အပိုင်း ၄၇-၄၈
Viewers 20k

Chapter 47

{ မိသားစု - ၂ }


ယနေ့သည် ပေါက်စီလေးတို့ကျောင်းတွင် မိဘများနှင့်အတူ ပါဝင်ရသောလှုပ်ရှားမှုပွဲလေး  ပြုလုပ်သည့်နေ့ ဖြစ်သည်...


ချန်းဟွမ်သည် ယနေ့တွင် ယခင်ကထက်ပင် စောစောထ၊ မနက်စာစားပြီးနောက် ဘာဘီကျူးရဲ့ပါဝင်ပစ္စည်းများကို သွားရောက်ဝယ်ယူခဲ့သည်... သူမ ပေါက်စီလုံးလေးအား ကျောင်းပို့ခဲ့ပြီးနောက် ညစျေးတွင် ရောင်းမည့်အသားများကို နှပ်ထားရန် အိမ်ပြန်လာခဲ့လိုက်သည်..


အသားပြင်ဆင်ခြင်းအားလုံးကို ၁၁နာရီတွင် အပြီးသတ်နိုင်ခဲ့ပြီးနောက်တွင် သူမ အနားယူမနေတော့ဘဲ မိတ်ကပ်အနည်းငယ်ပြင်လိုက်ကာ အတတ်နိုင်ဆုံး လှပကျော့ရှင်းစွာ​ ၀တ်ဆင်လိုက်သည်...


မိသားစုပွဲနေ့သည် ကျောင်းတွင် အများသူငှာများကိုပါ ဝင်ခွင့်ပေးသောရက်များတချို့မှ တစ်ရက်ပင်ဖြစ်သည်... ထို့ကြောင့်လည်း ကျောင်းလုံခြုံရေးအတွက် လုံခြုံရေးအစောင့်များ ပိုတိုးထားရပေ၏...


နေ့လည်စာကို ကျောင်းကန်တင်းတွင် ကျွေးမည်ဖြစ်သောကြောင့် ကျောင်းသားမိဘများကို ကန်တင်း၌ စောင့်ခိုင်းထားပြီး ခေတ္တအကြာတွင်တော့ ကလေးများကို ထိုနေရာသို့ ခေါ်လာခဲ့လေသည်...


ယနေ့တွင် ကျောင်းသို့ အမေဖြစ်သူ ရောက်နေမည်ကို ကြိုသိနေသောပေါက်စီလေးသည် တစ်မနက်လုံး စိတ်လှုပ်ရှားလို့နေလေသည်... ယခု အ​မေဖြစ်သူအား တွေ့လိုက်ချိန်တွင်တော့ ​သူမဆီသို့ ပြေးသွားချင်စိတ်တို့ ဖြစ်လာခဲ့သည်...


" မေမေ " ပေါက်စီလုံးလေးက အသံကျယ်ကျယ်ဖြင့် အမေဖြစ်သူကို အော်ခေါ်လိုက်သည်... ကလေးလေး၏မျက်နှာမှာ စိတ်လှုပ်ရှားမှု​တို့ ပြည့်နှက်လို့နေ၏...


ချန်းဟွမ် သူမနားသို့ ရောက်လာသောသားဖြစ်သူ ချွေးထွက်နေခြင်းကို မြင်လိုက်ရချိန်၌ ကလေးလေးခေါင်းကို ပွတ်သပ်ပေးရင်း ညင်သာစွာမေးလိက်သည်


" အရမ်းပူနေလို့လား သား..." .


 ပေါက်စီလုံးလေးက ခေါင်းကို ခါယမ်းပြလိုက်ပြီး မိခင်အား ဖက်ထားလိုက်ကာ " သားက မေမေ့ကို စောင့်နေခဲ့တာ... "ဟုသာ ပြန်ပြောလေတယ်...


" သားက မေမေ့ကို အရမ်းလွမ်းနေတာပေါ့ ဟုတ်လား .."


