အပိုင်း ၅၅-၅၆
Viewers 20k

Chapter 55

{ ဆောင်းဦးရာသီပွဲတော် - ၁ }


ကျန်းမင်ယွမ် ဓါတ်ပုံနှစ်ခုကို ယှဥ်ကြည့်လို့နေရင်း သူကိုယ်တိုင် မေ့ဖျောက်ပစ်ခဲ့သောအဖြစ်အပျက်တချို့ သူ့အတွေးတို့ထဲတွင် တစ်ဖန်ပြန်၍ ပေါ်လာခဲ့သည်...


ထိုအချိန်က နိုင်ငံအတွင်းမူဝါဒတချို့အပြောင်းအလဲဖြစ်ခဲ့တာကြောင့် ကျန်းကော်ပိုရေးရှင်းက ငွေကြေးပိုင်းဆိုင်ရာအခက်အခဲများ ရင်ဆိုင်ခဲ့ရသည်... ကော်ပိုရေးရှင်းအတွင်းတွင် ငွေကြေးအခက်အခဲများရှိလာခဲ့သောကြောင့် စတော့ရှယ်ယာများ ထိုးကျလာခဲ့ကာ ရှယ်ယာရှင်များအားလုံးဟာလည်း မပျော်မရွှင်ဖြစ်လာ၏...


အသက် ၁၈နှစ်အရွယ်မှစကာ ရေကုန်ရေခမ်းကြိုးစားခဲ့သောကျန်းမင်ယွမ်ဟာ နှစ်အတော်လေးကြာပြီးနောက်တွင်တော့ ငယ်ငယ်ရွယ်ရွယ်ဖြင့်ပင် အောင်မြင်မှုဂုဏ်သတင်းများစွာ ရရှိလာသည်... 


ကျန်းကော်ပိုရေးရှင်း၌ငွေကြေးအခက်အခဲများ ဖိလာချိန်တွင်တော့ စတော့ရှယ်ယာရှင်များဟာ ကုမ္မဏီအား ထိန်းချုပ်နေသောလူကြီးများကို ဆန့်ကျင်ကာ ငယ်ရွယ်ပြီး စီးပွားရေးအကွက်မြင်သောကျန်းမင်ယွမ်အား နေရာပေးရန် ထောက်ခံလာကြသည်...


ကုမ္မဏီရှိလူကြီးများဟာ ၎င်းတို့နှိမ်ခဲ့ပါသောလူငယ်လေးအား လွယ်လွယ်ဖြင့် နေရာမပေးချင်ခဲ့ပေ.. 


ကုမ္မဏီမှလူကြီးပိုင်းများက နောက်ပေါက်လေးဖြစ်သောကျန်းမင်ယွမ်အား နေရာမပေးချင်ရုံမက သူ့တွင်ရှိနေသောဂုဏ်သတင်းတို့ကိုပင် မနာလိုဖြစ်လို့နေကြသည်..


ထိုချိန်မှစကာ ကျန်းမင်ယွမ်ရဲ့နေ့စဥ်ဘဝဟာ ပုံမှန်ထက် နှစ်ဆကြမ်းတမ်းလာခဲ့တော့သည်... သူနေထိုင်သောနေရာများတွင် လျှို့ဝှက်ကင်မရာများဖြင့် စောင့်ကြည့်ခံရခြင်း၊ ကားဘရိတ်ပေါက်ခြင်းအပြင် လူသွားစင်္ကြံတွင် လမ်းလျှောက်နေလျှင်တောင် ကားဖြင့် အတိုက်ခံရသေး၏...


သို့သော်လည်း ကံကောင်းစွာနှင့်ပင် ကျန်းမင်ယွမ်သည် ထိုမတော်တဆမှုများကြောင့် သေစေနိုင်လောက်သည့်အထိ ထိခိုက်မှုမရခဲ့ပေ... 


ကျန်းမင်ယွမ်သည် ဖခင်ဖြစ်သူလို ဇွဲလုံ့လရှိပြီး ဉာဏ်ရည်ထက်မြက်သူပီပီကျန်းကော်ပိုရေးရှင်းရဲ့အခက်အခဲအားလုံးကို အချိန်ခဏလေးအတွင်း ဖြေရှင်းပေးလိုက်သည်... ထို့နောက် သူ့အသက်အား ရန်ရှာထားသူ မှန်သမျှကို သက်သေအထောက်အထားများနှင့်တကွ ထောင်ထဲပို့လိုက်လေသည်...


