နူးညံသော အမျိုးသမီးအရံဇာတ်ကောင် A နှင့် အာဏာရှင် အမျိုးသားဇာတ်လိုက် O
အပိုင်း ၁၂
ဦးဆောင်လာသော လူငယ်သည် အဖြူရောင်ရှပ်အကျီကို ဝတ်ဆင်ထားကာ နူးညံ့ညင်သာသည့်ဟန်ဖြင့် ချေားမိုဆီသို့ လက်ကမ်းပြီး “ ဟယ်လို ဂျူနီယာလေး၊ ငါက ဇီဝဗေဒပထမနှစ်ဘွဲ့ရ ကျောင်းသား ခဲ့မိုပါ။ ငါတို့ သူငယ်ချင်းလုပ်လို့ရမလား?”
ချောင်းမိုသည် တစ်ယောက်တည်း သီးခြားနေရတာကို နှစ်သက်သူ မဟုတ်ပေ။ သူမနှင့် အသက်ရွယ်တူ သူငယ်ချင်းများ များများ ဖွဲ့လိုသောကြောင့် အချင်းချင်း လက်ဆွဲနှုတ်ဆက်ရန် မငြင်းဆန်ခဲ့ပေ။
ခေမို အနည်းငယ် ပြုံးလိုက်သည်။ သူ့အပြုံးသည် သန့်ရှင်းကာ သူ့စိတ်နေစိတ်ထားကလည်း သက်တောင့်သက်သာရှိပြီး နည်းနည်းတော့ ရူးကြောင်ကြောင်ပုံဖြင့် “မင်း ပရော်ဖက်ဆာနဲ့ ဆွေးနွေးတဲ့ အရာကို ငါကြားလိုက်ရတယ်၊ အဲဒါ သိပ်ကို အမျှော်အမြင်ရှိတာပဲ။ ငါလည်း ပရော်ဖက်ဆာ ဝမ် လက်အောက်မှာ အလုပ်လုပ်နေတာ၊ ဒါပေမယ့် ငါအဲ့တာကို ကြားပြီး တွေးရင်း မနေနိုင်ဖြစ်လာလို့။ အဲ့တာမလို့ ငါ ရှစ်မေ့(*)နဲ့ စကားပြောချင်တာပဲ။ “
*( ရှစ်မေ့ = ဂျူနီယာညီမ )
ခဲ့မို ဘေးကလူက ကျယ်လောင်သော အသံဖြင့်အသံဖြင့် “စီနီယာ ခဲ့မိုက ပရော်ဖက်ဆာ ဝမ်ရဲ့ အနှစ်သက်ဆုံးကျောင်းသားပဲ “
“မှန်တယ်၊ စီနီယာ ခဲ့မိုက သုတေသနမှာ ကြီးကြီးမားမား အောင်မြင်မှုတွေ ရထားတဲ့အပြင် အဲံတာကို တော်တော်လေးလည်း ရူးသွပ်သေးတယ်။ ကောင်းပြီ၊ ငါတို့အားလုံးကိုလည်း စီနီယာ ခဲ့မိုက ဦးဆောင်တာပဲ။ ရှစ်မေ့ ခုနက ပြောခဲ့တာကတော်တော် မိုက်တာပဲ၊ ဒါကြောင့် မင်းနဲ့ စီနီယာခဲ့မိုဆို အချင်းချင်း နားလည်နိုင်ပြီး ကောင်းကောင်းပြောနိုင်လိမ့်မယ်။ “
အခု သူတို့ အများကြီးပြောသွားပြီးပြီမို့ ချောင်းမိုက မငြင်းနိုင်တော့ပေ။ ထို့ကြောင့် ခဲ့မိုက အစပြုကာ “ ငါတက္ကသိုလ်ဘေးက ကော်ဖီဆိုင်တဆိုင်ကို သိထားတယ်၊ အဲ့ထဲမှာ တော်တော် တိတ်ဆိတ်တယ်။ အဲ့ရောက်မှ ဆက်ပြောကြရအောင်လေ”
