အပိုင်း ၅၁-၅၂
Viewers 20k

Chapter 51

{ Bossရဲ့သား - ၃ }


ရှင်းရှင်းလေး၏အော်သံကို ဆိုင်ထဲရှိလူတော်တော်များများကပါ ကြားသွားခဲ့ပြီးဖြစ်ပြီး ယခုတွင် ဆိုင်ရှင်အမျိုးသမီးလေးကပါ သူ့အား နောက်နေ့မှပြန်လာရန် တောင်းဆိုလို့နေလေပြီ...


လီကျောင်းရီဟာ လူအများရဲ့အာရုံစိုက်ခံရမှုကို မနှစ်သက်ပါလေ... ထို့ကြောင့်လည်း သူဟာ အထွန့်တက်မနေတော့ဘဲ ထွက်သွားရန်သာ ဆုံးဖြတ်လိုက်လေသည်... ဘာပဲဖြစ်ဖြစ် ဒီကလေးလေးဟာ သူ့Bossနှင့်ပတ်သက်မှု ရှိရန် အလှမ်းဝေးလွန်းလှသည်လေ...


" ကျွန်တော်က ကလေးကို ​လန့်အောင်လုပ်ဖို့ မရည်ရွယ်ပါဘူး... " 


လီကျောင်းရီဟာ ထိုသိုဆိုကာ ပြာပြာသလဲဖြင့် နာရီအား ကြည့်လိုက်ပြီးနောက်တွင် " ကျွန်တော်လည်း နောက်ကျနေပြီမို့လို့ နောက်မှ ထပ်လာခဲ့ပါတော့မယ်... "

~~

ည၈နာရီခွဲအချိန်~~~


ကျန်းမင်ယွမ်သည် ယနေ့အတွက် အလုပ်အားလုံးပြီးဆုံးသွားခဲ့သောကြောင့် သူ့ရှေ့မှ ကွန်ပြူတာကို ပိတ်လိုက်ကာ အပေါ်အင်္ကျီအား ကောက်ယူလိုက်ပြီး ရုံးဆင်းရန် ပြင်လိုက်ချေတယ်...


ထိုစဥ် ဖုန်းဆီမှ မြည်သံတစ်ခုပေါ်ထွက်လာခဲ့ချေတယ်... ကျန်းမင်ယွမ်ဟာ ဖုန်းမျက်နှာပြင်ပေါ်တွင် ပေါ်နေသောဖုန်းခေါ်သူ၏နာမည်ကို ကြည့်ပြီးနောက် အနည်းငယ်စိတ်ရှုပ်သွားပုံပင်... စိတ်ရှုပ်သွားခဲ့ပေမယ့်လည်း ဖုန်းကိုင်လိုက်ပေသည်...


" အမေ... "


" သား အလုပ်ဆင်းပြီလား... " ဖုန်းတစ်ဖက်ဆီမှ နူးညံ့သိမ်မွေ့သောအသံတစ်ခုထွက်လာခဲ့လေသည်... သူမ အသံဟာ နူးညံ့သိမ်မွေ့သော်လည်း တစ်ဖက်သားအား ဘာမျှပြန်ပြောခွင့်မပေးပါလေ... " သားကြိုက်တဲ့ဟင်းတွေ ချက်ဖို့အတွက် စားဖိုမှူးကို ပြောထားတယ် သိလား... ဒီနေ့ည အိမ်ကို ပြန်လာခဲ့အုံးနော်... "


" ဒါပေမယ့် ကျွန်တော့်မှာ လုပ်စရာ... "


" အမေက ရှောင်ကျိုးကို မေးထားပြီးပြီနော်သား... ဒီနေ့ည သားကိုယ်တိုင် လုပ်မှရမယ့်အလုပ်ကိစ္စ မရှိဘူးလို့ သူက ပြောတယ်..." အမေကျန်း ထိုသို့ဆိုကာ ခေတ္တရပ်လိုက်ပြီးနောက် စကားပြန်ဆက်ပြန်၏... "