ကျန်းမင်ယွမ်တစ်ယောက် ကုမ္မဏီမှလူကြီးပိုင်းတချို့ကို ထောင်နန်းစံစေလိုက်ခြင်းဟာ ကုမ္မဏီအထက်ပိုင်းရှိတခြားသောလူကြီးများကို သတိကပ်သွားစေခဲ့၏... ရက်အနည်းငယ်ကုန်ဆုံးသွားပြီးနောက်တွင် ထိုသက်ကြားအိုကြီးများဟာ ကျန်းမင်ယွမ်နားသို့ အနုနည်းဖြင့် ချည်းကပ်လာကြသည်... ၎င်းတို့က အရေးကြီးပုဂ္ဂိုလ်များစုစည်းသောအခမ်းအနားတော်တော်များတွင် ကျန်းမင်ယွမ်အား အမြဲတစေဖိတ်ကြားကာ ၎င်းတို့အားလုံးက ကျန်းမင်ယွမ်ဘက်တော်သားများသာဖြစ်သည်ဟု အယုံသွင်းလေတော့သည်...


အကွက်မြင်လှသောကျန်းမင်ယွမ်သည် မြေခွေးအိုကြီးများရဲ့အကြံကို ခန့်မှန်းမိသော်ငြား သူ့အတွက် အကျိုးရှိသောကိစ္စတချို့ရှိနေခဲ့တာကြောင့် ဖိတ်ကြားမှုတိုင်းကို လက်ခံခဲ့ပြီး ရေလိုက်ငါးလိုက်ပြောဆိုဆက်ဆံနေလိုက်၏... 


ကျန်းမင်ယွမ်တက်ရောက်သောအခမ်းအနားပွဲမျိုးတွင် အမျိုးသားများသာရှိနေခဲ့ခြင်း မဟုတ်ချေ... အထက်ပိုင်းလွှာမှမမလေးများ၊ အမျိုးသမီးသရုပ်ဆောင်များနှင့်အဆိုတော်များလည်း ရှိနေတတ်စမြဲပင်... သို့သော်လည်း ကျန်းမင်ယွမ်က ထိုပွဲသို့တက်ရောက်သောအမျိုသမီးများနှင့် မည်သို့သောဆက်နွယ်မှုမှ မရှိခဲ့ပေ... 


သို့သော်လည်း မိမိဘက်မှ ပြဿနာကို မရှာလျှင်တောင် ပြဿနာဆိုသောမီးက မိမိအား လာရှာတတ်ပေသည်...


ကျန်းမင်ယွမ်တစ်ယောက် အခမ်းအနားပွဲတစ်ခုကို တက်ပြီးနောက်ပိုင်းတွင် ကောလဟလများစွာ ပြန့်လာခဲ့တော့၏... တစ်နေ့၌ သူဟာ အမျိုးသမီးတစ်ယောက်နှင့် တစ်ညတာဖြတ်သန်းခဲ့သည်ဟူသောသတင်းပြန့်လာခဲ့ပြီး နောက်တစ်နေ့တွင်တော့ သူသည် နာမည်ကြီးမော်ဒယ်တချို့နှင့် အချိတ်အဆက်ရှိနေသည်ဟု ပြောကြပြန်သည်.. ဤသို့ဖြင့် နောက်တစ်နေ့၌ အမျိုးသမီးသရုပ်ဆောင်နှစ်ဦးဟာ ကျန်းမင်ယွမ်အတွက် တိုက်ခိုက်ကြသည်ဟု ဆိုကြပြန်သည်...


ထိုသို့သောပေါက်ပန်းလေးဆယ်လူပြိန်းကြိုက်ကောလဟလများဟာ သူ့အား မထိခိုက်စေတာကြောင့် ကျန်းမင်ယွမ်ဘက်မှ ဘာမျှမတုံ့ပြန်ခဲ့ပေ... သို့သော် သူ့ဘက်မှ ငြိမ်နေခဲ့ခြင်းကြောင့် လူတချို့ဟာ ပိုရောင့်တက်လာခဲ့ကြချေတယ်...


