အပိုင်း ၄၃-၄၄
Viewers 20k

Chapter 43

{ အလှဆုံးသော - ၁ }


ချန်းဟွမ်ရဲ့ဆွဲဆောင်မှုရှိသောလှပသည့်ပုံရိပ်လေးကြောင့် ချန်နန်၏ပရိသတ်များသည် ချန်နယ်ဆီသို့ လက်ဆောင်များနှင့် ကြယ်များစွာ(ပိုက်ဆံ) ပေးပို့ကြလေတယ်... ပရိသတ်များဆီမှ လက်ဆောင်ပေးပို့ခြင်းနှင့်ကြယ်ပေးပို့ခြင်းများသည် အရင်ကလို မဟုတ်ပါဘဲ ချန်နန်ဆီသို့ မရပ်မနား ဝင်ရောက်လာတော့သည်... Liveကိုကြည့်နေကြသော ပရိသတ်များဟာ အစားအသောက်ကို ရိုက်ပြဖို့ မတောင်းဆိုကြတော့ဘဲ ဘာဘီကျူးဆိုင်ပိုင်ရှင်လေးကိုသာ ရိုက်ပြဖို့ အသည်းအသန်တောင်းဆိုနေကြပြန်၏...


[ အဲ့ဆိုင်က ဘာဘီကျူး အရသာရှိမရှိကို ငါလေး ဂရုမစိုက်ဘူး... သူ့မျက်နှာလေးကို ကြည့်ခွင့်ရနေမယ်ဆိုရင် ဆန်ကြမ်းပဲ စားရမယ်ဆိုလည်းစားနိုင်တယ်ဟေ့... ]


[ အလှလေးရဲ့မျက်နှာကို သေချာရိုက်ပြပါလား... သူ့မျက်နှာလေးကို အကြာကြီးကြည့်ချင်လို့ပါဟ... အမှန်အတိုင်းပြောရရင် ချန်နယ်မာစတာရဲ့မျက်နှာကိုတောင် မတွေ့ချင်တော့ဘူး... ]


[ အဲ့ဆိုင်နေရာက ငါနေတဲ့နေရာနဲ့ သိပ်မဝေးဘူးဘဲ... ငါလေး အခုချက်ချင်းသွားတော့မယ်... ]


[ ဆိုင်က ငါနေတဲ့မြို့မှာပဲ... ငါလေး အခုပဲ သွားတော့မယ်ဟေ့... ]


[ ဆန်ကိတ်၊ မင်းက ဘာလို့ တစ်နေရာတည်းမှာ တုတ်ချောင်းလို ရပ်နေတာလဲကွာ... အနီးကပ်သေချာရိုက်ပြမှပေါ့... တကယ် အသုံးမကျတာပဲ... ]

( ဆန်ကိတ် = ချန်နယ်မာစတာ = ချန်နန်

ဆန်ကိတ်က ချန်နန်ရဲ့နာမည်ပြောင်ပါ... )


ချန်နန် ချန်းဟွမ်အား အချိန်နည်းနည်းကြာသည်အထိ ရိုက်ကူးပြပြီးနောက် ဆိုင်ထဲမှထွက်လာကာ ကင်မရာကို ကြည့်ရင်း တစ်ချက်ပြုံးပြလျက် " ကဲ... ကျွန်တော်တို့တွေ ဆိုင်ပိုင်ရှင်ကို ဆက်မနှောင့်ယှက်သင့်တော့ဘူး... ပရိသတ်တို့... "


[ မင်းရဲ့ရုပ်ဆိုးတဲ့မျက်နှာကို ငါမမြင်ချင်ဘူး!! ချန်နယ်မာစတာ...!]