 အဲ့အလုပ်ကိစ္စတွေကို ခဏထားခဲ့လိုက်ပါ သားရယ်... သားနဲ့အမေ မတွေ့ရတာကြာပြီလေ... အမေက သားကို လွမ်းလို့ပါ... "


ဂူမုန့်လီ(အမေကျန်း)သည် သားဖြစ်သူအား မည်သို့ကိုင်တွယ်ရမည်ကို ကောင်းကောင်းသိပေတယ်... နောက်ဆုံးတွင်တော့ ကျန်းမင်ယွမ်ဟာ အမေဖြစ်သူအား အရှုံးပေးလိုက်ရတော့သည်... 


" ကောင်းပြီ... ခဏနေရင် ကျွန်တော်လာခဲ့မယ်... "

~~~

ကျန်းမင်ယွမ်၏ကားထဲတွင်တော့ သူ့လက်ထောက်က မနက်ဖြန်အတွက် အချိန်ဇယားကို ရှင်းပြလို့နေ၏...


" မနက်ဖြန် ၇နာရီခွဲကြရင် ဖွင့်ပွဲတစ်ခုရှိပါတယ်... နေ့လည်ပိုင်းမှာတော့ မိန့်ဟွာက Bossလီနဲ့ အစည်းအဝေးလုပ်ဖို့ ရှိပါတယ်... ပြီးရင်တော့... "


အနှီအမျိုးသားပြောနေဆဲတွင် ကျန်းမင်ယွမ်ဆီမှ စကားသံထွက်လာခဲ့သည်...


" ဟန်ယွမ်မှာရှိတဲ့ စီမံခန့်ခွဲရေးလက်ထောက်နေရာက အခုထိ လွတ်နေသေးလား...? "


ဟန်ယွမ်သည် ကျန်းကော်ပိုရေးရှင်းရဲ့အခွဲတစ်ခုဖြစ်ပြီး ထိုကုမ္မဏီခွဲလေး၏အောင်မြင်မှုဟာ ကျန်းကော်ပိုရေးရှင်းတစ်ခုလုံးနှင့် ယှဥ်ကြည့်ပါလျှင် သာမညသာဖြစ်၏... ကားထဲတွင် အချိန်ဇယားကို ရှင်းပြနေသောလက်ထောက်ဟာ bossဖြစ်သူရဲ့ထိုသာမညကုမ္မဏီခွဲလေးကို ရုတ်တရက်စိတ်ဝင်စားသွားရသည့်အကြောင်းအရင်းကို နားမလည်တော့ပါလေ... ဒါတင်မကသေး ထိုကုမ္မဏီခွဲလေးရှိ ဘာမှမဟုတ်သည့်စီမံခန့်ခွဲရေးလက်ထောက်နေရာအထိပါ မေးမြန်းလို့နေသေးသည်...


မဟုတ်မှ ဟန်ယွမ်က ဒါရိုက်တာက  သူ့Bossအတွက် အရေးပါသောလူတစ်ယောက်ဖြစ်နေသည်လား..


လက်ထောက်တစ်ယောက် ဟန်ယွမ်ရဲ့ဒါရိုက်တာကို ကြိုးစားစဥ်းစားကြည့်နေစဥ်တွင် ကျန်းမင်ယွမ်ဆီမှ စကားသံထွက်လာပြန်တယ်...


" ငါ့ကို ကူညီမယ့်သူက ဒီမှာအများကြီးရှိပြီးသားဆိုတော့ ရှောင်ကျိုးကို ဟန်ယွမ်ဆီ ပို့လိုက်... "


