အပိုင်း ၁၈
Viewers 432

နူးညံသော အမျိုးသမီးအရံဇာတ်ကောင် A နှင့် အာဏာရှင် အမျိုးသားဇာတ်လိုက် O


အပိုင်း ၁၈



ချောင်းမို၏ လက်ချောင်းများက သူ့လည်ပင်းရှိ ဂလင်းများကို မသိစိတ်ဖြင့် ဖိလိုက်မိသည်။ အေးစက်နေသော လက်ချောင်းထိပ်များက ရောင်ရမ်းနေသော ဂလင်းများကို ညင်သာစွာ ထိတွေ့နေရာ ကျန်းလော့ကျစ်၏ အတွေးများကို ပို၍ဖရိုဖရဲ ဖြစ်လာစေသည်။ သူ မသိစိတ်က ခေါင်းကိုငုံ့လိုက်မိပြီး ချောင်းမိုထံ သူ၏ သွယ်လျသော လည်တိုင်ကို ပိုပြီး ပြသနေသယောင်ဖြစ်နေခဲ့သည်။



သူထင်တာက သူရဲ့ လိင်မျိုးကွဲမှန်ကို ရုတ်တရက် ဖွင့်ပြောလိုက်တာကြောင့် ချောင်းမို ဒါကို မယုံနိုင်ဖြစ်ပြီး သူမ မသိလိုက်ဘဲ စစ်ဆေးလိုတာကြောင့် သူ့ရဲ့ဂလင်းတွေကို ဘွင်းဘွင်းရှင်းရှင်း ထိလိုက်မိတာ ဖြစ်ရမယ်။



ပထမတော့ ကျန်းလော့ကျစ်က အဲဒါကို တင်းခံထားချင်ပေမယ့် သူ့ဂလင်းတွေရဲ့ နာကျင်မှုက သူ့ကို ထိန်းချုပ်မှု လွတ်လုနီးပါးဖြစ်သွားစေသည်။



သူက ဆို့နင့်နေပြီး ချောင်းမိုကို တားလိုက်ကာ သူမကို ဆေးမြန်မြန်ထိုးဖို့ ပြောလိုက်ရသည်။ အဲ့လိုမှ မဟုတ်ရင် တကယ် နောက်ကျသွားပေလိမ့်မည်။



"တောင်းပန်ပါတယ် မစ္စတာ ကျန်း"



ချောင်းမိုသည် သတိပြန်ဝင်လာပြီး သူမ၏ ခါတိုင်း နှင့် မတူဘဲ ဘာလို့ အခုမှ မယဥ်မကျေး ပြုမူနေမိသည်ကို နားမလည်နိုင်ပေ။ 



ကျန်းလော့ကျစ်က သူ့ကို ဖိနှိပ်ဆေးထိုးခိုင်းချိန်တွင် ကျန်းလော့ကျစ် လည်ပင်းနားတဝိုက် အရေပြားက နည်းနည်း ထူးဆန်းနေသည်ကို သူမ ရုတ်တရက် တွေ့လိုက်ရတဲ့အတွက် မနေနိုင်ပဲ ထိလိုက်မိတာပင်။



ကျန်းလော့ကျစ်၏ လည်ပင်းဘေးတဝိုက် အရေပြားတွင် မှော်အစွမ်းတစ်မျိုးမျိုးရှိသကဲ့သို့  သတိလက်လွတ်ဖြင့်  ထိလိုက်မိပြီး ထိုနေရာကို ထပ်ခါတလဲလဲ ပွတ်သပ်ရန် သူမလက်ချောင်းထိပ်များ ဆန့်ထုတ်မိခြင်းဖြစ်၏။



ကျန်းလော့ကျစ် သူမ၏လက်ကို ဆုပ်ကိုင်လိုက်သည့်အချိန်မှ ချောင်းမို၏ စိတ်သည် လုံးဝပြန်လည်ရောက်ရှိလာတော့သည်။



