓💓💓💓


Chapter 32

{ ဗဟုသုတ - ၁ }


ပထမဆုံးဝယ်ယူသူ၏ဘာဘီကျူး အော်ဒါမှာခြင်းပြီးနောက်တွင် နောက်ထပ်သောအော်ဒါများစွာ ထပ်ရလာ၏...


 ချန်းဟွမ် သက်ပြင်းတစ်ချက်ချလိုက်ရင်း  အော်ဒါမှာယူထားသောအသားကင်များကို ဆက်တိုက်ကင်လျက် အလုပ်များနေလေတော့သည်... ကလေးလေးက အလုပ်များနေသောအမေဖြစ်သူကို အနှောင့်အယှက်မပေးတော့ဘဲ တစ်ယောက်တည်း အတုံးလေးများဖြင့် ဆော့ကစားနေလေသည်... ပေါက်စီလုံးလေးဟာ ငိုယိုပြီး ဂျီကျခြင်းမျိုးမရှိချေ... တခြားသူများက သူ့အား စကားလာပြောကြချိန်တွင်လည်း ကလေးလေးက ယဥ်ယဉ်ကျေးကျေးသာ ပြန်လည် ဖြေကြားတတ်ပေ၏...


ယနေ့သည် ပထမနေ့ဖြစ်သောကြောင့်  ချန်းဟွမ်က အသားများများစားစားမယူလာခဲ့ပါလေ... ထိုကြောင့်လည်း သူမသည် ၃နာရီအတွင်းတွင်ပင် သူမဆီ၌ ပါလာသမျှအကုန် ရောင်းကုန်သွားလေသည်...


နောက်ဆုံးဖောက်သည်စားပြီသွားချိန်၌ ချန်းဟွမ်က ပစ္စည်အားလုံးကို သိမ်းဆည်းပြီး သူမရဲ့သုံးဘီးဆိုင်ကယ်လေး ပေါ် တင်လိုက်ကာ ရှင်းရှင်းလေးအား ခေါ်လိုက်သည်..


ကလေးသည် အချိန်မှန် အိပ်စက်တတ်သူပင်... ပုံမှန်ဆိုလျှင် ၉နာရီ၌ အိပ်ရာဝင်တတ်သော်ငြား ယခုတွင် ည၁၁နာရီခွဲလုနီးပါးရှိနေခဲ့ချေပြီ... ပေါက်စီလုံးလေးသည် ပင်ပန်းလွန်းတာကြောင့် စားပွဲပေါ်တွင် အိပ်မောကျနေသည်...


ချန်းဟွမ်သည် ကလေးလေးကို မနည်းနှိုးယူခဲ့ရသည်္ ကလေးလေးကလည်း သူ့ကို နှိုးသောကြောင့် ငြီးတွားကာ မော့ကြည့်လာလေ၏...


ပေါက်စီလုံးလေးသည် အမေဖြစ်သူ၏ခြေထောက်ကို ဖက်တွယ်ထားရင်း " မေမေ "ဟု ရေရွတ်ပြီး ပြန်လည်အိပ်မောကျသွားပြန်သည်...


ချန်းဟွမ်သည် သူမ ကလေးလေးအား ထနှိုးကြည့်လျှင် မရနိုင်မှန်း ခန့်မှန်းမိသည်ကြောင့် နောက်တစ်ကြိမ်ထပ်မနှိုးတော့ဘဲ ရှောင်ရှောင်လေးကို ကောက်ချီလိုက်ပြီး ဆိုင်ကယ်ပေါ်တင်လိုက်သည်...


စားပွဲနှင့်ကုလားထိုင်များကို အိမ်သို့ ပြန်ယူလာရန် မလိုအပ်တော့သောကြောင့် သုံးဘီးဆိုင်ကယ်ပေါ်တွင် နေရာလွတ်တော်တော်လေး များလှ၏...


ပြင်းထန်သောအပူရှိန်သည် ညသန်းခေါင်ယံတွင် လျော့ပါးနေသည်... လေပြေလေများက သူမရဲ့အသားတို့ကို ထိတွေ့လိုက်လေတိုင်း ဒီနေ့တစ်နေ့တာ ပင်ပန်းမှုများ အနည်းငယ်လောက်ပျောက်ကင်းသွားသလို ခံစားနေမိသည်...


ချန်းဟွမ်၏သုံးဘီးဆိုင်ကယ်လေးက အလွန်ကောင်းမွန်လှသောအမျိုးအစားထဲမှ မဟုတ်သည်ကြောင့် မြေပြန့်လမ်းတွင်တောင် ခုန်ပေါက်လို့နေ၏...


ကလေးသည်လည်း သုံးဘီး၏ခုန်ပေါက်မှုကြောင့် နိုးထလာပြီး  သူ့မျက်လုံးအစုံကို ကြိုးစားဖွင့်လိုက်ကာ ဟိုဘက်ဒီဘက်ကြည့်ရင်း အမေဖြစ်သူကို လှည့်ရှာဖွေလိုက်၏... 


ထို့နောက် သူ ထထိုင်လိုက်ပြီး " မေမေ "ဟု သနားစဖွယ်ခေါ်လိုက်သည်။


. " သားတို့ အိမ်ပြန်နေတာလားဟင်... "


"ဟုတ်တာပေါ့... မေမေတို့အိမ်ပြန်နေတာ... ူားသားလေး ပင်ပန်းနေပြီမလား... အိမ်ပြန်ရောက်တာနဲ့ အိပ်ကြမယ်နော်... "


ကလေးလေး စားပွဲပေါ်တွင် အိပ်ခဲ့ရသည်မှာ အတော်လေးအဆင်မ​ပြေလှချေ...


