နူးညံသော အမျိုးသမီးအရံဇာတ်ကောင် A နှင့် အာဏာရှင် အမျိုးသားဇာတ်လိုက် O
အပိုင်း ၂၀
ချောင်းမို သူမစိတ်ထဲမှ မေးခွန်းများကို ထုတ်မေးခါနီး ကျန်းလော့ကျစ်ထံမှ ဖုန်းဝင်လာကာ " ချောင်းမို၊ တက္ကသိုလ် ဝင်ပေါက်ကိုလာခဲ့လိုက်။ ငါ မင်းကိုအဲ့မှာစောင့်နေတယ်"
ချောင်းမို စကားပြောနေသည်ကို ရပ်လိုက်ပြီး သူမကို ပြုံးကြည့်နေသော စုရှုကို တောင်းပန်သည့်ဟန်ဖြင့် နှုတ်ဆက်လိုက်ကာ ကျောင်းပေါက်ဝသို့ အမြန်ထွက်လာလိုက်သည်။
ဘယ်လိုပဲဖြစ်ဖြစ် ကျန်းလော့ကျစ်က အခုသူမရဲ့ ဘုရားလောင်း ရွှေသခင်ကြီးဖြစ်တဲ့အပြင်ကို အခုလက်ရှိ သူမကို အစားနဲ့ အဝတ်အစားထောက်ပံ့ပေးနေတဲ့ မိဘလိုလည်းဖြစ်နေသည်ပင်။ ထို့အပြင် သူ့ကြောင့်သာ သူမ လဲလျောင်းရင်း လစာအများကြီးကိုလည်းရသေးတယ်၊ ထို့ကြောင့် ကျန်းလော့ကျစ်အမိန့်တွေက သူမဦးစားပေးဖြစ်ရမှာပဲလေ။
ချောင်းမိုသည် ဂိတ်ပေါက်ဝသို့ ရောက်သည်နှင့် ပတ်ပတ်လည် လှည့်ကြည့်လိုက်သောအခါ အနက်ရောင် မေဘတ်ချ် တစ်စီးသည် တက္ကသိုလ်ဝင်ပေါက်ရှိ Osmanthus သစ်ပင်ကြီးအောက်တွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။
ဤတစ်ကြိမ်တွင် ကျန်းလော့ကျစ်သည် ကားမှန်တဝက် ချထားပြီး ကားနောက်ခန်းတွင် ထိုင်နေလေသည်။ ဖျာကျနေသော နေရောင်ဖျော့ဖျော့က ကျန်းလော့ကျစ်၏ အေးစက် နက်မှောင်သော မျက်ခုံးများကို ရွှေရောင်သန်းနေစေသည်။
သူသည် အနက်ရောင်ငါးသားရေ လက်အိတ်ကို ဝတ်ဆင်ထားပြီး၊ သွယ်လျသောလက်ချောင်းများကြားတွင် ညှပ်ထားသော စီးကရက်မီးက မီးအလင်းရောင်လို နူးညံ့သောသားရေထက်တွင် အလင်းပြန်နေခဲ့သည်။ ရှေးခေတ်ပန်းချီကားများထဲမှ လူကြီးလူကောင်းများကဲ့သို့ လှပမြင့်မြတ်ပြီး လျှို့ဝှက်ဆန်းကြယ်မှုများဖြင့် လေးနက်လှသည်။
သူ့ပခုံးနှင့် နောက်ကျောတို့သည် ကျက်သရေရှိစွာဖြောင့်တန်းနေပြီး ပြတင်းပေါက်နားမှာ မတ်မတ်ထိုင်နေရုံနှင့်ပင် ပြင်းထန်သော အငွေ့အသက်များက သူ့ကို လွှမ်းခြုံထားကာ လူများကို သူ့အပေါ် အလိုအလျောက် လေးစားနာခံမှု ဖြစ်စေသည်။