ချောင်းမိုသည် ကျန်းလော့ကျစ် ပုခုံးကို ပုတ်လိုက်ပြီး နူးညံ့သော အသံဖြင့် " မစ္စတာ ချောင်း၊ မကြောက်နဲ့နော်၊ နာတာကို ကျေးဇူးပြုပြီး သည်းခံပေးပါဦး။ ကျွန်မ တတ်နိုင်သလောက် မနာအောင် ကြိုးစားပေးပါ့မယ်"



အတိတ်တွင် ကျန်းလော့ကျစ်သည် သူ့ဘာသာထိုကဲ့သို့ တားဆေးများကို ထိုးခဲ့ဖူးပေသည်။ သူ ဘယ်တုန်းကမှ နာကျင်သည်ကို မခံစားဖူးပေမယ့် ချောင်းမို၏ နူးညံ့သော နှစ်သိမ့်ပေးမှုက သူ့နှလုံးသားကို တုန်ရီသွားစေသည်။



သူနာမှာကို ကြောက်နေသည် အထင်နှင့် ချောင်းမိုသည် လက်ဆန့်ထုတ်ကာ သူ့ခန္ဓာကိုယ်အပေါ်ပိုင်းကို ဖက်ထားပေးခဲ့သည်။



ကျန်းလော့ကျစ်၏ နှာသီးဖျားတွင် ဝေ့လာသော မိန်းကလေး၏ ရနံ့သည် ကျန်းလော့ကျစ်ကို အေးချမ်းမှု၊ နွေးထွေးမှုနှင့် အခြား ခံစားချက်များစွာကို ခံစားရစေသည်။



ရနံ့လား?



 ချောင်းမိုက နူးညံ့ချိုမြိန်တဲ့ အိုမီဂါ မဟုတ်ဘူးလား၊ ဘာလို့ ဒီအနံ့က နည်းနည်း ထူးဆန်းတဲ့ပုံပေါက်နေရတာလဲ?



ကျန်းလော့ကျစ်၏ ဖရိုဖရဲ ဦးနှောက်သည် ထိုရနံ့၏ အရင်းအမြစ်ကို နားမလည်နိုင်မီ မိန်းကလေးသည် ခပ်နောက်နောက် အပြုံးနှင့် ပြောခဲ့သည်။ " မစ္စတာ ကျန်း၊ ရှင့်ကို ချောတယ်လို့ ဘယ်သူ ပြောဖူးလဲ "



ကျန်းလော့ကျစ် - "?"



ကျန်းလော့ကျစ်သည် မွှေးရနံ့နှင့် ချောင်းမို၏ စကားများကို တွေးတောနေချိန်တွင်၊ အပ်သည် သူ့အရေပြားကို ထိုးဖောက်နေပြီးဖြစ်ပြီး ကျန်းလော့ကျစ် သတိထားမိသောအခါ တားဆေးက သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်နေပြီဖြစ်သည်။



ချောင်းမိုက အပ်ကိုချပြီး မတ်တပ်ရပ်လိုက်သည်။ သူမသည် ကျန်းလော့ကျစ်ကို နူးညံ့သောမျက်လုံးများဖြင့် ကြည့်ကာ “မစ္စတာ ကျန်း၊ ကောင်းကောင်းအနားယူပါ၊ မနက်ဖြန်တွေ့ကြမယ်"



ချောင်းမို၏ ထွက်ခွာသွားသောနောက်ကျောကိုမြင်လိုက်ရတော့ ကျန်းလော့ကျစ်က သူ့နှလုံးသားထဲ နားမလည်နိုင်သော ဆုံးရှုံးသွားသည့် အရိပ်အယောင်ကို ခံစားလိုက်ရသည်။



အရင်တုန်းကတော့ သူ ဖိနှိပ်ဆေးများထိုးပြီးတိုင်း တကိုယ်လုံးအေးစက်လာပြီး အိပ်မရနိုင်ဖြစ်ခဲ့သည်။ ဒါပေမယ့် အခုကျတော့ သူမ၏ နူးညံ့မှုက ပင်ပန်းနေသော သူ့နှလုံးသားကို ကုစားပေးလိုက်သည့်သဖွယ်ပင်။



