အပိုင်း ၁၇
Viewers 424

နူးညံသော အမျိုးသမီးအရံဇာတ်ကောင် A နှင့် အာဏာရှင် အမျိုးသားဇာတ်လိုက် O


အပိုင်း ၁၇




ချောင်းမိုသည် ကျန်းလော့ကျစ်မှာ သူ့မာနကြောင့်  ဒီလိုရှက်စရာကောင်းတဲ့ အနေအထားမျိုးကို မတွေ့စေချင်၍ ငြင်းဆန်နေသည်ဟု ထင်ပြီး " ကျွန်မ ရှင့်ကို ကူပေးမယ် "



ကျန်းလော့ကျစ်သည် မြေပြင်ပေါ်သို့ လဲကျသွားပြီး ထေ့ငေါ့ငေါ့ ပြုံးလိုက်သည်။



ပျက်စီးလုနီးပါး ခန္ဓာကိုယ်က ဖြစ်ပေါ်လာတဲ့ heat ကာလနဲ့ ဖယ်ရိုမုန်း ကစဥ့်ကလျား ဖြစ်မှုက သူထင်ထားတာထက် ပိုကြောက်စရာကောင်းသည်။ အယ်လ်ဖာ၏ ဖယ်ရိုမုန်းနဲ့ နှစ်သိမ့်ပေးတာမျိုး မရှိသရွေ့ သူ့ ခန္ဓာကိုယ်က အခုကဲ့သို့ ဆက်လက် ယိုယွင်းနေဦးမည်သာ ဖြစ်သည်။



နောက်တစ်စက္ကန့်မှာ လုံးလုံးကွဲထွက်သွားတော့မည့် အစွမ်းကုန် ဆွဲဆန့်ထားသော ကြိုးတချောင်းလိုပင်။



သူသည် ညစ်ပတ် လောဘကြီးသော မရောင့်ရဲနိုင်သည့် အိုမီဂါတစ်ယောက် ဖြစ်လာလိမ့်မည်။



တစ်နည်းဆိုရသော်၊ သူသည် သူ ရွံရှာရဆုံးသော အသွင်အပြင်၊ အယ်လ်ဖာကို တောင်းဆိုနေဖို့ လိုအပ်သော အိုမီဂါမျိုး၊ ရှင်သန်ရန်အတွက် အခြားသူများ၏ ကစားခြင်းကို ခံရမည့်သူမျိုး ဖြစ်လာလိမ့်မည်။



အခုလို အိုမီဂါဖယ်ရိုမုန်း နည်းနည်းလေးကြောင့် သူ့ရဲ့ heat ကာလကို အစပျိုးနိုင်လိုက်သလိုမျိုးသာဖြစ်၏။ သူ  ဓါတ်လှေကားထဲသို့ ရောက်အောင်သွားနိုင်ပြီး အိပ်ခန်းထဲမှ ထိုးဆေးကိုယူနိုင်သရွေ့ အခု ပရမ်းပတာဖြစ်နေသမျှအားလုံး အဆင်ပြေသွားလိမ့်မည်။



သို့ရာတွင် ပုံမှန်ဆို နှစ်လှမ်း သုံးလှမ်းလောက်နဲ့ ရောက်သွားမည့် ဓါတ်လှေကားက ဒီနေ့မှာတော့ ဘယ်နည်းနဲ့မှ မတက်လှမ်းနိုင်မည့် အဝေးမှ တောင်တတောင်ပမာ ဖြစ်နေတော့သည်။



အကယ်၍ သူသာ ဆက်ပြီးတောင့်ခံနေမယ်ဆိုရင် heat ကာလက လုံးဝ ပေါက်ကွဲပေါ်ထွက်လာပြီး ချောင်းမိုရှေ့ ဒီ ညစ်ပတ်မှောင်မဲသော ဂိုထောင်တွင် သူ၏ ရွံရှာဖွယ်တစ်ဖက်ခြမ်းကို ပြသသွားမိနိုင်ပေသည်။



