Chapter 65
{ သားအဖေနဲ့ ဦးနဲ့ ဘယ်သူက ပိုတော်လဲ - ၁ }
မုန့်ဘူးလေးထဲတွင် ချန်းဟွမ်ကိုယ်တိုင် ပြုလုပ်ထားသောကွတ်ကီးများ ထည့်ထားခြင်းဖြစ်သည်... ကွတ်ကီးလေးများကို ပန်ဒါဝက်ဝံပုံစံ ပုံဖော်ထားသေး၏... ကွတ်ကီးများဟာ မပျော့လွန်းမမာလွန်းအခြေအနေဖြစ်အောင် ပြုလုပ်ထားတာကြောင့် ရှင်းရှင်းလေး၏အကြိုက်ဆုံးဖြစ်သည်...
သို့သော် အမေဖြစ်သူမှ သူဟာ ကွတ်ကီးနှစ်ခုကိုသာ စားရမည်ဟု ပြောလာသောကြောင့် ပေါက်စီလုံးလေးသည် နှုတ်ခမ်းဆူကာ စိတ်မကောင်းဖြစ်သွားရပြန်သည်... အချိန်တစ်ခုကြာသည်အထိ အသနားခံခဲ့သော်ငြား ချန်းဟွမ်က နှစ်ခုထက်ပိုမစားရဘူးဟု ဆိုနေသေးတာကြောင့် ပေါက်စီလုံးလေးက နောက်ဆုံးတွင်တော့ လက်လျှော့လိုက်ရတော့၏... " ဟုတ်ကဲ့ မေမေ... "
ထို့နောက်တွင်တော့ မုန့်ဘူးကို ဖွင့်လိုက်ပြီး အထဲတွင် ပါလာသောကွတ်ကီးကို ရေတွက်လိုက်လေတယ်... ပြီးနောက်တွင်တော့ တစ်ခုကို ချန်းဟွမ်အား ပေးလိုက်သည်...
" မေမေလည်း တစ်ခုစား... "
ချန်းဟွမ်သည် မီးခိုးငွေ့များကြား အပူများကြားတွင် အလုပ်လုပ်နေခဲ့ရသောကြောင့် စားချင်သောက်ချင်စိတ်မရှိသော်ငြား သားဖြစ်သူ စိတ်ချမ်းသာရန်အတွက် ကွတ်ကီးကို လက်ခံလိုက်သည်...
ချန်းဟွမ်က လက်တစ်ဖက်ဖြင့် ကွတ်ကီးကို ယူရင်း နောက်လက်တစ်ဖက်ဖြင့် ရှင်းရှင်းလေး၏ခေါင်းကို ခပ်ဖွဖွပုတ်ပေးလိုက်ကာ
" ဟုတ်ပါပြီ... မေမေ တစ်ခုစားလိုက်မယ်နော်... သားက နေရာမှာ ပြန်သွားထိုင်ပြီး စားတော့ ဟုတ်ပြီလား.. "
ရှင်းရှင်းလေးက ခေါင်းတစ်ချက်ညိမ့်ပြလိုက်ပြီး ပုံဆွဲနေခဲ့သောနေရာသို့ ပြန်ပြေးသွားလိုက်သည် နေရာသို့ ပြန်ရောက်တဲ့အခါတွင်တော့ ကျန်းမင်ယွမ်သည် နဂိုနေရာတွင် ရှိနေဆဲပင်... ကလေးလေးသည် သူ့မုန့်ဘူးလေးကို ကျန်းမင်ယွမ်ရှေ့တွင် ကြွားဝါချင်သောပုံစံဖြင့် ဖွင့်လိုက်ပြီးနောက် ကွတ်ကီးတစ်ခုကို ထုတ်ကာ တစ်ကိုက် ကိုက်လိုက်၏...
