နူးညံသော အမျိုးသမီးအရံဇာတ်ကောင် A နှင့် အာဏာရှင် အမျိုးသားဇာတ်လိုက် O
အပိုင်း ၁၃
တကယ်လို့ ချောင်းမိုသာ စုရှုတွေးနေသည်ကို သိပါက၊ သူမ၏ စိတ်ကူးနိုင်စွမ်းသည် အမှန်တကယ် ကောင်းမွန်တာပဲဟု တွေးမိကာ သက်ပြင်းချမိလောက်သည်။ သူမသည် ဇာတ်လမ်းကို ချက်ချင်း ခန့်မှန်းနိုင်လောက်အောင် အချစ်ဝတ္ထုများကို လေးလေးနက်နက် ဖတ်ရှုခဲ့လောက်သည်။
သို့သော် ယခုအချိန်တွင် ချောင်းမိုသည် ဘာမှမသိသောကြောင့် စုရှု၏ ပဟေဠိများဖြင့် ကစားရင်း စိတ်ရှုပ်ထွေးကာ အနည်းငယ် စိတ်လှုပ်ရှားနေပုံကိုသာ ကြည့်နေနိုင်တော့သည်။
ချောင်းမို၏ တစ်ဖက်တွင် ထိုင်နေသော ခဲ့မိုသည် အံကြိတ်ကာ သူ့မျက်နှာ နစ်မြုပ်သွားပြီး သူ့မျက်လုံးများထဲ မလိုလားမှု အနည်းငယ် ရှိနေသည်။
ဤလူချောသည် သူရောက်လာသည်နှင့် တပြိုင်နက် သူ၏ လွှမ်းမိုးနိုင်သော အနေအထားကို ပြသခဲ့သည်။ သူ၏ ချောင်းမိုအပေါ် ပိုင်စိုးပိုင်နင်းဖြစ်မှုကို ချက်ချင်း ထုတ်ပြသည်မှာ တင်စီးလွန်းလှသည်။ ချောင်းမို ပြောသလို သူတို့နှစ်ယောက်ကြား ရိုးရှင်းတဲ့ သူဌေး-လက်အောက်ငယ်သား ဆက်ဆံရးပဲရှိလိမ့်မယ်လို့ သူလုံးဝမယုံပေ။
တဖက်သူက ချောမောပုံရကာ သူ့ထက်အသက်ပိုကြီးပြီး ပိုတည်ငြိမ်သည့်အပြင် သူ့လက်တွဲဖော်ကို တည်ငြိမ်တဲ့ဘဝတခု ပေးစွမ်းနိုင်ပုံရပေမယ့် ခဲ့မိုကတော့ သူ့ကို သေချာပေါက် ရှုံးလိမ့်မယ်လို့ မထင်ဘူး။
ခဲ့မိုသည် ရှောင်မိုကဲ့သို့ မိန်းကလေးမျိုး တစ်ခါမှ မတွေ့ဖူးပေ။ သူမက သူ့ပညာလမ်းကြောင်းအပေါ် နက်နဲတဲ့ နားလည်မှုရှိသည်။ ဖြစ်နိုင်မယ်ဆိုရင် ချောင်းမိုနဲ့ ရေရှည်ဆက်ဆံရေးရှိဖို့ သူမျှော်လင့်သည်။
အခြားသူကို ချောင်းမိုက သူဌေးဟုခေါ်သောကြောင့် အောင်မြင်မှုအနည်းငယ်ရှိသော စီးပွားရေးသမားတယောက် ဖြစ်ရမည်။
ခဏလောက်စဉ်းစားပြီးနောက်၊ ခဲ့မိုသည် ကျန်းလော့ကျစ်ဆီသို့ သူ၏လက်ကို ဆန့်ထုတ်လိုက်ပြီး မျက်နှာပေါ်တွင် မှုန်ကုပ်ကုပ်အမူအရာဖြင့် “ဟယ်လို၊ ကျွန်တော်က ရှီးချန် တက္ကသိုလ် ဇီဝဗေဒဌာနမှ ခဲ့မိုပါ။ ဒီနေ့ ဆရာက ဟောပြောပွဲလုပ်ဖို့ ဒီကိုလာခဲ့တာ။ ကျွန်တော့်ဆရာက ချောင်းမိုကို အရမ်းချီးကျူးနေတာလေ။ စီနီယာတစ်ယောက်အနေနဲ့ ကျွန်တော့်ရဲ့ ရှစ်မေ့ကနဲ့ ရင်းနှီးဖို့ ကြိုလာခဲ့လိုက်တာပါ။ လူကြီးမင်း ဘာအလုပ် လုပ်လဲဆိုတာ ကျွန်တော် မေးခွင့်ရှိမလား?”