ပေါက်စီလေးသည် အမေဖြစ်သူ၏အမေးကို ခေါင်အကြိမ်ကြိမ်ညိမ့်ပြရင်း ပြန်ဖြေလေ၏... " ဟုတ််... သားက မေမေ့ကို အများကြီးလွမ်းနေတာ... "


ကျောင်းကန်တင်းက သိပ်မကျယ်လှချေ... ထို့ကြောင့် ယနေ့တွင် အောက်ခြေလူတန်းစားမှကျောင်းသားများသာ မိသားစုပွဲနေ့ကို လုပ်နေကြခြင်းဖြစ်လေသည်... ကျောင်းသားများအားလုံး ၎င်းတို့မိဘဆီတွင် နေရာကျပြီဟု သေချာသွားချိန်တွင် နေ့လယ်စာ စတင်ကျွေးမွေးလေ၏...


ကျောင်းတွင် မိဘများကို နေ့လည်စာ ကျွေးမွေးသည့်အကြောင်းအရင်းမှာ ကလေးများ ကျောင်းတွင် နေသားကျစေရန်ဖြစ်ပေသည်... 


ပေါက်စီလေးတို့ကျောင်းမှာ ကျောင်းလခ မြင့်မားပြီး အစားအသောက်များလည်း ကောင်းမွန်လှ၏... ကျောင်းတွင် အာဟာရပညာရှင် ခန့်ထားကာ အစားအသောက်များကို ကလေးများ စားချင်စိတ်မြင့်တက်လာအောင် တောက်ပသောအရောင်များဖြင့်လှပစွာ အရသာရှိစွာ ပြင်ဆင်ကြသေးသည်...


နေ့လည်စာတွင် ဟင်းသုံးမျိုးနှင့် စွပ်ပြုတ်တစ်မျိုးပါဝင်ပြီး လူ၂ယောက် ၃ယောက် စားနိုင်သည့်အထိ လုံလောက်ပေ၏... ချန်းဟွမ် အစားအသောက်များကို သေချာကြည့်ရှုပြီးနောက် စွပ်ပြုတ်ကို အနည်းငယ် မြည်းစမ်းကြည့်လိုက်တဲ့အခါ အတော်အသင့်ကောင်းမွန်လှကြောင်း သိလိုက်ရလေတယ်... ထို့နောက်တွင် သူမဟာ သူမရဲ့ပေါက်စီလုံးလေးနားသို့ ကပ်ကာ “ ဒီနေ့စားရတဲ့နေ့လည်စာနဲ့ အရင်က ကျွေးတဲ့နေ့လည်စာနဲ့က အရသာချင်းတူတူပဲလား သားသား "


ရှင်းရှင်းလေးက အမေဖြစ်သူအမေးကို ခေါင်းညိမ့်လျက်ပြန်ဖြေလိုက်လေ၏... " တူတူပဲ... ဒါပေမယ့် မေမေချက်တာလောက်တော့ မကောင်းဘူး... "


ချန်းဟွမ်သည် ကလေးလေး၏စကားတတ်မှုကြောင့် အနည်းငယ်ပြုံးလိုက်မိသည်... တစ်ချိန်တည်းမှာပင် ကျောင်းလခများသော်လည်း အစားအသောက်က ကောင်းမွန်တာကြောင့် ပေးရတာတန်သည်ဟု တွေးတောလိုက်မိသည်...


သို့သော် ကလေးမှာ ချန်းဟွမ်လို မဟုတ်ပါဘဲ အစားအသောက်နဲ့ပတ်သက်ပြီး စိတ်မ၀င်စားလှချေ... သူက ကျောင်းနေ့လည်စာနှင့်ပတ်သက်၍ ငြီးတွားနေတတ်ပြီး သူ့အတွက်တော့ ကမ္ဘာပေါ်ရှိတခြားသောအစားအသောက်များထက် မိခင်ဖြစ်သူ၏လက်ရာကသာ အကောင်းဆုံးပင်... 


