Chapter 45
{ အလှဆုံးသော - ၃ }
အနှီအမျိုးသားက ချန်းဟွမ်ကို ရှင်းပြရင်းဖြင့် သူ့အိတ်ကပ်ထဲမှဖုန်းကို ဆွဲထုတ်လိုက်သည် စာလုံးတချို့ရိုက်လိုက်ပြီးနောက်ပထမဆုံးပေါ်လာသောလင့်ခ်တစ်ခုထဲသို့ ဝင်လိုက်ရင်း ချန်းဟွမ်ကို ပြလိုက်သည်...
ထိုအမျိုးသားပြလိုက်သည်က လူကြိုက်များသောဖျော်ဖြေရေးချန်နယ်တစ်ခုတွင် ပြန်လည်တင်ထားသည့်ဗီဒီယိုတိုတစ်ခုပါဝင်သောဆောင်းပါးတစ်ပုဒ်ပင်... ထိုဗီဒီယို၏အောက်တွင် ' သူ့လို အလှလေးက ဘာလို့များ ညစျေးမှာ ဘာဘီကျူးဆိုင်ဖွင့်နေရတာလဲ? အမှန်ဆိုရင် ဖျော်ဖြေရေးအေဂျင်စီတစ်ခုနဲ့ ချိတ်ပြီး အနုပညာရှင်လုပ်နေသင့်တာ... ' စတဲ့မှတ်ချက်များစွာ ရှိနေချေ၏...
ထို့ပြင် အပြုသဘောရော အပျက်သဘောရောဆောင်သည့်မှတ်ချက်များစွာလည်း ရှိနေသေးသည်... အမျိုးသမီးIdolတစ်ယောက်၏ပရိသတ်များဘက်မှ မိတ်ကပ်မပါသော ချန်းဟွမ်၏မျက်နှာသည် ၎င်းတို့Idolနှင့် ယှဥ်စရာမလိုလောက်အောင် ဆိုးရွားလွန်းသည်ဟု ပြစ်တင်ကြလေတယ်... သို့သော် ထိုIdol၏haterများ(မကြိုက်နှစ်သက်သူ)ကတော့ ထိုIdolရဲ့ဓါတ်ပုံများဟာ လှပအောင် တမင်ပြုပြင်ထားပြီးသားဖြစ်ကြောင်း ၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိပါလျှင် ထိုIdol၏မိတ်ကပ်မပါ၊ ဓါတ်ပုံတွင် ပြုပြင်ထားခြင်း မရှိသောပုံကို ထုတ်ပြလိုက်သင့်ကြောင်း ပြန်လည် ချေပကြလေသည်... ထိုသို့ဖြင့် ဗီဒီယို၏အောက်တွင် Fanများနှင့်Haterများ သတ်ပွဲဖြစ်လို့နေတော့၏...
ချန်းဟွမ် ထိုမှတ်ချက်တို့အား ကြည့်ရင်း ထိုလူတစ်သိုက်က အတော်လေး အားလပ်နေပုံပဲဟု တွေးလိုက်မိသေးသည်...
ချန်နန်က သူမ သဘောဆန္ဒမပါဘဲ ဗီဒီယိုရိုက်ကူးခဲ့ခြင်းကို သူမ မနှစ်သက်သော်လည်း သူမရဲ့ဆိုင်လေးထဲသို့ အဆက်မပြတ်ဝင်ရောက်လာကြသောစားသုံးသူများနှင့် လျော့နည်းသွားသောရောင်းကုန်များကို ကြည့်မိချိန်တွင် ဒေါသပြေသွားသည်...
ဘာပဲဖြစ်ဖြစ် အနည်းဆုံးတော့ သူမ ဆိုင်လေး ရောင်းအားတက်သွားခဲ့သည်လေ...
ချန်းဟွမ်က ဆိုင်တွင် ရောင်းအားကောင်း ဝင်ငွေကောင်းသွားခဲ့သော်ငြား သူမနှင့်အတူ ဓာတ်ပုံရိုက် ခွင့်မပေးခဲ့ချေ...