" အရသာရှိလိုက်တာ... "
ကလေးလေးသည် စောနက ကိစ္စအတွက် ကျန်းမင်ယွမ်ရှေ့တွင် တမင်အသံထွက်ကာ စားပြရင်း လက်စားချေလိုက်၏... ထိုသို့လက်စားချေခြင်းက ကျန်းမင်ယွမ်ကို စိတ်မထိခိုက်စေပါလေ... အနှီအမျိုးသားရဲ့မျက်ဝန်းတို့ထဲတွင် သားဖြစ်သူအတွက် နူးညံ့မှုတို့သာ ပြည့်နှက်လို့နေပေသည်...
ပေါက်စီလုံးလေးသည် ပျော်ရွှင်စွာ စားနေရင်း ကွတ်ကီးနှစ်ခုဟာ ခဏလေးအတွင်း ကုန်သွားလေတော့တယ်...
ထို့နောက်တွင် ကလေးလေးသည် ကွတ်ကီးနောက်တစ်ခုကို ထပ်ယူလိုက်ကာ မုန့်ဘူးထဲမှမုန့်တို့ကို ပြန်လည်ရေတွက်လိုက်ချိန်တွင် အတော်လေး ထိတ်လန့်သွားခဲ့လေ၏...
ရှင်းရှင်းလေး၏ရုတ်တရက်ပြောင်းလဲသွားသောမျက်နှာအမူအရာကြောင့် ကျန်းမင်ယွမ်တစ်ယောက် အနည်းငယ်စိုးရိမ်သွားမိချေ၏... " ဘာဖြစ်လို့လဲ?. "
" သား...သား အများကြီး စားလိုက်မိပြီ... " ကလေးလေးသည် မျက်ရည်ဝဲနေသောမျက်ဝန်းတစ်စုံဖြင့် အနှီအမျိုးသားအား မော့ကြည့်ရင်းပြန်ပြောလေသည်... အခုလို အများကြီးစားလိုက်မိခြင်းက မိခင်ဖြစ်သူရဲ့ယုံကြည်မှုကို အခွင့်အရေးယူလိုက်မိသည်နှင့်တူသည်ဟု ရှင်းရှင်းတစ်ယောက် တွေးနေမိ၏... ထို့နောက် သူ့လက်ထဲမှကွတ်ကီးလေးကို မုန့်ဘူးထဲ ပြန်ထည့်လိုက်ပြီး ပြန်ရေတွက်ကြည့်လိုက်တဲ့အခါ ကွတ်ကီးအရေအတွက်မှန်နေပြန်သည်...
ကလေးလေးသည် ထိုအခြေအနေကြောင့် အနည်းငယ်စဥ်းစားရခက်သွားခဲ့ကာ ကွတ်ကီးများကို နောက်တစ်ကြိမ်ထပ်ရေတွက်ရန် ဆုံးဖြတ်လိုက်တော့သည်... ရှင်းရှင်းလေးက သူ့လက်နှစ်ဖက်လုံးမှ လက်ချောင်းလေးများကို ထောင်လိုက်ကာ ပြန်ရေတွက်လေ၏... ပထမဆုံးအနေနဲ့ မေမေ့အား ပေးခဲ့သောကွတ်ကီးအတွက် သူ့လက်ချောင်းတစ်ချောင်းကို ချလိုက်သည်.... ထို့နောက် သူ စားခွင့်ရသည့်ကွတ်ကီးနှစ်ခါအတွက် လက်ချောင်းနှစ်ချောင်းချလိုက်ပြန်သည်...
ထိုသို့ပြန်လည်ရေတွက်ပြီးနောက် မုန့်ဘူးထဲတွင်ကျန်နေသေးသောကွတ်ကီးအရေအတွက်နှင့် တူညီနေသည့်အခါမှသာ ရှင်းရှင်းတစ်ယောက် စိတ်အေးသွားသည်... သူ ကွတ်ကီးနှစ်ခုသာ စားရသောကြောင့် မတင်းတိမ်လှသော်ငြား သူဟာ လိမ္မာသောကလေးတစ်ယောက်ပီပီ မိခင်ဖြစ်သူပြောစရာအား နားထောင်ပေသည်..