[ ဝေးဝေးသွားစမ်း...! ]


Liveအား စောင့်ကြည့်နေသည့်လူအတော်အများဟာ အလှလေးကို မတွေ့ရတော့သည့်အတွက် ချန်နန်အား ပြောဆိုကြလေသည်... သို့သော် ချန်နန်ကကတော့ ၎င်းတို့အားလုံးကို လျစ်လျူရှုထားရင်း သူ့သူငယ်ချင်းရှိသည့်ဝိုင်းသို့ လျှောက်သွားကာ ဝင်ထိုင်လိုက်သည်...


ရှုချန် ဆိုင်သို့ ရောက်နေသည်မှာ ကြာပြီးဖြစ်သည့်အတွက် သူမှာထားသောအသားကင်တချို့မှာ အဆင့်သင့်ဖြစ်နေပြီဖြစ်၏...


အသားကင်အနံ့မှာ မွှေးကြိုင်လို့နေပြီး ကြည့်လိုက်ရုံနှင့်ပင် မစားရမနေနိုင်ဖြစ်စေနိုင်လောက်သည်... ချန်နန်သည် မျက်လုံးအစားကျွေးပြီးနောက်တွင်တော့ ထပ်စောင့်မနေတော့ဘဲ အသားကင်တစ်ချောင်းကို တစ်ကိုက်စားလိုက်သည်.. အသားအရသာကို ရရှိလိုက်ချိန်တွင်  သူ့မျက်လုံးများ ပြူးကျယ်သွားခဲ့ကာ ကင်မရာဘက်သို့ လှည့်ကြည့်ရင်း လက်မထောင်လျက်  " ဒါက တကယ် အရသာရှိတယ်... "ဟု ဆိုလိုက်လေ၏...


သို့သော်ငြား သူ့ပရိသတ်တချို့က ချန်နန်အား မယုံကြချေ... 


[ မင်းက ဆိုင်ပိုင်ရှင်အလှလေးကို ကြည့်ပြီးတော့ ပြောနေတာမလား ချန်နယ်မာစတာ... ဒီအချိန်မှာ အီးတုံးကောက်စားလိုက်ရင်တောင် မင်းက ကောင်းတယ် ပြောမှာပဲ... အလှလေးရဲ့မျက်နှာကြောင့် အရာရာက အရသာရှိနေတာလေ... ]


[ ဟုတ်တယ် ချန်နယ်မာစတာ... ဆိုင်ရှင်လေးက လှတာနဲ့ သူ့ဆိုင်က အစားအသောက်တွေ အရသာရှိပါတယ်လို့တော့ မလိမ်သင့်ဘူး... ] 


[ မင်းတို့တွေ ဘာဖြစ်နေတာလဲ... မိန်းမတွေက အရသာရှိတဲ့အသားကင် မလုပ်နိုင်ဘူးလို့ မင်းတို့ကို ဘယ်သူပြောလဲ... ယောကျ်ားတွေ လုပ်နိုင်တဲ့အလုပ်ကို မိန်းမတွေလည်း လုပ်နိုင်တယ်ကွ... ]