ရှောင်ကျိုးဆိုသောလက်ထောက်သည် Bossရဲ့အမေမှ ထည့်ထားသောဝန်ထမ်းပင်... ထိုတစ်ယောက်ရဲ့အလုပ်တာဝန်မှာ များများစားစားမဟုတ်ပါပေ... သူ့အဓိကအလုပ်မှာ Bossလုပ်သမျှကို Bossအမေဖြစ်သူဆီ ပြန်ပြောပြရခြင်းပင်... တစ်နည်းဆိုရသော် စပိုင်လုပ်ရခြင်းမျိုးပင်... အစပိုင်းတွင်တော့ Bossကျန်းမင်ယွမ်ဟာ သည်းခံနေခဲ့သော်ငြား ပိုပိုဆိုးခဲ့တာကြောင့် ယခုလိုလုပ်လိုက်ခြင်းဖြစ်နိုင်၏...


ကျန်းမင်ယွမ်၏စကားကို ကြည့်တဲ့အခါ လက်ထောက်ဟာ ခေါင်းညိမ့်ပြလိုက်ပြီး ပြန်ဖြေလိုက်လေသည်... " ဟုတ်ကဲ့ Boss... "


ကျန်းမင်ယွမ်၏ကားဟာ ပန်ရှန်းလမ်းမကြီးကို ဖြတ်လာခဲ့ပြီး ခေတ္တအကြာတွင်တော့ ရှန့်ဒုံ စံအိမ်ကြီးဆီသို့ ရောက်လာခဲ့သည်...


ထိုစံအိမ်ကြီးသည် မြို့တော်Cရဲ့အကောင်းဆုံးများထဲမှအကောင်းဆုံးသောနေရာပင်... စံအိမ်မှလှမ်းကြည့်လိုက်ပါက တစ်မြို့လုံးကို မြင်ရသည်အထိ ရှုခင်းကောင်းလှပေသည်...


ကားက စံအိမ်၏ဂိတ်ကို ဖြတ်ကျော်လာခဲ့ပြီးနောက်တွင် စံအိမ်၏အိမ်ရှေ့တံခါးဝတွင် ရပ်လိုက်ကာ ကျန်းမင်ယွမ်ဟာလည်း ကားထဲမှ ထွက်လာခဲ့လေတယ်... အနှီအမျိုးသားအား မြင်လိုက်တဲ့အခါ စံအိမ်ထဲမှ အမျိုးသမီးတစ်ယောက် ထွက်လာချေသည်...


" သား... ပြန်ရောက်ပြီပေါ့... အမေ ချိန်ထားတာနဲ့ ကွက်တိပဲ... အစားအသောက်တွေ အာလုံးက အခုပဲချက်လို့ပြီးသွားတာ... " 


ထိုအမျိုးသမီး၏အသံမှာအပြစ်ကင်းနေသော်လည်း သူမမျက်ဝန်းတို့ထဲတွင် အကြံအစည်တို့ ပြည့်နှက်လို့နေ၏...


သူမရဲ့သားက အသက်ငယ်သေးသော်လည်း သူ့ရှေ့ရှိလူကြီးများကို ကျော်ကာ အရမ်းအောင်မြင်နေသူဖြစ်ပေသည်... ထူးချွန်အောင်မြင်သောသားတစ်ယောက်ဖြစ်အောင် ပျိုးထောင်ပေးနိုင်ခဲ့သူအဖြစ် သူမကို အားလုံးက ချီးမွမ်းနေကြသည်အထိပင်...


အရာအားလုံးက အဆင်ပြေကောင်းမွန်သော်ငြား လက်ထပ်ဖို့အရေးနှင့်ပတ်သက်ပြီး သူမသားက ခေါင်းမာလွန်းလှ၏... ကျန်းမင်ယွမ် ဆယ်ကျော်သက်အရွယ်က ရှုပ်ပွေသူဖြစ်ခဲ့သော်လည်းပဲ လွန်ခဲ့သောနှစ်ပိုင်းလောက်မှ စကာ သူ့နားသို့ ဘယ်မိန်းမကိုမှ အကပ်မခံတော့ပါလေ...