သူတို့အုပ်စုက မကန့်ကွက်ဘဲ ခဲ့မိုပြောပြတဲ့ ကော်ဖီဆိုင်ကို တူတူသွားလိုက်ကြသည်။
သွားရင်း လမ်းတွင် စုရှုက ချောင်းမိုကို မျက်လုံးတချက် မှိတ်ပြလိုက်ပြီး " မိုမိုက တကယ်စွံတာပဲ။ ငါ တက္ကသိုလ်မှာ ခဲ့မိုရဲ့ ကျော်ကြားမှုကို ကြားဖူးတယ်၊ သူက တက္ကသိုလ်ရဲ့ ထိပ်တန်း ကျောင်းသားတွေထဲက တစ်ယောက်ပဲလေ။ "
သူမသည်လည်း အတင်းအဖျင်းများနှင့် အလွန်ရင်းနှီးခဲ့ဖူးသည်။ သူမ ကျောင်းတက်တုန်းက အရာအားလုံးဟာ ဒီကမ္ဘာနဲ့ အတူတူပဲလေ။ သူမ စုရှု၏ ပခုံးကို ဆတ်ခနဲ ရိုက်လိုက်ပြီး "နင်ဘာတွေပြောနေတာလဲ၊ ဒါက သေချာပေါက် ဖော်ရွေပြီး ဖြူစင်တဲ့ ပညာရပ်ဆိုင်ရာ ဖလှယ်မှုတစ်ခုပဲ"
ရိုက်ခံရပြီးနောက် စုရှုက စိတ်ဆိုးရမယ့်အစား ရီပင်ရီနေသေးသည်။ ချောင်းမို လက်ကိုရှောင်ရင်း “ ငါနားလည်ပြီ၊ ငါနားလည်ပြီ”
နောက်ဆုံးမှာတော့ AA နှင့် OO တို့၏ အချစ်ဇာတ်လမ်းများသည် ဖုံးကွယ်ထားဖို့ လိုအပ်သော အချစ်ဇာတ်လမ်းများသာ ဖြစ်သည်။
ဒါပေမယ့် ချောင်းမိုရဲ့ ဖယ်ရိုမုန်းတွေက တအားထူးဆန်းမနေဘူးလား။ သူမ အထူးပြုလုပ်ထားတဲ့ ဖိနှိပ်ရေးကပ်ခွာတွေများ သုံးထားလို့လား? သူမ တိုက်ခိုက်တဲ့အချိန်ပဲ အဲ့တာတွေက ထွက်ပေါ်လာတာ။ ပုံမှန်ဆို တဖက်သူရဲ့ဖယ်ရိုမုန်းကို ရှိမှန်းတောင် မသိရဘူး၊ အဲ့တာက တော်တော်လေး ထူးဆန်းတယ်။
သို့သော်လည်း တိုက်ပွဲအတွင်း ချောင်းမို ထုတ်ဖော်ခဲ့သည့် ကြောက်စရာကောင်းသော ဖယ်ရိုမုန်းကို ပြန်စဉ်းစားမိရင်း စုရှု အဲ့တာနဲ့ပတ်သတ်ပြီး နည်းနည်းတော့နားလည်လိုက်သည်။
ချောင်းမိုက သူမ မျှော်လင့်နေတဲ့ အယ်လ်ဖာအပေါ် ခြောက်လှန့်မိမှာကို စိုးရိမ်တာကြောင့် သူမ ဖယ်ရိုမုန်းတွေကို ဖုံးကွယ်ထားတာ ဖြစ်ရမယ်။
ကော်ဖီဆိုင်ထဲမှာ လူတိုင်းက ပျော်ပျော်ကြီး စကားပြောနေကြသည်။ ချောင်းမိုကလည်း ခဲ့မို မေးတဲ့ မေးခွန်းတိုင်းကို အေးအေးဆေးဆေး ပြန်ဖြေနေခဲ့သည်။