ချောင်းမိုသည် စိတ်ထဲကပင် သက်ပြင်းချမိလိုက်သည်။ တကယ့်ကို ကောင်းကင်ရဲ့ မောက်မာတဲ့ သားတော်ပီသပါပေတယ်။ သူသည် ချောမော မြင့်မြတ်လှသဖြင့် ဇာတ်လိုက်မသည် အများကြီးခံစားရတာတောင်မှ သူ့ကို မမေ့နိုင်ပဲ သူ့ဆီ ပြန်သွားဖို့ နောင်တမရှိသည်မှာ အံ့သြစရာမဟုတ်ပေ။
"မစ္စတာ ကျန်း"
ချောင်းမိုက ကျန်းလော့ကျစ်ကို နှုတ်ဆက်လိုက်သည်။
ကျန်းလော့ကျစ်လည်း ချောင်းမိုကိုမြင်ပြီး စီးကရက်ကို ငြိမ်းလိုက်သည်။ သူ့မျက်ခုံးကြားမှ အေးစက်သော အအေးဓာတ်သည် အနည်းငယ် လျော့သွားကာ ချောင်းမိုကိုအနည်းငယ် နူးညံ့သော မျက်နှာထားဖြင့် "ကားပေါ်တက်"
ချောင်းမိုသည် ကျန်းလော့ကျစ်အနားတွင် နာခံမှုရှိစွာ ထိုင်လိုက်သည်။ အချိန်အတော်ကြာ ကားမောင်းပြီးနောက် “ရှင် ဘာလို့ ဒီလောက်မြန်မြန်လာခေါ်တာလဲ၊ ကျွန်မသူငယ်ချင်းနဲ့ စကားနည်းနည်းပဲပြောရသေးတယ်” လို့ သူမ မနေနိုင်ပဲ မေးလိုက်မိသည်။
ကျန်းလော့ကျစ်သည် ချောင်းမိုကို တစ်ချက်ကြည့်လိုက်သည်။
ဒီကောင်မလေးသည် အလွန်ချစ်စရာကောင်းပြီး နူးညံ့လှသည်။ သူမ ညည်းညူသောအခါတွင် သူမသည် အလိုလိုက်ခံထားရသောကလေးကဲ့သို့ပင် လူအများ၏ နှလုံးသားကို မခံနိုင်ပဲ ပျော့ပျောင်းသွားစေသည်။
ကျန်းလော့ကျစ်၏ နှလုံးသားထဲတွင် နောင်တ အနည်းငယ်ရှိပေသည်။ သူသာ တကယ့် အယ်လ်ဖာအစစ်ဖြစ်လျှင် ကောင်းလိမ့်မည်။
ထို့နောက် သူသည် သည်ကောင်မလေးကို သူ့လက်ဖဝါးတွင် ဆုပ်ကိုင်ထားပြီး သူမကို သေချာဂရုစိုက်ကာ သူမ၏ အပြစ်ကင်းစင်ပြီး နူးညံ့သိမ်မွေ့မှု ထာဝစဉ် ထိန်းသိမ်းပေးပြီး သူမအား ဘယ်နစ်နာမှုမျိုးကိုမှ မခံစားစေရပေ။
ကျန်းလော့ကျစ်က ချောင်းမိုရဲ့ သူငယ်ချင်း ဘယ်သူလဲလို့ မမေးဘဲ ခေါင်းငုံ့ပြီး ချောင်းမိုအတွက် ထိုင်ခုံခါးပတ်ကို ပတ်ပေးရန် ရှေ့ကို မှီလိုက်သည်။
သူသည် ချောင်းမိုနဲ့ အရမ်းနီးကပ်နေပြီး သူပိုနီးကပ်လာတဲ့ချိန် သူ့ရဲ့ ပျောင့်ပျောင်း ရှည်လျားတဲ့ မျက်တောင်လေးတွေထိပါ မြင်ရပေသည်။သူ့အသားအရေက ကျောက်စိမ်းကဲ့သို့ ဖြူဖျော့ပြီး ချောမွတ်နေသည်၊ သူတို့ အရမ်းနီးကပ်နေသောကြောင့် ချောင်းမိုသည်က ရင်းနှီးသော အေးမြတဲ့ရနံ့ကို ခံစားလိူက်မိပြန်သည်။
ချောင်းမိုအနားတွင် ပျံ့လွင့်နေသော အနံ့က သူမ နှလုံးသားထဲသို့ တိုက်ရိုက် စိမ့်ဝင်သွားသယောင်ပင်။ ပြုစားခံလိုက်ရသော ချောင်းမိုသည် ခဏလောက် မိန်းမောသွားကာ တုံ့ပြန်ရန်ပင် မေ့နေခဲ့သည်။