သားဖြစ်သူက လက်ထပ်ဖို့ကိစ္စကို အလျင်မလိုဟု စဥ်းစားနေပေမယ့်လည်း အမေဖြစ်သူ ဂူမုန့်လီကတော့ ထိုသို့ မတွေးပါပေ... ယခု သူမ ဆုံးဖြတ်ထားသည့်ကိစ္စကသာ ပိုမှန်သည်ဟု တွေးဆနေပေတယ်...


စံအိမ်ကြီး၏ဧည့်ခန်းထဲတွင် မီးဆိုင်းများဟာ တလက်လက်တောက်ပလို့နေပြီး ထမင်းစားခန်းထဲရှိ စားပွဲပေါ်တွင်လည်း ဟင်းပွဲများစွာ ပြည့်လို့နေလေသည်... ကျန်းမင်ယွမ်တို့သားအမိနှစ်ယောက် ထမင်းစားခန်းထဲသို့ ဝင်လိုက်ချိန်၌ မီးဖိုချောင်ထဲမှ အမျိုးသမီးငယ်လေးတစ်ယောက် ထွက်လာခဲ့လေတယ်...


ထိုအမျိုးသမီးငယ်လေးဟာ သူမလက်ထဲမှ ဟင်းပွဲအား စားပွဲပေါ်သို့ တင်လိုက်ပြီးနောက် အမေကျန်းအား အရင်ဆုံး နှုတ်ဆက်လိုက်သည်... ထို့နောက် အနှီအမျိုးသမီးငယ်လေး ကျန်းမင်ယွမ်အား ရှက်သွေးဖြာနေသောမျက်နှာလေးဖြင့် ကြည့်လိုက်ကာ ချိုမြိန်သောလေသံဖြင့် နှုတ်ဆက်လိုက်လေ၏...


" Bossကျန်း... "


💞💞💞💞💞💞


Chapter 52

{ ချွတ်စွပ်နီးပါး တူလွန်းတယ်  - ၁ }


ကျန်းမင်ယွမ်က အမျိုးသမီးငယ်လေး၏အသံကို ကြားလိုက်ချင်းတွင်ပင် မျက်မှောင်ကြုတ်သွားကာ သူ့ရုံးသို့ ပြန်ရန် လှည့်ထွက်လိုက်သည်...


ထိုအခါ ဂူမုန့်လီဟာ သားဖြစ်သူရဲ့လက်မောင်းကို ဖမ်းဆွဲထားလိုက်ရင်း " ဒါက ဘယ်ကို သွားမလို့လဲ.. " 


" ရုံးကို ပြန်မလို့... အွန်လိုင်းပေါ်ကနေ အစည်းအဝေးလုပ်စရာရှိသေးတယ်... " 


ကျန်းမင်ယွမ်က နှောင့်နှေးမနေဘဲ ပြန်ဖြေလိုက်သည်...


" ကုမ္မဏီကို အခုမသွားရင် ဒေဝါလီခံလိုက်ရမှာမှမဟုတ်တာ သားရယ်... အိမ်ကို ရောက်လက်စနဲ့ ညစာလေးတော့ စားသွားအုံးပေါ့... " 


ဂူမုန့်လီက ကျန်းမင်ယွမ်ရဲ့လက်ကို ဆွဲထားရင်း ပြောလိုက်၏...


အနှီအမျိုးသားသည် အမေကျန်း၏စကားတို့ကို ကြားပြီးနောက် ခေါင်းကိုက်ခြင်းဝေဒနာကို ခံစားရလုနီးနီးပင်... " အမေ! ကျွန်တော် ပြောချင်တာကို အမေ သိပါတယ်... "


" အေး သိတာပေါ့... သားက အမေ ပျော်နေတာကိုမှ မမြင်ချင်တာ!! " အမေကျန်းဟာ ထိုစကားတို့ကို ပြောရင်း ပါးပြင်နှစ်ဖက်၌ မျက်ရည်တို့ စီးကျလာခဲ့ချေသည်...