" ကျွန်မက ဘာဘီကျူးရောင်းနေတဲ့သာမန်မိန်းကလေးတစ်ယောက်ပါပဲ... အခုလို ဓာတ်ပုံတွဲရိုက်ဖို့ကြတော့လေ...~ "
ချန်းဟွမ်က စကားဆုံးအောင် မပြောလိုက်သော်လည်း တစ်ဖက်မှအမျိုးသားကတော့ သူမ ဆိုလိုချင်သည်ကို သဘောပေါက်ပေသည်... လူတိုင်းက နာမည်ကြီးကျော်ကြားနေခြင်းကို သဘောကျတတ်ခြင်း မဟုတ်သည်ကို နားလည်ကြလေ၏...
ထို့ကြောင့်လည်း လူအများစုဟာ စိတ်ပျက်ဝမ်းနည်းစွာဖြင့် ရှောင်နေလိုက်ကြသည် သို့သော်တချို့သူများကတော့ ၎င်းတို့လာခဲ့ခြင်း အလဟသမဖြစ်စေရန် ချန်းဟွမ်အား ခွင့်မတောင်းပါဘဲ ဓါတ်ပုံခိုးရိုက်လိုက်ကြသည်... ထို့နောက်တွင် ၎င်းတို့ရဲ့သူငယ်ချင်းများကြား၌ ဖြန့်လိုက်ကြရင်း ဘာဘီကျူးဆိုင်ပိုင်ရှင်လေးက အပြင်၌ ဓါတ်ပုံထဲကမထက် ဆယ်ဆမက ပိုလှကြောင်း ချီးမွမ်းပြောဆိုနေကြသေး၏...
သူတို့အားလုံးဟာ သူငယ်ချင်းများကြောင်းတွင် ချန်းဟွမ်အကြောင်းဖြန့်ပြီးနောက်၌ ဆိုင်မှာအစားအသောက်တို့ကို မှာစားရလေတော့သည်... သူတို့သည် ချန်းဟွမ်ကြောင့် ဆိုင်မှအစားအစားတို့ကို မှာစားလိုက်ရခြင်းဖြစ်သော်ငြား အသားကင်ကို တစ်ကိုက်လောက် စားပြီးနောက်တွင် ဒီဆိုင်သို့ လာရခြင်းသည် လုံးဝအလဟသမဖြစ်ဟု ခံစားလိုက်မိကြသည်...
လူတော်တော်များများသည် ချောမောလှပသောမိန်းကလေးကိုသာ စစ်ဆေးရန်သာလာကြခြင်းဖြစ်သောကြောင့် အစားအသောက်အပေါ်တွင် မျှော်လင့်ချက် များများစားစား မရှိပါလေ... အရသာ လွန်စွာမဆိုးလျှင်ပင်အဆင်ပြေပြီဆိုသောအတွေးဖြင့် တစ်ကိုက်စားလိုက်ပြီးနောက်တွင်တော့ ၎င်းတို့ထင်ထားသည်နှင့် ဆန့်ကျင်ဘက် ဖြစ်လို့နေချေသည်... အများစုဆိုလျှင် အစောပိုင်းတည်းက များများစားစား မမှာယူမိသောကြောင့် နောင်တရနေရလေ၏...
သူမလို အလှလေးက ဘယ်လိုဖြစ်ပြီး ဒီလောက်ကောင်းတဲ့အစားအသောက်တွေကို လုပ်နိုင်ရတာလဲ...
မိမိတို့ မှာယူထားသည့်အသားကင်တို့ကို ရရှိသွားသူများသည် ရက်ပေါင်းများစွာ မစားခဲ့ရသလို ခေါင်းငုံ့ကာ အသည်းအသန်စားနေကြချေ၏... စားလို့ကုန်သွားသောသူများက တခြားသူများ စားသောက်နေတာကို ကြည့်ရင်း တိတ်တဆိတ်သရေကျနေရလေသည်...
ဘာဘီကျူးဆိုင်ပိုင်ရှင်က အမှန်တကယ်အလှလေး ဟုတ်မဟုတ် စစ်ဆေးသည့်စစ်ဆင်ရေးအဆုံးတွင်တော့ လာစစ်ဆေးကြသူများဟာ အစားသရဲများအဖြစ် ပြောင်းလဲသွားကြလေသည်. ယနေ့လာရောက်ကြသူလုပ်တိုင်းသည် မျက်စိအစာကျွေးနိုင်ရုံသာမက အရသာကောင်းများ မြည်းခွင့်ရလိုက်တာကြောင့် အတော်လေး သဘောတွေ့သွားကြသည်မှာ အမှန်ပင်...