ရှီးချန် တက္ကသိုလ်ရှိ ဇီဝဗေဒဌာနသည် တရုတ်နိုင်ငံတွင် အလွန်ကျော်ကြားပြီး အစိုးရအတွက် သိပ္ပံပညာရှင်များစွာကို နှစ်စဉ် လေ့ကျင့်ပေးနေသည်ဟု ဆိုနိုင်သည်။
ဇီဝဗေဒဌာနမှ လူသိများသော ပရော်ဖက်ဆားတစ်ဦးသည် သင်ခန်းစာများ ပို့ချရန် မိခင်တက္ကသိုလ်ထံသို့ ရံဖန်ရံခါ ပြန်လာလေ့ရှိသည်။ သူ၏ ဓာတ်ခွဲခန်းအဖွဲ့သို့ ဝင်ရောက်နိုင်ခြင်းသည် အခြေခံအားဖြင့် အစိုးရ၏ သီးသန့် သိပ္ပံဆိုင်ရာ သုတေသီအဖြစ် ခန့်အပ်ခံရခြင်းနှင့်ညီပြီး ထိုပုဂ္ဂိုလ်၏ အကန့်အသတ်မဲ့ အနာဂတ်ကိုလည်း ကိုယ်စားပြုသည်။
ကျန်းလော့ကျစ်သည် ထိုစကားကြောင့် ခဲ့မိုသည် သူ၏အောင်မြင်မှုများကို ဖော်ပြနေမှန်း သိလိုက်သည်။ တခြားသူက သူ့ကို ချောင်းမိုရဲ့ လက်တွဲဖော်အဖြစ် အထင်လွဲပြီး သူနဲ့ ချောင်းမိုဟာ တစ်ယောက်နဲ့တစ်ယောက် မသင့်တော်သလို သူတို့မှာ ဘာမှ တူညီမှုမရှိဘူးလို့ ထောက်ပြနေခြင်းသာ။
သူနဲ့ ချောင်းမို မဖြစ်နိုင်မှန်း ကျန်းလော့ကျစ် သိသော်လည်း လေထဲရှိ ခဲ့မို၏ ထူးခြားသော အယ်လ်ဖာ ဖယ်ရိုမုန်းက သူ့ကို အစွမ်းမရှိသော အိုမီဂါဟု လှောင်ပြောင်နေသလို ခံစားလိုက်ရကာ မကျေနပ်မှု တစွန်းတစ ဖြစ်လာခဲ့သည်။
သူနဲ့ ချောင်းမို ကြားက စာချုပ်က တစ်နေ့မှာ ရပ်စဲပြီး ချောင်းမိုက တခြားမိသားစုကို ဖွဲ့မယ်ဆိုရင်တောင် သူ့ရှေ့က အယ််ဖာက မသင့်တော်ဘူး။
ဒါ့ထက်...
