အပိုင်း ၅၇-၅၈
Viewers 20k

Chapter 57

{ ဆောင်းဦးရာသီပွဲတော် - ၃ }


တစ်ဖက်တွင်တော့ ချန်းဟွမ်သည် သူမသားဖြစ်သူအား တစ်စုံတစ်ယောက်က စောင့်ကြည့်နေခဲ့သည်ကို လုံးဝမသိခဲ့ပေ...


 မူလဇာတ်ကြောင်းအရ ဇာတ်လိုက်သည် သူ့ဆီတွင် သားတစ်ယောက်ရှိနေခြင်းကို နောက်၂နှစ်လောက်ကြာမှသာ သိခဲ့ခြင်းဖြစ်သည် ထိုသို့သိသွားခဲ့ခြင်းဟာလည်း မူလချန်းဟွမ်က ကလေးအား ဇာတ်လိုက်ဆီသို့ ခေါ်ဆောင်သွားခဲ့ခြင်းကြောင့်ပင်... 


သူမကတော့ ကလေးကို ဇာတ်လိုက်ဆီသို့ ခေါ်သွားချင်စိတ်မရှိပေ... ရှင်းရှင်းလေးက ဇာတ်လိုက်နှင့် ဇာတ်လိုက်မကြားမှ ဆူးခလုတ်တစ်ခုဖြစ်သွားမည်ကို မလိုလားပေ...


သူမရဲ့ဘာဘီကျူးလုပ်ငန်းလေးသည် နွေရာသီအတောအတွင်း အတော်လေးအရောင်းသွက်ခဲ့သော်ငြား တဖြည်းဖြည်း ရာသီဥတု အေးလာခဲ့ချိန်တွင် လာရောက်စားသုံးသူနည်းပါးလာတော့၏...


ချန်းဟွမ်သည် ဘာဘီကျူးဆိုင်လေး အရောင်းသွက်ခဲ့ချိန်က များများစားစားစုဆောင်းခဲ့နိုင်သောကြောင့် ယခုတွင် သူမ အစီအစဥ်အတိုင်း ဆိုင်ခန်းတစ်ခု ငှားရမ်းနိုင်လောက်သည်အထိ စုမိထားပေပြီ... သူမက ဘာဘီကျူးအပြင် တခြားသောအစားအသောက်များပါ ရောင်းချနိုင်ရန်အတွက် ဆိုင်နေရာကြီးကြီးမားမားတစ်ခုကို ငှားနိုင်ဖို့ရာ မျှော်မှန်းထားလေသည်..


ဥပမာအနေဖြင့် အခုနောက်ပိုင်းတွင် ရာသီဥတုအေးလာပြီဖြစ်တာကြောင့် ပူပူနွေးနွေးhotpotလို အစားအစာမျိုး ရောင်းချနိုင်ရန်ပင်...


အတည်တကျ ဆိုင်ခန်းကျယ်တစ်ခု ရှာဖွေခြင်းက ညစျေးတွင် လမ်းဘေးဆိုင်လေးအတွက် နေရာရှာရခြင်းထက် ပိုခက်ခဲလှသည်... ဆိုင်ခန်းအတွက် နေရာရှာဖွေနေသည်မှာ ရက်အနည်းငယ်ကြာပြီဖြစ်သော်လည်း သူမ စိတ်ကြိုက်ဖြစ်သည့်နေရာကို ရှာမတွေ့သေးပေ... သို့သော် သူမကလည်း အလျင်မလိုချေ... သူမသည် နေရာရှာနေရင်းဖြင့် ညစျေးတွင် ဆိုင်ဆက်ဖွင့်ကာ ပျော်ရွှင်စွာ ဝင်ငွေရှာနေဆဲပင်...


