အပိုင်း ၃၃-၃၄
Viewers 20k

Chapter 33

{ ဗဟုသုတ - ၂}


ချန်းဟွမ်၏ မူလဘ၀မှ ကောလိပ်အတန်းဖော်တစ်ဦးက သူမကို  သုံးရက် သုံးည ဆက်တိုက် ပိုက်ဆံရေတွက်နေနိုင်သည် ,ဟုပြောခဲ့ဖူးသည်... သူမသည် ထိုစဥ်က သူမအတန်းဖော်၏စကားကို လုံးဝသဘောတူလိုက်မိပေ၏... သူမ ရှေ့တွင်ရှိနေသောငွေစက္ကူများသည် သေးငယ်သော ပုံသဏ္ဍာန်တစ်ခုရှိပြီး အားလုံးဟာလည်း တန်ဖိုးချင်း မတူညီကြချေ... သူမသည် ၎င်းတို့အားလုံးကို တစ်ရွက်ပြီးတစ်ရွက် ရေရင်း စီနေရသည်ကို မပင်ပန်းရုံတင်မက သူမကို နှိုးနှိုးကြားကြားရှိစေသည်...


ချန်းဟွမ်တစ်ယောက် ပိုက်ဆံအားလုံးကို ရေတွက်လို့ပြီးဆုံးသွားချိန်တွင် သန်းခေါင်ယံကျော်နေခဲ့လေပြီ... ထို့နောက် သူမသည် ကုန်ကျစရိတ်ကို ပြန်နုတ်လိုက်သောအခါ ပထမဆုံးရောင်းချရသည့်နေ့တွင် သူမသည် ယွမ် ၁၆၀၀ ရရှိခဲ့လေတယ်... ယနေ့သည် ပထမဆုံးနေ့ဖြစ်တာကြောင့် အသားများများစားစားမပါသည်ကြောင့် ယခုလောက်ပဲရခဲ့ခြင်းပင်... ထို့ကြောင့် သူမသည် နောက်ပိုင်းတွင် များများစားစား ပြင်ဆင်ထားရမည်ဟု ဆုံးဖြတ်လိုက်သည်...


ချန်းဟွမ် ယနေ့ရလာခဲ့သောဝင်ငွေကို အတော်လေးကျေနပ်မိသည်... ယနေ့ရောင်းရသည့်ပိုက်ဆံများကို အံ့ဆွဲထဲတွင် သေသေချာချာသော့ခတ်သိမ်းဆည်းထားလိုက်ပြီး ရေချိုးလိုက်၏...အားလုံးပြီးသွားချိန်၌ သူမ အိပ်ယာပေါ်လှဲချလိုက်ပြီး ကလေး၏ပါးဖောင်းဖောင်းလေးကို နမ်းလိုက်ပြီးနောက် မီးပိတ်လိုက်တော့သည်...


အစားအသောက်လုပ်ငန်းသည် ကိုယ့်ဘက်မှ အလုပ်ကြိုးစားလျှင် ကြိုးစားသလောက် အမြတ်အစွန်းများလှပေသည်..


ချန်းဟွမ်တစ်ယောက် အိပ်ရာဝင်ချိန်မှာ မနက်၁နာရီနီးပါးလောက်ပင်... သို့သော် သူမသည် နောက်တစ်နေ့မနက်တွင် ၆နာရီမထိုးခင်လောက်တည်းက အိပ်ယာထကာ  မီးဖိုချောင်မှာတွင် ယနေ့ညနေရောင်းရန်အတွက် ပါဝင်ပစ္စည်းတစ်ချို့ကို ပြင်ဆင်ရချေသည်.. 


ထိုချိန်အထိ ကေလးလေးတစ်ယောက် အိပ်ပျော်နေသေးသည်ကြောင့် သူမသည် လိုအပ်နေသေးသောပါဝင်ပစ္စည်းများကို သွားဝယ်ရန် တိတ်တဆိတ်ထွက်လာခဲ့လိုက်သည်... 


မနက်ပိုင်းတွင် ဈေးထဲ၌ အတော်လေး စည်ကားလှ၏... သူမ ဆိုင်များစွာကို လှည့်ပတ်ကြည့်ရှုပြီး အမဲသား၊ သိုးသား၊ ဝက်သား၊ ငါး၊ ပဲအမျိုးမျိုး၊ ဟင်းသီးဟင်းရွက်နှင့် အသီးအနှံများစွာတို့ကို ဝယ်ယူလာလိုက်သည်.


