နူးညံသော အမျိုးသမီးအရံဇာတ်ကောင် A နှင့် အာဏာရှင် အမျိုးသားဇာတ်လိုက် O
အပိုင်း ၁၉
ကျောင်းရောက်တာနဲ့ ချောင်းမိုက သူမမိတ်ဆွေတစ်ယောက်ဆီ ပြေးသွားလိုက်သည်။ စုရှုက အနက်ရောင် မေဘတ်ချ်ကားကို လည်ဆန့်ကြည့်လိုက်သည်။ သာမန်ဆန်ဆန် အနက်ရောင်ကားတစ်စီး ထွက်ခွာသွားသည်ကိုမြင်မှ စုရှုသည် သက်ပြင်းချကာ ချောင်းမိုအား ဝမ်းသာအားရ လက်ဝှေ့ယမ်းပြပြီး “အစ်မ၊ ငါဒီမှာ။ "
အဲဒီနေ့ ကော်ဖီဆိုင်ကနေ လမ်းခွဲလိုက်ကတည်းက စုရှူ က ချောင်းမို အတွက် ပြည့်စုံတဲ့ ခွေးသွေးအချစ်ဇာတ်လမ်းကို ဖန်တီးခဲ့သည်။ ချောင်းမို ဒုက္ခရောက်နေတာကို မြင်ပြီး သူမရဲ့ နှလုံးသားက ပိုသေချာလာခဲ့ကာ ချောင်းမိုရဲ့ အလှမှာ ဂရုစိုက်ဖို့ လိုအပ်တဲ့ အလှမျိုးဟု ခံစားလာခဲ့ရသည်။
ချောင်းမို အမှတ်တွေဖြည့်ဖို့ ပြန်လာတော့မယ်လို့ ကြားတော့ စုရှုက ချောင်းမိုကို စေတနာနဲ့ လာခေါ်ပြီး အခင်ဆုံးသူငယ်ချင်းတယောက် အနေနဲ့ အသည်းကွဲနေသော ချောင်းမိုအပေါ် နှစ်သိမ့်ပေးဖို့ တာဝန်ယူရင်း “မိုမို နင်အဲဒီနေ့ ပြန်သွားတုန်းက၊ သူ နင့်ကို ဘာမှ မလုပ်ဘူး မဟုတ်လား"
"ဘာကိုလဲ?"
စုရှု က မျက်တောင်ခတ်လိုက်ပြီး "ဒီတိုင်းပဲလေ"
သူမပြောတာကို ကြားတော့ ချောင်းမို ရုတ်တရက် ရယ်လိုက်ပြီး ပြောခဲ့သည်။ “မစ္စတာ ကျန်းနဲ့ ငါ့ကြားမှာ တကယ်ကို အဲ့လို ဆက်ဆံရေးမျိုးမရှိဘူး”
"ဟုတ်လား၊ အဲ့တာဆို စီနီယာ ခဲ့မိုရဲ့ ပုံစံက နင့်သူဌေးကို စိတ်အနှောင့်အယှက် ဖြစ်စေမိလို့ပဲဖြစ်မယ်"
"စီနီယာ ခဲ့မို ဘာဖြစ်လို့လဲ၊ အဲဒီနေ့က စီနီယာက မစ္စတာ ကျန်းကို တွေ့ရလို့ အရမ်းဝမ်းသာနေတာ မဟုတ်ဘူးလား?"
တိုက်ဆိုင်စွာပင် နှစ်ယောက်သား ခဲ့မိုအကြောင်း ပြောနေရင်း ခဲ့မိုနှင့် ထိပ်တိုက်တွေ့မိကြသည်။
ခဲ့မိုက ချောင်းမိုကို ပြုံးပြပြီး "ရှစ်မေ့၊ မင်း အမှတ်တွေဖြည့်ဖို့အတွက် ပြန်လာမယ်လို့ကြားတယ်။ အမှတ်တွေဖြည့်ဖို့ဆို ငါတို့ အသင်းကို လာဖို့ စဉ်းစားမလား"
...