ကျန်နေသေးသည့်ကွတ်ကီးအရေအတွက်ကို သေချာစစ်ဆေးပြီးနောက်တွင်တော့ ကလေးလေးသည် မုန့်ဘူးကို ပြန်ပိတ်လိုက်ကာ မုန့်ဘူးကို ဘေးကပ်ထားလိုက်ပြီး ပုံပြန်ဆွဲရန်အတွက် ခဲတံကို ပြန်ကောက်ကိုင်လိုက်၏...
ကျန်းမင်ယွမ်သည် အချိန်ခဏလေးအတွင်းတွင်ဖြစ်ပျက်သွားခဲ့သော ရှင်းရှင်း၏အပြုအမူတို့ကို မခန့်မှန်းတတ်တော့ပေ... သူ့အတွက်တော့ ကလေးတစ်ယောက်ရဲ့စိတ်ကို နားလည်ဖို့ရာ ခက်ခဲလို့နေဆဲပင်...
သူ ထိုအတွေးတို့ကို တွေးမိရင်း သက်ပြင်းတစ်ချက်ချလိုက်ပြီးနောက် သူ့ရှေ့မှ သူ့ရဲ့ကိုယ်ပွားပေါက်စလေးကို ပြန်ကြည့်လိုက်လေသည်... လက်ရှိတွင်တော့ ကလေးလေးသည် မိခင်နှင့်သူ၏ပုံ(ရှင်းရှင်း)ကို ဆွဲပြီးသွားပြီဖြစ်ကာ အရောင်ခြယ်ရန်သာ ကျန်တော့လေပြီ...
ထိုစဥ် ကျန်းမင်ယွမ်ဟာ ရှင်းရှင်းမိခင်ဖြစ်သူ၏ဆံပင်အရောင်အတွက် အညိုရောင်ခဲတံလေးကို ပေးလိုက်သည်... သို့သော်လည်း ကလေးလေးသည် ထိုအညိုရောင်ကို လျစ်လျုရှုလိုက်ပြီး အစိမ်းရောင်ကို ယူလိုက်သည်...
ကျန်းမင်ယွမ်သည် ရှင်းရှင်းလေး ဆွဲထားသောအစိမ်းရောင်ဆံနွယ်နှင့်အမျိုးသမီး၏ပုံလေးအား လှမ်းကြည့်ရင်း စကားဆိုလိုက်လေ၏... " အဲ့အရောင်လေးက နည်းနည်းထူးဆန်းတယ်လို့ မထင်ဘူးလား... "
ပုံကို အဆုံးသတ်ဆွဲနိုင်ခဲ့ပြီးနောက် ပျော်ရွှင်စွာဖြင့် ကြည့်နေသောရှင်းရှင်ူလေးသည် ထိုစကားကို ကြားလိုက်ချိန်တွင် ကျန်းမင်ယွမ်အား တစ်ချက်လှည့်ကြည့်လိုက်ရင်း ပြန်ဖြေလိုက်သည်
... " မထင်ပါဘူး... "
ကျန်းမင်ယွမ် : " ••• "
🖍️🖍️🖍️🖍️🖍️🖍️🖍️
Chapter 66
{ သားအဖေနဲ့ ဦးနဲ့ ဘယ်သူက ပိုတော်လဲ - ၂ }
ရှင်းရှင်းလေးက ဆံပင်အစိမ်းရောင်ကို အနည်းငယ် ထူးဆန်းနေသည်ဟု မမြင်သည့်အပြင် တော်တော်လေး လှနေသည်ဟုသာ တွေးလို့နေသေးသည်... ထို့နောက် ကလေးလေးသည် ခရမ်းရောင်ကို ယူလိုက်ပြီး အင်္ကျီတွင် ခြယ်လိုက်သည်..