 သူမလုယက်ဝယ်ယူခဲ့ရသောပစ္စည်းများနှင့်အတူ အိမ်သို့ပြန်ရောက်ချိန်တွင် ကလေးလေး အိပ်ရာမှနိုးနေပြီဖြစ်ကာ သူ့ဘာသာသူ အင်္ကျီဝတ်ရန် ကြိုးစားလို့နေသည်... 


လက်ရှိချန်းဟွမ်ရောက်လာပြီး နောက်ပိုင်းအချိန်အတောအတွင်းတွင် အများကြီးသင်ယူခဲ့ပြီးနောက်. ယခုချိန်တွင် ကလေးလေးသည် ရှပ်အင်္ကျီကို အရှေ့အနောက် ခွဲတတ်နေလေပြီ...


 သူကိုယ်တိုင် အင်္ကျီဝတ်တတ်ပြီကို ချန်းဟွမ်တစ်ယောက် သိတာကြောင့် ကလေးလေးကို မကူညီပေးတော့ဘဲ ချက်ပြုတ်ဖို့ရာအတွက် မီးဖိုချောင်ထဲသို့ ဝင်ကာ မီးဖိုကိုဖွင့်လိုက်သည်... 


ထိုသို့ဖြင့် ချန်းဝှမ်တစ်ယောက် မနက်စာပြင်ပြီးချိန်တွင် ပေါက်စီလုံးလေးသည်လည်း မျက်နှာသစ်ပြီးသွားခဲ့ပြီး ကလေးလိုရှင်းကို ကြိုးစားလိမ်းနေချေတယ်...


ပါးဖောင်းဖောင်းနှင့် ပေါက်စီလုံးလေးသည် အဖြူရောင်လိုရှင်းတချို့ကို သူ့လက်ဖဝါးထဲသို့ ညှစ်ထည့်လိုက်ပြီး သူ့ပါးပြင်နှင့်လက်နှစ်ဖက်ကို ပွတ်လိမ်းလို့နေလေ၏... အားလုံး ပြီးသွားချိန်တွင်တော့ အမေဖြစ်သူ ဆီသို့ ပြေးလာသည်... 


ချန်းဟွမ်ဆီသို့ ရောက်ချိန်တွင်တော့ ကလေးလေးသည် သူ့ ရဲ့လက်ချောင်းလေးများကို အမေဖြစ်သူရှေ့သို့ တိုးပေးရင်း " မေမေ... သား အခုအရမ်းမွှေးသွားပြီ " ဟု ဆိုလိုက်သည်....


ချန်းဟွမ်ကလည်း ကလေးလေး၏လက်ချောင်းလေးကို မွှေးကြည့်လိုက်ပြီး  " ဟုတ်ပါ့... ရှင်းရှင်းလေးက အခုအရမ်းမွှေးနေပြီ..." ဟု လိုက်လျောညီထွေပူးပေါင်းကာပြန်ဖြေလိုက်သည်


ချန်းဟွမ် ကလေးလိုရှင်း ဝယ်ေပးပြီးတည်းက သူလေးအတွက် နေ့စဉ်ကစားစရာတစ်ခုလို ဖြစ်နေခဲ့ချေ၏...


ထို့နောက် ရှင်းရှင်းလေးက  ပုဇွန်ခြောက်အနည်းငယ်ပါသောဟင်းချိုလေးဖြင့်ရောထားသည့် ဖက်ထုပ်စွတ်ပြုတ်ပန်းကန်လုံးလေးကို သူ့အနားသို့ အသာဆွဲယူလိုက်ကာ စားနေလိုက်သည်...