ဤသို့ဖြင့် တစ်နေ့တွင်တော့ ကျန်းမင်ယွမ်တစ်ယောက် အခမ်းအနားပွဲတစ်ခုတွင် ဆေးအခတ်ခံလိုက်ရလေသည်...


သူသည် ထိုစဥ်က ငယ်ငယ်ရွယ်ရွယ် အောင်မြင်နေသူပီပီ အနည်းငယ်မာနထောက်လွှားနေမိတာကြောင့် သတိလက်လွတ်ဖြစ်သွားရ၏... ထို့ကြောင့်လည်း ကျန်းမင်ယွမ်သည် သူ့ဆန္ဒမပါဝင်ပါဘဲ ဟိုတယ်သို့ အတင်းခေါ်ဆောင်ခံလိုက်ရသည်...


သို့ပေမယ့်လည်း ထိုချိန်တွင် မြေခွေးအိုကြီးများ စီစဥ်ထားသောမိန်းကလေးဟာ AIDSရှိကြောင်း စစ်ဆေးချက်ထွက်လာခဲ့သည်... မြေခွေးအိုကြီးများက ထိုအခြေအနေကို ပိုသဘောကျကြသော်လည်း မိန်းကလေးမှတော့ ယခုလိုဆိုးဝါးသောလုပ်ရက်ကို လက်မခံနိုင်တာကြောင့် ကျန်းမင်ယွမ် ရောက်မလာခင်လေးတွင်ပင် စာချုပ်ကို ဖျက်သိမ်းလိုက်သည်... ထို့ကြောင့်လည်း အခွင့်အရေးကို လက်မလွှတ်ချင်သောမြေခွေးအိုကြီးများသည် နောက်ထပ်မိန်းကလေးတစ်ယောက်ကို အသည်းအသန်ရှာရတော့သည်..


ကျန်းမင်ယွမ်သည် သက်ကြားအိုကြီးများ ပြာယာခတ်နေချိန်တွင် ကပ်သီးလေး လွတ်လာခဲ့ခြင်းဖြစ်၏... သို့သော် ကျန်းမင်ယွမ်ဟာ ထိုနေ့၌ သက်ကြားအိုကြီးတို့စီစဥ်ထားသောမိန်းကလေးနှင့် မအိပ်သော်ငြား နာမည်ပင် မသိခဲ့သောအမျိုးသမီးငယ်လေးတစ်ဦးနှင့် တစ်ညတာဖြတ်သန်းခဲ့သည်မှာ အမှန်ပင်...


ကျန်းမင်ယွမ်သည် ထိုအချိန်တို့အကြောင်းပြန်တွေးမိတိုင်း ကံကောင်းသည်ဟူသောအတွေးနှင့် ကြောက်ရွံ့မှုတို့ကို ခံစားမိဆဲဖြစ်သည်... အကယ်၍သာ သူဟာ မြေခွေးအိုကြီးတို့ထောင်ချောက်ထဲသို့ ကျသွားခဲ့ပါက ပြန်နလန်ထူရန် ဖြစ်နိုင်မည်မဟုတ်ပေ... ထိုအ​ဖြစ်အပျက်တို့အပြီး နောက်တစ်နှစ်အကြာတွင်တော့ ကျန်းမင်ယွမ်က မြေခွေးအိုကြီးတို့အဖွဲ့ရှိလူတိုင်းနီးပါးကို ထောင်ဖမ်းနိုင်ခဲ့ပြီး သူ့ရဲ့ဘဝလေးမှာ အနည်းငယ် သာယာဖြောင့်ဖြူးခွင့်ရသွားခဲ့တော့တယ်...


နောင်အနာဂါတ်တွင် ပြဿနာမဖြစ်လာစေရန်အတွက်လည်း နောက်ဆုံးအချိန်တွင် ဆေးစစ်ဆေးချက်ကြောင့် လက်ရှောင်ပေးလိုက်သောအမျိုးသမီးနှင့် သူနှင့်အမှန်တကယ် တစ်ညတာဖြတ်သန်းခဲ့သောအမျိုးသမီးတို့ကို ပိုက်ဆံဖြင့် နှုတ်ပိတ်ထားလိုက်၏...