ချန်းဟွမ်က ပေါက်စီလုံးလေး၏ မြှောက်ပင့်မှုကြောင့် ဝမ်းသာသော်လည်း အစားအသောက်ချေးများနေခြင်းကိုတော့ လက်မခံပါလေ... ထို့ကြောင့် သူမက ကလေးအား အစားအသောက်ချေးမများသင့်ကြောင့် သေချာ​ရှင်းပြလိုက်သည်...


 ထိုအခါမှ ကလေးလေးသည် သူ့ပန်းကန်ထဲမှ မုန်လာဥနီချောင်းကို ခန့်မှန်းရခက်သောမျက်နှာအမူအယာလေးဖြင့် စားလိုက်ပေသည်...


" သားက အစားအသောက်ချေးများတဲ့သူ မဟုတ်ပါဘူး... "


~~~


နေ့လည်စာ စားပြီးနောက် ဆရာ ဆရာမများက ကလေးများကို တစ်ရေးအိပ်ခိုင်းရန်အတွက် ခေါ်သွားကြပြီး ကျောင်းသားမိဘများကိုတော့ ကျောင်းအတွင်း လိုက်လံပြသရန် ခေါ်သွားကြလေသည်...


လက်ရှိတွင် ကျောင်းဝင်းထဲမှ အပြင်အဆင်တို့က သိပ်အပြောင်းအလဲတော့ မရှိလှ... အားလုံးဟာ ချန်းဟွမ်တစ်ယောက် ရှင်းရှင်းလေးကို ကျောင်းအပ်စာရင်းသွင်းစဥ်ကလိုပင်... ကျောင်းအပ်စာရင်းသွင်းချိန်နှင့် ယခုတွင် တစ်ခုတည်းသောကွာခြားချက်မှာ လက်ရှိတွင် ကျောင်းထဲတွင် ကလေးများ ရေးဆွဲထားသောပုံများ ပိုများလာခြင်းဖြစ်ပေသည်...


ဆရာမများက ကျောင်းသား၏နာမည်ကို ခေါ်ကာ ထိုကျောင်းသား ရေးဆွဲထားသောပုံကို ၎င်း၏မိဘအား မိတ်ဆက်ပေးလေသည်... 


မိမိကလေးနာမည်ကို ကြားသူတိုင်းဟာ ဂုဏ်ယူနေသောမျက်နှာတို့ဖြင့် မိမိတို့ကလေး ရေးဆွဲထားသောပုံကို ကြည့်ရှုလို့နေတော့၏...


ချန်းဟွမ်သည် ကျောင်းသားများ ရေးဆွဲထားသောပုံများကြား၌ ပေါက်စီလေးနာမည်ပါသောပုံကို ရှာကြည့်လိုက်လေသည်... သူမရဲ့ပေါက်စီလုံးလေးရှောင်ရှောင် ရေးဆွဲထားသောပုံ၏နာမည်မှာ ရိုးရှင်းလှပေတယ်... 

' မေမေနှင့် ကျွန်တော်... '


ပေါက်စီလုံးလေး ပုံစဆွဲသည်မှာ မကြာသေးတာ​ကြောင့် သူရေးဆွဲထားသောပုံလေးမှာ ထူးထူးဆန်းဆန်းပုံစံရှိနေပြီး သုံးထားသောအရောင်တို့မှာလည်း အနည်းငယ် မျက်စိကျိန်းစရာပင်...


သို့သော် ချန်းဟွမ် သားဖြစ်သူ ဆွဲထားသောပုံလေးကို ကြည့်ရင်း ထူးဆန်းစွာနှင့် ပြီးပြည့်စုံနေသည်ဟု ခံစားနေမိပေသည်... (မိဘတွေ အမြင်မှာ ကိုယ့်သားသမီးလုပ်သမျှဟာ အကောင်းဆုံးဖြစ်နေသည်ဟု ဆိုလိုခြင်းဖြစ်သည်)