ကျန်းမင်ယွမ်သည် အရောင်ခြယ်သည့်နေရာတွင်တော့ သူ့ကိုယ်သူ အတော်အသင့်ကျွမ်းကျင်သည်ဟု ယူဆမိသည်... သို့သော် သူ့လိုအမြင်မျိုး သားဖြစ်သူဆီတွင် ရှိမနေသည့်အကြောင်းကို စဥ်းစားရခက်ရပြန်၏...
မဟုတ်မှ s*xကိစ္စဖြစ်သွားချိန်တုန်းက စိတ်ကြွဆေးမိနေခဲ့တာကြောင့် ထိုဆေးရဲ့ဘေးထွက်ဆိုးကျိုးက သားဖြစ်သူဆီ ပါသွားခဲ့တာလား...
ခေတ္တအကြာတွင်တော့ ထိုသို့သောအကြောင်းမျိုးလည်း ဖြစ်စရာမရှိဟု တွေးလိုက်ကာ သူ့ခေါင်းထဲမှ ပေါက်ကရအတွေးတို့ကို ဖယ်ထုတ်လိုက်ချေ၏... သူ့အား ဆေးခတ်ခဲ့သောတရားခံအားလုံးကိုလည်း ထောင်ထဲထည့်ထားပြီးပြီဖြစ်သောကြောင့် နောက်ထပ်ဒုက္ခပေးရန် မလိုတော့ချေ...
ကလေးလေးသည် အရောင်ခြယ်ခြင်း မပြီးဆုံးသေးသော်ငြား ဒီနေ့အတွက် အတော်လေးပင်ပန်းလို့နေပြီပင်... လက်ရှိတွင် ည၉နာရီရှိပြီးဖြစ်ရာ သူ့ မျက်လုံးတစ်စုံကို ဆက်ဖွင့်ထားရန် မဖြစ်နိုင်လောက်အောင် အိပ်ချင်နေပြီဖြစ်သောကြောင့် အကြိမ်ကြိမ်သမ်းဝေနေမိသည်.
ရှင်းရှင်းလေးတစ်ယောက် အိပ်ချင်စိတ်ကို ပင်ပန်းစွာ တွန်းလှန်နေရခြင်းကို မြင်တွေ့နေရသောကျန်းမင်ယွမ်၏မျက်ဝန်းထဲတွင် နူးညံ့မှုတို့ကို ပြည့်နှက်နေပြီး သားဖြစ်သူကို ကုတင်ပေါ်တွင် ချော့သိပ်ပေးချင်နေပုံပင်... သို့သော် သူ့အနေနဲ့ ထိုသို့ လုပ်ခွင့်မရှိသေးပေ...
ညစျေးရှိဆိုင်များသည် ညပိုင်းတွင် ပိုအလုပ်များသောကြောင့် ချန်းဟွမ်မှာလည်း ရှင်းရှင်းလေးရှိရာသို့ အာရုံမစိုက်နိုင်ဖြစ်နေရသည်.. ထိုစဥ် တစ်ဖက်တွင်တော့ ကျန်းမင်ယွမ်သည် သားဖြစ်သူ၏ကျောခုံးလေးကို ခပ်ဖွဖွပွတ်ပေးရင်း သိပ်လိုက်နိုင်ချေသည်...
သူ့လက်ထောက်ပြောပြသည့်စကားအရ သားဖြစ်သူရဲ့မိခင်သည် ဆိုင်နေရာတစ်ခုရှာနေသည်ဟု ကျန်းမင်ယွမ်သိထားပြီးသားပင်... ထိုအမျိုးသမီးငယ်လေးတွင် စဥ်းစားထားသည့်အစီအစဥ်တချို့ရှိလိမ့်မည်ဟု သူယူဆမိသည်... ထို့ကြောင့် ကလေးအဖေဖြစ်တဲ့သူကလည်း တစ်ဖက်တစ်လှမ်းမှ တတ်နိုင်သလောက် ကူညီမည်ဟု ဆုံးဖြတ်လိုက်ရင်း လက်ထောက်ဆီသို့ ဖုန်းဆက်လိုက်၏...