အချိန်တို့ တရွေ့ရွေ့ကုန်ဆုံးလာခဲ့ပြီး တဖြည်းဖြည်းဖြင့် ဆောင်းဦးရာသီထဲသို့ ဝင်လာခဲ့လေပြီ... ယခုဆိုလျှင် ကလေးလေးသည်လည်း ကျောင်းတက်တာ တစ်လပြည့်ခဲ့သလို ကျောင်းစတက်သည့်နေ့မှ ယခုချိန်အထိ ပထမဆုံးအကြိမ်အဖြစ် ကျောင်းပိတ်ရက်ရှည်အဖြစ် အားလပ်ရက်၈ရက် ရခဲ့ပြီလည်းဖြစ်၏...


ဆောင်းဦးရာသီပွဲတော်မှာ စက်တင်ဘာ၃၀ရက်နေ့တွင်ဖြစ်ပြီး နောက်တစ်နေ့က အမျိုးသားနေ့ပင်... တရုတ်လူမျိူးများ ပွဲတော်ဟုပြောလိုက်သည်နှင့် အစားအသောက်များစွာ ပါဝင်သည်မှာ မလွဲဧကန်ဖြစ်၏...


လက်ရှိချန်းဟွမ်က သူမရဲ့မူလဘဝတွင် အဖိုးဖြစ်သူနှင့်အတူ နေထိုင်ခဲ့ရပြီး ပွဲတော်ရောက်တိုင်း မုန့်မျိုးစုံ လုပ်စားကြသည်... ရိုးရာအစားအစာများ ပြုလုပ်ရခြင်းက ခက်ခဲပြီး အချိန်ပေးရသော်လည်း  ငယ်စဥ်တည်းက လုပ်လာခဲ့ရသည်ကြောင့် ပုံမှန်လူတစ်ယောက်ထက်တော့ ပိုကျွမ်းကျင်သည်... ထို့ပြင် ပွဲတော်နေ့များတွင် အဖိုးနှင့်အတူ မုန့်လုပ်ခဲ့သောအမှတ်တရတို့က သူမအတွက် အဖိုးတန်ဆုံးအရာများပင်...


ချန်းဟွ၏မ် ငယ်စဥ်ဘဝက အမှတ်တရမျိုး ရှောင်ရှောင်လေးဆီတွင်လည်း ရှိသွားခဲ့လျှင် ကောင်းမည်ဟု တွေးဆမိချေသည်... 


ချန်းဟွမ်သည် ပေါက်စီလုံးလေးနှင့်အတူ အသားသွပ်လမုန့်ပြုလုပ်ရန် စဥ်းစားထား၏... ထိုလမုန့်သည် မုန့်ဖုတ်စက်ထဲမှ ထုတ်လိုက်ချိန်တွင် အပြင်ပိုင်း၌ ကြွပ်ရွပြီး ရွှေအိုရောင်သန်းလို့နေပေတယ်... မုန့်ဖုတ်နေသည့်အချိန်အတောအတွင်းတွင် အထဲမှအသားတို့ဟာ နူးညံ့လာခဲ့သည်... ထို့ကြောင့် အပြင်ပိုင်းတွင် ​ကြွပ်ရွသောအရသာကို ရရှိပြီး အတွင်းပိုင်းကတော့ နူးညံ့သောအရသာကို ပေးစွမ်းလို့နေ၏...


ရှင်းရှင်းလေးသည် မိခင်ဖြစ်သူ​ ပြောပြသောလမုန့်ဆိုသည့်မုန့်အား လွန်စွာ မြင်ဖူးချင်နေခဲ့၏... ထိုလမုန့်ဆိုသောမုန့်က ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ သူဂရုမစိုက်ပေ.. မေမေနှင့်အတူ ချက်ပြုတ်နေရတော့မည်ဟူသောအတွေးကပင် တော်တော်လေး ပျော်ရွှင်စရာကောင်းလို့နေပေပြီ... ကလေးလေးသည် လမုန့်၏ပုံစံကို သိချင်နေလွန်းတာကြောင့် အိပ်ရာပေါ်တွင် လဲနေရင်းနှင့်တောင် အမေဖြစ်သူအား ဆက်တိုက်မေးနေခဲ့၏... ချန်းဟွမ်က " အားလုံးပြီးသွားတဲ့အခါ သိလိမ့်မယ် "ဟုသာ ပြန်ဖြေလိုက်သည်


ထိုအချိန်သည် ညပိုင်း ၉နာရီ ၁၀နာရီလောက်ရှိနေပြီဖြစ်ရာ ကလေး၏အိပ်ချိန်ဆိုလျှင်လည်း မမှားပေ...