သူမသည် ထိုပုံလေးကို အိမ်သို့ ယူသွားကာ ဓါတ်ပုံဘောင်လေးထဲတွင် ထည့်ထားချင်သော်လည်း ထိုသို့ယူသွား၍မရကြောင်း ဆရာမတစ်ယောက်မှ ရှင်းပြတာကြောင့် လက်လျော့လိုက်ရ၏... ထို့ကြောင့် ကလေးလေး အားလပ်ချိန်မှသာ နောက်ပုံတစ်ပုံ ဆွဲခိုင်းပြီး ထိုပုံလေးကို ဓါတ်ပုံဘောင်လေးထဲ ထည့်ထားတော့မည်ဟု ဆုံးဖြတ်လိုက်လေသည်...


ကျောင်းသားမိဘများ ကျောင်းအတွင်း လှည့်လည်ကြည့်ရှုပြီးချိန်လောက်တွင် ကလေးများလည်း နိုးလာကြတော့၏... ထိုအချိန်မှသာ ကျောင်းသားနှင့်မိဘအဖွဲ့နှစ်ဖွဲ့ အချင်းချင်း ပြန်လည်ပူးပေါင်းလိုက်ကြပြီး လှုပ်ရှားမှုပွဲကို အမှန်တကယ်စတင်လိုက်ကြသည်...


မိဘ-ကလေးလှုပ်ရှားမှုများရဲ့အဓိကရည်ရွယ်ချက်မှာ မိဘများနှင့် ၎င်းတို့၏ သားသမီးများကြား ပြောဆိုဆက်ဆံရေးနှင့် တစ်ဦးနှင့်တစ်ဦးပူးပေါင်းတတ်စေရေးကို  မြှင့်တင်ရန်အတွက်လည်း ဖြစ်၏... ထို့ကြောင့် လှုပ်ရှားမှုပွဲရှိ အစီအစဥ်အများစုသည် မိဘများနှင့်ကလေးများ အတူတကွ လုပ်ဆောင်ရန်လိုအပ်သည့်အစီအစဥ်များပြားလှလေ၏...


💕💕💕💕💕


Chapter 48

( မိသားစု - ၃ )


မိသားစုပွဲနေ့တွင် ကစားကြသောဂိမ်းများတွင် မိဘများက ကလေးများအား ​ဖျော်ဖြေရသည့်ပုံစံမျိုးများ ပါဝင်ပေ၏... 


ဥပမာအနေဖြင့် မိဘများက နေရာတစ်ခုတည်းတွင် ၁၀ကြိမ်လှည့်လိုက်ရမည်ဖြစ်ကာ ဆရာမ ပြောလိုက်သောတိရစ္ဆာန်၏ပုံအား ကလေးဖြစ်သူမှ မိဘဖြစ်သူအား ​လမ်းညွှန်ပြောပြရမည်ဖြစ်သည်... ထိုဂိမ်းပွဲတွင် တချို့သောမိဘများမှာ ဟိုဘက်ယိမ်း ဒီဘက်ယိမ်းဖြင့်သာ တိရစ္ဆာန်ပုံလေးရှိရာသို့ လျှောက်သွားကြပြီး တချို့မှာတော့ ၁၀ကြိမ်လှည့်ပြီးသည်နှင့် ထိုနေရာတွင်ပင် ချော်လဲသွားတတ်ကြပြန်တယ်... ကျောင်းသားမိဘများ၏ထိုအခြေအနေတို့ကို ကြည့်ကာ ကလေးများက ပျော်ရွှင်စွာ ရယ်မောနေကြလေသည်..


ကလေးများက ပျော်ရွှင်စွာ ရယ်မောနေနိုင်ကြသော်ငြား မိဘများမှာတော့ လူရွှင်တော်ဘဝသို့ ရောက်သွားကြရ၏...


ကျောင်းသို့ မလာခင် ချန်းဟွမ်တစ်ယောက် သေသေချာချာစီးထားပါသောဆံပင်မှာလည်း ယခုချိန်တွင် ငှက်သိုက်ပုံံစံဖြစ်လို့နေကာ အင်္ကျီတွင်လည်း ဖုန်အထပ်ထပ်ဖြစ်နေခဲ့လေပြီ... သူမသည် ဂိမ်းများဆော့ပြီးနောက် မောပန်းလို့နေကာ ​​နောက်ထပ်ခြေတစ်လှမ်း လှမ်းရန်ပင် အားမရှိတော့ပါသော်ငြား ပေါက်စီလုံးလေးမှာတော့ တစ်နေ့ခင်းလုံး ဆော့ကစားခဲ့ရတာတောင် အင်အားအပြည့်ဖြင့် ပျော်ရွှင်လို့နေသေး၏...


