နူးညံသော အမျိုးသမီးအရံဇာတ်ကောင် A နှင့် အာဏာရှင် အမျိုးသားဇာတ်လိုက် O
အပိုင်း ၇
ရင်းနှီးသော အသံကို ကြားပြီးနောက် ချောင်းမို အံ့အားသင့်သွားခဲ့သည်။ ထို့နောက်တွင် ကျန်းလော့ကျစ်၏ ထိန်းချုပ်မှူဖြင့် ဗီလာရှိ မီးများ လုံးလုံးပွင့်သွားခဲ့သည်။
ဧည့်ခန်းသည် ချက်ခြင်း လင်းထိန်လာပြီး တောက်ပသော မီးရောင်များက ဧည့်ခန်း၏ နေရာတိုင်းကို ထောင့်တိုင်းကို လင်းထိန်သွားကာ ကျန်းလော့ကျစ်၏ ဒေါသနှင့်ကြည့်နေသော အနက်ရောင် မျက်လုံးများက သူ၏ ဖြူဖျော့သော အသားအရေကို ပေါ် လွင်စေခဲ့သည်။
ကျန်းလော့ကျစ်သည် ချောင်းမိုမှ မြေပြင်ပေါ်သို့ ဖိချခြင်းခံထားရသည်။ အမြဲသန့်ရှင်းသပ်ရပ်နေသော အနောက်တိုင်၀တ်စုံသည် ပြင်ပအားကြောင့် တွန့်ကျေနေကာ သူ့အသားအရည်မှာလည်း ပိုဖျော့တော့နေသယောင်ပင်။
ချောင်းမိုသည် အလိုအလျောက် တန်ပြန်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အင်အားအနည်းငယ် အသုံးပြုခဲ့မိသည်။ ယခုတွင် ကျန်းလော့ကျစ်ကို ချောင်းမိုက ကြမ်းပြင်ပေါ် ဖိချထားပြီး လက်များကို အနောက်သို့ လိမ်ချုပ်ထားကာ သူ့ခါးပေါ်တွင်ချုပ်ထိုင်လျက်သား ဖြစ်နေခဲ့သည်။
ကျန်းလော့ကျစ် အချိန်မီ အသံမပြုလိုက်ပါက ချောင်းမိုသည် သူမ၏စကတ်မှ အစကို ဆုတ်ဖြဲပြီး သူ့လက်နှစ်ဖက်ကို နောက်ကျောနောက်သို့ ချည်နှောင်ထားပြီးသာ ဖြစ်လိမ့်မည်။
"မစ္စတာကျန်း၊ ရှင်က ဘာလို့ဒီကိုရောက်နေတာလဲ"
ချောင်းမိုသည် ကျန်းလော့ကျစ်၏ ဒေါသတကြီး တောက်လောင်နေသော မျက်လုံးများကို မြင်သောအခါ အနည်းငယ် အံ့သြသွားသည်။
သူမမေးချင်တာက အမှောင်ထဲမှာ ဘာလို့တစ်ယောက်ထဲ ထိုင်နေတာလဲ၊ မီးမဖွင့်မိလို့ အမှောင်ထဲ မတော်တဆ ဒါဏ်ရာ ရနိုင်တယ် မဟုတ်ဘူးလား။
သို့သော်လည်း သူမသည် ယခုအချိန်တွင် ဘာတွေဖြစ်နေလဲ မသိပေ။ သူမခေါင်းပေါ်ရှိ မီးများက မှိန်လွန်းလို့ပဲလား။ မဟုတ်လည်း ညနက်နေလို့ပဲလားမသိ ခေါင်းထဲ ထူးထူးဆန်းဆန်း အတွေးများ၀င်လာကာ ချောင်းမိုသည် အခုအခြေအနေက အနည်းငယ် ထူးဆန်းသည်ဟု ထင်နေမိသည်။