ကျန်းလော့ကျစ် သည် အရပ်ရှည်ပြီး သွယ်လျသောကြောင့် ထိုင်ခုံခါးပတ်ကို ပတ်ရန် ငုံ့ကိုင်းလိုက်သောအခါ၊ ချောင်းမိုကို သူ့ရင်ခွင်ထဲတွင် ပွေ့ပိုက်ထားသကဲ့သို့ ဖြစ်နေ၏။
အထူးသဖြင့် သူသည် မျက်လုံးများကို အောက်စိူက်ကြည့်နေပြီး အေးစက်နေသော လက်ထဲတွင် ကားခါးပတ်ကြိုးကို ဆုပ်ကိုင်လိုက်သောအခါ ချောင်းမို၏ ခါးကို တရစ်ပြီးတရစ် ပွတ်သပ်နေသယောင် ချောင်းမို၏ သေးသွယ်သောခါးကို သူ့လက်ထဲတွင် ဆုပ်ကိုင်ထားသည့်သဖွယ် ဖြစ်နေသည်။ သူသည် အမျိုးသားဇာတ်ဆောင်ဖြစ်ကြောင်း သူမသိသော်လည်း ချောင်းမိုသည် ထိန်းချုပ်မရနိုင်တော့ဘဲ တဖြည်းဖြည်း ရှက်သွေးဖြာလာမိတော့သည်။
ကျန်းလော့ကျစ်က တကယ်ကို...အရမ်း... ဆွဲဆောင်မှု ရှိလွန်းတယ်။
အထူးသဖြင့် ဤလူသည် အလွန်လေးနက်ပြီး အာရုံစိုက်နေချိန် ပုံမှန် ခါးပတ်ပတ်ပေးသည့် အမူအရာလေးကတောင် သူမကို လွှမ်းမိုးနိုင်ပေသည်။ ပြင်းထန်သော အမျိုးသားဟော်မုန်းအချို့ကို ကျဉ်းမြောင်းသောနေရာအတွင်းသို့ ထုတ်လိုက်သလို သူမကို လွှမ်းခြုံသွားကာ အသက်ရှူရခက်ခဲစေလာတော့သည်။
ကျန်းလော့ကျစ် မော့ကြည့်လိုက်တော့ ချောင်းမို၏ နီရဲနေသော မျက်နှာနှင့် အကြည့်ကို ရှောင်ဖယ်နေသည်မှာ ယုန်ဝတုတ်လေးတကောင်လို ချစ်ဖို့ကောင်းလှပေသည်။
ကျန်းလော့ကျစ်၏ မျက်လုံးထဲ အပြုံးရိပ်တချို့ပေါ်လာကာ သူလက်မြှောက်ပြီး ချောင်းမို ခေါင်းထိပ်လေးကို ပုတ်ပေးကာ သူမ၏ နူးညံ့သော ဆံပင်အချို့ကို သပ်ပေးရင်း " မင်းကို အဝတ်ဝယ်ဖို့ခေါ်သွားမလို့ "
ချောင်းမိုသည် သူမ၏ ခေါင်းကို စိတ်ဓါတ်ကျစွာ ကိုင်လိုက်မိရင်း အထွန့်တက်ဟန်ဖြင့် " မစ္စတာ ကျန်း၊ ကျွန်မက ကလေးမဟုတ်တော့ဘူး။ ခေါင်းကို အဲ့လိုပေါ့ပေါ့ဆဆ မကိုင်ပါနဲ့ "
" ဟုတ်ပါပြီ၊ တောင်းပန်ပါတယ် "
ကျန်းလော့ကျစ်က ချက်ချင်းတောင်းပန်ခဲ့သော်လည်း ချောင်းမိုသည် ပို၍ပင် စိတ်ဓာတ်ကျလာသည်။
သို့သော်လည်း ကျန်းလော့ကျစ်သည် သူမ၏ သူဌေးဖြစ်သောကြောင့် ချောင်းမို သည် သူမ၏ ဝမ်းနည်းမှုကို မျိုချကာ အကြောင်းအရာကို ပြောင်းလိုက်ပြီး "မင်း ငါ့ကို ဘာလို့ အဝတ်ဝယ်ဖို့ ခေါ်လာတာလဲ?"