ပြဿနာတွေနဲ့ ပတ်သက်ပြီး ချောင်းမိုရဲ့ အမြင်ကို ကြားရပြီးနောက် ခဲ့မိုရဲ့ မျက်လုံးတွေက ပိုပိုပြီး ပျော့ပျောင်းလာခဲ့သည်။ သူသည် အလင်းရောင်ထုတ်လွှတ်နေပုံရသည့် မိန်းကလေး၏ နူးညံ့သိမ်မွေ့သော မျက်နှာကို စိုက်ကြည့်ရင်း သူ့ခန္ဓာကိုယ်သည် ချောင်မိုဘေးသို့ အလိုအလျောက် ကပ်သွားမိသည်။
စုရှုနှင့် ခဲ့မို ခေါ်ဆောင်လာသော ကျောင်းသားနှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး ပြုံးလိုက်ကြသည်။ မိန်းကလေးတစ်ဦးသည် ချောင်းမို နှင့် ခဲ့မိုတို့၏ ဓာတ်ပုံများကို လျှို့ဝှက်ရိုက်ယူပြီး 'ပညာတော်သင်များကြားမှ ကြီးမြတ်မှု၏သက်သေ'၊ ‘ခင်မင်မှုမှ (/ ချစ်ခြင်းတရား)စတင်ခြင်း’ ဟု ဖိုရမ်ပေါ်တွင် တင်ခဲ့သည်။
လူတိုင်းရယ်မောနေကြစဉ် ချောင်းမို၏ ဆဲလ်ဖုန်းမြည်လာပြီး ကျန်းလော့ကျစ်၏အသံကိုကြားလိုက်ရကာ "ချောင်းမို၊ ငါ ရှီးချန် တက္ကသိုလ်ကို ရောက်နေပြီ။ မင်းရဲ့တည်နေရာကို ငါ့ဆီပို့လိုက်”
ချောင်းမိုသည် ကျန်းလော့ကျစ်က သူမကို ထိုအကြောင်း ပြောပြခဲ့သည်ကို အခုမှသတိရမိသည်။ သူမ တက္ကသိုလ်မှာ မဟုတ်ဘူးလို့ မက်ဆေ့ချ် ပို့ပြီးနောက် ချောင်းမိုက သူမရဲ့ တည်နေရာကို ချက်ချင်း ပေးပို့လိုက်သည်။
ဖုန်းသံက လူတိုင်းရဲ့ စကားပြောနေခြင်းကို ပြတ်တောက်သွားစေသည်။ လူအတော်များများကချောင်းမို ကို စူးစမ်းလိုစွာ ကြည့်လိုက်ကြသည်။ ကျန်းလော့ကျစ်၏ အသံကိုကြားလိုက်သော ခဲ့မိုက မေးခဲ့သည်။ "ဒါ မင်းအစ်ကိုလား"
"ဟင်?"
ထိုမေးခွန်းသည် ချောင်းမိုကို ထိတ်လန့်သွားစေခဲ့သည်။ သူမနဲ့ ကျန်းလော့ကျစ် ကြားက ဆက်ဆံရေးနှင့်ပတ်သက်ပြီး သူမဘယ်လိုပြောသင့်လဲ? ခဏလောက်တွေးပြီးနောက် ချောင်းမိုက ပြုံးပြီး “ဒါ ငါ့သူဌေးပဲ “
စုရှု လည်း အနည်းငယ် အံ့အားသင့်သွားပြီး "မိုမို၊ မင်းအပြင်မှာ အချိန်ပိုင်းအလုပ်လုပ်နေတာလား။ နင့်သူဌေး က ဒီမှာ ဘာလုပ်နေတာလဲ?"