ကျန်းမင်ယွမ်သည် s*x(လိင်ပိုင်းဆိုင်ရာ)ကိစ္စနင့်ပတ်သက်ပြီး ဖခင်နှင့်လွန်စွာ တူချေသည်... ဆယ်ကျော်သက်အရွယ်က အပျော်အတွက် ရည်းစားများစွာထားခဲ့သော်လည်း s*xကိစ္စမပါခဲ့ပေ... ဒါ့ပြင် သူ့အသက်၁၈နှစ်တွင် ဖခင်ဖြစ်သူ ကွယ်လွန်သွားခဲ့တာကြောင့် ကျန်ရှိနေသောဆယ်ကျော်သက်ဘဝကို အလုပ်ထဲသာ နှစ်ထားခဲ့ရပြန်တယ်... ထိုအချက်အလက်အားလုံးကို သေချာစဥ်းစားကြည့်ပါလျှင် ယခုအချိန်ထိ သူနှင့် ကုတင်ပေါ်ကိစ္စဖြစ်ဖူးသည့်အမျိုးသမီးမှာ တစ်ယောက်တည်းပင်...


ထို့ပြင် ဓါတ်ပုံထဲမှကလေးလေးမှာလည်း ၃ ၄နှစ်သာသာ ရှိသေးပုံရ၏... ထို့ကြောင့် အချိန်အားဖြင့် တွက်ကြည့်လျှင်လည်း ကွက်တိနီးပါးလောက်ရှိနေခဲ့ပြန်သည်...


💕💕💕💕💕💕


Chapter 56

{ ဆောင်းဦးရာသီပွဲတော် - ၂ }


ကျန်းမင်ယွမ်သည် ဖုန်းမျက်နှာပြင်ပေါ်မှကလေးလေး၏ဓါတ်ပုံကို ကြည့်ရင်း အနည်းငယ် မျက်မှောင်ကြုတ်သွားမိသည်... 


သူ ခေတ္တမျှစဥ်းစားပြီးနောက် သူ့လက်ထောက်တစ်ယောက်ဖြစ်သောလီကျောင်းရီထံ မက်ဆေ့တစ်စောင်လှမ်းပို့လိုက်သည်...


ကျန်းမင်ယွမ် : " မင်း ဒီဓါတ်ပုံကို ဘယ်နေရာမှာ ရိုက်ထားတာလဲ..."


တစ်ဖက်တွင်...

 လီကျောင်းရီသည် Bossဖြစ်သူဆီမှ ထပ်ရလိုက်သောမက်ဆေ့​ကို ဖတ်ပြီး အံ့သြသွား၏... 


သို့သော် သူ့ဘက်မှ မြန်မြန်စာမပြန်ပါက Bossရဲ့ဒေါသအိုးဟာ ထပေါက်ပေမည်... လီကျောင်းရီ Bossကျန်းရဲ့ခန္တီပါရမီကို မစမ်းသပ်ရဲပေ.. ထို့ကြောင့် သူ အချိန်တိုတွင်းတွင် စာပြန်လိုက်သည်...


လီကျောင်းရီ : " ကျိုးနန် ၆၅ လမ်းပေါ်က ညစျေးလေးမှာ ဖွင့်ထားတဲ့ဘာဘီကျူးဆိုင်လေးမှာပါ Boss... ကလေးလေးက အခုဆို ၄နှစ်ရှိနေပါပြီ... ကလေးရဲ့အမေက ဘာဘီကျုးဆိုင်ရဲ့ပိုင်ရှင်ပါ... သူတို့ဆိုင်က အစားအသောက်လည်း ကောင်းတဲ့အပြင် ဆိုင်ရှင်ကလည်း အရမ်းလှလို့ဆိုပြီး သိပ်မကြာသေးခင်လောက်ကစပြီး နာမည်ကြီးလာခဲ့တာ... ကလေးအမေကိုလည်း ကျွန်တော်ဓါတ်ပုံရိုက်လာခဲ့တယ်... Boss သူ့ပုံကိုရော ကြည့်ကြည့်မလား...? "


လီကျောင်းရီင နောက်ဆုံးပိတ်အနေနဲ့ ဆိုင်ရှင်၏ဓါတ်ပုံကို ပို့ပေးရမလားဟုပါ ပြောလိုက်သည်... အတိတ်တုန်းက သူ့Boss ပတ်သက်ခဲ့သောမိန်းကလေးကို bossဖြစ်သူက မမှတ်မိမည်ဟု စိုးရိမ်တာကြောင့် မေးလိုက်ခြင်းပင်..