 ချန်းဟွမ် စပ်စုစိန်လေးအား အိပ်ရာပေါ်တွင် ပွေ့ဖက်ထားလိုက်ပြီး " ကဲ... စပ်စုနေတာ တော်တော့... အိပ်ကြမယ်...".


" ဟုတ်ကဲ့ " 


 ပေါက်စီလုံးလေးက  မျက်လုံးပိတ်ကာ အိပ်စက်လိုက်သည်...


ဆောင်းဦးရာသီပွဲတော်သည် ပွဲတော်ကြီးတစ်ခုဖြစ်တာကြောင့် ချန်းဟွမ်သည် ဘာဘီကျူးဆိုင်လေးကို တစ်ရက်နားထားသည်... 


ထို့ကြောင့် သူမလည်း  နှစ်နှစ်ခြိုက်ခြိုက်အိပ်အိပ်စက်ခြင်းနယ်မြေသို့ သက်ဆင်းသွားခဲ့သည် မနက်ပိုင်း သူမ ပြန်ထချိန်တွင် မနက်၉နာရီပင် ရှိနေပေပြီ..


လိုက်ကာကြားမှ တိုးဝင်သောနေရောင်ခြည်မျှင်လေးများကိုလည်း မြင်နေရပြီ...


 ကုတင်ဘေး၌ ပေါက်စီလုံးလေးက သူမလက်ကို ဆုပ်ကိုင်ရင်း ထိုင်နေ၏.


💙💙💙💙💙💙💙


Chapter 58

{ ဆောင်းဦးရာသီပွဲတော် - ၄ }


မိခင်ဖြစ်သူ မျက်လုံးပွင့်လာသည်ကို တွေ့လိုက်ချိန်တွင် ပေါက်စီလုံးလေးက ချန်းဟွမ်၏လက်ကို လှုပ်လိုက်ကာ ပြောလိုက်သည်


" မေမေ... မေမေ ထတော့... သားတို့တွေ ဒီနေ့ လမုန့် လုပ်ကြမှာလေ..! "


ချန်းဟွမ်သည် အင်း ဟု ပြန်ဖြေလိုက်ပြီး အခန်းထဲသို့ သေချာပြန်ကြည့်လိုက်သည်... အခန်းထဲသို့ ဝင်ရောက်နေခဲ့ပြီဖြစ်သောနေအလင်းရောင်တို့ကြောင့် အခန်းတစ်ခုလုံး လင်းထိန်လို့ နေပြီပင်... 


 သူမမျက်လုံးတစ်စုံကို လက်ဖြင့်ကာလိုက်ရင်း


 " လိုက်ကာလေး သွားပိတ်ပေးပါအုံး သားသား.."


" ဟုတ်ကဲ့ မေမေ... " 


ပေါက်စီလုံးလေးက ကုတင်နားမှ လိုက်ကာရှိရာသို့ လျှောက်လာခဲ့ပြီးနောက် လိုက်ကာစလေးကို ခြေဖျားထောက်ရင်း လှမ်းဆွဲလိုက်သည်... အချိန်ခေတ္တအကြာ အကြိမ်များစွာကြိုးစားပြီးနောက် သူလိုက်ကာစနှစ်ဖက်ကို ဆွဲပိတ်လိုက်နိုင်သွားသည်... 


ထို့နောက် ကလေးလေးက ကုတင်နားသို့ ပြန်လာခဲ့ကာ " မေမေ သား အပြင်မှာစောင့်နေမယ် မြန်မြန်ထွက်လာခဲ့နော်... "


" Okay... " 


ချန်းဟွမ်သည် ပြန်ဖြေစကားဆိုပြီးနောက် မျက်လုံးမှိတ်ကာ ကုတင်ပေါ်တွင် ပြန်လှဲချလိုက်သည်... ရှင်းရှင်းလေးတစ်ယောက် အခန်းပြင်သို့ ထွက်သွားခဲ့ပြီး အချိန်အနည်းငယ်လောက်အကြာမှသာ အမှန်တကယ် အိပ်ယာထလိုက်သည်..