[ ဟားဟား... ဒါပေမယ့် ဘာပဲပြောပြောမိန်းမတွေက အိမ်မှာပဲ ချက်ပြုတ်ကြတာလေ... အခုနာမည်ကြီးနေတဲ့စားဖိုမှူးတွေ အားလုံးနီးပါးက ယောကျ်ားတွေချည်းပဲ... ] 


~~~~


ချန်နန်သည် သူ့ပရိသတ်များအချင်းချင်း gender(ယောကျ်ား မိန်းမ)ခွဲခြားခြင်းနှင့်ပတ်သက်ပြီး ပြောဆိုတိုက်ခိုက်နေကြသည်ကို တွေ့လိုက်ချိန်တွင် ချက်ချင်းစကားဖြတ်ပြောလိုက်သည်


... " ကဲ ကဲ... တော်ကြတော့... ပရိသတ်တို့ ကျွန်တော် အမှန်အတိုင်းပြောနေနေတာပါ... ကျွန်တော့်အမေရဲ့အုတ်ဂူကို တိုင်တည်ပြီး ကျိန်ရဲတယ်... "


ထိုသို့ပြောပြီးနောက်တွင်တော့ ချန်နန်သည် ကင်မရာအား တခြားသောဝိုင်းများဘက်သို့ လှည့်ပြလိုက်လေ၏... " ခင်ဗျားတို့ပြောသလို ဒီဆိုင်က အစားအသောက်မကောင်းဘဲ ဆိုင်ရှင်ရုပ်ချောလို့ လာစားကြတာဆိုရင် ဆိုင်ထဲမှာ ယောကျ်ားလေးတွေပဲ ပြည့်နေမှာပေါ့... အခုကြည့်လိုက် ဆိုင်ထဲမှာ မိန်းကလေးတွေက ပိုများနေတယ်လေ... "  


ချန်းဟွမ်ရဲ့အလှကြောင့် ယောကျ်ားများက သူမ ဆိုင်ကိုလာကြသော်ငြား အစားအသောက်များက အရသာရှိလွန်းတာကြောင့်လည်း အစားတစ်လိုင်းမိန်းကလေးအုပ်စုများမှာ ချန်းဟွမ်၏ဆိုင်တွင် နေရာအပြည့်ယူထားတတ်ကြဆဲပင်...


လက်ရှိတွင်လည်း ချန်နန်ဟာ သူနှင့်မနီးမဝေးဝိုင်းတွင် အသားကင်စားရင်းစကားစမြည်ပြောနေကြသောမိန်းကလေးအုပ်စုကို ရိုက်ကူးပြနေချေသည်... ဤသို့ဖြင့် ချန်နန်ရဲ့သက်သေပြမှုကြောင့် အတင်းအဖျင်းပြောချင်ကြသူများလည်း နှုတ်ဆိတ်သွားခဲ့လေတော့တယ်...


ထို့နောက်တွင်တော့ ချန်နန်ဟာ သူ့လက်ထဲမှ အသားကင်တို့ကို တစ်ဖန်ပြန်ကြည့်လိုက်မိလေ၏... ဒီအသားများကို မည်သို့မည်ပုံ ပြင်ဆင်ထားမှန်း သူတကယ် မခန့်မှန်းနိုင်တော့ပေ... အသားကင်မှာ နူးညံ့မွှေးပျံ့လို့နေတာကြောင့် တစ်ကိုက်လောက် စားပြီးသည်နှင့် ဆက်တိုက်စားချင်စိတ် ဖြစ်ပွားစေသည်... ချန်နန်သည် နောက်ဆုံးအသားကင်​ချောင်းကို စားလိုက်ပြီးနောက်တွင်တော့ " နည်းနည်းဆီများပေမယ့် အရသာအရမ်းရှိတယ်...  "ဟု ဆိုပြန်၏...