ယခင်က သူမနှင့် အမျိုးသားဇာတ်လိုက် ကျန်းလော့ကျစ်တို့သည် ခဏလောက်ပဲ တွေ့ဆုံခဲ့ပြီး စကာပြောခဲ့ဖူးသည်။ ထိုအချိန်ကပင် ကျန်းလော့ကျစ်သည် အမျိုးသားဇာတ်ဆောင်ဖြစ်ထိုက်သည်ဟုသာ ခံစားခဲ့ရသည်။
တခြားသူက ချောင်းမိုစိတ်ထဲ အထင်ကျန်စေဆုံးဖြစ်ရပ်မှာ သူ၏ စိတ်တိုင်းကျ ကတ်ကို သုံးစွဲနိုင်သည်ဟု ပြောသော ခမ်းနားသည့်ပုံရိပ်ပင်ဖြစ်၏။
ဇာတ်လိုက်၏ အာဏာ၊ အဆင့်အတန်းနှင့် ချမ်းသာကြွယ်ဝမှုတို့က တကယ့်ကောင်းကင်သားတော်ဖြစ်ကြောင်း ပြသနေကာ ချောင်းမိုကပင် သက်ပြင်းသာချနိုင်ခဲ့သည်။
သို့သော် ယခု တိတ်ဆိတ်အေးစက်သော ဗီလာအတွင်း သလင်းကျောက် မီးအိမ်များ၏ ရောင်ပြန်ဟပ်နေသော အလင်းရောင်အောက်တွင် ကျန်းလော့ကျစ်၏ အသားအရေသည် လတ်ဆတ်သော မက်မွန်သီးကဲ့သို့ နူးညံ့ကြောင်း ခံစားလိုက်ရပြီး ဒေါသပြည့်နေသော မျက်လုံးနက်များသည် စူးရှပြီး လျစ်လျူရှုမှုအပြည့်မရှိတော့သော်လည်း မီးတောက်ဖြင့် တလက်လက် တောက်ပနေပုံပေါ်သည်။
ကျန်းလော့ကျစ်၏ မျက်လုံးများသည် အလွန်လှပသည်။ ကြီးပုံပေါ်ပေမယ့် အဆုံးတွေက ရှည်လျားသည်။ သူ၏မျက်လုံးထောင့်စွန်းရှိ မျက်ခွံအောက်တွင် တော်ရုံမမြင်နိုင်လောက်သော မှဲ့သေးသေးလေးရှိသည်။
သူ၏ မျက်ဆံများ၏ အရောင်သည် အလွန်နက်ရှိုင်းတည်ငြိမ်ပြီး များသောအားဖြင့်မည်သည့်မည်သည့် စိတ်ခံစားမှု အတက်အကျကိုမျှ မခံစားနိုင်ပေ။ သူသည် တောင်ပေါ်ရှိ နှင်းများကဲ့သို့ အေးစက်နေသဖြင့် လူများကို သူ့ထံ ချဉ်းကပ်ရန် ခက်ခဲစေသည်။
အခုဒေါသကြောင့် မျက်လုံးတွေက တောက်ပနေသဖြင့် သူ့တည်ရှီမှု တခုလုံးကို အသက်၀င်လာစေသလိုပင်။ အနည်းငယ် ကော့ညွှတ်သွားသော မျက်လုံးထောင့်တို့က ဆွဲညှို့နိုင်သည့်အပြင် မျက်ခမ်းစပ်ရှိ မှည့်နက်ကလည်း တမူးထူးသော ဆွဲဆောင်မှုကို ဖြစ်စေသည်။
သူ့မျက်နှာက ချောင်းမိုထင်သလောက် ဆွဲဆောင်မှုပြင်းပြင်းနဲ့ ချောမောတာမျိုးမဟုတ်ပဲ နူးညံ့သိမ်မွေ့သည်။