ပြီးနောက် သူမ အဝတ်အစားလဲပြီး ကလေးလေးကို လိုက်ရှာလိုက်၏... သူမ ပေါက်စီလုံးလေးကို စာကြည့်ခန်းထဲတွင် တွေ့လိုက်သည်။... ထိုကလေးပုစိလေးက အဝတ်အစားလဲပြီးပြီဖြစ်သော်လည်း အနည်းငယ်တွန့်လို့နေသည်...


" တောင်းပန်တယ်နော် သားလေး... မေမေ အိပ်ပျော်သွားတယ်... "


 သူမသ ကလေး၏အဝတ်ကို အနည်းငယ်ဆွဲဆန့်ပေးရင်း တောင်းပန်စကားဆိုကာ ပါးကို နမ်းလိုက်ပြီးမှ သူမက သွားမတိုက်ရသေးမှန်း သတိရလိုက်သည်... 


သူမ မတ်တပ်ပြန်ရပ်လိုက်ရင်း " ခဏလေး စောင့်ပေးနော်... မေမေ အမြန်သွားတိုက်ပြီးတာနဲ့ သားအတွက် မနက်စာလုပ်ပေးမယ် ဟုတ်ပြီလား... "..


" သား ဗိုက်မဆာသေးဘူး မေမေ... သားကို အိမ်နီးချင်းမမက မနက်စာကျွေးထားတယ်...  ပြီးတော့ သားကိုယ်တိုင် သွားလည်း တိုက်ပြီးပြီ ဒီမှာကြည့်... " ပေါက်စီလုံးလေးသည် သူ၏သွားသေးသေးများကို စီပြရင်း ပြောလိုက်လေသည်...


ထို့နောက်တွင်တော့ အမေဖြစ်သူကို မော့ကြည့်လိုက်ရင်း " မေမေက အလုပ်တွေ အများကြီး လုပ်ရတော့ ပင်ပန်းပြီး အိပ်ချင်မှာပေါ့... သား နားလည်ပါတယ်... " 