ပါကျဲပေါက်လေးဟာ .ဖက်ထုပ်လေး အခု၂၀လောက် စားပြီးနောက်တွင်တော့ သူကိုယ်တိုင် ပါးစပ်သုတ်ကာ ပြည့်တင်းနေပြီဖြစ်သော ဗိုက်ပူပူလေးကို ပွတ်သပ်နေရင်း  အမေဖြစ်သူကို မောကြည့်လိုက်၏... " မေမေ...  ဒီနေ့တော့ သား မေမေနဲ့ မလိုက်တော့ဘူး... "


အမှန်တော့ ချန်းဝှမ်သည်လည်း ဒီနေ့တော့ ရှောင်ရှောင်းလေးကို အိမ်တွင် ထားခဲ့ရန် မည်သို့ဖြောင်းဖြရမည်ကို စဥ်းစားနေခဲ့ခြင်းဖြစ်သည်... သို့သော် ယခုတွင် ကလေးဘက်မှ နေခဲ့မည်ဟု အရင်ဆုံးပြောလာတာကြောင့် အနည်းငယ်အံ့သြမိသွားသည်... ထို့ကြောင့် သူမ လက်ထဲမှ ဇွန်းကို ခဏဘေးချထားပြီး ပါးစပ်ကိုသုတ်လိုက်ကာမေးလိုက်သည်


 “ ဘာဖြစ်လို့လဲ သား... ” 


 ပေါက်စီလုံးလေးက  လက်နှစ်ဖက်လုံးကို ထိုင်ခုံပေါ်တင်ထားကာ ခြေထောက်နှစ်ဖက်ကို လှုပ်ခါရင်း “ သားက ဗဟုသုတတွေ အများကြီး သင်ယူဖို့လိုအပ်လို့လေ..." ဟု ဂုဏ်ယူစွာဖြင့် ပြန်ဖြေ​လိုက်လေသည်...


ချန်းဟွမ် : " ... " 


အသိပညာဗဟုသုတတွေက ပိုက်ဆံရှာဖွေပေးနိုင်သည်ကို သိလိုက်ချိန်တွင် ကလေးလေးသည် စာသင်ချင်စိတ် ပိုလို့ပြင်းပြလာခဲ့ပုံပင်... ကလေးလေးသည် ချန်းဟွမ်နားသို့ ကပ်ကာ ၁ မှ ၁၀၀အထိ ရေတွက်ပြသည့်အပြင် ၁+၁=၂ ကဲ့သို့သောသင်္ချာပုစ္ဆာလေးများကို တွက်ပြလိုက်သေး၏...


က​လေးတစ်​​ယောက်​ စာသင်ယူချင်စိတ်ရှိခြင်းဟာ ကောင်းမွန်သောအရာတစ်ခုဖြစ်သောကြောင့် သူမ အတော်လေး ဝမ်းသာသွားမိသည်... သူမက ပေါက်စီလုံးလေးအား ရိုးရှင်းသောကဗျာတစ်ပုဒ်ကို အကြိမ်ကြိမ်ဆိုပြသင်ပြပေးပြီးနောက်တွင် ကလေးလေးသည် သူကိုယ်တိုင် ခဏခဏ ထပ်​ဆိုနိုင်အောင် ဆက်လေ့ကျင့်နေတော့သည်...


 ရှင်းရှင်းလေးတစ်ယောက် ကဗျာရွတ်ခြင်းကို အာရုံစိုက်နေစဥ်တွင်  သူမတစ်ယောက်တည်း ဘဏ်သို့ ထွက်လာခဲ့လိုက်၏...


 ငွေတချို့ကို ဘဏ်၌ အပ်ခဲ့ပြီးနောက် ယနေ့ရောင်းချရန်အတွက် လိုအပ်သောပါဝင်ပစ္စည်းများကို ဆေးကြောရန်၊ လှီးဖြတ်ရန်နှင့် နှပ်ထားရန်တို့အတွက် လိုအပ်လာပြန်တယ်... သူမ ပြင်ဆင်မှုများကို လုပ်ရင်း နေ့တစ်ဝက်ကုန်သွားခဲ့ချေသည်...


ထို့နောက် ကလေးလေးတွက် ညစာပြင်ဆင်ပေးထားခဲ့ပြီး ကလေးကို ရေချိုးပေးလိုက်သည်..


ထို့နောက်တွင်တော့ သူမသားကို သူမ စျေးထွက်ရောင်းနေစဥ် ခေတ္တကြည့်ပေးဖို့ရာ အိမ်နီးချင်းအမျိုးသမီးအား မှာထားခဲ့လိုက်၏...