" သားအဖေ ဆုံးသွားပြီးတည်းက သားကို အမေတစ်ယောက်တည်း ကျွေးမွေးစောင့်ရှောက်ခဲ့ရတာပါ... အမေ့သားလေး အလုပ်အကိုင်မှာ အောင်မြင်ဖို့၊ နွေးထွေးတဲ့မိသားစုဘဝလေး ပိုင်ဆိုင်တာကို မြင်ရဖို့က အမေ့ရဲ့အကြီးမားဆုံးအိမ်မက်တွေပဲ... အမေ့အတွက် မစဥ်းစားဘူးဆိုရင်တော့ သားအဖေအတွက် စဥ်းစားပေးပေါ့... သားအဖေက သူ့သားလေး ဖခင်နေရာ ရောက်လာတာကို မြင်ချင်မှာပဲလေ... အမေ ပြောတာ မှားလား သား... "


ကျန်းမင်ယွမ်ဟာ အမေဖြစ်သူရဲ့စကားတို့ကို နားထောင်ပြီးနောက် သက်ပြင်းတစ်ချက်ချလိုက်ကာ ဖြတ်ပြောလိုက်၏


" ဒီကိစ္စကို နောက်မှဆက်ပြောကြမယ်... "  


သို့သော်ဂူမုန့်လီဟာ လက်မလျော့ပါလေ... သူမဟာ ထမင်းစားပွဲရှိထိုင်ခုံကို လက်ညိုးထိုးပြလျက်... " နောက်မှမဟုတ်ဘူး အခုပဲ ပြောမယ်! အမေနဲ့အတူ ညစာစား... "


ကျန်းမင်ယွမ်နှင့် ဂူမုန့်လီတို့ သားအမိသည် အိမ်ထောင်ပြုမည့်ကိစ္စနှင့်ပတ်သက်လျှင် တစ်ယောက်ကို တစ်ယောက် မျက်နှာသာ မပေးတတ်ကြပေ... ဂူမုန့်လီက နူးညံ့သိမ်မွေ့ပြီး အရာရာပြီးပြည့်စုံကာ သူမတို့နှင့်အဆင့်အတန်းတူသောအမျိုးသမီးငယ်လေးတစ်ယောက်ကိုသာ သူမရဲ့ချွေးမအဖြစ် လက်ခံချင်သူဖြစ်လေသည်... 


သို့သာ် ကျန်းမင်ယွမ်က ထိုသို့ရွေးချယ်ကာ စေ့စပ်ကြောင်းလမ်းလုပ်ခြင်းကို လုံးဝမနှစ်သက်ချေ... သားအမိနှစ်ယောက်၏

အိမ်ထောင်ရေးအပေါ်အတွေးအမြင်ဟာ ဆန့်ကျင်ဘက်ဖြစ်လို့နေပေသည်...


သို့သော်လက်ရှိ၌ အိမ်တွင် သားအမိနှစ်ယောက်တည်း မဟုတ်ဘဲ အပြင်လူရှိနေသောကြောင့် ကျန်းမင်ယွမ်ဘက်ကသာ လက်လျော့ပေးလိုက်လေသည်...  အပြင်လူရှေ့တွင် အမေဖြစ်သူနှင့် ပြဿနာအကြီးအကျယ်မတက်ချင်ပေ...ဂူမုန့်လီက သူ့သားအကြောင်းကို သိတာကြောင့်လည်း ဖုန်းဆက်စဥ်က ဘာမှကြိုမပြောခဲ့ခြင်းဖြစ်၏...


နောက်ဆုံးတွင် ကျန်းမင်ယွမ် ထမင်းစားပွဲတွင် ဝင်ထိုင်လိုက်တော့သည်...