ပိုင်ယွဲ့ကွမ်းသည် သူ့ကို မက်ဆေ့ချ်ပို့ထားခဲ့သည်။
" အားလော့၊ အဲ့ဒီနေ့ကအတွက် ငါတောင်းပန်ပါတယ်။ ငါအလောကြီးသွားခဲ့တယ်။ နင် အချိန်အဆင်ပြေမယ်ဆို ငါနင့်ကို ညစာလိုက်ကျွေးရင်း စိတ်ရင်းနဲ့ တောင်းပန်ချင်တယ်"
ကျန်းလော့ကျစ်၏ မျက်လုံးများထဲ အေးစက်စက် အလင်းတစ်ချက် ဖြတ်သွားခဲ့သည်။ ပိုင်ယွဲ့ကွမ်း၏ ရည်ရွယ်ချက်မှာ ထင်ရှားလွန်းလှသဖြင့် သူ အေးစက်စွာပြန်ပြောလိုက်သည်။ “မလိုဘူး။ ငါလည်း အပြစ်ရှိတယ်လို့ ကောလဟာလတွေ ထွက်လာဦးမှာပဲ။ လျော်ကြေးအနေနဲ့ လျော်ကြေးအနေနဲ့ ပိုင် မိသားစုရဲ့ မရောင်းနိုင်တဲ့ ကုန်ပစ္စည်းတွေရဲ့ 30% ကို ငါဝယ်လိုက်မယ်။ ဒီလောက်ပဲ"
ပိုင်ယွဲ့ကွမ်းဆီ မက်ဆေ့ချ်ပို့ပြီးနောက် ကျန်းလော့ကျစ် ရုံးခန်းသို့ ရောက်ရှိလာပြီး မကြာမီတွင်အတွင်းရေးမှူးက ကျန်းမိသားစုရဲ့ အကြီးဆုံးဇနီးသည် ရောက်ရှိလာကြောင်း သတင်းပို့ခဲ့သည်။
ရုံးခန်းတံခါးပွင့်လာပြီး စျေးကြီးသော အနက်ရောင်ဝတ်စုံနှင့် မိတ်ကပ်ထူထူလိမ်းထားသော အမျိုးသမီးတစ်ဦးသည် မေးငေါ့ကာလျှောက်လာရင်း " လော့ကျစ်၊ မနက်ဖြန်က မိသားစုပွဲပဲ။ မင်းရဲ့ အမျိုးသမီးအဖော်အဖြစ် ပိုင်ယွဲ့ကွမ်းကို ဖိတ်မယ်လို့ မျှော်လင့်တယ်။"
“မလုပ်နိုင်ဘူး"
ကျန်းလော့ကျစ်က တိုက်ရိုက်ငြင်းဆိုလိုက်သည်။
အကြီးဆုံးဇနီး၏ အမူအရာပြောင်းသွားပြီး သူမလေသံက ထေ့ငေါ့ငေါ့နှင့် "မင်းအနားမှာ အဲ့ အိုမီဂါကို အဖော်ပြုဖို့ ငါခွင့်ပြုပေးမယ်လို့ ထင်နေတာလား"
ကျန်းလော့ကျစ်က စာရွက်စာတမ်းများကို ချလိုက်ပြီး သူ့ကိုယ်သူလည်း ထေ့ငေါ့သည့်အကြည့်နှင့် အကြီးဆုံးဇနီးကို ကြည့်လိုက်ပြီး "ကျွန်တော်နဲ့ သူမ နှစ်ယောက်စလုံးက အိုမီဂါတွေချည်းပဲအမေ။ ဆယ်နှစ်ကျော်လာပြီ။ အတုအယောင်ကို အစစ်အမှန်အဖြစ်ခံယူဖို့ ကိုယ့်ဘာသာ ဘယ်ချိန်ထိ ဦးနှောက်ဆေးနေဦးမှာလဲ။ လက်လွှတ်လိုက်ပါတော့ "