 ကလေးလေးက နောက်ထပ်ဂိမ်းများစွာကို ဆက်လိုက်ဆော့ကစားရန် အဆင့်သင့်ဖြစ်နေဆဲပင်... ဤသို့ဖြင့် ရှင်းရှင်းလေးက ညနေကျောင်းဆင်းပြီးနောက် ကျောင်းဝင်းထဲမှ ထွက်လာပြီချိန်၌ နောက်ထပ်မည့်မိသားစုပွဲကို မြန်မြန်ရောက်လာပါစေဟု ကြိတ်ဆုတောင်းနေမိလေသည်...


ထိုသို့ဖြင့် အိမ်သို့ ပြန်ရောက်ချိန်တွင်တော့ ချန်းဟွမ် ညစာအတွက် ပြင်ဆင်နေကာ ပေါက်စီလုံးလေးကတော့ စာရွက်အလွတ်တစ်ရွက်နှင့် ဖယောင်းရောင်စုံလေးများကို ယူကာ ပုံဆွဲလို့နေ၏... ခေတ္တအကြာ ညစာအဆင့်သင့်ဖြစ်ချိန်မှာတော့ ကလေးလေးသည် စာရွက်နှင့်ရောင်စုံတို့ကို ခဏဘေးဖယ်ထားလိုက်လေသည်... ထို့နောက်တွင်တော့ ဉာဏ်စမ်းကုဗတုံးလေးကို ယူလိုက်သည်... 


နေ့လည်တုန်းက ကလေး၏ပူဆာမှုအရ ချန်းဟွမ်ဟာ ယနေ့ညစာအတွက် အသား ချက်ထားရသည်... ညစာစားပြီးနောက် ချန်းဟွမ်တစ်ယောက် ဆိုင်ဖွင့်ရန် သွားတော့မည့်အချိန်၌ ပေါက်စီလုံးလေးက သူမအား မော့ကြည့်ရင်း တောင်းဆိုလာခဲ့ပေ၏...


" မေမေ... ဒီနေ့ သား မေမေနဲ့ လိုက်လို့ရမလားဟင် "


ချန်းဟွမ် ခေတ္တမျှ တွန့်ဆုတ်သွားခဲ့ပေမယ့်လည်း ပေါက်စီလုံးလေး၏မျှော်လင့်ချက်များ ပြည့်နှက်နေသောမျက်လုံးဝိုင်းဝိုင်းလေးကို တွေ့လိုက်ချိန်တွင်တော့ လိုက်ခွင့်ပေးရန် ဆုံးဖြတ်လိုက်လေသည်... 


" ဟုတ်ပါပြီ... လိုက်ခဲ့နော်... ဒါပေမယ့် သား အိပ်ချင်လာတဲ့အခါ မေမေ့ကို သတိပေးပါ့မယ်လို့ ကတိပေးရမယ် ဟုတ်ပြီလား... "


" ဟုတ်ကဲ့ မေမေ "


ထိုသို့ဖြင့် သူမ ဆိုင်လေးရှိရာဖြစ်သောညစျေးသို့ ရောက်ချိန်တွင် သူမ ဆိုင်ရှေ့၌ ယခင်နေ့များလိုပင် လူများပြည့်နှက်လို့နေလေပြီဖြစ်၏... ထို့ပြင် ယနေ့တွင် ချန်းဟွမ်ဘေး၌ ကလေးငယ်လေးတစ်ယောက်ပါလာတာကြောင့် အားလုံးက ကလေးလေးအား တအံ့အသြကြည့်နေကြလေသည်...


ချန်းဟွမ်က သူမတို့သားအမိကို ကြည့်နေကြသောမျက်ဝန်းတို့ရဲ့အမေးတို့ကို နားလည်တာကြောင့် " ကျွန်မရဲ့သားလေးပါ... " ဟု အားလုံးဘက်သို့ လှည့်ပြောလိုက်၏... 


သူမသည် အစတည်းက single momတစ်ယောက်ဖြစ်နေခြင်းအား ဖုံးကွယ်ထားချင်စိတ်မရှိပါလေ... ထို့ကြောင့် ယခုတွင် ထုတ်ပြောလိုက်ခြင်းဖြစ်သည်...


ချန်းဟွမ်ရဲ့စကားကို ကြားပြီးနောက်တွင် သူမအား လိုက်ပိုးပန်းနေကြသောအမျိုးသားလေးများသည် ကလေးအား ကြည့်ရင်း အတော်လေးဆွံ့အနေတော့၏...