စံအိမ်တွင် ရောက်ရှိနေသောအမျိုးသမီးငယ်လေး၏နာမည်မှာ ချူးရန်ဖြစ်ပြီး သူမဟာ ချူးစီရင်စုA၏သမီးပင်... ချူးတို့က နေ့စဥ်သုံး,အသုံးအဆောင်ပစ္စည်းစီးပွားရေးတွင် တစ်စိတ်တစ်ပိုင်း ပါဝင်ပေတယ်... ချူးတို့၏ အဆင့်အတန်းမြင့်ကြသော်လည်း ကျန်းတို့အဆင့်ကို မမှီပေ။...


ချူးရန်က အသက်၂၅နှစ်ရှိပြီဖြစ်ပြီး မကြာသေးခင်ကပင် ပညာတော်သင်ရာမှ ပြန်ရောက်လာခြင်းဖြစ်သည်... သူမက ဂူမုန့်လီ နှစ်သက်သဘောကျသောရုပ်ရည်မျိုးရှိပေ၏...


 မိသားစုအတွက် ချမ်းသာကြွယ်ဝမှုများ ယူဆောင်ပေးနိုင်သောမျက်နှာမျိုးပေါ့...


ဂူမုန့်လီရဲ့အမြင်တွင် ချူးရန်ရဲ့ရုပ်ရည်၊ မိသားစုနောက်ခံအပါအဝင် ပညာရေးအဆင့်အတန်းတို့မှာ သားဖြစ်သူအတွက် လိုက်ဖက်လွန်းလို့နေ၏... သူမ ချူးရန်ကို ပထမဦးဆုံးမြင်ချိန်ကပင် သဘောကျမိနေခြင်းဖြစ်သည်...ထို့ကြောင့်လည်း သူမဟာ ချူးရန်ရဲ့နောက်ကြောင်းကို စုံစမ်းခဲ့သေး၏... အနှီအမျိုးသမီးငယ်လေးတွင် အတိတ်တုန်းက အရှုပ်ရှင်းကင်းသည်ကို သိပြီးမှသာ သားဖြစ်သူနှင့် တွေ့ပေးရန် စီစဥ်ခဲ့ခြင်းဖြစ်သည်...


အမှန်တကယ်တွင်တော့ ချူးတို့ဟာ ကျန်းမင်ယွမ်၏ဖခင်ကဲ့သို့ အလုပ်ကြိုးစားပြီး အချစ်ရေးတွင် စိတ်မဝင်စားသည့်သူမျိုးမဟုတ်ပေ...


 ကျန်းမင်ယွမ်၏ဖခင်သည် ကျန်းမင်ယွမ်ကို မွေးပြီးနောက် သူ့၏အမွေစားအမွေခံရပြီးဖြစ်တာကြောင့် တခြားဘာကိစ္စကိုမှစိတ်မဝင်စားတော့ဘဲ အလုပ်တစ်ခုတည်းကိုသာ တစိုက်မတ်မတ်လုပ်ခဲ့ပေသည်...


သို့သော် ချူးတို့သည် ထိုသို့မဟုတ်...  အရင့်အရင်မျိုးဆက်များဆီမှရရှိသောအမွေတို့ကို ဆက်ခံထားသော ချမ်းသာသည့်တတိယမျိုးဆက်သာဖြစ်၏... လုပ်ငန်းပိုင်းကျွမ်းကျင်သည်ဟု ဆိုနိုင်သော်လည်း ရှိရင်းစွဲလုပ်ငန်းတို့ကို တိုးချဲ့ဖို့ စိတ်ကူးစိတ်သန်းကောင်းကောင်း မရှိချေ... သူ့အင်အားနှင့်အချိန်တော်တော်များများကို မိန်းမများဆီတွင်သာ ကုန်ဆုံးစေတတ်သည်... ထိုအမျိုးသားကြီးဆီတွင် အနည်းဆုံး ရည်းစား ၈ယောက် ၉ယောက်နီးပါး ရှိကာ တရားမဝင်သားသမီး ၁၀ယောက်လောက်ရှိလေသည်... ထို့အပြင် တစ်ခါတစ်ရံတွင် ချူးစံအိမ်တွင် ကိုရီးယားဇာတ်လမ်းများထဲကလို နောက်ထပ်သောရည်းစားများနှင့် တရားမဝင်ကလေးများ ရောက်လာတတ်သေး၏...