အရှက်ရမှုကြောင့် ကျန်းလော့ကျစ်သည် ထပ်ကြိုးစားကြည့်ရန် ရုန်းကန်လာပြန်သည်။



သို့သော် သူ့ခန္ဓာကိုယ်ရဲ့ သဘာဝ ဗီဇကို မခုခံနိုင်ပေ။ သူ့ခန္ဓာကိုယ်သည် တခြား အိုမီဂါများထက်ပင် ပိုပြီး နုနယ်သောကြောင့် heat ဝင်ခါနီး အရိပ်အယောင်များ စတင် ပြသလာချိန်မှာပဲ သူ့ရဲ့ ခွန်အားမှန်သမျှ ဆုံးရှုံးသွားတော့သည်။



ကျန်းလော့ကျစ်သည် ပြင်းပြင်းထန်ထန် မောဟိုက်နေသော်လည်း သူ မထနိုင်ပဲ ရှက်ရွံ့စွာ လဲကျနေရုံသာ တတ်နိုင်သည်။



ဘေးမှာရပ်ပြီး အားလုံးကိုကြည့်နေတဲ့ ချောင်းမိုဟာ ကျန်းလော့ကျစ်ရဲ့ဂုဏ်သိက္ခာတွေဘာတွေကို ဂရုမစိုက်နေတော့ပဲ သူ့ကိုဖမ်းဖို့ အမြန်လက်ဆန့်လိုက်သည်။



အသက်ရှင်ရန် ရုန်းကန်နေသော်လည်း မလွတ်မြောက်နိုင်သေးသည့် လှပသောသားကောင်ကဲ့သို့ ကျန်းလော့ကျစ်သည် ချောင်းမို၏ လက်တွင်းသို့ ပြုတ်ကျကာ ဆို့နင့်နေသည့် အော်သံသဖွယ်သာ အသံပြုနိုင်တော့သည်။



"မစ္စတာ ကျန်း၊ ဘဝမှာ အိုမင်းမှု၊ နာမကျန်းမှု၊ သေဆုံးမှုတွေဟာ သာမန်လူတွေရဲ့ အခြေအနေပဲမလို့ ရှက်နေဖို့မလိုပါဘူး။ "



ချောင်းမိုသည် ကျန်းလော့ကျစ်၏ ခါးကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပြီး လက်မောင်းတွေကြားထဲ ဖက်ထားသည့်အတွက် သူ့အသားအရည်မှာ ယခင်ကထက်ပင် ပို၍ ဖွေးစုတ်လာပြီး ကြည့်ရသည်မှာ ပိန်ပါးပြီး နူးညံ့နေသယောင် ထင်ရသည်။ သူမ၏အသံသည် နူးညံ့သိမ်မွေ့ပြီး တည်ငြိမ်နေကာ၊ သူမ၏အကြည့်များသည်လည်း သန့်စင်သော ကြင်နာမှုများနှင့်သာ ပြည့်နှက်နေသောကြောင့် အမှောင်ထဲသို့နစ်မြုတ်နေသော ကျန်းလော့ကျစ်၏ နှလုံးသားကို နူးညံ့စေခဲ့သည်။



" ချောင်းမို "



ကျန်းလော့ကျစ်သည် မျက်လုံးမှိတ်ကာ ချောင်းမိုပုခုံးပေါ် အားလျော့စွာ မှီထားရင်း " ငါတောင်းပန်ပါတယ် "



Heat ကာလသည် ကျန်းလော့ကျစ် ခန္ဓာကိုယ်ကို ထပ်ခါထပ်ခါ ဖျက်ဆီးရင်း ငရဲသွားသည့်လမ်းပေါ်သို့ တွန်းပို့နေခဲ့သည်။

" ငါ့ကို အိပ်ခန်းထဲ လိုက်ပို့ပေးပါ "



ချောင်းမိုသည် သဘောမတူသည့်ဟန်ဖြင့် မျက်မှောင်ကြုတ်ကာ " မစ္စတာ ကျန်း၊ ရှင် ဆရာဝန်ပြသင့်တယ်။ "