~~~~


လီကျောင်းရီသည် လုပ်ဖော်ကိုင်ဖက်တစ်ယောက်ပြောပြခြင်းမှတစ်ဆင့် ချန်းဟွမ်၏ဘာဘီကျူးဆိုင်လေးအကြောင်းကို သိခဲ့သူပင်...


ညစျေးတွင် မကြာသေးခင်က အသစ်ဖွင့်ခဲ့သောဘာဘီကျူးဆိုင်လေးမှ အစားအသောက်များမှာ အရသာရှိလွန်းသည့်အပြင် ဆိုင်ရှင်လေးမှာလည်း ဆွဲဆောင်မှုရှိလွန်းသည်ကို ကျောင်းရီတစ်ယောက် ခဏခဏကြားနေခဲ့ရသည်မှာ ကြာပြီဖြစ်သည်


သူပ ဆိုင်ရှင် လှပခြင်း မလှပခြင်းကို စိတ်မဝင်စားပေ... သူကိုယ်တိုင်က အစားတစ်လိုင်းသမားဖြစ်နေသောကြောင့်သာ ထိုဆိုင်မှအစားအသောက်တို့ကို မြည်းစမ်းကြည့်ချင်မိခြင်းပင်... ထိုသို့ဖြင့် အလုပ်၌အချိန်ပိုမဆင်းရသည့်နေ့တစ်နေ့တွင် ညစျေးရှိဘာဘီကျူးဆိုင်လေးဆီသို့ ထွက်လာခဲ့တော့တယ်...


ဤသို့ဖြင့် ဆိုင်ရှေ့သို့ ရောက်လာခဲ့ပြီး အစားအသောက်များကို မတွေ့ရသေးခင်တွင်ပင် အမျိုးသမီးတစ်ဦး၏ဘေးမှ ကလေးလေးကို တွေ့လိုက်ရချိန်၌ သွေးတက်သွားသလို ခံစားလိုက်ရလေသည်...


ကျောင်းရီသည် သူ့မျက်လုံးတစ်စုံကို ပိတ်ကာ ပွတ်သပ်လိုက်ပြီးနောက် မျက်လုံးတို့ တစ်ဖန်ပြန်ဖွင့်ပြီး ကလေးလေးအား ထပ်ကြည့်လိုက်ပြန်၏...


သူသာ အမြင်မမှားပါလျှင် ထိုကလေးလေးဟာ သူ့Bossရဲ့mini version(အသေးစားပုံစံ)လေးဟုပင် ထင်ရလောက်သည်အထိ သူ့bossနှင့် ဆင်တူလွန်းလှပေသည်...


Bossဖြစ်သူနှင့် တူသည်ဟု တွေးလိုက်မိချင်းတွင်ပင် ကျောင်းရီ၏ခေါင်းထဲတွင် မာနရှင်Bossရဲ့ထွက်ပြေးသွားသောဇနီးသည်လေး၊ ဇာတ်လမ်းတွေထဲကလို ဟိုတယ်တွင် အခန်းမှားဝင်သွားခဲ့တာမျိုး၊ ဆေးခတ်ခံရလို မှားမိသွားတာမျိုးစသော သူကြည့်ဖူး ဖတ်ဖူးသည့်ဝတ္ထုဇာတ်လမ်းများကို ဆက်တိုက်တွေးလိုက်မိလေ၏...