ရက်အနည်းငယ်လောက် အတူ ယှဥ်တွဲနေထိုင်ပြီးနောက် ချောင်းမိုသည် ကျန်းလော့ကျစ်ကို အနည်းငယ် နားလည်နိုင်ခဲ့သည်။ ကျန်းလော့ကျစ်သည် အားစိုက်ထုတ်မှုနှင့် ရည်ရွယ်ချက်အပေါ် အလွန်အာရုံစိုက်ပြီး အကြောင်းပြချက်မရှိဘဲ မည်သည့်အရာကိုမျှ မလုပ်တတ်သူဖြစ်သည်။
ကျန်းလော့ကျစ်၏ ခန္ဓာကိုယ်ပေါ်ရှိ နူးညံ့သိမ်မွေ့မှု ပျောက်ကွယ်သွားပြီး အေးစက်မှုအရိပ်အမြွက်ပေါ်လာသည်ကို ယောင်ဝါးဝါးမြင်နိုင်သည်။
ချောင်းမိုသည် ကျန်းလော့ကျစ်ကို သံသယဖြင့် ကြည့်ကာ အဝတ်အစားဝယ်ခြင်းသည် ကျန်းလော့ကျစ်၏ စိတ်ခံစားချက်ကို အဘယ်ကြောင့် ဆိုးသွားစေသည်ကို နားမလည်နိုင်ပေ။
ချောင်းမို၏ အမူအရာကို မြင်လျှင် ကျန်းလော့ကျစ်သည် သူမအား အတိုချုံးရှင်းပြခဲ့သည်။ "မနက်ဖြန် ကျန်း မိသားစုမှာ ပွဲရှိတယ်လေ။ မိသားစုပွဲလို့ ပြောကြပေမယ့် တကယ်တော့ လူမှုရေးပွဲတစ်ခုပဲ။ အသိုင်းအဝိုင်းထဲက သင့်လျော်သည့် အသက်အရွယ်ရှိတဲ့ အနုပညာရှင်တွေကိုလည်း ပါဝင်ဖို့ ဖိတ်ကြားထားသေးတယ်။ ဒါက ငါ့အတွက် နည်းနည်းတော့ ဒုက္ခများစေတာပဲ။ အဲ့တာကြောင့် ချောင်းမို၊ ဒုက္ခပေးတဲ့လူတွေ အဝေးမှာနေဖို့အတွက် ငါ့ကိုကူညီပေးဖို့ လိုအပ်တယ်"
ရှောင်မို စက္ကန့်ပိုင်းအတွင်း နားလည်သွားသည်။
အော် ဒါက တွဲဖက်ရှာချိန်ပဲ။ ကျန်းလော့ကျစ်သည် သူ၏ရောဂါကြောင့် ပိုင်ယွဲ့ကွမ်းကို ငြင်းပယ်ခဲ့သော်လည်း၊ သူသည် တကယ့်ကိုသူ့မအတွက် သူ့ခန္ဓာကိုယ်ကို ကျောက်စိမ်းလို ဖြူစင်အောင်ထားချင်ခဲ့သည်။
သို့သော်၊ ချောင်းမိုသည် ဤနားလည်မှုလွဲမှားနိုင်သော ဆက်ဆံရေးနည်းလမ်းကို သူမ သဘောမကျခဲ့ပေ။ သူမသည် လူနှစ်ဦးကြားတွင် ပွင့်လင်းရိုးသားခြင်းကိုပဲ ပိုနှစ်သက်ပေသည်။
ထို့ကြောင့် ပွဲပြီးတာနဲ့ သူမသည် ကျန်းလော့ကျစ်နှင့် နှုတ်ထွက်စာတင်ဖို့အရေးကို အလေးအနက်ပြောဆိုသင့်ပေသည်။
အရင်က သူမပြောခဲ့သလိုပဲ ကျန်းလော့ကျစ်က အရမ်းလုပ်ကိုင်နိုင်စွမ်းရှိသူတစ်ယောက်ပဲ။ ချောင်းမိုကို မည်သည့်စျေးဝယ်စင်တာကိုမျှ မခေါ်သွားဘဲ ရှီးချန် ရှိ အတော်လေး ဝေးလံသော ကလပ်တစ်ခုသို့ ခေါ်သွားခဲ့သည်။