ကျန်းလော့ကျစ် လျှောက်တွေးဖို့အချိန် မရှိတော့လောက်အောင် သူအိပ်ပျော်သွားခဲ့သည်။



အိပ်မက်ထဲတွင်ပင် မိန်းကလေး၏ နူးညံ့ချိုမြိန်သော အပြုံးလေးက ထင်ဟပ်နေကာ အိပ်နေရင်းတောင် သူ့နှုတ်ခမ်းထောင့်များ ပင့်တက်နေခဲ့သည်။



ကျန်းလော့ကျစ် အခန်းထဲမှ ထွက်လာပြီးနောက် ချောင်းမို၏ ခြေလှမ်းများသည် တည်ငြိမ်မနေနိုင်တော့ပေ။ သူမသည် ရေချိုးခန်းထဲသို့ ခြေလှမ်းသုံးလှမ်းဖြင့် အလျင်စလိုသွားလိုက်ပြီး ဘုံပိုက်ခေါင်းကိုဖွင့်ကာ မျက်နှာသစ်လိုက်သည်။



"ငါရူးသွားပြီပဲ ဖြစ်ရမယ်"



မိန်းကလေး၏ အံ့သြမှုအပြည့်နှင့် နူးညံ့သည့်အသံ ထွက်ပေါ်လာသည်။



ချောင်းမို မှန်ကို မော့ကြည့်လိုက်တော့ မှန်ထဲတွင် လှပပြီး နူးညံ့တဲ့ မျက်နှာလေးသည် ရောင်ပြန်ဟပ်နေလေသည်။ သူမရဲ့ မျက်လုံးများက ကြယ်လေးတွေလို တောက်ပနေပြီး အသားအရေကလည်း ဖြူဖွေးနူးညံ့ပြီး ချောမွတ်နေကာ သန့်စင်လှပသော မျက်နှာလေးမှာလည်း သဘာဝက ဖန်တီးပေးထားသော နတ်သူငယ်များလိုပင်။ သူမရဲ့ပါးပြင်တွေတောင်မှ နုပျိုမှုအပြည့်နှင့် ဖြစ်သည်။ ဒီလို မျက်နှာလေးသည် လူများကို ချစ်ဖို့ကောင်းပြီး အန္တရာယ်ကင်းတဲ့ တိရစ္ဆာန်ငယ်လေးဟု ထင်စေမည်သာ။



သို့သော်၊ အခုလေးတင်ပဲ ဒီလိုနူးညံ့သိမ်မွေ့ပြီး လှပသော မိန်းကလေးတွင် မယုံနိုင်လောက်တဲ့  စိတ်ကူးတစ်ခု ရှိခဲ့သည်။



ကျန်းလော့ကျစ်ကို လက်လှမ်းပြီး ကိုင်လိုက်ချိန် သူ တုန်လှုပ်သွားပြီး သူမကိုတားရန် လက်ကို ဆုပ်ကိုင်လိုက်တဲ့အခါ  သူမ ကျန်းလော့ကျစ်ကို ကုတင်ပေါ် ဖိဖိချပြီး၊ ကိုက်ရင်း သူရဲ့ ညည်းသံ၊ ငိုယိုသံတွေကို နားထောင်ချင်နေခဲ့သည်။



" System၊  ငါ တကယ် ဂန္ထဝင် အချစ်ဝတ္ထုထဲ ကူးပြောင်းလာတာ ဟုတ်ရဲ့လား? "



ချောင်းမိုက သူမနှလုံးသားထဲ system ကို မေးခွန်းထုတ်နေမိသည်။



System - "???"