ချန်းဟွမ် သွားမတိုက်ရသေးတာကြောင့် ဘာမျှပြန်မပြောတော့ဘဲ လူကြီးစကားပြောလာသောကလေးပေါက်စလေးအား ငုံ့ကြည့်ရင်း ကျေနပ်စွာ ပြုံးလိုက်မိလေသည်... ဒီသိတတ်သောကလေးပေါက်လေးကို ကျွေးမွေးစောင့်ရှောက်လာခဲ့ရတာ တန်သည်ဟုပင် တွေးလိုက်မိ၏... ထို့ပြင် သူ့အရွယ်လေးဖြင့် လူကြီးဆန်သောစကားပြောနေသောကြောင့် ထိုကလေးပုစိလေး၏ပါးဖောင်းဖောင်းလေးကို ဆွဲညှစ်ပစ်လိုက်ချင်မိသည်...


~~~~


ကလေးလေးက ဗိုက်မဆာသေးဘူးဟုဆိုသောကြောင့် သူမ အေးအေးဆေးဆေးသာ ရေချိုးပြင်ဆင်လိုက်သည်... ထို့နောက် သူမအတွက် မနက်စာအဖြစ် ခေါက်ဆွဲတစ်ပွဲစားသောက်အပြီးတွင် မိတ်ကပ်ပါးပါးလိမ်းခြယ်ကာ အပြင်ထွက်လာလိုက်၏...


ယနေ့သည် အားလပ်ရက်ကြီးဖြစ်တာကြောင့် စူပါမားကတ်ထဲတွင် လူများနေသည်... တစ်ဦးတစ်ဦးတိုးဝှေ့ပြီး သွားနေရပြီး လူကွဲသွားမည်ကိုပင် စိုးရိမ်နေရသည်... ထို့ကြောင့် ချန်းဟွမ်ဟာ သားဖြစ်သူရဲ့လက်ကို သေချာကိုင်ထားရင်း လမုန့်အတွက် လိုအပ်သောပါဝင်ပစ္စည်းတို့ကို ဝယ်ယူလိုက်သည်...


ရှင်းရှင်ူလေးသည် သူ မမြင်ဖူးသောအရာတို့ကို မြင်ရချိန်တွင် ခေတ္တရပ်လိုက်ပြီး မျက်လုံးဝိုင်းစက်စွာဖြင့် သေချာငေးကြည့်နေတော့၏...  ထိုသို့ကြည့်နေတိုင်းတွင် ချန်းဟွမ်က အတင်းဆွဲခေါ်သွားခြင်းမျိုး မလုပ်ဘဲ ကလေးလေး ဆက်မကြည့်တော့သည့်အချိန်ထိ စောင့်နေပေးသည်...


သူမတို့သားအမိနှစ်ယောက် စူပါမားကတ်ထဲတွင် စျေးဝယ်ထွက်ခဲ့သည်မှာ ၁နာရီနီးပါးကြာမြင့်ခဲ့၏... စူပါမားကတ်မှထွက်လာချိန်တွင် သူမတို့ရဲ့စျေးဝယ်ခြင်းထဲတွင်  အပြည့်အမောက်ပင်... ဝယ်ခဲ့သောပစ္စည်းများထဲမှအနည်းငယ်က အစားအသောက်အတွက် လိုအပ်သောပါဝင်ပစ္စည်းများဖြစ်ကာ ကျန်ပစ္စည်းများမှာ ပေါက်စီလေးအတွက် စာအုပ်နှင့်အရုပ်များပင်...

ထို့ပြင် ကလေးလေး၏လက်ထဲတွင်လည်း အရုပ်မလေးတစ်ရုပ်ကို ကိုင်ထားသေး၏... 


ရှင်းရှင်းလေးသည် သူ့လက်ထဲမှအရုပ်မလေးကို ကြည့်ပြီးနောက် မိခင်အား ပြန်ကြည့်ကာ " ဒီအရုပ်မလေးက မေမေနဲ့လုံးဝတူတယ်... "


 ကလေးလေးက သူ့လက်ထဲမှ ရွှေရောင်ဆံနွယ် မျက်ဝန်းပြာနှင့် ကြီးမားသောရင်တစ်စုံရှိသည့်အရုပ်မလေးကို လက်ညှိုးထိုးပြရင်း ပြောလိုက်လေသည်...


ချန်းဟွမ်သည်  ကြည့်လိုက်ချိန်တွင် သားဖြစ်သူ၏ထူးဆန်းသောအမြင်အား Likeအခုတစ်ထောင်လောက်ပေးလိုက်ချင်မိ၏... ထို့နောက်တွင်တော့ သူမသည် အရုပ်မလေးအား စျေးဝယ်ခြင်းထဲသို့ ထည့်လိုက်ပြီး " မတူပါဘူး "ဟု ပြန်ပြောလိုက်သည်...


" တကယ် တူတာပါဆို... အရမ်းတူတယ်... "