အားလုံးပြီးဆုံးသွားချိန်တွင်တော့ သူမ လိုအပ်သောပစ္စည်းများကို စီစဉ်ပြီး ဒုတိယနေ့ရောင်းချရန်အတွက် မြန်မြန်ဆန်ဆန် ထွက်လာခဲ့တော့သည်... ဆိုင်နေရာသေချာချ​​ပြီးနောက် ပထမအသုတ်စားသုံးသူများ မရောက်လာခင်တွင် ရေအနည်းငယ်သောက်ကာ ခဏနားလိုက်သည်...


ခေတ္တမျှအကြာတွင် စားသုံးသူခုနစ်ယောက် ရှစ်ယောက်လောက် တဖြည်းဖြည်းချင်း ရောက်ရှိလာတော့၏... ထိုလူများထဲ၌ အရှေ့ဆုံးတွင်ရှိနေသော ရွှေဆွဲကြိုးနှင့်အပေါ်ပိုင်းတွင်အင်္ကျီမပါသောအမျိုးသားက သူမဆီ လျှောက်လာခဲ့ရင်း  " သူဌေး... မင်းရဲ့ဆိုင်ကို အားပေးဖို့ ကျွန်တော် ထပ်လာခဲ့တာ " ဟု ဆိလာလေ၏...


🍖🍖🍖🍖🍖🍖


Chapter 34

{ ကျောင်းစတက်ခြင်း - ၁ }


ချန်းဟွမ်၏ဘာဘီကျူးဆိုင်လေးဟာ တစ်နေ့ထက်တစ်နေ့ ရောင်းအားတိုးလာခဲ့သည်...


သူမရဲ့ဘာဘီကျူးတို့က အရသာကောင်းမွန်တာကြောင့် သူမ ဆိုင်လေးဆီသို့ ပြန်လာသောစားသုံးသူအများအပြားရှိပေ၏... စားသုံးသူများဟာ ချန်းဟွမ်ဆိုင်မှအစားအသောက်များ ကောင်းမွန်းလှကြောင်းကို တစ်ဆင့် တစ်ဆင့်ပြန်ပြောကြသည်ကြောင့်လည်း သူမရဲ့ဆိုင်လေးဟာ နှစ်ပတ်အတွင်းတွင် ညစျေးတန်းရဲ့နာမည်အကြီးဆုံးဆိုင်တစ်ဆိုင်ဖြစ်လာတော့သည်...


ညဈေးတန်းရှိဆိုင်အများစုမှာ အသားကင်ဆိုင်များသာ ဖြစ်ပြီး တချို့သောဆိုင်ပိုင်ရှင်တို့ဟာ နှစ်ပတ်အတွင်း နာမည်ကြီးသွားခဲ့သောချန်းဟွမ်၏ဆိုင်လေးကို သိပ်မကျေနပ်ကြပေ... မည်သို့ပင် မကျေနပ်ဘူးဟုဆိုစေကာမူ သူတို့ ပြောင်းလဲနိုင်သည့်ကိစ္စ မရှိပါချေ... အစားအသောက်တစ်ခုတွင် အရသာက အရေးကြီးဆုံးဖြစ်ပြီး စားသုံးသူတို့ အရသာတွေ့စေသောအစားအသောက်ကို ချန်းဟွမ်က ပြုလုပ်နိုင်ခဲ့သည်ဟု ဆိုရပေမယ်... 


ချန်းဟွမ်၏အသားကင်ကို တစ်ကြိမ်စားပြီးသူတိုင်းဟာ သူမဆီသို့သာ ထပ်သွားနေစမြဲပင်... ထို့ကြောင့်လည်း တခြားသောဆိုင်ရှင်များက ချန်းဟွမ်အား မကျေနပ်ကြပေ...


ကျိုးရှီဆိုသောအမျိုးသားကြီးသည် သူ့ရဲ့ညစျေးတန်းမှအသားကင်ဆိုင်ကို ဖွင့်ရန် ပြင်ဆင်လို့နေ၏... ထိုလူကြီးက သူ့ဆိုင်ညာဘက်မှ ချန်းဟွမ်၏ဆိုင်လေးကို အရင်က သိပ်အာရုံမထားခဲ့ချေ...