ချောင်းမိုသည် ကျန်းလော့ကျစ် ဒီကို တိုက်ရိုက်လာရလောက်အောင် ဘာက ဒီလောက်အရေးကြီးနေတာလဲဆိုသည်ကို နည်းနည်းသိချင်လာပြီး "သူဌေးက ငါ့ကို လာခေါ်မယ်ပြောတယ်၊ အဲ့တာကြောင့် ငါအရင် စောစောပြန်ရတော့မယ်။ "
သူမရဲ့ အဖြေက ရှင်းရှင်းလင်းလင်းနဲ့ ပါးနပ်လှသောကြောင့် ရှိနေတဲ့သူတွေက အချင်းချင်း ကြည့်လိုက်မိပြီး သူတို့ရဲ့ အမူအရာတွေက အနည်းငယ် ထူးဆန်းလာတော့သည်။
ထိုအချိန်တွင် ကော်ဖီဆိုင်အ၀င်ဝရှိ ခေါင်းလောင်သံ ထွက်ပေါ်လာသည်။ တစ်ဝက် ဟနေသော တံခါးမှ လေတချက်တိုက်ခတ်လာပြီး သေးသွယ်သော အနက်ရောင်ကုတ်အကျီရှည် ဝတ်ဆင်ထားသည့် အရပ်ရှည်ရှည်နှင့်ချောမောသော အမျိုးသားတစ်ယောက်သည် ချောင်းမိုတို့ စားပွဲသို့ လျှောက်လာသည်။
ထိုလူ၏အသွင်အပြင်သည် အလွန်ဆွဲဆောင်နိုင်သည့်အပြင် သူ့ဘေးရှိ အော်ရာသည်လည်း အလွန်သန်မာလှပေသည်။ သူ့မျက်ဆံများက နက်ရှိုင်းလှကာ သတိမထားမိပါက မခုန်ထွက်နိုင်တော့ပဲ ထာဝရနစ်မြုပ်သွားတော့မည့်အလားပင်။ ထိုစားပွဲရှိလူများသည် ချက်ချင်း မတ်မတ်ထိုင်မိကာ လေထုသည်လည်း ယခင်ကလောက် မတက်ကြွတော့ပေ။
ထိုလူရောက်လာသည်ကိုမြင်သည်နှင့် ချောင်းမိုသည် ဝမ်းသာအားရ ထရပ်လိုက်ပြီး "မစ္စတာ ကျန်း၊ ရှင်ရောက်လာပြီပဲ "
ချောင်းမို ကျန်းလော့ကျစ်အား ပျော်ရွှင်စွာ လက်ယမ်းပြနေစဥ် ကျန်းလော့ကျစ်လည်း သူမကို ကြည့်လိုက်သည်။
ချောင်းမို၏ အပြစ်ကင်းစင်ပြီး နူးညံ့သော အပြုံးကို မြင်လိုက်ရတော့ ကျန်းလော့ကျစ် နှလုံးသားထဲရှိ မခံမရပ်နိုင်သော ဒေါသနှင့် ငြီးငွေ့မှုတို့က ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။
နေ့ဖက် ပက်လက်ကုလားထိုင်ပေါ် သက်တောင့်သက်သာ လဲလျောင်းရင်း ပြတင်းမှဖြတ်လာသော နေရောင်ခြည်နွေးနွေးတို့က သလင်းကျောက်သဖွယ်ကြည်လင်လှသော ရေစက်တွေအပြည့်နဲ့ ပွင့်ဖတ်များအပေါ်ကျရောက်သွားသယောင်ပင်။
မိုးစက်များကြောင့် တည်ငြိမ်သောရေကန်အပေါ်ယံတွင် လှိုင်းများပေါ်လာသလို ကျန်းလော့ကျစ်၏ မပြောင်းလဲသော မျက်နှာတွင် အပြုံးဖျော့ဖျော့ ပေါ်လာခဲ့သည်။