“အချိန်ကြာလာတာနဲ့အမျှ လိမ်ညာမှုက ပိုကြီးလာမှာပဲ။ အမေက ကျွန်တော့ကို အသိုင်းအဝိုင်းထဲက နာမည်ကြီး အမျိုးသမီးတွေနဲ့ပါ လက်ထပ်စေချင်တာတော့ မဟုတ်ဘူးမလား"
ရုပ်ဆိုးသော အမူအရာဖြစ်သွားတဲ့ အကြီးဆုံးဇနီးကို ပြန်လွှတ်လိုက်ပြီးနောက် ကျန်းလော့ကျစ်သည် ၎င်း၏ လက်ကိုင်ဖုန်းကို ထုတ်ပြီး ချောင်းမိုထံသို့ ဖုန်းခေါ်ကာ "မင်းအတန်း ဘယ်တော့ပြီးမလဲ၊ ငါလာကြိုမယ်"
တစ်ဖက်တွင်၊ ကျန်းယွဲ့ကျစ်သည် ဒုတိယဇနီးကြောင့် အာမခံဖြင့် လွတ်မြောက်လာပြီးသည့်နောက် သူ့ကို အထဲထည့်ခဲ့တဲ့ ကျန်းလော့ကျစ်ကို ကျိန်ဆဲလိုက်သည်။
အယ်လ်ဖာတစ်ဦးသည် ထိန်းသိမ်းရေးစခန်းပို့ခံရလျှင် သူ့ဘဝမှာ အမည်းစက်တစ်ခု ကျန်စေခဲ့ပြီး သူ့အနာဂတ် အိမ်ထောင်ရေးကို ထိခိုက်စေနိုင်ပေသည်။
ချမ်းသာသော ကျန်း မိသားစု၏ တရားမဝင်သားဖြစ်သော ကျန်းလော့ကျစ်သည် ထိုသိူ့ ကဲ့ရဲ့ကြမည့် အိမ်ထောင်ရေးမျိုးကို မကြောက်သော်လည်း ၎င်းသည် သူ့မျက်နှာဂုဏ်ပုဒ်နှင့်သက်ဆိုင်နေပြီး ပုံမှန်အတိုင်း လျော်ချ၍ မရပေ။
ကျန်းလော့ကျစ်က ကျန်းလော့ကျစ်ကို ကျိန်းမောင်းပြီး ကားထဲသို့ ဝင်လိုက်သည်နှင့် အနီရောင်ဝတ်စုံဝတ်ထားသည့် ဒုတိယဇနီးက ခေါင်းကိုလှည့်ပြီး ချစ်စရာကောင်းစွာ ပြုံးပြကာ "အိုကေ သား၊ စိတ်မဆိုးပါနဲ့၊ မင်းအမေက ဘာကောင်းတာလေးတွေ ရှာတွေ့ထားလဲဆိုတာ မှန်းကြည့်"
ကျန်းယွဲ့ကျစ်က အေးစက်စွာ နှာမှုတ်လိုက်ပြီး "ကျန်းလော့ကျစ်ရဲ့ ကံဆိုးတာကလွဲရင် အခု ကျွန်တော့်အတွက် ဘာကမှ သတင်းကောင်းမဟုတ်ဘူး"
ဒုတိယဇနီးသည်က သူမ၏နှုတ်ခမ်းများကို လက်ဖြင့်ကာပြီး စွဲမက်ဖွယ်ပြုံးကာ ပြောခဲ့သည်။ "ဒါပေမယ့် ခုက အဲဒါထက်တောင် ပိုကောင်းသေးတယ်။ ကျန်းလော့ကျစ်၊ သူက အိုမီဂါတစ်ယောက်ပဲ"
"ဘာ!"