တကယ်တမ်းတွင် ကျန်းမင်ယွမ်သည် ချန်းဟွမ်၏မျက်နှာကို လုံးဝမသိခဲ့ချေ... ကျန်းမင်ယွမ် ထိုနေ့ည၌ ဆေးရှိန်ကြောင့် ဘာဆိုဘာကိုမျှ မမှတ်မိပေ... ဆေးရှိန်ပြယ်သွားပြီးနောက်တွင်လည်း ယခုမတော်တဆမှုအတွက် ရှင်းစရာရှိသည်တို့ကို ရှင်းရသေး၏... အသေးစိတ်ကိစ္စတို့ကိုတော့ ကျိုးဟောင်မှ ဆက်လုပ်ခဲ့ခြင်းသာ...


ကျန်းမင်ယွမ် : " အင်း... "


လီကျောင်းရီသည် Bossဆီမှ ခွင့်ပြုချက်ရလိုက်ချိန်တွင် ဘာဘီကျူးဆိုင်ပိုင်ရှင်၏ဓါတ်ပုံနှင့်တကွ သူမရဲ့နာမည်၊ အသက်စသော အချက်အလက်တချို့ကိုပါ ပို့ပေးလိုက်သည်...


ချန်နန် liveလွှင့်ပြီးနောက်ပိုင်းတွင် ချန်နန်၏ပရိသတ်တချို့ဟာ ဘာဘီကျုးဆိုင်ပိုင်ရှင်လေး၏အကြောင်းကို ရှာဖွေလာကြသည်... 


ချန်းဟွမ်နှင့်အတန်းဖော်ဖြစ်ခဲ့ဖူးသောလူတချို့မှာလည်း ထိုဘာဘီကျူးဆိုင်ပိုင်ရှင်လေးမှာ ၎င်းတို့နှင့် အတန်းဖော်ဖြစ်သောဘယ်သူဖြစ်ကြောင်း၊ အသက်က ဘယ်လောက်ခန့်ရှိနေလောက်ပြီဖြစ်ကြောင်း စသည်ဖြင့် ပြောလာကြသေး၏... ထို့ကြောင့် အွန်လိုင်းပေါ်တွင် ချန်းဟွမ်အကြောင်းကို ရှာဖွေဖို့ မခက်ပေ... 


သို့သော် ထူးဆန်းသည်က အပေါ်တွင် ပြောထားသောယေဘုယျအချက်များမှလွဲပြီး ကျန်ကိစ္စများကို ရှာမတွေ့ခြင်းပင်...


ကျန်းမင်းယွမ်သည် လီကျောင်းရီဆီမှ ချန်းဝှမ်၏ဓါတ်ပုံ ရရှိပြီးနောက်တွင် ဖုန်းနံပါတ်တစ်ခုကို ခေါ်လိုက်လေသည်... 


ခေတ္တကြာပြီးနောက် ဖုန်းတစ်ဖက်ဆီမှ ရွှင်မြူးတက်ကြွသည့် အသံထွက်လာသည်...


" Hey Yo! အလုပ်များလွန်းတဲ့စီအီးအိုကြီးက ဘာကိစ္စကြောင့်များ ငါ့ဆီ ဖုန်းဆက်လာတာပါလိမ့်...  " 


ကျန်းမင်ယွမ် တစ်ဖက်အမျိုးသား၏စိတ်ရှုပ်ဖွယ်စနောက်ခြင်းကို လျစ်လျူရှုထားလိုက်ကာ သူမေးမည့်ကိစ္စကို တည့်တိုးမေးချပစ်လိုက်သည်...


" လွန်ခဲ့တဲ့၅နှစ်လောက်တုန်းက ယီချန်က  ကောင်မလေးကို မင်းမှတ်မိသေးလား..."


" အဲ့ကောင်မလေးက ဘာဖြစ်လို့လဲ... "


 ကျိုးဟောင် ကျန်းမင်ယွမ်၏အမေးကြောင့် အနည်းငယ်တုံ့ဆိုင်းသွားသည်... 