သူ့နှုတ်ခမ်းထောင့်များ အဓိပ္ပာယ်မဲ့ ပင့်တက်သွားပြီး " ရတယ်၊ အိပ်ခန်းထဲမှာ ဆေးရှိပြီးသား။ ငါဆေးသောက်လိုက်တာနဲ့ အဆင်ပြေသွားလိမ့်မယ်။ "



ချောင်းမိုသည် ကျန်းလော့ကျစ်၏ စကားများထဲမှ စစ်မှန်မှုကို သေချာစေချင်သည့်အလား သူ့မျက်လုံးများထဲ စိုက်ကြည့်နေသည်။



ကျန်းလော့ကျစ်၏ ချောက်ပမာ နက်မှောင်သော မျက်လုံးအစုံကလည်း ချောင်းမိုကို ခါတိုင်းလို တည်ကြည်စွာ ပြန်ကြည့်နေလေသည်။



သို့သော်လည်း အကြောင်းတစ်ခုခုကြောင့် ချောင်းမို သည် ကျန်းလော့ကျစ် ငိုတော့မည်ဟူသော အူကြောင်ကြောင် ခံစားချက်မျိုး ခံစားလိုက်သည်။



"ချောင်းမို" ကျန်းလော့ကျစ်က သူ့ကိုယ်သူ လှောင်ရယ်ရင်း သူမကို ခေါ်လိုက်သည်။ "လာ၊ မင်း ငါ့ကို တောင်းပန်စေချင်တာလား။ ငါဒီမှာကြာကြာနေမယ်ဆိုရင် ငါ့ကိုယ်ငါ အရူးလို လုပ်မိသွားလိမ့်မယ်"



အခုအချိန်မှာ ချောင်းမိုဟာ သူနဲ့လိင်တူအိုမီဂါဖြစ်မှန်း သူသိနေတာတောင်မှ ကျန်းလော့ကျစ်သည် သူမကို နမ်းချင်သလို၊ အားနည်းတဲ့ခြေထောက်တွေနဲ့ သူမကို ရစ်ပတ်ထားချင်သလို၊ သူမကို သာယာစေချင်သလို၊ ချောင်းမိုကို သူနဲ့အတူ နစ်မွန်းသွားစေလိုသည့် ရှက်ဖို့ကောင်းသော အတွေးများ ဖြစ်ပေါ်နေခဲ့သည်။



ဆေးသောက်ဖို့ အိပ်ခန်းထဲ အမြန်မပြန်ရင် သူ သူမကို ကြောက်လန့်သွားစေမိလိမ့်မယ်။



ချောင်းမိုသည် ကျန်းလော့ကျစ်ကို ပွေ့ဖက်ပြီး ဓာတ်လှေကားဆီသို့ လျှောက်သွားလိုက်သည်။



သူမသည် ကျန်းလော့ကျစ်ထက် အရပ်ပုပြီး သူ့ထက်ပင် ပိန်ပါး သေးသွယ်သော်လည်း သူမ သူ့ကို ကိုင်လိုက်ချိန်တွင် ကျန်းလော့ကျစ်၏ တစ်ကိုယ်လုံး အလေးချိန်ကို မြဲမြဲထိန်းကိုင်နိုင်ပြီး ဓာတ်လှေကားထဲသို့ ခြေနှစ်လှမ်း သုံးလှမ်းဖြင့် ရောက်သွားခဲ့သည်။



ကျန်းလော့ကျစ်သည် ချောင်းမိုရဲ့ ခွန်အားကြောင့် မအံ့သြခင်မှာ ချောင်းမိုက "ရှင် နေမကောင်းဖြစ်နေတာ ကြာပြီလား?"