သို့သော် ချန်းဟွမ်ဆိုင်ဖွင့်ပြီး ရက်အနည်းငယ်ကြာချိန်တွင် အတော်လေးစည်ကားလာခဲ့သည်ကို သတိထားမိလာသည်... သူ ဝန်မခံချင်ပေမယ့်လည်း ချန်းဟွမ်ဆိုင်မှအသားကင်ရနံ့ဟာ အတော်လေးမွှေးကြိုင်လှပေသည်..


ထိုအမျိုးသားကြီးက ယနေ့ဆိုင်ဖွင့်နေလက်စကို ခေတ္တရပ်ကာ လက်နှစ်ချောင်းကြားမှ စီးကရက်ကို တစ်ခါဖွာလိုက်ရင်း ညာဘက်ရှိချန်းဟွမ်၏ဆိုင် နေရာလေးကို မကျေနပ်စွာ လှည့်ကြည့်လိုက်သည်..


လွန်ခဲ့သောနှစ်ပတ်ကမှ ဆိုင် စတင်ဖွင့်ခဲ့သောထိုအမျိုးသမီးငယ်လေး၏ဆိုင်က ယခုတွင် သူ့ဆိုင်မှဖောက်သည်အားလုံးကို သိမ်းပိုက်သွားလိမ့်မည်ဟု မထင်ထားခဲ့မိပေ...


ကျိုးရှီ မနေ့က သူ့ရဲ့ဝင်ငွေနည်းပါးမှုကို ပြန်တွေးကြည့်ရင်း အတော်လေးစိတ်အချဥ်ဖောက်နေမိ၏... ညစျေးတန်းကို လာစားကြသူများက ဘာကြောင့် အဲ့အမျိုးသမီးဆိုင်က အသားကင်ကိုမှ စားချင်နေကြမှန်း သူ ဘယ်လိုမှ စဥ်းစား၍မရေပ.. 


ကျိုးရှီ သူ့လက်ထဲမှစီးကရက်ကို မြေပြင်ပေါ်ပစ်ချကာ ဖိနပ်နှင့် ဖိနင်းကာ မီးသတ်လိုက်သည်. ထို့နောက် ပြန်မော့ကြည့်လိုက်ချိန်၌ သူ့ဆိုင်ရှေ့တွင် ရပ်နေတဲ့လူငယ်အမျိုးသားတစ်ယောက်ကို တွေ့လိုက်ရလေတယ်...


ထိုအမျိုးသားငယ်လေးသည် အသက်နှစ်ဆယ်ကျော်ကျော်သာ ရှိနေပုံရပြီး သူ့(ကျိုးရှီ)ထက်အရပ်အနည်းငယ်ပိုမြင့်ကာ ရုပ်ရည်မှာလည်း ကြည့်ကောင်းသည်ဟု ဆိုရပေမယ်...


ထိုအမျိုးသားငယ်လသည် တောက်ပသောအပြုံး ပြုံးပြရင်း ကျိုးရှီဆီသို့ လျှောက်လာခဲ့ပြီး " ဟိုလေ... ဒီနားက ဘာဘီကျူးဆိုင် ဖွင့်တဲ့ချိန်ကိုသိလားဗျ..." ဟု မေးလာချေသည်..


' နောက်တစ်ယောက် လာပြန်ပြီ!! '


ကျိုးရှီ အနှီအမျိုးသားငယ်လေးက ချန်းဟွမ်၏ဆိုင်ကို မေးမှန်းသိတာကြောင့် အတော်လေး စိတ်တိုသွား၏... ထို့နောက်တွင် ကျိုးရှီဟာ စိတ်မရှည်သောလေသံဖြင့် "မဖွင့်တော့ဘူး... အဲ့ဆိုင်က ဆက်မဖွင့်တော့ဘူး...!!"


" အော် ဟုတ်လား... " ဆယ်လ်ဖီတုတ်လေး ကိုင်ထားသည့်အမျိုးသားငယ်လေးမှာ သူ့ရဲ့စကားကြောင့် အနည်းငယ်အံ့သြသွားသည်...