ကျန်းယွဲ့ကျစ်က သတင်းကြောင့် ထခုန်လိုက်မိပြီး ကားခေါင်မိုးနှင့်တောင် တိုက်မိသွားခဲ့သည်။ ခေါင်းကိုက်တာကို လျစ်လျူရှုထားပြီး စိတ်လောစွာ ပြောခဲ့သည်။ “ အမေ နောက်နေတာမလား။ သူ နောက်ဆုံးအကြိမ်ကတောင် သူရဲ့ ဖယ်ရိုမုန်းတွေနဲ့ လူတွေကို ချေမှုန်းခဲ့သေးတာကို။ သူက ဘယ်လိုလုပ်ပြီး အိုမီဂါဖြစ်နိုင်မှာလဲ?"
စုရှု နှင့် ချောင်းမိုတို့သည် အသင်းဆီသို့ လျှောက်သွားစဉ် ခဲ့မိုနှင့် ရယ်မောပြောဆိုနေကြပြီး ခဲ့မိုသည်လည်း လမ်းလျှောက်ရင်း သူ့အသင်းအကြောင်းကို ယဥ်ကျေးစွာ မိတ်ဆက်နေခဲ့သည်။
“ငါက အားလပ်ချိန်တွေမှာ ဂစ်တာတီးရတာ ကြိုက်တယ်လေ။ အဲ့တာကို ငါ့သူငယ်ချင်းတချို့ သိသွားတော့ ဂီတအသင်းတခုကို ဖွဲ့လိုက်ကြတော့တာပဲ။ သူတို့အားလုံး အလုပ်ရှုပ်နေတာများတာနဲ့ ငါ့ကို အသင်းခေါင်းဆောင်လုပ်ခိုင်းထားတာ။ အသင်းခေါင်းဆောင်တစ်ယောက်အနေနဲ့ ကျောင်းနှစ်ပတ်လည်ပွဲတော်အတွင်း စင်မြင့်ပေါ်တက်ပြီး ဖျော်ဖြေပေးနိုင်သရွေ့ စာသင်နှစ်ကုန်ရင် ငါ အမှတ် ငါးမှတ် ပေးနိုင်တယ်။”
ကျောင်းသားများသည် နှစ်စဉ် အမှတ် ၁၂ မှတ်ပြည့်အောင် လှုပ်ရှားမှုများတွင် ဆောင်ရွက်ရမည်ဖြစ်ပြီး ခဲ့မို သည် ချောင်းမို အတွက်လည်း အရှုံးမရှိသော အသင်း အမှတ်ငါးမှတ်ကို ပေးနိူင်ပေသည်။
အဲဒါကိုကြားတော့ စုရှူက ဘေးမှ “ဝိုး၊ စီနီယာ ခဲ့မိုက တကယ့်ကို စွယ်စုံရတာပဲ။ ဒါပေမယ့် ငါ မှတ်မိသလောက် စာသင်နှစ် အမှတ်တွေက ကျောင်းသား သမဂ္ဂကပဲ စီမံတာ မဟုတ်ဘူးလား။ ဂီတအဖွဲ့ခေါင်းဆောင်က အမှတ်တွေပေးဖို့ စီမံခွင့်နည်းမယ်ထင်တယ်။"
ခဲ့မိုက ကျိုးနွံစွာ ပြုံးပြီး “ငါက ကျောင်းသားသမဂ္ဂရဲ့ စာပေနဲ့ အနုပညာဌာနမှာ အချိန်ပိုင်းလုပ်တာလေ"
"ဝိုး"
စုရှုက သူမ သူမမျက်လုံးများထဲ ကြည်ညိုလေးစားမှုအပြည့်နဲ့ အံ့အားသင့်သွားရသည်။
“ အဲ့တာက စာပေနဲ့ အနုပညာဌာနတောင်နော်"
ခဲ့မိုသည် သူ့မျက်နှာပေါ်တွင် ဂုဏ်ယူမှုအနည်းငယ်ဖြင့် ပြုံးပြလိုက်ပြီး ချောင်းမိုကို တည်ငြိမ်စွာ ကြည့်လိုက်သည်။
စုရှုက ခဲ့မိုကိုကြည့်ပြီး ချောင်းမိုကို ပြန်ကြည့်ကာ သူမရဲ့မျက်နှာတွင် အပြုံးလေးပန်းတစ်ခု ပွင့်လာတော့သည်။
သူမ၏ညီအမက အလွန်ဆွဲဆောင်နိုင်ပေသည်။ အိမ်တွင် ကြမ်းကြုတ်သော အယ်လ်ဖာဖြစ်သည့် မစ္စတာ ကျန်းနှင့် အခက်အခဲများကို ကျော်လွှားရန် ကူညီပေးမည့် နူးညံ့သိမ်မွေ့သော စီနီယာတယောက်ရှိပေသည်။ ဒါက AA တို့ရဲ့ အချစ်ကမ္ဘာလား။ တကယ့်ကို စိတ်လှုပ်ရှားစရာပဲ!