လျစ်လျူရှုမှုနှင့် တသီးတခြားဖြစ်မှုတို့ ပျောက်ကွယ်သွားသောအခါ ကျန်းလော့ကျစ်၏ မျက်နှာသည် နုနယ်ပြီး ကြည်လင်သော အလှကို ပြသခဲ့ပြီး အသက်ရှိုက်ရှူသည့်အချိန် အများအားဖြင့် တင်းတင်းစေ့ထားသော နှုတ်ခမ်းများ အနည်းငယ်ပွင့်သွားကာ နှင်းဆီပွင့်ဖက်များကဲ့သို့ ပန်းနုရောင် သန်းနေခဲ့သည်။
ပိုထူးဆန်းတာက ကျန်းလော့ကျစ်ရဲ့ ခန္ဓာကိုယ်ပေါ်မှ အံ့သြစရာကောင်းပြီး ဖော်မပြနိုင်တဲ့ ရနံ့တစ်ခု ရနေခြင်းပင်။ ဘယ်ကနေ ရနေမှန်း သူမ မသိပေမယ့် ချောင်းမို ၎င်းကို နှစ်ကြိမ်သာ အနံ့ခံလိုက်ရုံဖြင့် သူမ၏ နှလုံးသားထဲတွင် တခုခုက ထူးထူးခြားခြား ပွက်လောရိုက်နေသည်။ သူမ မနေနိုင်ပဲ ထိုရနံ့၏ အရင်းအမြစ်ကို လိုက်ရှာနေမိသည်။
"မစ္စတာ ကျန်း ရှင် ဘယ်ရေမွှေးသုံးတာလဲ"
ဇာ့ဂ်တွေကို တစ်သက်လုံး တွန်းလှန်ခဲ့တဲ့ ဇီဝဗေဒ ပါမောက္ခတစ်ယောက်အနေနဲ့ ချောင်းမိုက လူတွေရဲ့ ပင်ကိုယ်တုံ့ပြန်မှုတွေကို ဖြစ်စေနိုင်တဲ့ ဒီအနံ့တွေကိုလည်း အာရုံခံစားနိုင်သေးသည်။ သူမသည် ဇာ့ဂ်၏ ဖွဲ့စည်းပုံကိုလေ့လာခဲ့ပြီး ပိုမိုအားကောင်းသော ဇာ့ဂ်အချို့သည် ၎င်းတို့၏ အနံ့ကိုအသုံးပြု၍ ၎င်းတို့အောက်ရှိအရာများကို ထိန်းချုပ်နိုင်သည်ကို တွေ့ရှိခဲ့သည်။
ကျန်းလော့ကျစ်၏ မျက်နှာသည် နီမြန်းနေသော်လည်း ထိုစကားကြားတော့ သူ့နှလုံးသား ချက်ချင်း နစ်မြုပ်သွားကာ သူ့လေသံက အေးစက်သွားပြီး "ဆင်း!"
သူမ အမြင်မှားတာလားတော့မသိ၊ ကျန်းလော့ကျစ်က သူမကို ကြိမ်းမောင်းပြီး အေးစက်စွာ မျက်နှာလွှဲသွားသောအခါ ချောင်းမိုသည် ကျန်းလော့ကျစ်၏ မျက်လုံးထောင့်စွန်းများ တောက်ပနေပုံရသည်ဟု ခံစားခဲ့ရသည်။
ချောင်းမိုတစ်ယောက် အံသြသွားပြီး ဆုံးရှုံးသွားသလို ခံစားရကာ အမြန်ထရပ်လိုက်သည်။
အခုလေးတင် ကျန်းလော့ကျစ်ရဲ့ မျက်လုံးထောင့်ကဟာက ဘာလဲ။ မျက်ရည်တွေလား?
သူမ ဇာတ်လိုက်ကို ဒီလောက်ထိ အားပျော့မယ်လို့ မမျှော်လင့်ထားပေ။ သူမ သူ့ကို သူခိုးလို့ မထင်မှတ်ဘဲ အထင်လွဲပြီး ချုပ်နှောင်ထားဖို့ ကြမ်းပြင်ပေါ် ဖိချခဲ့ရုံ မဟုတ်ဘူးလား? သူအရမ်းကြောက်သွားတာလား?