ကျန်းလော့ကျစ်၏ မျက်နှာသည် အလွန်ချောမောလှသည်မှာ ထိပ်တန်းသရုပ်ဆောင် ကြယ်ပွင့်များထက်ပင် ပို၍ အသေးစိတ်ကာ ကျက်သရေရှိလှပေသည်။ လူစုလူဝေးထဲမှာ လမ်းလျှောက်နေရင်တောင် သူသည် မျက်လုံးအဖမ်းစားနိုင်ဆုံးဖြစ်သည့်အပြင် မသိလိုက်ပဲ အခြားသူများ၏ အာရုံစိုက်မှုကို ဆွဲဆောင်မိလျက်သား ဖြစ်နေလိမ့်မည်။
သူ၏ အားကောင်းသော အပြုအမူကြောင့်သာ ရေခဲကန်ပတ်လည်ဝန်းရံနေသော ထာဝရနှင်းဖုံးတောင်တန်းသဖွယ်ဖြစ်နေခြင်းပင်။ ထို့အပြင် အချိန်ပြည့် အမူအရာမဲ့သော မျက်နှာက သူ့ကို ပို၍သီးခြားဖြစ်သွားစေသည်။
ထို့ကြောင့် အခြားသူများက မြင့်မားလှသော သူ့အဆင့်အတန်းကို သိထားရင်တောင် ပေါ့ပေါ့တန်တန် ချဉ်းကပ်ဝံ့ခြင်း မရှိကြပေ။ စုရှုကဲ့သို့သော ကျောင်းသားများအတွက်၊ ထိုကဲ့သို့ ပြင်းထန်သော ဩဇာအောက်တွင် တွေ့ရသည်မှာ ပထမဆုံးအကြိမ် ဖြစ်ခဲ့ပြီး ယင်းကို သဘာဝအတိုင်း ထိတ်လန့်မိသည်မှာ မလွဲမသွေဖြစ်သည်။
ထိုအချိန်တွင် ကျန်းလော့ကျစ်၏ မူလ ကြည့်ကောင်းလှသော ပုံစံကိုမီးမောင်းထိုးပြသည့်သဖွယ် အပြုံးတစ်ခု ရုတ်တရက် ပေါ်လာသည်။ သူ့တွင် ပြီးပြည့်စုံသော မျက်ခုံးတစ်စုံရှိပြီး သူ့မျက်နှာသည် နူးညံ့သိမ်မွေ့ပြီး အောက်မျက်ခွံရှိ မှဲ့သေးသေးလေးက သူ၏ ချောမောပြီးသားရုပ်ရည်ကို ဆွဲဆောင်မှုတိုးလာစေသည်မှာ ဆီဆေးပန်းချီကားမှ ထွက်သွားသည့် မြင့်မြတ်သော လူငယ်တစ်ယောက်ပမာ။ သူတို့အားလုံး ခဏတာ မှင်သက်သွားမိကြသည်။
ထိုအချိန်တိုလေးအတွင်း ကျန်းလော့ကျစ်သည် ချောင်းမို၏ နံဘေးသို့ လျှောက်သွားပြီးဖြစ်ကာ သဘာဝကျကျပင် ချောင်းမို နံဘေးရှိ ထိုင်ခုံကို ဆွဲထုတ်ကာ ထိုင်ချလိုက်သည်။ စားပွဲဝိုင်းမှာထိုင်နေတဲ့ ကျောင်းသားတစုကို ကြည့်လိုက်ပြီး “မင်း အတန်းဖော်တွေနဲ့ ညစာ စားနေတာလား။ "
ချောင်းမိုက ဘာမှ သတိမပြုမိပဲခေါင်းညိတ်ပြပြီး "သူတို့က ကျွန်မ သူငယ်ချင်းအသစ်တွေလေ။ "
ကျန်းလော့ကျစ်သည် သဘာဝကျသော ကိုယ်ဟန်အနေအထားဖြင့် ချောင်းမို၏ ဘေးတွင်ထိုင်ကာ အနည်းငယ်ခေါင်းညိတ်လိုက်ပြီး သူမ၏ထိုင်ခုံနောက်ဘက်တွင် သူ့လက်များကို ပေါ့ပေါ့ပါးပါးတင်ထားကာ "ငါ့ကို ဂရုမစိုက်နဲ့၊ မင်းကိုယ့်ဘာသာ စကားဆက်ပြောလို့ရတယ်။ "