ခေတ္တအကြာတွင်တော့ လီကျောင်းရီဟာ သူ့ရဲ့ပေါက်ကရအတွေးတွေကို ခါထုတ်လိုက်ပြီး ညစျေးကို လာရသည့် ၎င်း၏ရည်ရွယ်ချက်ဖြစ်သောအစားအသောက်မြည်းစမ်းကြည့်ရေးကိုသာ အာရုံစိုက်လိုက်လေ၏... သို့သော်လည်း သူအကြည့်တို့ကတော့ ရှင်းရှင်းလေးဆီတွင် ရှိနေဆဲပင်...


ကျောင်းရီသည် ကလေးလေးကို ကြည့်နေစဥ် ကလေးလေးက သူ့အား ချစ်စရာကောင်းလှသောပုံစံလေးဖြင့် လှည့်ကြည့်လာသည်ကို တွေ့လိုက်ရတဲ့အခါ အနည်းငယ်တုန်လှုပ်မိသွားသည်.. သူ့ရဲ့ကြောက်စရာကောင်းလှတဲ့Bossရဲ့ mini versionလေးက မထင်မှတ်ထားလောက်အောင် ချစ်ဖို့ကောင်းလွန်းနေသည်လေ...


ဒါဟာ တိုက်ဆိုင်ခြင်းပဲလား~~~

 လီကျောင်းရီတစ်ယောက် အတော်လေး စဥ်းစားရခက်လာခဲ့၏...နောက်ဆုံးတွင်တော့ သူက ကလေးလေးအား အဝေးမှနေ၍ ဓါတ်ပုံရိုက်ကူးလိုက်လေသည်... ထို့နောက်   " Boss " ဟုမှတ်ထားသောသူဆီသို့ ကလေး၏ဓါတ်ပုံကို ပို့လိုက်တော့၏...


~~


မြို့တော်Cမှ မြင့်မားလှသောအဆောက်အဦးတစ်ခုရှိအပေါ်ဆုံးအလွှာတွင် မီးများ လင်းထိန်လို့နေဆဲပင်...


ကျန်းမင်ယွမ်သည် အလုပ်စားပွဲပေါ်ရှိ မပြီးပြတ်သေးသောအလုပ်ဖိုင်များအား ပင်ပန်းနွမ်းနွယ်နေသောမျက်ဝန်းတို့ဖြင့် ကြည့်နေချေ၏...


ထိုစဥ် စားပွဲပေါ်ရှိဖုန်းဆီမှတုန်ခါမှုတစ်ခု ထွက်ပေါ်လာခဲ့လေတယ်... ပထမတစ်ကြိမ်တုန်ခါချိန်တွင်တော့ ကျန်းမင်ယွမ်ဟာ မျက်မှောင်တစ်ချက်ကျုံ့လိုက်ပြီးနောက် ဖုန်းကို မကြည့်ပါဘဲ လျစ်လျှူရှုထားလိုက်လေသည်... သို့သော် ဒုတိယတစ်ကြိမ်တုန်ခါမှုဖြစ်လာတဲ့အခါ ဖုန်းကို ဖွင့်ကြည့်လိုက်သည်...


 ဖုန်းမျက်နှာပြင်ပေါ်တွင် သူ့လက်ထောက်ဖြစ်သူပို့ထားသောမက်ဆေ့စ်တို့ကို တွေ့လိုက်ရသည်...


လက်ထောက်ဖြစ်တဲ့လီကျောင်းရီဟာ ဓါတ်ပုံတစ်ပုံနှင့်အတူ စာတစ်စောင်ပို့ထားလေ၏...


လီကျောင်းရီ : " Boss... အဲ့ကလေးက Bossနဲ့ မတူဘူးလားဟင်... "


💛💛💛💛💛