နောက်ပြီး သူက ကြီးမားသော စီးပွားရေးအင်ပါယာကြီးကို ထိန်းချုုပ်ထားတဲ့ စီးပွားရေးသမားပဲလေ။ အဲ့တာကို သူမဖိနှိပ်ခံရလို့ ငိုသွားတာလား။ ဒီမှာ ဘာဖြစ်သွားတာလဲ?
သို့သော် အခုလောလောဆယ်တော့ သူမ သူမ၏ သူဌေးကို အခုလို ရီိက်လိုက်မိပြီ။ ကျန်းလော့ကျစ်က သူ့မကို အလုပ်ထုတ်တော့မှာလား?
ဒါဆို လဲလျောင်းနေရင်း လစဉ် လစာ ယွမ်၅၀၀၀၀ ရနိုင်တဲ့ အလုပ်က ပျောက်သွားတော့မှာလား။
သို့သော် ချောင်းမိုသည် သူမ၏အမှားအတွက် ပြင်ဆင်ရန်နည်းလမ်းကို မစဉ်းစားမီ ကျန်းလော့ကျစ်သည် တယိမ်းတယိုင်ဖြင့် စကားမပြောဘဲ အိပ်ခန်းဆီ ပြန်သွားခဲ့သည်။
ချောင်းမိုက သူ့ကို စိတ်အားထက်သန်စွာ တောင်းပန်ချင်ပေမယ့် ကျန်းလော့ကျစ်က ဗြုန်းစားကြီးပိတ်ချလိုက်သည်။
ချောင်းမိုသည် ကျန်းလော့ကျစ်၏ တံခါးအပြင်ဘက်တွင် အချိန်အတော်ကြာအောင် စောင့်ဆိုင်းခဲ့ပြီး နောက်ဆုံးတွင် မတတ်သာပဲ ရှက်ရှက်နှင့် အပေါ်ထပ်သို့ တက်ခဲ့လိုက်ရသည်။
ထားလိုက်တော့၊ အခုကျန်းလော့ကျစ်က စကားပြောချင်ပုံ မပေါ်ဘူး။ အခု ကျန်းလော့ကျစ်ကို သူ့ဂုဏ်သိက္ခာထိခိုက်စေမယ့်ဟာ ဘာမှမပြောတော့ပဲ နက်ဖြန်မှပဲ သူဌေးကျန်းကို တောင်းပန်လိုက်တော့မယ်။
ကျန်းလော့ကျစ် ပေးသော အခွင့်အလမ်းများက အမှန်တကယ် ကောင်းမွန်သောကြောင့် ချောင်းမိုသည် အထင်လွဲမှု တစ်ခုထဲကြောင့်နဲ့ ကျန်းလော့ကျစ်ထံမှ အလုပ်ဖြုတ်မခံရလိုပေ။
ပထမထပ်ရှိ အိပ်ခန်းထဲတွင် ကျနမ်းလော့ကျစ် သည် တံခါးကို မှီ၍ ချောင်းမို၏ ခြေသံများ တဖြေးဖြေး ဝေးသွားသည်ကို နားထောင်ရင်း နောက်ဆုံးတွင် သူ မထိန်းနိုင်ဘဲ ကုတင်ဘေးတွင် ဒူးထောက်လိုက်ရသည်။
ကျန်းလော့ကျစ်၏ မျက်နှာအရောင်သည် အဖြူနှင့် အနီကြားတွင် တလှည့်စီဖြစ်နေပြီး နဖူးတခုလုံး ပုတီးစေ့ကဲ့သို့ ချွေးသီးမျာ တရစက်စိမ့်ထွက်ပြီး စိုစွတ်နေသည်မှာ သူမည်မျှနာကျင်နေသည်ကို ပြသနေသည်ကို ပြသနေသည်။