ချန်းဟွမ်သည် ယနေ့ကြမှ ပိုအလုပ်ရှုပ်နေသည်ဟု ခံစားမိသည်... ဤသို့ဖြင့် ၉နာရီခွဲအချိန် လူရှင်းချိန်တွင်တော့ ကျန်အလုပ်အနည်းငယ်ကို ရှန်းလီအား ပေးထားခဲ့ကာ သားဖြစ်သူကို သွားကြည့်လိုက်သည်..
သူမ တွေ့သည့်အချိန်၌ ရှင်းရှင်းသည် စားပွဲပေါ်တွင် ခွေခွေလေးအိပ်မောကျနေဖြစ်သည်... ချန်းဟွမ် ကလေးလေးအား မနှိုးပါဘဲ အသာလေး ကောက်ချီသွားခဲ့ကာ သုံးဘီးဆိုင်ကယ်လေး ပေါ်တွင် တင်လိုက်၏... ထို့နောက်တွင် လေအရမ်းမတိုက်စေရန် ရှင်းရှင်းလေးနားတွင် သူမရဲ့အပေါ်ထပ်အင်္ကျီဖြင့်သေချာကာပေးလိုက်ပြီးနောက် အိမ်ပြန်ခရီးကို စလိုက်ချေသည်...
သူမတို့ရဲ့သုံးဘီးဆိုင်ကယ်လေးနောက်တွင် ကားတစ်စီးသည်း မနီးမဝေးအကွာအဝေးမှ မသိမသာလိုက်ခဲ့သည်... ခေတ္တအကြာတွင်တော့ ကျန်းမင်ယွမ်သည် တရွေ့ရွေ့သာသွားနေသောအစိမ်းရောင်သုံးဘီးဆိုင်ကယ်လေးကို ကြည့်ရင်း အနည်းငယ်မျက်မှောင်ကြုတ်လိုက်မိသည်...
" မစ္စတာကျောင်း... ဗန်ကားကောင်းကောင်းတစ်စီးလောက် ဘယ်မှာရနိုင်လဲသိလား... "
ကျန်းမင်ယွမ်က ဒါရိုင်ဘာမစ္စတာကျောင်းအား မေးမြန်းလိုက်သည်
" ဗန်ကား... " မစ္စတာကျောင်းသည် သူ့Bossဆီမှ ရုတ်တရက်အမေးကြောင့် အနည်းငယ်ထိတ်လန့်နသွးသည်.. သို့သော် ဗန်ကားနှင့်ပတ်သက်ပြီး အလျင်စလိုစဥ်းစားလိုက်ပြီးနောက် " ကျွန်တော်ကတော့ သေချာမသိဘူး Boss... ကျွန်တော့်တူတစ်ယောက် တစ်ပတ်ရစ်ကားတွေ ရောင်းတဲ့ဆိုင်ဖွင့်ထားတဲ့ဆီမှာတော့ ရှိလိမ့်မယ်ထင်တယ်... ကျွန်တော့် သူ့ဆီကို ဖုန်းဆက်မေးကြည့်ပေးရမလား... "
" omm ဆက်လိုက်... "
ကျန်းမင်ယွမ်သည် ထိုသို့ ပြောရင်း ခေတ္တရပ်လိုက်ပြီးနောက် ကားနောက်ခန်းကို မှီလိုက်ကာ " ထားလိုက်တော့ ဘာမှမဟုတ်တော့ဘူး... " ဟုဆိုလာပြန်သည်...
ယခုအချိန်တွင် သူမတို့သားအမိနှစ်ယောက်၌ ကား မလိုအပ်သေးပါချေ... တကယ်လို့ လိုအပ်လာလျှင်လည်း သူ့အနေနဲ့ ချက်ချင်းဝယ်ပေးနိုင်သည်.. ထို့ကြောင့် စိုးရိမ်စရာတော့ မရှိသေးပေ...