"Host  ဘာပြောချင်တာလဲ။ ဝမ်းနည်းစရာကောင်းတဲ့ အချစ်ရေးဝတ္ထုမှာ host က ရက်စက်ကြမ်းကြုတ်တဲ့ အမျိုးသမီး ဇာတ်ပို့ဇာတ်ဆောင်အဖြစ် ကူးပြောင်းသွားခဲ့တာတော့ သေချာပါတယ်။ ဘာဖြစ်လို့လဲ? Host က ဒါကို သဘောပေါက်သွားပြီး တန်ပြန်တိုက်စစ်ဆင်တာကို စတင်ဖို့ ဆုံးဖြတ်လိုက်ပြီလား။ Host ခုမှ တရေးနိုးအမြင်မှန်ရလာတာ နောက်ကျနေပေမယ့် ပျာယာခတ်နေဖို့မလိုဘူး။ ငါ့ဆီမှာ  "အစားထိုးများအတွက် အမြန်လေ့ကျင့်ရေးလမ်းညွှန်" ရှိတယ်။  ဒီမှာ။ ကျေးဇူးပြုပြီး host က လေ့ကျင့်ခန်းတွေကို ကောင်းကောင်းကြည့်ထား၊ ပထမဆုံး  အမျိုးသမီးဇာတ်လိုက်ကို ဘယ်လိုဒုက္ခရောက်အောင် လုပ်ရမယ်ဆိုတာ၊ ဒုတိယကတော့ အမျိုးသားဇာတ်လိုက်ကို host အပေါ် ရူးသွပ်သွားအောင် လုပ်ဖို့ရယ်၊  နောက်ဆုံးတတိယမြောက်အနေနဲ့  ဒုတိယဇာတ်လိုက်ကို host အတွက် ဘယ်လို ကြွေကျသွားစေဖို့ ဆိုတာတွေပဲ "



ချောင်းမို - “… “



ဒီသဲပန်းပု system(*)ကြောင့် သူမရဲ့ နှလုံးသားထဲမှာ ထိတ်လန့်တကြား ဖြစ်နေမှုပင် ပျက်စီးသွားခဲ့သည်။ သူမပါးစပ်ထောင့်များ တုန်လှုပ်သွားရကာ တုံးတိတိဖြင့် " ကျေးဇူးပဲ။ ဒါမယ့် မလိုဘူး။ "

*( သဲပန်းပုsystem - အရူး system )



ဒီသဲကြေးရုပ် systemက တကယ်ကို စိတ်မချရဘူး။



၎င်း၏host မှ ရက်စက်စွာ မနှစ်မြို့ခံရသော system မှာ လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။



သဲပန်းပု system သည် အော့ဖ်လိုင်းဖြစ်သွားသော်လည်း ချောင်းမို၏ သံသယများက တိုးလာခဲ့သည်။



ဒါတကယ့် ရိုးရိုး အချစ်ကမ္ဘာတစ်ခုပဲလား။ အမျိုးသားဇာတ်လိုက်၊ အမျိုးသမီး ဇာတ်လိုက်နဲ့ ပုံမှန် သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းတစ်ခုပဲလား? 



အခုလိုမျိုး သူ့မခန္ဓာကိုယ်မှာ တစ်ခုခုမှားနေတယ်လို့ ခံစားနေရတာလဲ?



ချောင်းမိုသည် သူမ၏ ဝမ်းဗိုက်အောက်ပိုင်းကို သံသယဖြင့် ထိလိုက်သည်။ ကျန်းလော့ကျစ် သူမနားသို့ ချဉ်းကပ်လာပြီး သူမအား အေးစက်ပြီး ချိုမြိန်မှုအပြည့်ရှိသော ရနံ့များ ဖုံးလွှမ်းသွားသည့်အချိန် သူမ၏ ဝမ်းဗိုက်အောက်ပိုင်းသည် ပူနွေးပြီး ရောင်ရမ်းလာကာ သူမကိုယ်ထဲ ပူနွေးသော လျှပ်စီးကြောင်းတစ်ခု စီးဆင်းသွားသလို ခံစားလိုက်ရသည်။



ထိုအချိန်တွင် ချောင်းမိုသည် သူ့မအဒေါ် လာသည်ဟု ထင်ခဲ့သည်။ ကျန်းလော့ကျစ် ရှေ့တွင် သူမဝတ်စုံ သွေးစွန်းပေနေပါက  ရှက်စရာကောင်းလွန်းသဖြင့် သူမ အမြန်ထွက်လာခဲ့ခြင်းဖြစ်သည်။