ကျန်းလော့ကျစ်သည် ခဏလောက် တန့်သွားပြီးမှ  "ဟုတ်တယ်၊ တော်တော်ကြာပြီ။ အသက်ဆယ့်ခြောက်နှစ်လောက်ထဲကပဲ။ "



သူပြောသည်ကို ကြားပြီးနောက် ချောင်းမို တိတ်ဆိတ်သွားခဲ့သည်။ ကျန်းလော့ကျစ်က အသက် ဆယ့်ခြောက်လောက်ထဲက နေမကောင်းစဖြစ်နေခဲ့သည်။ ပြီးတော့ သူနေမကောင်းတဲ့အချိန်တိုင်းမှာလည်း အဖျားကြီးပြီး သူ့အတွက် ကြိုပြင်ထားတဲ့ ဆေးလည်းရှိနေပြီးသားဖြစ်သည်။ ကျန်းလော့ကျစ်ကို ကြည့်ရသည်မှာ အဲ့တာကို အသားကျနေသကဲ့သို့ပင်။ ဒါကဘမျိုးရိုးလိုက်ရောဂါလား၊ နာတာရှည်ရောဂါမျိုးလား?



" ရှင့် ခုလိုကြောင့် ပိုင်ယွဲ့ကွမ်းကို အေးစက်စက် ဆက်ဆံနေတာလား?"



ချောင်းမိုသည် စားသောက်ဆိုင်မှာတုန်းက ကျန်းလော့ကျစ်၏ ပြုမူပုံကို ချက်ချင်းပင် သတိရလိုက်ပြီး ထိုကဲ့သို့ ကျန်းလော့ကျစ်၏ အမှိုက်ဆန်ဆန် အကျင့်စရိုက်အတွက် အဖြေရှာတွေ့သွားခဲ့သည်။



သူ့ရဲ့ သေလုနီးပါးဖြစ်နေသော ရောဂါအခြေအနေကိုရှာတွေ့သွားပြီးတဲ့နောက် ဇာတ်လိုက်မကို တွန်းထုတ်ချင်လို့ ခုလိုပြုမူတာမျိုးဆိုရင် သူ့အပြုအမူအတွက် အဖြေရပြီးသာဖြစ်၏။



ကျန်းလော့ကျစ်သည် ချောင်းမိုခုလို မေးလာမယ်လို့ မထင်ထားပေ။ အနည်းငယ် အဓိပ္ပာယ်မရှိသည်ဟု ခံစားလိုက်ရပြီး " ဟုတ်တယ်။ ဒါပေမယ့် ဒီဟာကြောင့်ချည်း သပ်သပ်တော့ မဟုတ်ဘူး။ "



ချောင်းမို ကျန်းလော့ကျစ်၏ စကားလုံးများကို မတွေးနိုင်ခင် နှစ်ဦးသား အိပ်ခန်းတွင်းသို့ ရောက်လာကြသည်။



ဒီတကြိမ်မှာတော့ ကျန်းလော့ကျစ်က ချောင်းမိုကို နေဖို့တောင်းဆိုကာ " ချောင်းမို၊ ငါ့ကို နည်းနည်းကူညီပေး "



ကျန်းလော့ကျစ်သည် အိပ်ယာဘေး အံဆွဲထဲမှ ဆေးထိုးအပ်နှင့် ဆေးကို ထုတ်လိုက်ပြီး ဆေးရည်ကို ဆေးထိုးပြွန်ထဲ ကျွမ်းကျင်စွာခည့်လိုက်သည်။ သူဆေးထိုးအပ်ကို ချောင်းမိုဆီ ပေးလိုက်ကာ ချောင်းမိုဖက် ခေါင်းလှည့်လိုက်ပြီး ငန်းလည်တိုင်ပမာ သူ၏ ကျက်သရေရှိသော ဖြူဖွေးသည့်လည်တိုင်ကို ပြသရင်း " ဘယ်ကိုထိုးရမယ်ဆိုတာ မင်းသိတယ်မလား? "



အခု ကိစ္စတွေက ဒီလိုဖြစ်လာမှတော့ သူ ချောင်းမိုကို ဖုံးကွယ်ထားဖို့ အစီအစဥ်မရှိတော့ပေ။ သူတကယ့်ကို တစ်စုံတစ်ယောက်စီက အကူအညီ နည်းနည်းတော့ လိုအပ်ပေသည်။