သူ့ဘက်မှ အရာရာတိုင်းကို လိုက်ဖြည့်ပေးလိုက်ချိန်မှသာ ထူးဆန်းနေမည်ဖြစ်သည်...
သုံးဘီးဆိုင်ကယ်လေးက လမ်းကျဥ်းလေးတစ်ခုထဲသို့ ဝင်သွားချိန်တွင်တော့ ကျန်းမင်ယွမ်က ဒါရိုင်ဘာဟာ အိမ်ပြန်ရန် ပြောလိုက်လေတော့၏... " ပြန်မယ်.... "
~~~~~
တစ်လမ်းလုံး အိပ်မောကျနေခဲ့သောရှင်းရှင်းလေးသည် အိမ်ပြန်ရောက်ချိန်၌ နိုးလာလေသည်... ချန်းဟွမ် သားဖြစ်သူကို ရေချိုးပေးလိုက်ပြီးနောက် သူမလည်း အနည်းငယ်ကိုယ်လက်ဆေးကြောလိုက်သည်...
ထို့နောက် သူမ ကလေးလေးအား ကုတင်ဆီသို့ ချီသွားခဲ့ပြီးနောက် ရေသေချာသုတ်ပေးလိုက်၏... ပြီးနောက်တွင် ရှန်းလီအား ဖုန်းခေါ်လိုက်ကာ သူမ ယနေ့ည ညစျေးဆီသို့ ပြန်မလာနိုင်တော့ကြောင်း ပြောပြလိုက်သည်... ရှန်းလီမှာလည်း single motherတစ်ယောက်ရဲ့အလုပ်များခြင်းကို နားလည်တာကြောင့် ချန်းဟွမ်အား နားခွင့်ပေးလိုက်သည်
ရှန်းလီနှင့် ဖုန်းပြောခြင်းပြီးဆုံးပြီးနောက်တွင် ချန်းဟွမ် ရေချိုးခန်းထဲတွင် အင်္ကျီအဝတ်အစားလဲဝတ်နေရင်း ဒီလအတွက် ရှန်းလီအား ပေးရမည့်လစာအကြောင်းကို စဥ်းစားနေလေသည်...
ရှင်းရှင်းလေးသည် အိမ်ပြန်လမ်းတစ်လမ်းလုံး အိပ်လာခဲ့သောကြောင့် ချန်းဟွမ်တစ်ယောက် ရေချိုးခန်းထဲမှ ထွက်လာချိန်အထိ ပြန်မအိပ်သေးပေ...
ရှင်းရှင်းလေးက မိခင်ဖြစ်သူ ရေချိုးခန်းထဲမှ ထွက်လာသည်ကို တွေ့တဲ့အခါ လက်ထဲမှ အရုပ်ကို ပစ်ချလိုက်ပြီး ချန်းဟွမ်အား ပြေးဖက်လိုက်သည်... သို့သော် ကလေးလေးက သူမကို မဖက်လိုက်နိုင်ခင်တွင် ချန်းဟွမ်မှ ကလေးလေးအား ကောက်ချီလိုက်၏...
" ညစျေးမှာတုန်းက ရှင်းရှင်း အိပ်ချင်နေပြီဆိုတာကို ဘာလို့ မေမေ့ကို လာမပြောတာလဲ... "
ရှင်းရှင်းလေးမှ မိခင်အား အတင်းပြန်ဖက်ထားရင်း ပြန်ဖြေရှာသည်...
" မေမေက အလုပ်များနေတာလေ... "
" ဒီတစ်ခါတော့ ထားပါတော့... နောက်တစ်ခါ အိပ်ချင်ပြီဆိုတာနဲ့ မေမေ့ကို လာပြောရမယ် ဟုတ်ပြီလား... "
😴😴😴😴😴😴