 ကလေးလေးက  စျေးဝယ်ခြင်းထဲမှ အရုပ်မလေးအား ခြေဖျားထောက်ကာ ပြန်ယူလိုက်ပြီး အရုပ်မလေး၏မျက်နှာအား လက်ညှိုးထိုးပြကာ ရှင်းပြလိုက်သည်


 " မေမေ ဒီမှာကြည့်လေ... သူ့မျက်လုံးလေးတွေက မေမေ့မျက်လုံးတွေလို အကြီးကြီးပဲ... "


" ဟုတ်လို့လား... "


" ဟုတ်တယ်... တကယ်တူတာ... နောက်ပိုင်း မေမေ အလုပ်များလို့ သားနဲ့တူတူမရှိတဲ့အချိန်ကြရင် ဒီအရုပ်လေးကို မေမေလိုသဘောထားပြီး ဖက်ထားလိုက်ရင်း ​တစ်ယောက်တည်းနေရမှာ ​ကြောက်တော့မှာ မဟုတ်ဘူး... "


~~ထိုစဥ်တစ်ဖက်တွင်တော့~


လမ်းတစ်ဖက်ရှိကားပါကင်တွင် ကားရပ်ထားကာ ချန်းဟွမ်တို့သားအမိကို စောင့်ကြည့်နေခဲ့သောကျန်းမင်ယွမ်သည် သားအမိနှစ်ယောက် ထွက်သွားသည်ကို ကြည့်နေခဲ့သည်... သူ့မြင်ကွင်းမှချန်းဝှမ်တို့သားအမိပျောက်သွားလောက်သည်အထိ ဝေးဝေးသို့ ရောက်သည်အထိ စောင့်ကြည့်နေခဲ့လေသည်..


ထိုအချိန်၌ လက်ထောက်က ကျန်းမင်ယွမ်အား လှည့်ကြည့်ရင်း စကားချီရန် ပြင်လိုက်လေသည်...


 " Boss "


ကျန်းမင်ယွမ်ဟာ သူ့လက်တစ်ဖက်ဖြင့် အချက်ပြကာ ထိုလက်ထောက်ပြောမည့်စကားကို တားလိုက်ပြီးနောက် တစ်ခဏအကြာတွင် သူ၏အေးစက်စက်လေသံဖြင့် ပြောလိုက်သည်


" ပင်းအန်အိမ်ရာပရောဂျက်က ဘယ်လိုအခြေအနေရှိပြီလဲ... "


ပင်္အန်ပရောဂျက်သည် ကျန်းမင်ယွမ် ဆုံးဖြတ်ထားပြီးသောပရောဂျက်တစ်ခုပင်...ထိုပရောဂျက်သည် သူ့အတွက် ကြီးကြီးမားမားပရောဂျက်တစ်ခုဟု ဆိုလောက်သည်အထိ မဟုတ်ချေ... ထို့အပြင် ကျန်းမင်ယွမ်သည်  သူဆုံးဖြတ်ချက်ချပြီးသားပရောဂျက်တစ်ခုအကြောင်းကို ပြန်မေးတတ်သူ မဟုတ်ပေ...


လက်ထောက်က သူ့Boss ပင်းအန်ပရောဂျက်ကို ရုတ်တရက်စိတ်ဝင်စားသွားခြင်းကြောင့် အနည်းငယ် သိချင်စိတ်ပြင်းပြမိပေ၏... သို့သော်လည်း သူသာ မြန်မြန်ပြန်မဖြေလျှင် Bossရဲ့ကြောက်မက်ဖွယ်အကြည့်တို့က သူ့အား ဖိသတ်မည်ကို စိုးရိမ်မိသေးသည်... ထို့ကြောင့် သူ ပြန်လည် ကြည့်ရှုထားပြီးဖြစ်သောအကြောင်းတို့ကို ချက်ချင်းပြန်ဖြေလိုက်သည်...


" အစိုးရနဲ့ဆွေးနွေးရမယ့်ကိစ္စတွေအားလုံးတော့ ပြီးသွားပါပြီ... အောက်တိုဘာလောက်ဆိုရင်တော့ အဲ့နေရာမှာ နေထိုင်နေဆဲသူတွေနဲ့ သေချာဆွေးနွေးကြဖို့ရှိပါတယ် Boss... "


" ကောင်းပြီ...  " ကျန်းမင်ယွမ်သည် ထိုသို့ပြောကာ ခေတ္တရပ်လိုက်ပြီးနောက်တွင် သူ့မျက်ဝန်းတို့၌ ခန့်မှန်းရခက်သောအကြည့်တို့ ပေါ်လာခဲ့ပြီး


 " အဲ့ပရောဂျက်ကို မြန်နိုင်သမျှ အမြန်ဆုံးဖြစ်အောင် ဆက်လုပ်လိုက်... " .


" ဟုတ်ကဲ့ Boss "


💓💓💓💓💓💓