ကျန်းလော့ကျစ်သည် ခေါင်းအုံးပေါ် ခေါင်းချရင်း ကုတင်ပေါ်တွင် လဲလျောင်းနေပြီး ချောင်းမိုကို ဘေးတိုက်ကြည့်နေခဲ့သည်။ ထူထဲပြီး နက်မှောင်သော မျက်ခုံးများ အနည်းငယ် ပင့်တက်နေပြီး သူ့မျက်လုံးများ၏ အဆုံးသတ်သည် သေးငယ်သော ချိတ်တစ်ခုပမာ ဖြစ်နေလေသည်။ ထို့အပြင် အောက်မျက်ခမ်းစပ်တွင် မှဲ့သေးသေးလေး တလုံးလည်း ရှိနေသေးသည်။



ထိုမှဲ့သေးသေးလေးသည် ကြောင်ပေါက်စလေး၏ လက်ဖဝါးနုနုလေးလို ချောင်းမိုနှလုံးသားအောက်ခြေကို ညင်သာစွာကုတ်ခြစ်နေတော့သည်။



ဘာဖြစ်နေမှန်းမသိဘဲ ချောင်းမိုသည် အသက်ပြင်းပြင်းရှူလိုက်ကာ အလွန်ထူးဆန်းပြီး နားမလည်နိုင်သော အတွေးတစ်ခုက သူမ စိတ်ထဲထွက်ပေါ်လာခဲ့သည်။



တစ်ဖက်သူက ပုံမှန် တင်းတင်းကြပ်ကြပ် အနောက်တိုင်းဝတ်စုံပြည့်ကို ဝတ်ဆင်ထားတာတောင်မှပဲ ချောင်းမိုသည် ကျန်းလော့ကျစ်၏ ယခုပုံမှာ ထူးထူးခြားခြား ဆွဲဆောင်မှုရှိနေသည်ဟု ခံစားနေရသည်။ ထိုကဲ့သို့ အားနည်းနေသော အမူအရာအရ ကျန်းလော့ကျစ်သည် တစ်ခုခုကို အရိပ်အမြွက်ပြောပြနေသယောင်ပင်။ ကျန်းလော့ကျစ်က သူမကို  ဖြားယောင်းနေသည်ဟူသော မယုံနိုင်ဖွယ် အတွေးတစ်ခုက သူမစိတ်ထဲ ရုတ်ချည်းဖြစ်ပေါ်လာခဲ့သည်။



"ချောင်းမို မင်းဘာဖြစ်နေတာလဲ"



ချောင်းမိုသည် တခဏမျှ မလှုပ်ရှားသည်ကို မြင်လိုက်ရသဖြင့် ကျန်းလော့ကျစ်က သူမအား သံသယဖြင့် မေးလိုက်သည်။



သူ့လိင်မျိုးကွဲကို ချောင်းမိုအား ဝန်ခံပြီးနောက် ကျန်းလော့ကျစ်သည် ပြင်းထန်သော မည်သည့်အယ်လ်ဖာအမူအကျင့်ကိုမျှ မပြဘဲ အဲ့အစား အိုမီဂါတစ်ယောက်လို နူးညံ့မှာအနည်းငယ်ကိုတောင်မှ ဖော်ပြခဲ့သေးသည်။



ဥပမာအားဖြင့်၊ ယခုအချိန်တွင်၊ ကျန်းလော့ကျစ်သည် သူ့စိတ်ထဲရှိ မှတ်ဉာဏ်အနည်းငယ်ကို ပြန်သတိရရန် ခက်ခက်ခဲခဲကြိုးစားနေပြီး ကျောင်းတုန်းက အိုမီဂါများကြားတွင် အချင်းချင်းရင်းနှီးမှုကို ဖော်ပြရန် ဘယ်လိုဆက်ဆံပြောဆိုကြသည်ကို ပြန်တွေးနေခဲ့သည်။ ထို့ကြောင့် ဖယ်ရိုမုန်း ဖိနှိပ်ဆေးထိုးပေးရန် ချောင်းမိုအား အကူအညီတောင်းခဲ့ခြင်းဖြစ်သည်။