သူဟာ ပါးစပ်မှ အဆီတို့ကို သုတ်လိုက်ပြီးနောက် ပိုက်ဆံရှင်းရန် ထလိုက်လေတယ်... ထို့နောက် သူ့ပိုက်ဆံအိတ်ကို ဆွဲထုတ်လိုက်ရင်း " ဒီတစ်ခါတော့ ပိုက်ဆံကုန်ရကျိုးနပ်တယ်ဗျ... တကယ်စားကောင်းတဲ့အစားအစာတွေကို မြည်းစမ်းခွင့်ရခဲ့တယ်လေ..." ဟု ကျေနပ်စွာပြောလိုက်ချေသည်...


ထိုစဥ် ရှန်းလီက ချန်နန်နားသို့ ရောက်လာကာ ပြုံးလျက်ဖြင့် " လတ်ဆတ်ပြီး အရေအသွေးမှီတယ်ဆိုတာလည်း ထည့်ပြောပေးပါအုံးကွယ်... " ဟု ပြောလိုက်သေး၏...


" ဟုတ်တယ်... အသားတွေက လတ်ဆတ်ပြီး အရေအသွေးမှီတာ အမှန်ပဲ... "


ဤသို့ဖြင့် ချန်နန် ထွက်သွားချိန်တွင်တော့ ရှန်းလီဟာ ချန်းဟွမ်နားသို့ ကပ်ကာ


 " စောနက ကောင်လေးက လိုင်းပေါ်မှာ streamလုပ်တဲ့တစ်ယောက်လားမသိဘူး သမီးရေ... သူ အသားကင်တွေ စားနေတုန်းက ဖုန်းကို ကြည့်ပြီး စကားဆက်တိုက်ပြောနေတာလေ... " ဟု ခပ်တိုးတိုးပြောလိုက်လေသည်...


🥓🥓🥓🥓🥓🥓🥓🥓


Chapter 44

{ အလှဆုံးသော - ၂ }


ယခုနောက်ပိုင်းတွင် streaming(gameတွေဘာတွေ liveလွှင့်ပြီး ဆော့ပြတဲ့ပုံစံမျိုးကို ဆိုလိုသည်)လုပ်သည်တို့ အလွန်ရေပန်းစားလာခဲ့ပြီး ရှန်းလီသည် ထိုသို့streamလုပ်ကြသူများထဲမှ တချို့ကိုတော့ မြင်တွေ့ဖူးပေ၏... သို့သော်ငြားကဲ့ ချန်နန်လိုမျိုးကိုတော့ တစ်ခါမျှ မတွေ့ဖူးသေးချေ...


ချန်းဝှမ်တစ်ယောက် သူမမူလဘဝတွင် အစားအသောက်နှင့်ပတ်သက်ပြီးstream (food blogger)လုပ်ခြင်းက ပိုက်ဆံအများကြီးရကြသည်ဟု ကြားဖူးခဲ့၏... သို့သော်လည်း ၎င်းထဲမှအများစုမှာ အချိန်အကန့်အသတ်အနည်းငယ်အတွင်း အစားအသောက်ဘယ်လောက်ကုန်အောင် စားပြမည်ဆိုသည့် လောင်းကစားလိုပုံစံမျိုးများပင်... သူမအတွက်တော့ သူမ စားနိုင်သည်ထက် ပိုများလှသောအစားအသောက်တို့ကို အချိန်တိုလေးအတွင်း စားဖို့ရာ မဖြစ်နိုင်ပေ...


ချန်းဟွမ်နှင့်ရှန်းလီတို့နှစ်ဦး မသိခဲ့သည်က ချန်နန်သည် အစားအသောက် streamingလောကတွင် အတော်လေး နာမည်ကြီးသူဖြစ်ပြီး ပရိသတ်တစ်သန်းကျော်ရှိကာ သူ​ကြောင့်နှင့် အင်တာနက်ပေါ်တွင် နေ့ချင်း ညချင်း နာမည်ကြီးသွားသောဆိုင်များစွာ ရှိပေ၏... အစားအသောက်စီးပွားရေးလုပ်ငန်းတော်တော်များများက ချန်နန်အား ၎င်းတို့လုပ်ငန်းကြော်ငြာအတွက် ကမ်းလှမ်းကြပေမယ့်လည်း အနှီအမျိုးသားဟာ အမှန်တကယ်အရသာမရှိသည့်အစားအသောက်ကို ကြော်ငြာဖို့ ပိုက်ဆံလက်ခံလိုက်ခြင်းဟာ သူ့ဂုဏ်သိက္ခာကို ထိခိုက်စေသည်မို့ ကြော်ငြာများကို လက်မခံခဲ့ပါလေ..