အဖေချူးသည် မျက်ကန်းဝါဒဖြစ်သော ယောကျ်ားများကသာ စီးပွားရေးကို ဦးဆောင်နိုင်သည်ဆိုသည့်အယူကို လက်ကိုင်ထားသူဖြစ်တာကြောင့် အကြီးဆုံးသမီးဖြစ်တဲ့ချူးရန်က ကုမ္မဏီကို အရင်ဝင်ခွင့်မရေပ တရားမဝင်သားထဲတွင် အကြီးဆုံးဖြစ်သော်လည်း သူမထက် ၃လလောက်ငယ်သောအဖေတူအမေကွဲကသာ ကုမ္မဏီသို့  ဝင်ခွင့်ရသွားခဲ့သည်... ထို့ကြောင့် ချူးရန်အတွက် ကုမ္မဏီ၌ နေရာရရန် အလှမ်းဝေးလွန်းလို့နေ၏... အကယ်၍ သူမကသာ အဆင့်အတန်းမြင့်မြင့်နှင့် ချမ်းသာကြွယ်ဝသောမိသားစုထဲမှအမျိုးသားတစ်ယောက်ယောက်နှင့် လက်မထပ်နိုင်ခဲ့ပါက သူမ ဘဝပ တရားဝင်သမီးဖြစ်နေတောင် တရားမဝင်သားသမီးများရှေ့တွင် မျက်နှာငယ်နေရမည့်အဖြစ်ပင်...


ကျန်းမင်ယွမ်သည် ယခုနှစ်အပိုင်းအခြားတွင် အတော်လေးအောင်မြင်စပြုလာခဲ့သည်ဟု ချူးရန်တစ်ယောက် နိုင်ငံခြားတွင် ပညာသင်နေစဥ်က ကြားသိခဲ့ရသည်... ထိုအမျိုးသားက ချောမောပြီးဆွဲဆောင်မှုရှိသည့်အပြင် ရင်းနှီးမြုပ်နှံမှုတို့တွင်လည်း အကွက်မြင်တတ်သူဖြစ်လေသည်... ထိုသူ ဆယ်ကျော်သက်အရွယ်က ရှုပ်ပွေသည့်ဇာတ်လမ်းများရှိခဲ့သော်လည်း ယခုတွင်တော့ ထိုကိစ္စမျိုး လုံးဝမရှိတော့ဟုလည်း ကြားသိခဲ့ရ၏...


ဘာပဲဖြစ်ဖြစ် ကျန်းမင်ယွမ်ကမှ သူမ အဖေထက် ပိုကောင်းသေးသည်ဟု ချူးရန်တစ်ယောက် တွေးမိသည်... 


ချူးရန် ထမင်းစားပွဲတွင် ဝင်ထိုင်လိုက်သောကျန်းမင်ယွမ်နှင့် အကြည့်ချင်းဆုံသွားချိန်တွင် နူးညံ့စွာပြုံးလိုက်ရင်း သူမလက်ထဲမှ ဝိုင်ခွက်လေးကိုမြှောက်လိုက်လေသည်...


" တွေ့ရတာ ဝမ်းသာပါတယ် အစ်ကိုကျန်း... ရှင်နဲ့ ခွက်ချင်းတိုက်လို့ရမလား... " 


ချူးရန် ထိုသို့ဆိုပြီးနောက် စကားထပ်ဆက်ချေသည်... 


 " အန်တီကပြောတယ်... ရှင်က ငါးအရမ်းကြိုက်တာတဲ့... အဲ့ဒါကြောင့် ရှင့်အတွက် ကျွန်မကိုယ်တိုင် ငါးဟင်းပွဲတွေ ချက်ထားပေးထားတာ... "


🍛🍛🍛🍛🍛