ကျန်းလော့ကျစ်ရဲ့ မျက်လုံးတွေက ချောင်းမိုကို ဖြတ်ခနဲ ကြည့်လိုက်ရာ သူ့ရဲ့ နက်မှောင်တဲ့ မျက်လုံးတွေထဲတွင် ရှားရှားပါးပါး နူးညံ့မှု အရိပ်အယောင် ရှိနေခဲ့သည်။
ချောင်းမို ကဲ့သို့သော ရိုးရှင်းပြီး လှပသော အိုမီဂါအမျိုးသမီးသည် လှည့်စားခံရနိုင်ခြေအများဆုံးဖြစ်သည်။ ကျန်းလော့ကျစ်က ဒါကို တွေးထားပြီးသားပင်။ ချောင်းမိုက သူနဲ့ အချိန်အတော်ကြာ အတူရှိနေခဲ့တဲ့ သူတစ်ယောက်လို့ မှတ်ယူနိုင်ပးတယ်။ သူမသည် အနာဂတ်တွင် အိမ်ထောင်ပြုပြီး ကလေးယူလိုပါက သူ သူမအတွက် ရှာပေးမည်ဖြစ်သည်။ သို့မှသာ သူမလှည့်စားမခံရမည်သာပင်။
ဒါကိုတွေးတောရင်း ကျန်းလော့ကျစ်က သူ့အကြည့်တွေကို ပြန်ရုတ်လိုက်ပြီး ခဲ့မိုကို နက်မှောင်တဲ့မျက်လုံးတွေနဲ့ စိုက်ကြည့်ရင်း “ချွမ်းရှီအုပ်စုရဲ့ ဒါရိုက်တာအဖွဲ့ဝင် ကျန်းလော့ကျစ် ” လို့ပေါ့ပေါ့ပါးပါးနဲ့ ပြောလိုက်တယ်။
ကျန်းလော့ကျစ်သည် ဖယ်ရိုမုန်း၏အရိပ်အမြွက်ကိုပင် ထုတ်မပြသော်လည်း သူ၏ကြီးကျယ်သော အော်ရာသည် ခဲ့မိုကို အသက်ရှူကြပ်သွားစေသည်။
ခဲ့မိုနောက်မှ ကျောင်းသားနှစ်ဦးသည် အလိုအလျောက် သက်ပြင်းရှိုက်လိုက်မိကြသည်။ ခဏတဖြုတ်သာဖြစ်သော်လည်း ကျန်းလော့ကျစ်နဲ့ ခဲ့မိုတို့ကြောင့် သတိလက်လွတ်ဖြစ်သွားခဲ့သည်။
ကျန်းလော့ကျစ်က သူတို့နှစ်ယောက်ကို အေးစက်စွာ တစ်ချက်ကြည့်လိုက်သည်နှင့် ချက်ချင်း ခေါင်းငုံ့လိုက်ကြသည်။ ခဲ့မို၏ မျက်လုံးများက ရှုံးနိမ့်မှုကို ဝန်မခံလိုသည့် အရိပ်အယောင် ပြနေသည်၊။
ချွမ်းရှီလုပ်ငန်းစုသည် စီးပွားရေးလောကတွင် နံပါတ် ၁ ဖြစ်သည်ဟု ဆိုနိုင်သည်။ ရှီးချန်၏ ကျန်း မိသားစုအကြောင်း လူတိုင်းကြားဖူးသည်။
သူ့အမည်မှာလည်း ကျန်း ဖြစ်ပြီး ချွမ်းရှီ၏ ဒါရိုက်တာဘုတ်အဖွဲ့ဝင်လည်းဖြစ်သည်။ သူ၏ အဆင့်အတန်းနှင့် သရုပ်ကို ကိုယ်တိုင်သက်သေပြပြီးဖြစ်သည်။ သူက ဒီတိုင်း ချမ်းသာတဲ့ စီးပွားရေးသမားသာမျှ မဟုတ်ပေ။
သူပြောတာကိုကြားတော့ ဝိုင်းထိုင်နေသူတွေက ဒီနှစ်နှစ်အတွင်း ရှီးချန်က အသက်အငယ်ဆုံးနဲ့ အချမ်းသာဆုံး စီးပွားရေးသမားအကြောင်း မီဒီယာ တွေဖော်ပြတာကို သတိရလိုက်မိကြသည်။ အဲ့ဒီသူကလည်း မျိုးရိုးနာမည် ကျန်းပဲမလား?