ချောင်းမို မျက်တောင်ခတ်လိုက်ပြီး နူးညံ့စွာ " ကျေးဇူးတင်ပါတယ် စီနီယာမို၊ ဒါပေမယ့် ငါတစ်ချက်လောက် လိုက်လေ့လာကြည့်လိုက်ဦးမယ်"
ခဲ့မို၏ မျက်နှာပေါ်ရှိ ဂုဏ်ယူနေမှုက ပျောက်သွားရကာ သူ စိုးရိမ်စွာဖြင့် " ဂျူနီယာ ချောင်းမို၊ မင်း သူ့ကြောင့် စိတ်ပူနေတာလား? သူ မင်းကို တအားထိန်းချုပ်လို့လား?မင်းကို အပြင်မှာ သူငယ်ချင်းထားဖို့ ခွင့်မပြုတာလား?"
"သူ?" ချောင်းမိုသည် စိတ်ရှုပ်ထွေးစွာ ခေါင်းစောင်းလိုက်ကာ ခဲ့မို၏ စိုးရိမ်နေသော အကြည့်နောက်က အကြောင်းပြချက်ကို သူမ နားမလည်နိုင်ပေ။
ဘေးနားက စုရှူသည် သူမကို တီးတိုးပြောပြီး " အဲ့တာ နင့်ရဲ့ မစ္စတာ ကျန်းကို ပြောတာ"
" အိုး " ချောင်းမို ချက်ချင်းပင် နားလည်သွားပြီးနောက် မျက်မှောင်ကြုတ်ကာ " မဟုတ်ပါဘူး။ မစ္စတာ ကျန်းက ငါ့ကို အဲ့လို ကိုယ်ရေးကိုယ်တာကိစ္စတွေကို မမေးဘူး။ သူကငါ့အပေါ်အရမ်းကောင်းတယ်"
သူ့မသူငယ်ချင်းတွေ ကျန်းလော့ကျစ်အပေါ်နားလည်မှုလွဲနေမှာကို စိုးရိမ်ပြီး ချောင်းမိုက ထပ်ရှင်းပြလိုက်သည်။ " မစ္စတာကျန်းက မင်းတို့ထင်တဲ့လူမျိုးမဟုတ်ဘူး၊ သူက အရမ်းရိုးသားတဲ့လူပဲ"
ကျန်းလော့ကျစ်၏ ဇာတ်ကောင်သည် မူလပိုင်ရှင်အား မကောင်းမှုများများစွာပြုလုပ်ရန် လှုံ့ဆော်ပေးသည်ဆိုသောအချက်ကို ချောင်းမို သဘောမတူနိုင်သော်လည်း ချောင်းမို ကြည့်ရသလောက်တော့ အခုအချိန်အထိ ကျန်းလော့ကျစ်သည် မူလပိုင်ရှင်နှင့် စာချုပ်ချုပ်ခဲ့သည်မှလွဲ၍ ဘောင်ကျော်သည့် ဘယ်အရာကိုမျှ မလုပ်ခဲ့ပေ။
ကျန်းလော့ကျစ်သည် မူလပိုင်ရှင်အား ထောက်ပံ့ရန် ငွေအကုန်အကျခံပြီး မူလပိုင်ရှင်အား သူ့အပေါ်ဒုက္ခမပေးစေလိုခြင်းမှတပါး မူလပိုင်ရှင်အပေါ် မည်သည့်မကောင်းတာမျိူးမှ မလုပ်ခဲ့ပါ။
ထို့ကြောင့် ချောင်းမိုသည် ကျန်းလော့ကျစ်၏ ခံစားချက်များကိုင်တွယ်နည်းကို သဘောမတူသော်လည်း အဲ့တာနှင့် ကျန်းလော့ကျစ်ကို လူဆိုးဟု သူမ မပြောနိုင်ပေ။