ချောင်းမိုကို အနည်းငယ် ပြုံးပြပြီးနောက်တွင် သူ့ လက်အောက်ငယ်သားများ တင်ပြချက်ကို စောင့်နေသော တင်းမာပြီး ဂုဏ်သိက္ခာရှိသည့် သူဌေးတစ်ဦးပမာ သူမအနားတွင် ထိုင်နေခဲ့သည်။ သူ၏တည်ရှိနေရုံမျှဖြင့် ဘေးပတ်လည်တွင် ထိုင်နေသူများကို အစွန်းတွင်ရပ်နေရသည့်အလား တောင့်တင်းနေစေပြီး နဂိုက ပေါ့ပါးသောလေထုသည် ချက်ချင်းပျောက်ကွယ်သွားခဲ့သည်။
အတူတူထိုင်နေကြသော လူများက တစ်ယောက်နဲ့တစ်ယောက်ကြည့်ရင်း ရှဥ်သလိုလို ရွံ့သလိုလိုနှင့် မနေတတ် မထိုင်တတ်ဖြစ်ကာ ဘယ်လိုစကားဆက်ပြောရမည်ကို တွေးနေကြသည်။
စုရှု က ချောင်းမိုကို တိတ်တဆိတ် ခိုးကြည့်ပြီး အသံတိုးတိုးဖြင့် "မိုမို၊ ဒါတကယ် နင့်ရဲ့သူဌေးလား? နင် သူ့ကို ဘာလို့ မစ္စတာ ကျန်းလို့ခေါ်နေတာလဲ"
စုရှု၏ စိတ်လှုပ်ရှားနေမှုကြောင့် ချောင်းမိုက စိတ်ရှုပ်ထွေးစွာ တိုးတိုးပြောပြီး "သူ့ကို မစ္စတာ ကျန်းလို့ ခေါ်တာ တခုခုမှားနေလို့လား?”
“…”
စုရှု က စကားမပြောနိုင်တော့ပေ။ ကျန်းလော့ကျစ် သည် အိုမီဂါအားလုံးနီးပါး၏ အိပ်မက်ထဲမှ အယ်လ်ဖာတစ်ယောက်ကဲ့သို့ ဖြစ်ကြောင်း သူမသဘောပေါက်ခဲ့သည်။ ချစ်ဖို့ကောင်းတဲ့ ယုန်ဖြူလေးက သူ့သူငယ်ချင်းကို စိတ်မချဖြစ်နေပုံပဲ။
ချောင်းမိုသည် ပြင်းထန်သော ဖယ်ရိုမုန်း ရှိသော အယ်လ်ဖာတစ်ဦးဖြစ်သော်လည်း၊ တချက်ကြည့်လိုက်ရုံဖြင့် သူမသည် ရန်လိုမှုနှင့် အကွက်ချမှုတို့ မရှိသော ချိုမြိန်ပြီး ချစ်စရာကောင်းသည့် အယ်လ်ဖာအမျိုးအစားဖြစ်သည်။ သူမ၏ ဖယ်ရိုမုန်းသည် မည်မျှပင် အားကောင်းနေပါစေ၊ သူမ၏ သူဌေးကဲ့သို့ နက်နဲ ကြမ်းတမ်းပြီး ပြင်းထန်သော အယ်လ်ဖာလို လူတစ်ဦးနဲ့ ကြုံတွေ့ရရင် ဘယ်လိုလုပ်မလဲ။
ချောင်းမို၏ မသိနားမလည်ဘဲ ရှုပ်ထွေးနေသော မျက်နှာကို ကြည့်ရင်း၊ ချောင်းမို ဘာမှ သတိမထားမိသည်ကို သိလိုက်ရပြီး သူမကို သေလောက်သည်အထိ စိတ်ပူပန်စေသည်။
သူမသည် သူမ၏သူငယ်ချင်း၏ လိင်ပိုင်းဆိုင်ရာတိမ်းညွှတ်မှုကို လေးစားသော်လည်း၊ သူမ သူငယ်ချင်း၏ သူဌေးကဲ့သို့ ပြင်းထန်သော အယ်လ်ဖာသည် နှိပ်စက်မှုတွင်ပျော်မွေ့တတ်မည့် ရက်စက်ကြမ်းကြုတ်သော အယ်လ်ဖာတစ်ဦးဖြစ်ကြောင်း သေချာနေသည်။