ဒါပေမယ့် ကျန်းလော့ကျစ်ရဲ့ အခန်းက ထွက်ထွက်ချင်း ထိုထူးဆန်းတဲ့ နွေးထွေးမှုက ပျောက်သွားခဲ့သည်။



ချောင်းမို စစ်ဆေးကြည့်လိုက်တော့ သူမအဒေါ်လာသည်လည်း မဟုတ်ပေ။



ဒါဆို ကျန်းလော့ကျစ် ရဲ့အခန်းထဲမှာတုန်းက သူမခန္ဓာကိုယ်ထဲ ထူးထူးခြားခြား ပြောင်းလဲသွားရတဲ့ အကြောင်းရင်းက ဘာလဲ၊ သူ့ဆီကရတဲ့ အနံ့ ဆက်စပ်နေတာလား?



ချောင်းမိုသည် ထိုသံသယကို စိတ်ထဲ သိမ်းထားလိုက်ပြီး နောက်ထပ် သဲလွန်စများ ရရန်အလို့ငှာ သူမပတ်ဝန်းကျင်ကို တစ်ချက်လေ့လာကြည့်ဖို့ ကြံရွယ်ထားလိုက်သည်။



နောက်နေ့မနက်စောစောမှာ ချောင်းမိုက သူမရဲ့ပန်ဒါမျက်လုံးတွေကို ပွတ်သပ်ပြီး အောက်ထပ် ဆင်းသွားခဲ့သည်။



မနေ့ညက သူမ ကောင်းကောင်း မအိပ်ခဲ့ရဘူး။ သူမ တစ်ညလုံး အိမ်မက်ဆိုး မက်နေခဲ့ပြီး အိမ်မက်ထဲတွင်သူမသည် လပြည့်ညမှာ ဝုံပုလွေတစ်ကောင်ဖြစ်လာပြီး ကျန်းလော့ကျစ်နောက်သို့လိုက်ကာ သူ့ကို ကိုက်ချင်နေခဲ့သည်။ ကျန်းလော့ကျစ်၏ ထိတ်လန့်နေသော မျက်နှာကို ရဲက သတိပြုမိသွားကာ သူမ အသားပြားဖြစ်သည်အထိ ရိုက်နှက်ခံခဲ့ရသည်။



" မစ္စတာ ကျန်း၊ ရှင်လည်း နိူးပြီပဲ "



ချောင်းမို သန်းလိုက်ပြီး သူမ မနက်စာလုပ်ခါနီးတွင် ကျန်းလော့ကျစ်သည် တံခါးဖွင့်ပြီး လျှောက်ဝင်လာခဲ့သည်။



ချောင်းမို၏ ဖျော့တော့နေသော မျက်နှာကို မြင်ပြီး " မလုပ်နဲ့တော့။ အပြင်မှာစားဖို့ မင်းကို ခေါ်သွားမယ်"



" ဒါက ဘာမှမဟုတ်ပါဘူး။ မင်း အဲ့တာကို အဲ့လောက် အာရုံစိုက်နေစရာမလိုဘူး။ "



အရင်က ဘာမှမတွေ့ကြုံခဲ့ဘူးသော မိန်းမငယ်လေးတစ်ယောက်အနေနဲ့ အင်အားကြီးတဲ့ ဥက္ကဌ ကျန်းက တကယ်တမ်း အိုမီဂါတယောက်ဆိုတာ သိလိုက်ရတော့ သူမထိတ်လန့်သွားပြီး မနေ့ညက ကောင်းကောင်းအိပ်မပျော်နိုင်ဘဲ ဒီနေ့ ခုလို မျက်လုံးအောက် အမဲဝိုင်းတွေနဲ့ ရောက်လာခဲ့တာဖြစ်ရမယ်ဟု ကျန်းလော့ကျစ် ထင်နေခဲ့သည်။