ပုံမှန်လာရောက်သူများထက် ပိုများသောလူများရောက်လာခဲ့တာကြောင့် ဆိုင်အထဲတွင်သာမက ဆိုင်ပြင်တွင်ပါ လူများစွာတန်းစီနေရလေသည်...
ချန်းဟွမ်သည် ယနေ့တွင် ရောင်းစရာအားလုံးကုန်သွားခဲ့သောကြောင့် သူမ ဆိုင်လေးကို ပထမဆုံးအကြိမ်အဖြစ် ၉နာရီ၁၅မိနစ်တွင် ပိတ်လိုက်ရသည်... သူမ ဆိုင်ပိတ်နေစဥ်၌ပင် ထပ်ရောက်လာသောလူများလည်း ရှိသေး၏... သို့သော် ၎င်းတို့ရောက်ချိန်တွင် ဆိုင်ပိတ်နေပြီဖြစ်တာကြောင့် စိတ်ပျက်သွားရသည်...
ဤသို့ဖြင့် ချန်းဟွမ်တစ်ယောက် အိမ်ပြန်ရောက်ချိန်တွင် အိပ်ခန်းမီး ပွင့်နေတုန်းဖြစ်ပြီး ပေါက်စီလုံးလေးမှာ မအိပ်သေးပါဘဲ ရုပ်ပြစာအုပ်တစ်အုပ်ကို ဖတ်နေသေး၏...
ထိုရုပ်ပြစာအုပ်ရှိ စကားလုံးများကို ပေါက်စီလုံးလေးက သေချာမဖတ်တတ်သေးသော်လည်း ရုပ်ပြပုံလေးများကို ကြည့်ရင်းဖြင့်ပင် အဓိပ္ပါယ်အများစုကို ခန့်မှန်းနိုင်ပေသည်... ပေါက်စီလုံးလေးသည် လက်တစ်ဖက်ဖြင့် စာအုပ်ကို ကိုင်ရင်း ဖတ်နေပြီး လက်တစ်ဖက် ညောင်းသွားချိန်တွင် နောက်တစ်ဖက်ဖြင့် စာအုပ်ကိုင်ကာ ဖတ်နေလေတယ်...
ထိုအချိန် ချန်းဟွမ်တစ်ယောက် အိပ်ခန်းထဲသို့ ဝင်ခဲ့ကာ " သားသား... ဘာလို့ အခုချိန်ထိ မအိပ်သေးတာလဲ?? " ဟု မေးလိုက်လေ၏... ရ
ကလေးလေးက အခုချိန်ထိ မအိပ်သေးသည့်အပြင် စာအုပ်ကို မျက်နှာနား အရမ်းကပ်ကာ ဖတ်နေသောကြောင့် ချန်းဝှမ်းတစ်ယောက် ပိုလို့ ဒေါသထွက်သွားခဲ့သည်.
ချန်းဟွမ် ပေါက်စီလေး လက်ထဲမှ စာအုပ်ကို ဆွဲယူလိုက်ပြီး ဆူလိုက်သည်
" ရှင်းရှင်း... စာအုပ်ကို မျက်နှာနား အရမ်းကပ်မဖတ်ဖို့ မေမေပြောထားတယ်မလား..အဲ့လိုအနီးကပ်ဖတ်တာက ကြာရင် အနီးမှုန်ဖြစ်သွားတတ်တယ်လို့ မေမေ ပြောထားတယ်လေ... "
ကလေးလေးသည် အမေဖြစ်သူ အိမ်ပြန်ရောက်လာချိန်၌ မပျော်ရသေးခင် အဆူခံလိုက်ရတော့၏... ပေါက်စီလေးသည် ခေါင်းလေး ငုံ့ကာ လက်ချောင်းများကို လိမ်ရင်း ပြန်ပြောလိုက်သည်
...“ အနီးမှုန်သွားရင် မေမေကို မမြင်နိုင်တော့ဘူးပေါ့...”