သူ့ နှုတ်ခမ်းကို ကိုက်ထားပြီး သူ့မျက်လုံးများက လေကို ရှူရှိုက်ရင်း ရေငွေ့များ ပြည့်နှက်နေ၏။
ချိုမြိန်မှုအနည်းငယ်ရောစက်နေသော အေးစက်သည့်အသက်ရှုသံသည် အေးခဲသောနှင်းဖုံးနေသည့်တောင်ပေါ်ရှိ အရည်ရွှမ်းတောက်ပနေသော မက်မွန်သီးရနံ့တို့လို အခန်းတွင်း ပျံ့လွင့်နေခဲ့သည်။
အကယ်၍ ယခင် ကျန်းလော့ကျစ်သည် လက်လှမ်းမမီနိုင်သော ချောက်ကြီးတစ်ခုလို၊ ရေခဲကန် သို့မဟုတ် ကြောက်စရာကောင်းသော ရေခဲချွန်များနှင့် နှင်းဖုံးနေသော တောင်ကဲ့သို့ အေးစက်ကာ သူသည် အခြားသူများကို ထိန်းချုပ်ထားနိုင်သော အရှင်သခင် တစ်ယောက်လိုဖြစ်သည်။
ယခုအချိန်တွင်တော့ ကျန်းလော့ကျစ်သည် စမ်းရေအိုင်ထဲသို့ အရည်ပျော်သွားသော နှင်းများနှင့်တူသည်။ လှုပ်ရှားမှုတိုင်းရှိ သူ့မျက်လုံးများသည် ကြည့်မိသူတိုင်း နစ်မွမ်းသွားစေမည့် စွဲမက်ဖွယ်အဆိပ်များနှင့် ပြည့်နှက်နေပုံရသည်။
ကျန်းလော့ကျစ်သည် ကိုယ်လုံးပေါ်မှန်ထဲတွင် သူ့ကိုယ်သူ အေးစက်စွာ ကြည့်နေခဲ့ပြီး ရွံရှာသည့် ခံစားချက်က သူ့နှလုံးအောက်ခြေမှ ပြန်တက်လာသည်။
ဤကဲ့သို့ အရှက်မရှိ၊ စွမ်းဆောင်ရည်မရှိသည့်အပြင် အင်အားကြီးအယ်လ်ဖာကိုယ်ခန္ဓာကို တွယ်ကပ်ထားခြင်းဖြင့်သာ ရှင်သန်နိုင်မည့် ဟန်ပန်သည် ကျန်းလော့ကျစ်ကို လုံးဝရွံရှာစေသည်။
ကိုယ်တွင်း မသက်မသာဖြစ်မှု ပြင်းထန်လာသည်နှင့်အမျှ ကျန်းလော့ကျစ်၏ မျက်နှာသည် နီရဲလာပြီး သူ့အမူအရာက ပို၍ပင် အေးစက်လာတော့သည်။
သူ ပျော့ညံ့တဲ့ ခန္ဓာကိုယ်ကို တွန်းအားပေးထလိုက်ပြီး အိပ်ရာဘေးစားပွဲကို မှီနေလိုက်သည်။
ဒီည သူ ချောင်းမိုပြန်လာတာကို စောင့်ရင်း ဗီလာထဲမှာ ထိုင်နေခဲ့သည်။ အစကတော့သူ ချောင်းမိုကို သင်ခန်းစာတစ်ခုလောက် ပေးမလို့ပဲ။ မထင်ထားခဲ့တာက သူချောင်းမိုဆီကကနေ သူခိုးလို့ အထင်မှားခံရရုံမက ချောင်းမိုရဲ့ လုပ်ရပ်ကြောင့် သူအချိန်အကြာကြီး ဖိနှိပ်လာခဲ့တဲ့ heat ကာလပေါ်လာခဲ့သည်။