ခဲ့မိုသည် ရုတ်တရက် ဒေါသထွက်လာပြီး စိုးရိမ်တကြီးနှင့် "ရွှယ်မေ့၊ မင်းက ရိုးရှင်းလွန်းပြီး လူ့အဖွဲ့အစည်းထဲက လူတွေရဲ့ စိတ်ကို နားမလည်ဘူး။ သူတို့က အရမ်းဉာဏ်နီဉာဏ်နက်များတယ်။ မင်း လှည့်စားမခံရအောင် သတိထားရမယ်"
အဲ့တာကိုကြားပြီးတဲ့နောက် ချောင်းမိုသည် ချိုချိုသာသာ ပြုံးပြလိုက်သည်။ သို့သော် သူမရဲ့ စကားများက ရိုးရိုးရှင်းရှင်းပင်။ " စီနီယာရဲ့ စိုးရိမ်ပေးမှုအတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမယ့်၊ ငါ မစ္စတာ ကျန်း ကို ယုံကြည်တယ်၊ ပြီးတော့ ဒါက ငါ့ရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စပဲ။ ကျောင်းအသင်းအကြောင်းပဲ ပြောကြရအောင်။ အပြင်မှာ ကိုယ်ရေးကိုယ်တာကိစ္စတွေ ဆွေးနွေးရတာ မကြိုက်ဘူး။”
ခဲ့မိုသည် သူစည်းကျော်မိသွားကြောင်းကို သိသောကြောင့် သူ တွန့်ဆုတ်စွာ ပိတ်ထားရုံသာတတ်နိုင်သည်။
သူမဘေးတွင်ရှိသော စုရှုသည် သူမ မျက်နှာပေါ်တွင် ထူးဆန်းသော အမူအရာဖြင့် စကားအနည်းငယ်ရေရွတ်လိုက်သည်။ ခဲ့မို ထွက်သွားပြီးနောက် သူမက "မိုမို မင်းနဲ့မစ္စတာ ကျန်းက တကယ် ချစ်နေကြတာနဲ့ တူတယ်”
ချောင်းမိုက ပြုံးပြီး စုရှု ရဲ့ ပါးပြင်ကို ညှစ်လိုက်ကာ “ အတင်းအဖျင်းသခင်လေး၊ နင်က ငါ့အတွက် ယောက်ျားတစ်ယောက်နဲ့ ထပ်ပြီး ချိန်းတွေ့ဖို့ လုပ်ခဲ့ပြန်ပြီပေါ့။ ငါတို့ ဘယ်လိုလုပ် ချစ်နိုင်မှာလဲ ”
စုရှုက ရယ်မောပြီး ချောင်းမို ရဲ့လက်ကို ရှောင်လိုက်ရင်း "နင်က သူ့ကို ယောကျာ်းတစ်ယောက်လို့ ခေါ်တယ်ပေါ့ ဘယ်လောက်တောင် ရှေးကျလိုက်လဲ? ငါ အဲဒါကို ဖတ်စာအုပ်ထဲမှာပဲ မြင်ဖူးတယ်"
ချောင်းမို၏ နှလုံးသားတွင် ရုတ်တရက် သံသယများ ဖြစ်ပေါ်လာသည်။ 'ယောကျာ်း' ဟူသော စကားလုံးက တစ်ခုခု မှားနေလို့လား။ ဘာလို့ ပုံနှိပ်စာအုပ်တွေမှာပဲ တွေ့ရတာလဲ? ဘာလို့ ရှေးစကားလုံးဖြစ်နေတယ်လို့ ပြောတာလဲ?"