" ဒါဆို အခုလိုလုပ်တာက အနီးမှုန်သွားနိုင်မှန်း သိရဲ့သားနဲ့ တမင်လုပ်တာပေါ့လေ ဟုတ်လား "
ရှင်းရှင်းလေးက အမေဖြစ်သူဆီတွင် အဆူခံလိုက်ရတာကြောင့် နှုတ်ခမ်းလေး စူကာ ခေါင်းငုံ့ထားလို့နေသည်... ထို့နောက် ချန်းဟွမ်တစ်ယောက် တစ်ခုခုထပ်ပြောတော့မည့်ဆဲဆဲ ပေါက်စီလေးက ဒူးထောက်လိုက်ရင်း " ဒါပေမယ့်... သား တစ်ယောက်တည်း အိမ်မှာ နေခဲ့ရတာ ကြောက်တယ် မေမေ... "
😴😴😴😴😴
Chapter 46
{ မိသားစု - ၁ }
ကလေးလေး၏စကားကြောင့် ချန်းဟွမ်ရဲ့ဒေါသမီးတို့ ရုတ်တရက် ပျောက်ကွယ်သွားတော့သည်...
တကယ်တမ်းတွင် ယခုက သူမအတွက် ပထမဆုံးအကြိမ် ရုတ်တရက် မိခင်တစ်ယောက်ဖြစ်လာခဲ့ခြင်းဖြစ်ပြီး ဘယ်သူတစ်ဦးတစ်ယောက်ကမှ နည်းလမ်းကောင်းများ မသင်ကြားခဲ့ဖူးသောကြောင့် တစ်ခါတစ်ရံတွင် မိခင်တစ်ယောက်၏တာဝန်တချို့ကို ပျက်ကွက်မိနေဆဲပင်...
ပေါက်စီလေး တစ်ယောက်တည်း အိမ်တွင် ကျန်နေခဲ့သည်ကို သူမ တခဏမျှ မေ့သွားမိ၏... ကလေးလေးက နေ့တိုင်းနီးပါး တစ်ယောက်တည်းနေရသည်ကို ကြောက်သော်လည်း မိခင်ဖြစ်သူအာ ဂျီကျခြင်းမျိုး မရှိခဲ့ပါလေ... ချန်းဟွမ်သည် အလုပ်များလွန်တာကြောင့် ညသန်းခေါင်ကျော်တဲ့အထိ အိမ်ပြန်မလာနိုင်သောနေ့မျိုးပင် ရှိသေးသည်...
" တောင်းပန်ပါတယ် သား... ဒါ မေမေ့အပြစ်တွေပါ... "
ချန်းဟွမ် သားဖြစ်သူကို ယုယစွာ ပွေ့ဖက်လိုက်ပြီးနောက် တောင်းပန်စကားဆိုလိုက်သည်...
“ အခုချိန်ကစပြီး သား တစ်ယောက်တည်းနေရတာ ကြောက်တဲ့အခါ မေမေကို ဖုန်းခေါ်လိုက်နော်... ဒါပေမယ့် အခုလို စာအုပ်ကို မျက်နှာနား အရမ်းကပ်ပြီး မဖတ်တော့ဘူးလို့ ကတိပေးရမယ် ဟုတ်ပြီလား..."။
ပေါက်စီလုံးလေးက ခေါင်းတညိမ့်ညိမ့်လုပ်ပြလိုက်သည်..
ထို့နောက်တွင် ချန်းဟွမ်က ကလေးလေးရဲ့ပုခုံးနှစ်ဖက်ကို ခပ်ဖွဖွပွတ်သပ်ပေးလိုက်ပြီးနောက် ကုတင်ပေါ်ပြန်လှဲခိုင်းလိုက်ကာ " မေမေက သားကို ပုံပြင်စာအုပ်ဖတ်ပြမယ်... ပြီးရင်တော့ သား အိပ်ရမယ်နော်... "
ထိုအခါ ပေါက်စီလုံးလေးဟာ မိခင်ဖြစ်သူကို တောက်ပနေသောမျက်ဝန်းများဖြင့် မော့ကြည့်ရင်း “မေမေ အပြင်မသွားရတော့ဘူးလား "
ချန်းဟွမ်က ပုံပြင်စာအုပ်လေးကို လှန်နေရင်း " ဒီနေ့တော့ မသွားရတော့ဘူး.." ဟု ပြန်ဖြေလိုက်လေ၏... ထို့နောက်တွင် သူမဟာ ကလေးလေးအား မျက်လုံးမှိတ်ထားခိုင်းလိုက်ကာ ပုံပြင်ကို စဖတ်လိုက်သည်..." ဟန်မင်းဆက် ပျက်သုဥ်းခါနီးမှာ... "
ပုံပြင်အစတွင်ပင် ပေါက်စီလေးဟာ မျက်လုံးပြန်ပွင့်လာခဲ့ပြီး " မေမေ... ဟန်မင်းဆက်ဆိုတာ ဘာလဲဟင်... "
" ဟန်ဆိုတာ ဟိုးရှေးရှေးတုန်းက တိုင်းပြည်တစ်ခုရဲ့မင်းဆက်တစ်ခုပေါ့... နောက်ပိုင်းကြရင် ဒီအကြောင်းတွေကို သားလေးရဲ့ကျောင်းမှာ သင်ရတော့မှာလေ...ကဲ... အခု မျက်လုံးတွေ ပြန်မှိတ်ထားလိုက်တော့နော်... "
" ဟီးဟီး ဟုတ်ကဲ့ မေမေ " ကလေးလေးသည် အမေဖြစ်သူနှင့် လက်သန်းချင်းချိတ်ကာ ကတိပေးပြီးနောက် မျက်လုံးတစ်စုံကို ပြန်လည်မှိတ်ထားလိုက်ချေ၏...