ထိုအမျိုးသားငယ်လေး၏နာမည်မှာ ချန်နန်ဖြစ်ပြီး  Food Blogger (အစားအသောက်ဘလော့ဂါ)တစ်ယောက်ပင်... အနှီအမျိုးသားငယ်လေးသည် နေရာတိုင်းတွင် အရသာကောင်းသောအစားအစာများကို ရှာဖွေမြည်းစမ်းရသည်ကို လွန်စွာနှစ်သက်သူပင်... ချန်နန်သည် ပိုက်ဆံယူကာ ကြော်ငြာပေးခြင်းမျိုးလုပ်ခြင်းမဟုတ်ဘဲ အမှန်တကယ် ကောင်းမွန်လှသည့်အစားအစာများကို ကိုယ်တိုင်ရှာဖွေစုံစမ်းပြီးမှသာ review(သုံးသပ်ချက်)​ပေးတတ်သူဖြစ်တာကြောင့် သူ့ပရိသတ်များ သူreviewပေးသည့်အစားအစားတို့ တကယ်ကောင်းမွန်သည်ကို အပြည့်အဝယုံကြည်ကြချေ၏... တချို့သောပရိသတ်များဆိုပါလျှင် ချန်နန်၏reviewကြောင့် ဝေးလံသည့်နေရာရှိဆိုင်မျာအထိ သွားရောက်စားသောက်တတ်ကြလေသည်...


ချန်နန်သည် အရသာရှိသောအစားအစာများကို အမှန်တကယ်နှစ်သက်သူပီပီ သူ့ငယ်ချင်းတော်တော်များများမှာလည်း သူ့လို အစားတစ်လိုင်းသမားများဖြစ်ကြလေတယ်...  သူ့သူငယ်ချင်းတစ်ယောက်က လွန်ခဲ့သောရက်အနည်းငယ်လောက်က ဘာဘီကျူးအသားကင်သည့်တံစို့တစ်ချောင်းပုံတစ်ပုံနှင့်အတူ အကောင်းဆုံးဘာဘီကျူးကင်ဟု ရေးကာ ပို့စ်တင်ထားခြင်းကို တွေ့ခဲ့သည်ကြောင့် ယနေ့ ဒီနေရာကို လာခဲ့ခြင်းဖြစ်လေသည်...


ချန်နန်က သူ့သူငယ်ချင်းရဲ့စကားကို ယုံကြည်သောကြောင့် သူငယ်ချင်းဖြစ်သူဆီမှ လိပ်စာတောင်းကာ ဆိုင်ကို လာရှာခဲ့ခြင်းဖြစ်၏... သို့သော် သူဟာ ဟင်းချိုဖက်ထုပ်ဆိုင်တစ်ခုကို အရင်ရိုက်ကူးနေခဲ့ခြင်းကြောင့် ချန်းဟွမ်၏ဆိုင်လိပ်စာကို ရပြီး နှစ်ရက်လောက်ကြာမှသာ ဒီနေရာကို ရောက်လာခဲ့ခြင်းဖြစ်ချေတယ်...


" တကယ်ပဲ ဆက်မဖွင့်တော့တာလားဗျာ..." ချန်နန်သည် ငိုချင်နေသောအသံဖြင့် ကျိုးရှီအား နောက်တစ်ကြိမ် ထပ်မေးလိုက်ပြန်၏...


"ငါ မင်းကိုပြောပြီးပြီလေ!! အဲ့ဆိုင်က ဆက်မဖွင့်တော့ပါဘူးလို့... အဲ့ဆိုင်က အစားအသောက်တွေက မကောင်းလို့ ဝယ်စားမယ့်သူ မရတာနဲ့ ဆိုင်ပိတ်သွားတာ!! "


အနှီအမျိုးသားကြီးပြောသည့်စကားမှာ သူ့သူငယ်ချင်းပြောသည့်စကားနှင့် ဆန့်ကျင်ဘက်ဖြစ်လို့နေ၏... ချန်နန်သည်ခေတ္တမျှရပ်နေလိုက်ပြီး နောက်ဆုံးတွင်တော့ သူငယ်ချင်းဖြစ်သူက သူ့အား စနောက်လိုက်သည်ဟုသာ တွေးလိုက်လေတော့သည်...


" ဟုတ်ကဲ့ပါ..."


 ချန်နန် စိတ်ပျက်လက်ပျက်နဲ့ပြောလိုက်ပြီး ဝမ်းနည်းပက်လက်ဖြင့် လှည့်ထွက်သွားတော့သည်


...

🥓🥓🥓🥓🥓