ကလပ်အိမ်အဝင်ဝတွင် ရိုးရာဝတ်စုံဝတ်ထားသော အရပ်ရှည်ရှည် သွယ်လျသော အမျိုးသမီးတစ်ဦး ရပ်နေလေသည်။ အခြားသူ၏ ရှည်လျားသော အနီရောင်ဆံပင်များသည် သူမ၏ပခုံးတစ်ဝိုက်တွင် မီးလျံကဲ့သို့ ဖျာကျနေသည်။ သူမ၏ သွယ်လျသော လက်ချောင်းများကြားတွင် ငွေရောင် စီးကရက်တစ်ချောင်းကို ကိုင်ဆောင်ထားသည်မှာ လှည့်ဖျားတတ်သော မြေခွေးတကောင်လို ဆွဲဆောင်မှုရှိလှပေသည်။
"ရို၊ ဘယ်လေတိုက်လို့ ငါတို့ မစ္စတာကျန်းက ဒီလိုရောက်လာတာလဲ။ "
မြေခွေးရောင် ရိုးရာဝတ်စုံ ၀တ်ဆင်ထားသည့် အမျိုးသမီးသည် ဆွဲဆောင်မှုရှိစွာ လမ်းတစ်လျှောက် သူမ၏ တင်ပါးများကို အနည်းဆုံး သုံးကြိမ်လှုပ်ခါကာ လျှောက်သွားသဖြင့် ပတ်ဝန်းကျင်ရှိ လူများသည် နှာခေါင်းသွေးထွက်လုနီးပါး ဖြစ်ခဲ့ရသည်။
ကျန်းလော့ကျစ်က သူမကိုကြည့်ကာ ပြင်းပြင်းထန်ထန် မျက်မှောင်ကြုတ်ပြီး "ဆေးလိပ်မသောက်နဲ့။ ကလေးကို အန္တရာယ်ပြုခွင့်မပေးဘူး"
ရိုးရာဝတ်စုံဝတ်ထားသော အမျိုးသမီးသည် လှောင်ပြောင်ပြီး စီးကရက်ကိုချလိုက်ကာ “ဘယ်လိုကလေးမျိုးလဲဆိုတာ ကြည့်ရအောင်…”
ပြောပြီးတာနဲ့ ကျန်းလော့ကျစ်နောက်တွင် ရပ်နေသော ချောင်းမို တွေ့လိုက်ရပြီးနောက် ရုတ်တရက် တိတ်ကျသွားကာ သူမရဲ့ အမူအရာက အလေးအနက်ဖြစ်သွားပြီး ကျန်းလော့ကျစ်ကို တင်းမာစွာကြည့်ရင်း "ဒီလိုချစ်စရာကောင်းတဲ့မိန်းကလေးကို ဘယ်ကနေပြန်ပေးဆွဲလာခဲ့တာလဲ၊ ငါပြောပါရစေ မင်း တရားမ၀င်ဘာမှလုပ်ခွင့်မရှိဘူးနော်"
ကျန်းလော့ကျစ်က သူမကို ပြင်းထန်သောအကြည့်ဖြင့်ကြည့်ပြီး အေးစက်စွာ "ဒီဇိုင်းဆင်ဖို့အတွက် သူမကို ဒီကိုခေါ်လာခဲ့တာ။ အဲ့တာကြောင့် ပေါက်ကရတွေလျှောက်မပြောနဲ့"
ရိုးရာဝတ်စုံထားသော အမျိုးသမီးသည် နှုတ်ခမ်းကို တွန့်ကွေးလိုက်ပြီး ပြေပြစ်စွာ ပြုံးကာ "နင်က ပျင်းစရာပဲ ကျန်းလော့ကျစ်။ မင်း တစ်ယောက်ထဲ ချန်ထားမခံရဖို့ သတိထားသင့်တယ်"
ချောင်းမိုသည် နှစ်ယောက်သား စကားများရန်ဖြစ်နေသည်ကို နာခံမှုရှိစွာ ဘေးနားတွင် ရပ်ကြည့်နေခဲ့သည်။