တကယ်လို့သာ ခဲ့မိုဟာ ပရော်ဖက်ဆာရဲ့ အထင်ကြီးလေးစားမှုခံရတဲ့သူဆိုရင်တောင် ကျန်းလော့ကျစ် လောက် မတော်သေးပေ။
အကြောင်းမှာ သူတို့သိသလောက် ပရော်ဖက်ဆာသည် သူ၏ကိုယ်ပိုင်ဓာတ်ခွဲခန်းအဖွဲ့ကို ဖန်တီးရန် မကြာသေးမီက ချွမ်းရှီအုပ်စုမှ စပွန်ဆာ ရယူလိုသောကြောင့် ဖြစ်သည်။ သူသည် ချွမ်းရှီအုပ်စုမှလူများကိုပင် ယဉ်ကျေးစွာဆက်ဆံနေသေးသည်။ အကယ်၍ သူသာ စပွန်ဆာကို ရလိုက်ပါက ခဲ့မိုသည် အနာဂတ်တွင် ကျန်းလော့ကျစ်ကို သူဌေးလို့ ခေါ်ရမည်သာ။
"မစ္စတာကျန်း၊ မင်းနဲ့တွေ့ရတာ ဂုဏ်ယူမိပါတယ်"
သူပြန်လည်မသင့်မြတ်လိုသော်လည်း၊ ပရော်ဖက်ဆာ၏စမ်းသပ်ချက်သည် အလွန်အရေးကြီးကြောင်း ခဲ့မို သိထားပြီး ယခုအချိန်တွင်တော့ ကျန်းလော့ကျစ်အား စော်ကားဝံ့ခြင်းမရှိသောကြောင့် ကျန်းလော့ကျစ်အား တုံ့ဆိုင်းစွာပြုံးပြလိုက်သည်။
ချောင်းမိုသည် ကျန်းလော့ကျစ်ကို ကြည့်ပြီး ခဲ့မိုကို ထပ်ကြည့်ကာ သက်ပြင်းမချပဲ မနေနိုင်ပေ။ ဒါကလည်း နှစ်ပေါင်းများစွာကြာအောင်ပင် အချစ်ဝတ္ထုလောကတွင် ဘယ်တော့မှ ရိုးမသွားမည့် သူဌေးတစ်ဦး၏ ကျက်သရေတစ်မျိုးကြောင့်ပဲဟု တွေးနေမိတော့သည်။
ကျန်းလော့ကျစ်သည် နိုင်လိုမင်းထက်ပြုမူတတ်သော အာဏာရှင် အမျိုးသားဇာတ်လိုက်တစ်ဦးဖြစ်ထိုက်သည်။ သူ့နာမည်ကို ရိုးရိုးလေးပြောရုံနဲ့ ဒီကျောင်းသားတွေကို တလေးတစားနဲ့ ရိုရီုသေသေ ပြုမူလာစေသည်။
ဒါ ပိုက်ဆံရဲ့ ဂုဏ်ရည်ကြောင့်လည်း ဖြစ်လောက်သည်။
ဘာဖြစ်ဖြစ် သူ့နာမည်ရှေ့မှာတော့ အချမ်းသာဆုံးသူဆိုတဲ့ ခေါင်းစဥ်က ရှိနေတာပဲလေ။
အခု ချောင်းမိုက ကျန်းလော့ကျစ်ရဲ့ ပိုက်ဆံဆိုတဲ့ သန့်စင်တဲ့ အလင်းရောင်အောက် လဲလျောင်းနေသလိုပင်။ သူမထက် ဘယ်သူမှ ပိုပြီး မပြောနိုင်ကြဘူး။ သူမ အကြိုက်ဆုံးကတော့ ကျန်းလော့ကျစ်ရဲ့ အေးစက်စက်အကြည့်နဲ့ သူ့ကတ်ကိုထုတ်လိုက်ပြီး တုံ့ဆိုင်းမှုမရှိ ပွတ်ဆွဲလိုက်တဲ့ အခိုက်အတန့်ပဲ။
ရိုးရိုးရှင်းရှင်းလေးနဲ့ ချောမောတယ်။
ချောင်းမိုရဲ့ အမူအရာကို ကျန်းလော့ကျစ်မြင်တော့ ချောင်းမိုက ပိုပိုပြီး စိတ်ဓါတ်ကျလာစဥ် ကျန်းလော့ကျစ်၏ ထာဝစဥ်အေးခဲနေသည့် မျက်နှာကတော့ အနည်းငယ်နူးညံ့လာခဲ့သည်။