ထိုညတွင်ပင် ချန်နန်၏streaming ချန်နယ်၌  ' လှလွန်းတဲ့ဘာဘီကျူးဆိုင်ပိုင်ရှင်လေးနှင့် သူမ ဆိုင်မှ အရသာရှိသောအစားအသောက်များ ' ဟူသောခေါင်းစဉ်ဖြင့် streamတစ်ခု ပေါ်ထွက်လာလေတော့၏...


ထိုသို့​သောstreamမျိုးဟာ Liveလွှင့်ခြင်းလိုမျိုး မဟုတ်ပါဘဲ အရေးကြီးသည့်အပိုင်းများနှင့် ဆွဲဆောင်မှုရှိသောအခိုက်အတန့်တို့ကိုသာ ထည့်ထားခြင်းဖြစ်လေတယ်... Streamတွင် ချန်နန်တစ်ယောက် ဆိုင်ထဲ စဝင်လာသည့်အပိုင်း၊ ဆိုင်ထဲမှ အသားကင်များကို သေချာလိုက်ပြသည့်အပိုင်းနှင့် ရုတ်တရက် ချန်းဟွမ်အား လှည့်ကြည့်လိုက်မိသည့်အပိုင်းတို့ ပါဝင်လေ၏...


ချန်းဟွမ်တစ်ယောက် မိတ်ကပ်တို့ မလိမ်းခြယ်ထားပါဘဲ ချွေးအနည်းငယ် စိုနေသည်မှာ သဘာဝအတိုင်း သူမကို အလှပိုစေသည်... သူမသည် ရုပ်ရှင်ထဲမှ ရုပ်ရှင်မင်းသမီးတစ်ယောက်ပုံစံလောက်ထိ  မဟုတ်သော်လည်း တည်းဖြတ်ထားတဲ့ပုံတွေလောက် မလှပေမယ့် သာမန်မိန်းကလေးတစ်ယောက်ထက်တော့ အစပေါင်းများစွာ ပိုလို့ ဆွဲဆောင်မှု ရှိနေပေတယ်...


တည်းဖြတ်ထားပြီးသော(editလုပ်) ဗီဒီယိုကို လူပေါင်များစွာက " အလှဆုံးသောဘာဘီကျူးဆိုင်ရှင် "ဟူသော ခေါင်းစဥ်ဖြင့် ပြန်ဖြန့်(share)ကြပြန်၏... ချန်နန်ဟာ ဆိုင်လိပ်စာကိုပါ ထည့်တင်ထားခြင်းဖြစ်တာကြောင့် စပ်စုချင်စိတ်ပြင်းပြလှသောလူတော်တော်များများ ချန်းဟွမ်ဆိုင်လေးဆီသို့ ရောက်အောင် လာကြတော့သည်... 


နောက်တစ်နေ့...

ချန်းဟွမ်တစ်ယောက် သူမ ဆိုင်လေးဖွင့်ရန် ရောက်လာချိန်တွင် သူမ ဆိုင်လေးနားတွင် လူအုံနေသည်ကို သတိပြုမိလိုက်သည်... ယခင်က လာနေကြလူထက် ပိုများနေသောကြောင့် အနည်းငယ်ပင် အံသြသွားခဲ့ရသည်...


ချန်းဟွမ်ရောက်လာတဲ့အခါ ဆိုင်နားတွင် ရှိလူများအားလုံးသည် သူမအား လှည့်ကြည့်လာကြချေ၏... 


ချန်းဟွမ် အားလုံးရဲ့အကြည့်တို့ကို ခေတ္တလျစ်လျူရှုထားရင်း သူမရဲ့သုံးဘီးလေးမှ မြေပြင်ပေါ်သို့ ခြေတစ်လှမ်း ချလိုက်ပေသည်...