သို့သော်၊ ချောင်းမိုသည် ကျန်းလော့ကျစ်မှာ သူ၏ရှားပါးရောဂါကြောင့် လျှို့ဝှက်ထားရမည့် အကြောင်းအရာကို ပြောနေသည်ဟု ထင်သောကြောင့် ခေါင်းညိတ်လိုက်သည်။



ကျန်းလော့ကျစ်ဆီမှာ ဖြစ်လာတဲ့အတွက် သူမ အနည်းငယ် စိတ်မကောင်းမိသော်လည်း အလကားအစားအစာကဲ့သို့ ကောင်းမွန်သောအရာကို သူမငြင်းဆန်မည်မဟုတ်ပေ။



သို့သော် ကျန်းလော့ကျစ်၏ ဆေးသည် တကယ်အသုံးဝင်ပုံရသည်။ တစ်ညလုံး ကောင်းကောင်းအိပ်ပြီးတာနဲ့  သူ့ကြည့်ရသည်မှာ လန်းဆန်းနေပုံပင်။



နှစ်ယောက်သား ကားဂိုဒေါင်ဆီသို့ အတူတူလျှောက်သွားကြသည်။ မနေ့ညက အဖြစ်အပျက်ပြီးသည့်နောက်  သူတို့နှစ်ဦးကြားက ဆက်ဆံရေးသည် ပိုပြီး လိုက်လျောညီထွေဖြစ်လာပြီး နီးကပ်လာခဲ့သည်။



ကျန်းလော့ကျစ်သည် ချောင်းမိုကို အနားယူဖို့ နောက်ထိုင်ခုံမှာ ထိုင်ခိုင်းပြီး သူ့ကောင်မလေးကို မနက်စာစားဖို့ ကိုယ်တိုင်ကိုယ်ကျ မောင်းပို့ရင်း "မနေ့က မင်း ကောင်းကောင်း မောင်းခဲ့သားပဲ။ မင်း ယာဉ်မောင်းလိုင်စင် ဘယ်တုန်းက ရခဲ့တာလဲ?"



ချောင်းမိုက အိပ်ငိုက်လာပြီး သမ်းဝေကာ "ကောလိပ်မတက်ခင်တုန်းက၊ သွားကြရအောင်"



ကျန်းလော့ကျစ်သည် ကားရှေ့မှန်မှတဆင့် သူမကိုကြည့်ကာ "မင်း ဘယ်လို ကားမျိုးကြိုက်လဲ"



"ဘာပဲဖြစ်ဖြစ်"



ချောင်းမို၏ စိတ်သည် ဝေဝါးနေသောကြောင့် ကျန်းလော့ကျစ်၏ ဆိုလိုရင်းကို သူမ နားမလည်လိုက်ပေ။



ကျန်းလော့ကျစ်က သူ့ခေါင်းကို လှည့်ပြီး "ဒီနေ့ ဘာလုပ်မှာလဲ"



"မနက်စာစားပြီးတာနဲ့ ကျောင်းသွားရမယ်။ ကျွန်မ အမှတ်တွေကို စစ်ဆေးခဲ့သေးတယ်။ မြန်မြန်လုပ်ပြီး ဒီစာသင်နှစ်အတွက် လိုတဲ့ အမှတ်တွေကို ဖြည့်ရမယ်။ မဟုတ်ရင် ရပ်နားရလိုက်လိမ့်မယ်။ "



ကျန်းလော့ကျစ်သည် ချောင်းမိုကို မှန်မှတဆင့် ကြည့်လိုက်သည်။ သူမ မျက်လုံးမှိတ်ပြီး မှိန်းနေသည်ကို မြင်သည်နှင့် သူကားအရှိန်ကို  လျော့မောင်းလိုက်သည်။


...


နှစ်ဦးသား မနက်စာ စားပြီးနောက် နှုတ်ဆက်လိုက်ကြပြီး ကျန်းလော့ကျစ်က ကုမ္ပဏီသွားပြီး ချောင်းမိုကတော့ ကျောင်းကိုသွားလိုက်သည်။