ရိုးရာ ဝတ်စုံနှင့် အမျိုးသမီးသည် ယုတ္တိမရှိသောပုံပေါက်သော်လည်း၊ သူမသည် ကျန်းလော့ကျစ်ကဲ့သို့ လုပ်ငန်းကြီးကြီး လုပ်ဆောင်နေသူဖြစ်သည်။ သူမသည် သူမ၏အလုပ်တွင် အလွန်လုပ်ဆောင်နိုင်စွမ်းရှိပေသည်။ တစ်နာရီမပြည့်မီတွင် သူမကိုကြည့်ပြီးနောက် စက္ကန့်အနည်းငယ်လောက် ကျန်းလော့ကျစ် အံ့အားသင့်သွားစေသည့် လုံးဝကွဲပြားသော ချောင်းမို အနေနှင့် ထွက်လာခဲ့သည်။
သူမသည် ချောင်းမို၏ ဆံပင်ကို ခေါင်းနောက်ဘက်တွင် ဆံထုံးငယ်တစ်ခုအဖြစ် ထုံးဖွဲ့လိုက်ပြီး ပန်းကိုင်းပုံသဏ္ဍာန် ငွေရောင်ဆံညှပ်တစ်ခုကို ညှပ်ထားသည်။ သူမ၏ နဖူးနား ညှပ်ထားရာမှ ကျနေသော ဆံပင်နှစ်သွယ်သည် ချောင်းမို၏ ကျက်သရေကို ပိုမိုပေါ်လွင်စေသည်။
သူမသည် ချောင်းမို အတွက် ပုခုံးပေါ် ဝတ်စုံတထည် ပြင်ပေးထားသည်။ ရင်ဘတ်နားတွင် ပုလဲစီထားသော ဇာတစ်ထပ်အပြင် ခါးအောက်မှ ငွေရောင် ပိုးဇာစကတ်ပါးပါးနှင့် သူမ၏ လက်တွင်လည်း ငွေရောင် ပိုးဇာလက်အိတ်လည်းဝတ်ထားသေးသည်။
ဤဝတ်စုံသည် ချောင်းမိုကို လနန်းတော် မှ နတ်သမီးကဲ့သို့ ထင်ရစေကာ ပေါ့ပါးသွက်လက်ပြီး ကမ္ဘာနှင့်မမျှသော သူမ၏အလှကို ဖန်တီးပေးချေသည်။
"မစ္စတာ ကျန်း၊ အဆင်ပြေရဲ့လား?"
သူမ၏ယခင်ဘဝတွင် ချောင်းမိုသည် ဓာတ်ခွဲခန်းတွင် နှစ်မြှုပ်ခဲ့ပြီး တစ်လျှောက်လုံး နှောင့်ယှက်ရေးပစ္စည်း ထုတ်လုပ်ရန် ကြိုးစားခဲ့သည်။ သူမသည် ယခုလို စိတ်ကူးယဉ်ဆန်ဆန် ၀တ်စုံကို တစ်ခါမှ မဝတ်ဖူးပေ။ ထို့ကြောင့် သူမသည် စိုးရိမ်စိတ်နှင့် ပျော်ရွှင်မှုရောထွေးနေကာ ကျန်းလော့ကျစ်၏ ထင်မြင်ချက်ကို တောင်းခံခဲ့သည်။
သူ့ဘေးနားက ရိုးရာဝတ်စုံနဲ့ အမျိုးသမီးက ပျော်ရွှင်ဂုဏ်ယူနေပုံရပြီး “မိုမို၊ ဒီဝတ်စုံနဲ့သာဆို မင်းအရမ်းကို ရင်သပ်ရှုမောဖွယ်ကောင်းမယ်လို့ ငါပြောသားပဲ။ စိတ်မပူနဲ့ ကျန်းလော့ကျစ်က မင်းကြည့်မကောင်းဘူးလို့ ပြောရဲရင် ငါ့အဝတ်အစား ကလပ်က ဘုတ်ပြားမှာ အခုကစပြီး 'ကျန်းလော့ကျစ်နဲ့ ခွေးတွေ ဝင်ခွင့်မပြုဘူး' လို့ကပ်ထားလိုက်မယ်"
ချောင်းမိုက ရယ်နေပေမယ့် သူ့ထင်မြင်ချက်ကို စောင့်ရင်း ကျန်းလော့ကျစ်ကို ကြည့်နေမိတုန်းပင်။
ကျန်းလော့ကျစ်သည် မနေနိုင်ပဲ သူမအား ထပ်ခါတလဲလဲကြည့်မိပြီး နောက်ဆုံးတွင် ခေါင်းညိတ်ကာ ပြောခဲ့သည်။ "လှတယ်"