ကော်ဖီက အရေးမပါတော့တဲ့ အချိန်လည်းကျရော လူတိုင်းက နှုတ်ဆက်လိုက်ကြတော့သည်။
မသွားခင် ခဲ့မိုက ကျန်းလော့ကျစ်ကို " ချောင်းမိုက အရမ်းကောင်းတဲ့သူတစ်ယောက်ပါ၊ မစ္စတာ ကျန်း သူမကို တန်ဖိုးထားမယ်လို့ မျှော်လင့်ပါတယ် "
ကျန်းလော့ကျစ် ရပ်တန့်ပြီး ခဲ့မိုကို အေးစက်သော အမူအရာဖြင့်ကြည့်လိုက်သည်။
" ဒါ ငါနဲ့ ချောင်းမိုကြားက အတွင်းကိစ္စပါ။ အဲ့တာကြောင့် မင်း ပတ်သတ်စရာအကြောင်းမရှိဘူး မစ္စတာ ခဲ့မို "
ပြောပြီးနောက် ကျန်းလော့ကျစ်သည် ချောင်းမိုကို ခေါ်သွားကာ ဆိုးရွားသော အမူအရာဖြင့် ခဲ့မိုကို ချန်ထားခဲ့သည်။
ကားအနီးသို့ ရောက်သွားသောအခါ ချောင်းမို အာရုံပြန်ကပ်လာပြီး " စီနီယာခဲ့က ဘာလို့ အဲ့လို ပြောတာလဲ " ဟု ထူးဆန်းစွာ မေးလိုက်သည်။
ကျန်းလော့ကျစ်သည် ချောင်းမိုကို စိုက်ကြည့်ရင်း ချောင်းမို၏ မျက်နှာပေါ်ရှိ အရိပ်အယောင်ကို ဂရုတစိုက် အကဲခတ်နေသည်။ သူတွေ့လိုက်ရတာက ချောင်းမို၏ မျက်လုံးများသည် တုံးအအ ယုန်လေးလို ဖြူစင်သန့်ရှင်းသော မျက်လုံးအစုံဖြင့် ရှုပ်ထွေးမှုအနည်းငယ်ထင်ဟပ်နေခြင်းသာဖြစ်၏။
ချောင်းမို၏အမူအရာကြောင့် သူရယ်ချင်လာကာ သူမကို ပြန်ဖြေမည့်အစား ပြန်မေးခဲ့သည်။ "မင်းဘယ်လိုထင်လို့လဲ"
ချောင်းမိုသည် ခဲ့မို၏ ရည်ရွယ်ချက်များကို မမြင်နိုင်ခဲ့သောကြောင့် ၎င်းကို သူမ သတိပြုမိရန်လည်း လုပ်ဖို့ မလိုအပ်တော့ပေ ယင်းသည် သူ့ကိုယ်သူ မကျေမနပ်ချက်ကိုသာ တိုးလာစေခဲ့သည်။
ချောင်းမိုသည် ထိုမေးခွန်းကြောင့် အံသြသွားကာ ခဏလောက် မျက်မှောင်ကြုတ်လိုက်သည်။
ချောင်းမိုသည် တစ်ဖက်သူနှင့် ကော်ဖီဆိုင်တွင် ဇီဝဗေဒအကြောင်း လေးလေးနက်နက်ဆွေးနွေးခဲ့တာကို တွေးရင်း သူမသည် နားလည်သွားကြောင်း လက်ခုပ်တီးလိုက်ကာ “ အဲ့တာက စီနီယာခဲ့မိုက ကျွန်မရဲ့အရည်အချင်းကို အရမ်းသဘောကျသွားပြီး ကျွန်မကို သူ့စမ်းသပ်ခန်းနဲ့ ပူးပေါင်းစေချင်တာ ဖြစ်ရမယ်။ အဲ့တာမလို့ သူဌေးကျွန်မကို ပိုပြီးကောင်းကောင်းဆက်ဆံအောင် ဒီလိုပြောခဲ့တာ…တကယ်လို့ လစာလေးသာ နည်းနည်းလောက်ဖြစ်ဖြစ်ပေါ့နော် တိုးလာမယ်ဆိုရင် ကျွန်မရဲ့ပါရမီကို သူဌေးအတွက်ကိုယ်ဘာ့သာ ထိန်းသိမ်းထားလို့ရတာပေါ့။”