ယခု ဒီနေရာတွင် ရောက်ရှိလာသူတို့အားလုံးသည် ချန်းဟွမ်၏အလှကို ချဲ့ကားပြောဆိုထားကြသည်ဟု ထင်မြင်တာကြောင့် လာရောက်စူးစမ်းကြခြင်းပင်... သို့သော် လက်ရှိတွင် ချန်းဟွမ်အား မျက်မြင်တွေ့လိုက်ရတဲ့အခါ သူမဟာ အလှမယ်ပြိုင်ပွဲတစ်ခုကို ဝင်ပြိုင်၍ပင် ရလောက်သည်ဟု မှတ်ချက်ပေးကြလေတယ်...


ချန်းဟွမ်တစ်ယောက် သုံးဘီးပေါ်မှ ဆင်းပြီးနောက်တွင် သူမနားသို့ လူအုပ်စုလိုက်ကြီး တိုးကပ်လာသောကြောင့် ရှေ့ဆက်သွား၍ မရတော့ပေ... ထို့ကြောင် သူမနှင့်အတူပါလာသောရှန်းလီက ချန်းဟွမ်အရှေ့မှကာရပ်လိုက်ရင်း အော်ပြောလိုက်သည်


  " ကဲ... ဒါဘာဖြစ်နေကြတာလဲ... လို့ဒီလောက်တောင် တွန်းနေကြတာလဲ... ငါတို့အခုထိ ဆိုင်တောင် မဖွင့်သေးဘူး... နင်တို့တွေ အစားအသောက်မှာချင်တယ်ဆိုရင် ငါတို့ကို အရင်ဆုံး ဆိုင်ဖွင့်ခွင့်လေးတော့ပေးကြပါဟ... " 


လက်ရှိ ဒီနေရာတွင် ရှိနေသောလူများထဲမှတစ်ဝက်လောက်က အလှဆုံးသောဘာဘီကျူးဆိုင်ပိုင်ရှင်လေးကို လာကြည့်ရန်သာ ရောက်လာကြခြင်းပင်... အစားအသောက်အတွက် မှာစားခြင်းကို စိတ်ဝင်စားသူ သိပ်မရှိချေ... သို့သော် ရှန်းလီ၏စကားကိုကြားလိုက်ချိန်တွင် ၎င်းတို့ ဒီနေရာကို လာရခြင်း၏တကယ့်ရည်ရွယ်ချက်အမှန်ကို ဖုံးကွယ်ထားလိုက်ပြီး ဘာဘီကျူးလာစားသည့်ပုံစံ ဟန်ဆောင်နေကြပြန်တယ်...


ချန်းဟွမ်နှင့်ရှန်းလီတို့နှစ်ယောက် ပစ္စည်းအားလုံးကို ချလိုက်ပြီးနောက် မီးမွှေးလိုက်တော့သည်...


ခေတ္တအကြာ၌ လူအုပ်ကြီးထဲမှ တချို့တစ်ဝက်သည် ဘာဘီကျူးများ မှာယူကြကာ ပွင့်လင်းကြသူများကတော့ ချန်းဟွမ်နှင့်အတူ ဓာတ်ပုံရိုက်ခွင့်တောင်းကြလေ၏...


ချန်းဟွမ်က သူမ အသက်၂၀အရွယ်တွင် အကြိမ်ပေါင်းများစွာ ရည်းစားစကားပြောခံခဲ့ရဖူးသော်ငြား သူမနှင့်အတူ ဓာတ်ပုံရိုက်ချင်သည်ဟု ခွင့်တောင်းခံရသည်မှာ ဒီတစ်ကြိမ်တွင် ပထမဆုံးဦးဆုံးပင်...


သူမရဲ့လက်ရှိအခြေအနေကို နားမလည်နိုင်ဖြစ်နေသောပုံစံကို သတိထားမိသွားသောတစ်စုံတစ်ယောက်က သူမအား ရှင်းပြလိုက်သည်။


" အစားအသောက် ဘလော့ဂါ တစ်ယောက်က ဒီဆိုင်မှာ streamလုပ်ရင်း မင်းရဲ့ပုံကို ရုတ်တရက်ရိုက်လိုက်မိတယ်လေ... အခု မင်းက အွန်လိုင်းပေါ်မှာ တော်တော်နာမည်ကြီးနေပြီ... ! "


👠👠👠👠👠