ထို့နောက် ချန်းဟွမ်က သူမလက်ထဲမှပုံပြင်စာအုပ်ကို ဆက်လက်ဖတ်ပြလိုက်သည်... သူမအသံက ချိုမြိန်ပျော့ပျောင်းပြီး စည်းချက်ညီသောအသံဖြစ်တာကြောင့် ကလေးလေးက နောက်ထပ်မိနစ်အနည်းငယ်တွင် အိပ်မောကျသွားခဲ့သည်... သူမ အချိန်အနည်းငယ်ကြာအောင် စောင့်ပြီးနောက်တွင်မှ ကုတင်ဘေးမှ ထကာ ည၀တ်အင်္ကျီများယူလျက် ရေချိုးခန်းထဲသို့ဝင်သွားလိုက်သည်...
~~
ချန်နန်၏Liveလွှင့်မှုကြောင့် ချန်းဟွမ်ရဲ့စီးပွားရေးအခြေအနေမှာ ရက်အနည်းငယ်အတွင်း ရူးခါသွားလောက်အောင် နာမည်ကြီးရေပန်းစားလာခဲ့၏... နေ့တိုင်းနီးပါး သူမ ဆိုင်လေး အပြင်ဘက်တွင် တန်းစီစောင့်နေသောစားသုံးသူများ များစွာရှိနေတတ်ပေသည်...
ထို့ကြောင့် သူမ ထိုလူအုပ်စုကြီးကို အမြန်ဆုံးဝန်ဆောင်မှုပေးနိုင်ရန် သူမနှင့်ရှန်းလီနှစ်ယောက်တည်း မဖြစ်တော့မှန်း နားလည်တာကြောင့် နောက်ထပ်အကူအလုပ်သမားနှစ်ယောက် ထပ်ငှားရပြီး စောင့်နေသူများအတွက် ထိုင်စရာနေရာရစေရန် စားပွဲနှင့်ထိုင်ခုံများ ထပ်ထည့်လိုက်ရချေ၏...
စီးပွားရေးအခြေအနေ ပိုကောင်းလာသည်နှင့်အမျှ သူမ အသားများ ပိုများများ ပြင်ဆင်ရန် လိုအပ်လာပေသည်... ထို့ကြောင့် သူမ နေ့တိုင်းလိုလို အသားပြင်ဆင်ဖို့အချိန်ပိုပေးလာရပြီး တစ်နေ့တာကုန်ဆုံးပြီးနောက် အိမ်ပြန်ချိန်၌ စကားပြောချင်စိတ်မရှိလောက်အောင် ပင်ပန်းခြင်းကို ခံစားလာရလေသည်...
သို့သော်ငြားလည်း သူမ ပြန်လည်ရရှိသောအကျိုးအမြတ်မှာလည်း မနည်းလှပေ... သူမ ဆိုင်လေးအကြောင်း ကြားသိရသောကြောင့် လာရောက်စားသောက်ကြသည့်စားသုံးသူဖောက်သည်များမှာ အရင်ကထက် နှစ်ဆ သုံးဆလောက် တိုးလာခဲ့သောကြောင့် သူမဝင်ငွေမှာလည်း နှစ်ဆ သုံးဆ တိုးလာခဲ့တော့တယ်...