" မစ္စတာ ကျန်း၊ ကျွန်မပြောတာ မှန်တယ်မလား? “
သူမ၏ အတွေးများက သူမ မျက်နှာပေါ်တွင် ရှင်းရှင်းလင်းလင်း ရေးထားသလို ပေါ်နေစဥ် ချောင်းမိုသည် သူမ၏ လက်မနှင့် လက်ညိုးကို ပွတ်သပ်ရင်း ကျန်းလော့ကျစ်ကို မျှော်လင့်တကြီး ကြည့်လိုက်သည်။
သို့သော် ဤသို့ ဂရုတစိုက်တွက်ချက်မှုမျိုးသည် လူများကို စက်ဆုပ်မှုမဖြစ်စေဘဲ ထိုအစား အလွန်ချစ်စရာကောင်းသည်ဟုသာ ခံစားရစေသည်။
ကျန်းလော့ကျစ်၏ အမူအရာမှာ သူနားချခံလိုက်ရသည့်အလား ရှင်းလင်းနေကာ သူခေါင်းညိတ်လိုက်ပြီး “မင်းပြောတာမှန်တယ်၊ သူတို့က မင်းလို အရည်အချင်းရှိတဲ့ လူမျိုးကို ခေါ်ချင်နေတာ။ မင်းရဲ့လစဉ်လစာကို ယွမ်ခြောက်သောင်းလောက်ထိ တိုးပေးလိုက်ရင်ရောဘယ်လိုလဲ အဲ့လောက်နဲ့ဆို ငါမင်းကို အနိုင်ရလိုက်ပြီး တခြားကိစ္စတွေပါ လုပ်ပေးဖို့ လုံလောက်လား? “
ချောင်းမိုသည် သက်ပြင်းရှိုက်လိုက်မိပြီး တလက်လက်တောက်ပနေသော မျက်လုံးအစုံဖြင့် ကျန်းလော့ကျစ်ကို ကြည့်လိုက်သည်။
သူမသည် အစမ်းသဘောသာ ပြောခဲ့သော်လည်း ကျန်းလော့ကျစ်သည် တကယ်ကြီး သူမအား ပေါ့ပေါ့တန်တန် ပင် လစာတစ်သောင်းတိုးပေးမည်ဟု ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ပေ။
ယခု သူမသည် ကျန်းလော့ကျစ်မှာ သူမ၏ ရွှေငန်းဖြစ်ကြောင်း သတ်မှတ်လိုက်ပြီး သူမသည် အနာဂတ်တွင် ကျန်းလော့ကျစ်၏ ပေါင်များကို ခိုင်မြဲစွာ ဆုပ်ကိုင်ထားရမည်ဟု ဆုံးဖြတ်လိုက်သည်။ ကျန်းလော့ကျစ်ကို ဆိုးဆိုးရွားရွား ဆက်ဆံတဲ့သူမှန်သမျှ သူ့ကံကြမ္မာ ပျက်စီးစေရမယ်။
" မစ္စတာ ကျန်း၊ ဒါ... ဒါကို ဘယ်လိုလုပ် လက်ခံနိုင်ပါ့မလဲ...ကျွန်မ... ကျွန်မ ဘာမှ မလုပ်ထားပေးခဲ့ဘူးလေ။ "
ချောင်းမိုက ယွမ် ၆၀၀၀၀ လစာကို အလွန်ကျေနပ်နေသော်လည်း သူမ ပါးစပ်ကတော့ ယဥ်ကျေးနေဆဲပင် " ရှင် ဘာလို့ ဒီတိုင်း မထားလိုက်တာလဲ? "