မဟုတ်ဘူး၊ ချောင်းမိုကိုလည်း ခုအဖြစ်အပျက်အတွက်ကို အပြစ်တင်လို့မရဘူး။ သူ့ရဲ့ခန္ဓာကိုယ်က အစထဲက ရှုပ်ထွေးနေခဲ့ကာ အိုမီဂါ တစ်ယောက်ဆီမှ အထိအတွေ့ကပင် သူ့ကို heat ကာလကို အစပျိုးစေခဲ့တာပင်။
ကျန်းလော့ကျစ် မျက်လုံးကို ခဏလောက်မှိတ်ထားပြီး ပြန်ဖွင့်လိုက်သောအခါတွင် သူ့မျက်လုံးများသည် စမ်းရေကဲ့သို့ နှစ်လိုဖွယ်ကောင်းနေသေးသော်လည်း သူ့မျက်လုံးအောက်ခြေကတော့ အေးစက်နေချေသည်။
ထို့နောက် သူကုတင်ဘေး စားပွဲပေါ်မှ ထိုးဆေးကို ခက်ခက်ခဲခဲ ရှာပြီးနောက် လည်ပင်းနောက်ဘက်သို့ အပြင်းအထန် ထိုးစိုက်ခဲ့သည်။
ထိုဆေးကို သူ့ခန္ဓာကိုယ်ထဲသို့ ထိုးသွင်းလိုက်သည်နှင့် သာမန်ထက်လွန်ကဲသော ဆေးဖက်ဝင်ဂုဏ်သတ္တိများက သူ့ heat ကာလကို ချက်ချင်း ရပ်တန့်သွားစေခဲ့သည်။
စျေးကွက်တွင်ရရှိနိုင်သော သာမန်ဖိနှိပ်ရေး ကပ်ခွာများနှင့် ထိုးဆေးများသည် သူ့အတွက် အသုံးမဝင်သည်မှာ ကြာခဲ့ပြီ။ ထို့ကြောင့် သည်ဆေးသည် သူ့အတွက် သူ့အမေကိုယ်တိုင် သီးခြားရှာဖွေပေးထားသော ဆေးပညာရှင်မှ ပြုလုပ်ပေးထားခြင်းပင်။
၎င်းသည် သူ၏ အိုမီဂါဗီဇကို ဖိနှိပ်ပေးရုံသာမက အခြားဆေးများနှင့် ရောစပ်ထားသောကြောင့် စွမ်းအားကြီး အယ်လ်ဖာတယောက်အဖြစ် ရုပ်ဖျက်ရန် ကူညီပေးနိုင်ခဲ့သည်။
ဘေးထွက်ဆိုးကျိုးကလည်း သေချာပေါက်သိသာတာပေါ့၊ ဆိုလိုတာက အခုဆိုရင် သူ့ heat ကာလက လုံး၀ ပုံမှန်မဟုတ်တော့ဘူးလေ။
လုံး၀ထိန်းချုပ်နိုင်သွားပြီးနောက် ကျန်းလော့ကျစ်သည် မောပန်းနွမ်းနယ်စွာ ရေချိုးပြီး သူ့မိုဘိုင်းစခရင်ပေါ်တွင် ပြသထားသည့် ဖုန်းနံပါတ်ကို ကြည့်ရင်း ကုတင်ပေါ်တွင်နွမ်းနယ်စွာ လှဲချလိုက်သည်။
စောစောက အဖြစ်အပျက်ကို တွေးရင်း သူ့နှလုံးသား အေးစက်လာကာ မှတ်တမ်းထဲက လျှို့ဝှက်နံပါတ်ကို နှိပ်လိုက်သည်။
သူ့စိတ်ကို ဆုံးဖြတ်ရတော့မယ့် အချိန်ပဲ။
ဒီလို ထိန်းမနိုင်သိမ်းမရ အပြုအမူမျိုးကို သူ မလိုချင်သလို ဒုတိယအကြိမ်ဖြစ်လာမှာကိုလည်း ခွင့်မပြုနိုင်ပေ။