သူနှင့် ကျန်းမင်ယွမ် သူငယ်ချင်းဖြစ်နေသည်မှာ ကြာခဲ့ပြီဖြစ်သောကြောင့် ကျန်းမင်ယွမ် ​ဆိုလိုချင်သည့်ကောင်မလေးဟာ မည်သူဆိုသည်ကို ချက်ချင်းသဘောပေါက်လိုက်ပေသည်... 


" မဟုတ်မှ... ဒီလောက်နှစ်တွေကြာပြီးမှ သူ့အရသာကို ပြန်တောင်းတလာလို့လား...ဟီး "


ကျန်းမင်ယွမ် သူ၏ကြောင်တောင်တောင်သူငယ်ချင်းရဲ့အမြဲစနောက်နေခြင်းကို ခံခဲ့ရသည်ကြောင့် ဒေါသမထွက်တော့ပေ... 


ကျိုးဟောင်က စနောက်ပြီးကြောင်တောင်တောင်နိုင်သူဖြစ်ပေမယ့် ကျန်းမင်ယွမ် အယုံကြည်ဆုံးသူတစ်ဦးဖြစ်နေဆဲပင်... ကျန်းမင်ယွမ်သည် သူ့စကားတို့ကို နောက်တစ်ကြိမ်လျစ်လျူရှုလိုက်ကာ ထပ်မေးပြန်၏...


" မင်း သူ့နာမည်ကိုရော မှတ်မိသေးလား..."


" မင်းလိုတစ်ကုတင်ထဲနေခဲ့တဲ့သူတောင် မမှတ်မိတာ ငါက သူ့မျက်နှာကို ဘယ်လိုလို့မှတ်မိမှာလဲ ဆရာသမားရဲ့... ဒါနဲ့ ဟီးဟီး ဘာလို့မေးတာလဲ... "


 ကျိုးဟောင် စနောက်ချင်သောအသံဖြင့် မေးလိုက်သည်...


" သိဖို့ လိုအပ်လို့ပေါ့... " ကျန်းမင်ယွမ်သည် မသေချာသေးတာကြောင့် ကျိုးဟောင်အား အကြောင်းအရင်းကို သေချာမပြောပြချင်ပေ.. 

သူ ခေတ္တရပ်လိုက်ပြီးမှ ဆက်ပြောလိုက်သည်... 


" မင်းက သူ့ကို ပိုက်ဆံလွှဲပေးခဲ့တာဆိုတော့... သူ့နာမည်ကတော့ မင်းဆီမှာ ရှိလောက်မှာပါ... "


" Omm ပြန်ရှာကြည့်ရင်တော့ တွေ့လောက်မယ်ထင်တယ်... " 


ကျိုးဟောင်စကားပြောရင်း အလုပ်ခန်းထဲသို့ ဝင်သွားကာ ကွန်ပြူတာရှေ့တွင် ထိုင်လိုက်၏...


 " ခဏလေး စောင့်ပေး... ငါ ရှာကြည့်ပေးမယ်... "


ထို့နေ့ညသည် လွန်ခဲ့သည့်၅နှစ်ခန့်လောက်ကသာ ဖြစ်တာကြောင့် ဖိုင်အနည်းငယ်ကို ဖွင့်ရှာပြီးနောက်တွင်တော့ နေရာနှင့်အချက်အလက်အသေးစိတ်ကိုပါ ရှာတွေ့သွားခဲ့သည်...


" တွေ့ပြီ! သူ့နာမည်က ချန်းဟွမ်တဲ့..."


ချန်းဟွမ်ဟူသောနာမည်ကို ကြားလိုက်ချိန်တွင် ကျန်းမင်ယွမ် လက်သီး ကျစ်ကျစ်ဆုပ်ထားလိုက်မိသည်... 


" သိပြီ...ကျေးဇူး... "


" ကျေးဇူးတင်စရာမလိုပါဘူး ဘရားသားရယ်... ဘာလို့ ရှာခိုင်းတာလဲဆိုတာကိုသာ ပြောပြ... "


 ကျိုးဟောင် ကျန်းမင်ယွမ်ထံမှ စကားနှိုက်ချင်နေသေးသည်...


" အခုလုပ်စရာရှိသေးလို့ နောက်မှပြောပြမယ်...  "


💕💕💕💕💕💕💕