သို့သော်လည်း သူမ ဘယ်လောက်ပဲ အလုပ်များနေစေကာမှု ကလေးအား ကတိပေးထားသည့်အတိုင်း ကလေးလေး ဖုန်းဆက်တိုင်း အချိန်ခဏလေးပဲဖြစ်ဖြစ် ဖုန်းပြောပေတတ်၏... သူမက ထိုသို့ ဖုန်းပြောနေချိန်တွင် ရှန်းလီက အသားကင်သည့်အပိုင်းကို ခေတ္တတာဝန်ယူပေးထားသည်...
သူမသည် ရှန်းလီ လုပ်သမျှကို အချိန်ပြည့် စောင့်ကြည့်နေခဲ့ပြီး မည်သို့မည်ပုံကင်ရမည်ကို ပြောပြပေးလိုက်သည်... ရှန်းလီအတွက် အစပိုင်းတွင် အနည်းငယ်အခက်အခဲရှိခဲ့သော်ငြား နောက်ပိုင်းတွင် အားလုံးကို အမြန်ဆုံး ထိန်းချုပ်ထားနိုင်လိုက်၏...
စားသုံးသူဖောက်သည်များကလည်း လက်ရှိစားဖိုမှူးအသစ်လက်ရာကို အတော်လေးနှစ်ခြိုက်ကြပေသည်...
အချိန်အတော်ကြာပြီးနောက် ချန်းဟွမ်တစ်ယောက် ရှန်းလီ၏နောက်ကြောင်းတို့ကို သိလိုက်ရသည်.. ရှန်းလီသည် အသက်၄၀အရွယ်ရှိပြီဖြစ်ကာ အိမ်ထောင်လည်းရှိသည်... သို့သော်ခင်ပွန်းဖြစ်သူမှာ ကျန်းမာရေးအခြေအနေ မကောင်းလှ... ထို့ပြင် ယောက္ခမဖြစ်သူမှာလည်း အိပ်ယာထဲလဲနေသူပင်... ရှန်းလီတွင် အထက်တန်းကျောင်းတက်နေရသော ကလေးတစ်ယောက်လည်း ရှိနေသေးပေသည်... ထို့ကြောင့် သူမဝင်ငွေအပေါ် မှီခိုနေရသောမိသားစုတစ်ခုလုံးအတွက် ရှန်းလီသည် တစ်နေ့ကို အလုပ်နှစ်ခု ဆက်တိုက်လုပ်နေရသည်...
ချန်းဟွမ်က တစ်သက်တာလုံး ဘာဘီကျူးလုပ်ငန်းသာ ဆက်လုပ်ရန် အစီအစဉ်မရှိပေ... ထို့ပြင် သူမသည် ရှန်းလီကဲ့သို့ စိတ်ကောင်းရှိသူမျိုးကို သဘောကျလှပေ၏... ထို့ကြောင့်လည်း သူမ ရှန်းလီအား အသားကင်ခိုင်းပြီး စမ်းသပ်ကြည့်ဖို့ စိတ်ကူးထားခြင်းပင်...
သူမ ဘာဘီကျူးလုပ်ငန်းမှ အနားယူလိုက်သည့်အချိန်တွင် အသားပြင်ဆင်သည့် လျှို့ဝှက်နည်းကို ရှန်းလီအား ပြောပြပေးခဲ့မည်ဟု စဥ်းစားထားပေသည်...
ချန်းဟွမ်သည် ဘာဘီကျူးဆိုင်လေး ဖွင့်ပြီး တစ်လနီးပါးအကြာတွင် ယွမ်ငွေ ၁၀,၀၀၀လောက်ရခဲ့သည် စုဆောင်းမှုရဲ့အများစုမှာ လဝက်လောက်တွင် ရောင်းရခဲ့သောဝင်ငွေများပင်...
သူမ မျှော်မှန်းထားသောပန်းတိုင်ဆီသို့ နောက်ထပ်ခြေတစ်လှမ်း ပိုလိုတိုးကပ်လာနိုင်ခြင်းကြောင့် ချန်းဟွမ်တစ်ယောက် အတော်လေး ကျေနပ်မိနေတော့၏...
💓💓💓💓💓