ထိုသို့ဖြင့် တိုက်ခန်းဆီသို့ ပြန်ရောက်ချိန်၌ သူလေးက ငြီးတွားလာသည်


 " ပိုက်ဆံရှာရတာ အရမ်းပင်ပန်းတာပဲနော် မေမေ... "


ထို့နောက်တွင်တော့ ပေါက်စီလုံးလေးက သက်​ပြင်းတစ်​ချက်​ချကာ ရင့်ကျက်သောအကြည့်ဖြင့် အမေဖြစ်သူကို မော့ကြည့်လာသည်


 “ သားတို့ ပိုက်ဆံမရှာလို့မရဘူးလား မေမေ... ”


" မရဘူးလေ သားသားရဲ့... " 


ချန်းဟွမ် သူမတို့ရဲ့သုံးဘီးဆိုင်ကယ်လေးကို တိုက်ခန်းအောက်မှ ကားပါကင်တွင် ရပ်လိုက်ရင်း ပြန်ဖြေလိုက်သည်... သုံးဘီးဆိုင်ကယ်ကို ရပ်ထားခဲ့ပြီးနောက်တွင် သူမသည် ပေါက်စီလုံးလေးအား ချီလိုက်၏... 


" မေမေတို့မှာ ပိုက်ဆံမရှိရင် အဝတ်အစားတွေ  စားစရာတွေ ဝယ်လို့မရတော့ဘူးလေ... ပြီးတော့ သားက မူကြိုမှာ တခြားကလေးတွေနဲ့ တူတူကစားလို့ ရမှာမဟုတ်တော့ဘူး... "


" ဒါဆို သား မူကြိုကို မသွားတော့ဘူးလေ... "


 ပါကျဲပေါက်လေးတွင် ယခုအထိ သူငယ်ချင်းမရှိသေးသောကြောင့် ကျောင်းတက်ချင်စိတ်မရှိပေ...ပြီးနောက်တွင် အမေဖြစ်သူ၏လက်ချောင်းတစ်ချောင်းကို ဆုပ်ကိုင်လိုက်ရင်း  


" သားက မူကြိုကို မကြိုက်ဘူး မေမေ... "


" ဒါပေမယ့် သားက မူကြိုတက်မှသူငယ်ချင်းတွေ အများကြီး ဖွဲ့နိုင်ပြီး သားသိချင်နေတာတွေ အများကြီးလည်း သင်လို့ရမှာပေါ့... "


ထိုစဥ် သူမတို့ရှေ့တွင် ဓာတ်လှေကားတံခါးပွင့်လာပြီး ချန်းဟွမ်က သားဖြစ်သူနှင့်အတူ အထဲသို့ ဝင်လာခဲ့တော့၏... သူမသည် ဓါတ်လှေကားခလုတ်ကိုနှိပ်လိုက်ပြီးနောက် " သားက မေမေနဲ့တူတူ အိမ်အကြီးကြီးမှာ နေနိုင်ဖို့ဆိုရင် ပညာတွေ အများကြီး သင်ယူထားနိုင်မှ ပိုက်ဆံတွေ အများကြီး ရှာနိုင်မှာပေါ့... " ဟု ဆက်ပြောလိုက်တော့သည်... 


အမေဖြစ်သူဆီမှ ထိုစကားကြောင့် ပါကျဲပေါက်လေးသည် နှုတ်ခမ်းလေးဆူရင်း ခေတ္တမျှ စဥ်းစားလိုက်လေ၏... 


" ဟုတ်ကဲ့ မေမေ ...သား ပိုက်ဆံအများကြီးရှာနိုင်တဲ့အခါကြရင် မေမေက အန်တီရှောင်မိန့်လိုမျိုး အပြင်ထွက်စရာ မလိုတော့ဘူးနော်... " 


အန်တီရှောင်မိန့်ဆိုသည်မှာ ချန်းဟွမ်တို့၏အိမ်နီးနားချင်းအမျိုးသမီဖြစ်ပြီး ထိုအမျိုးသမီးသည် အပြင်လုပ်မလုပ်သည့် အိမ်ရှင်မပင်...


 ချန်းဟွမ် သားဖြစ်သူ၏ခေါင်းကို ကိုင်လိုက်ကာ " ဟုတ်ပါပြီရှင်... မေမေက ရှင်းရှင်းလေး ပိုက်ဆံရှာနိုင်တဲ့အချိန် စောင့်နေပါ့မယ်နော်... " 


သားအမိနှစ်ယောက်သား အိမ်ပြန်ရောက်ချိန်၌ ချန်းဟွမ်က ပါကျဲပေါက်လေးကို ရေချိုးပေးပြီးနောက် အိပ်ရာဝင်ရန် ပြင်ဆင်လိုက်ကြသည်....သူမ တစ်နေ့တာအတွက်၀င်ငွေများကို သေချာမစစ်ဆေးခင်တွင် ကလေးလေးကို အိပ်ရာဝင်ပုံပြင်တစ်ပုဒ်ကို ဖတ်ပြလိုက်သည်


မူရင်းဝတ္ထု​ထဲတွင် ဖုန်းနှင့်ငွေပေးချေခြင်းကို အသုံးမပြုကြသလို ရှိလည်း မရှိပေ... ဝတ္ထုထဲတွင် ငွေသား ဒါမှမဟုတ် ဘဏ်ကတ်တို့ဖြင့်သာ ငွေပေးချေရလေသည်...


ချန်းဟွမ် ယနေ့ရောင်းရသမျှပိုက်ဆံအားလုံးကို စားပွဲပေါ်သို့ သွန်ချပစ်လိုက်ပြီး ေရတွက်ရင်း ပြန်လည် စီရေလသည်


☕️☕️☕️☕️☕️☕️☕️☕️☕️☕️