ချောင်းမိုကို သူအရမ်း ကျေနပ်တယ်။ ဖြစ်နိုင်မယ်ဆိုရင်  နှစ်ဦးကြားက ဆက်ဆံရေးကို ပိုပြီးသဟဇာတဖြစ်နိုင်ဖို့လည်း မျှော်လင့်မိသည်။ ဒါကြောင့် ချောင်းမိုက သူ့ကို သတိထားဆက်ဆံနေသေးပြီး သူမစိတ်ပြောင်းသွားမည်ကို စိုးရိမ်သောကြောင့် သူ့ရဲ့ ခွန်အားကို နည်းနည်းလောက် ထိန်းထားဖို့ ကြိုးစားခဲ့ခြင်းပင်။



ကျန်းလော့ကျစ်၏ စကားလုံးများက အာရုံထွေပြားနေသော ချောင်းမိုကို သတိပြန်ဝင်လာစေသည်။



ပုခုံးကျဥ်းကျဥ်း ခါးသွယ်သွယ်နဲ့ အိပ်ရာပေါ်တွင် လဲလျောင်းနေသော ကျန်းလော့ကျစ်ကို ကြည့်ရင်း ချောင်းမိုက သူမနှုတ်ခမ်းကို ကိုက်လိုက်ပြီး စိတ်ထဲက ပေါက်ကရအတွေးများကို အတင်းဖယ်ထုတ်ကာ ကျန်းလော့ကျစ်ဆီ လျှောက်သွားခဲ့သည်။



လောလောဆယ် ကျန်းလော့ကျစ်မှာ နေထိုင်မကောင်းသည့်ပုံဖြစ်နေသဖြင့် သူမ အရင်ဆုံးကူညီရမယ်။ အခု ထူးဆန်းတဲ့ ခံစားချက်တွေ ဘယ်ကလာတာလဲဆိုတာ စဥ်းစားနေရမယ့်အချိန်မဟုတ်ဘူး။



ကျန်းလော့ကျစ် ဘေးနားထိုင်လိုက်သည်နှင့် ထို ထူးခြားတဲ့ အနံ့က ပို၍ပင် ပြင်းလာကာ ချောင်းမို၏ စိတ်ကို လွင့်မျောနေစေခဲ့သည်။



သူမ မထိန်းနိုင်ပဲ လှုံ့ဆော်ခံလိုက်ရသလိုပင်။ ကျန်းလော့ကျစ်ရဲ့ အေးစက်စက် ချောမောသော မျက်နှာက အရမ်း ဆွဲဆောင်မှုရှိတယ်လို့ ခံစားလိုက်ရပြီး သူ၏ သေးသွယ်ဖြူဖျော့သောလည်တိုင်လေးကလည်း ယစ်မူးစေကာ ထိလိုက်တာနဲ့ ချောမွတ်နေသယောင် ထင်မှတ်ရသည်။ သူမ မသိစိတ်က လက်ဆန့်ထုတ်မိလိုက်ပြီး....



သူမ လည်ပင်းကို ထိလိုက်သည်နှင့် ကျန်းလော့ကျစ် သည် ထိန်းမနိုင်သိမ်းမရ တုန်လာကာ ထိုလက်ကို ချက်ချင်း ဆုပ်ကိုင်လိုက်သည်။ ချောင်းမို၏ လက်ကောက်ဝတ်ကို ကိုင်လိုက်မိသည်နှင့် ညှစ်လိုက်လျှင် သွေးများယိုစိမ့်လာနိုင်သကဲ့သို့ သူ့မျက်နှာသည် ချက်ချင်းနီရဲလာပြီး သူ့အသံမှာ မယုံနိုင်လောက်အောင် အက်ရှရှဖြစ်နေပြီး တုန်တုန်ယင်ယင်ဖြင့် ပြောခဲ့သည်။  “တော်ပြီ… ရပြီ ချောင်းမို၊ ဒီတိုင်း ထိုးလိုက်ရုံပဲ"