အပိုင်း ၆၉-၇၀
Viewers 20k

Chapter 69

{ ယုံဖို့ရန် ခက်ခဲ - ၂ }


ရှင်းရှင်းလေးတစ်ယောက် စိတ်လှုပ်ရှားနေသောပုံစံဖြင့်ပြေးလာသောပုံစံကြောင့် ချန်းဟွမ် ထိုကလေးပေါက်လေး ရောက်လာသည်ကို ချက်ချင်းသတိထားလိုက်မိပေသည်...


ပေါက်စီလုံးလေးသည် သူ့လက်ထဲမှ ကုဗတုံးလေးကို ကိုင်မြှောက်ထားရင်း သူမဆီသို့ ပြေးလာချေ၏... အရင်တစ်ခါ ဉာဏ်စမ်းကုဗတုံးအသေးစားလေးကို ဖြေရှင်းလိုက်နိုင်တုန်းကလို ပုံစံမျိုးပင်...


" မေမေ! မေမေ! ဒီမှာကြည့်ပါအုံး! "


" Woww... အမေ့သားလေးက တော်လိုက်တာ... "


 ချန်းဟွမ်သည် သားဖြစ်သူဆီသို့ လျှောက်လာပြီးနောက် ကုဗတုံးအား ကြည့်လိုက်ရင်း ချီးကျူးစကားဆိုလိုက်သည်... 


" သား ဘယ်လို​ဖြေရှင်းလိုက်တာလဲ... "


" ဦးလေးကြီးတစ်ယောက် သင်ပေးတာ... မနေ့က လာတဲ့အရမ်းချောတဲ့ဦးလေးကြီးလေ... " ရှင်းရှင်းလေးသည် ကျန်းမင်ယွမ် ထိုင်နေခဲ့သောနေရာသို့ လှည့်မကြည့်သေးဘဲ အရင်ညွှန်ပြရင်း ပြောလိုက်လေသည်... သို့သော် လှည့်ကြည့်လိုက်ချိန်တွင်တော့ ထိုဦးလေးကြီးဟာ နေရာတွင် မရှိတော့ပေ.

.

 " ဟာ ဦးလေးကြီး မရှိတော့ဘူး... "


" ဦးလေးကြီးက အိမ်ပြန်သွားပြီနေမှာပေါ့... အခုအရမ်းညဥ့်နက်နေပြီဆိုတော့ သူလည်း အိပ်ချင်မှာပဲလေ... " ချန်းဟွမ်သည် အလုပ်များနေခဲ့သောကြောင့် ရှင်းရှင်း ရှိနေသောနေရာသို့ လှည့်မကြည့်မိပေမယ့်လည်း သားဖြစ်သူ ပြော​ပြထားသောကြောင့် ထိုအမျိုးသားအကြောင်းကို အနည်းငယ်ကြားဖူးပေ၏...


ထိုအမျိုးသားသည် အနက်ရောင်suit(ဝတ်စုံပြည့်)ကိုသာ ဝတ်ဆင်လေ့ရှိကာ ညစျေးလို နေရာမျိုး၌ ကွဲထွက်လို့နေသည်... ဒါ့အပြင် ထိုအမျိုးသားဟာ ဘာဘီကျူးစားရန် လာသည့်ပုံစံမပေါ်ချေ... ရှန်းလီပြောပြပုံအရ  ထိုအမျိုးသားသည် မနေ့ညက ဘာဘီကျူးများစွာ မှာခဲ့သော်လည်း တစ်ကိုက်သာ စားကြည့်သည်ဟု ချန်းဟွမ်သိထားပေသည်.. 


ချန်းဟွမ်သည် ထိုအမျိုးသားနှင့်ပတ်သက်ပြီး သိပ်စိတ်မဝင်စားပါသော်ငြား ယခုတလောတွင် ကလေးသူငယ်များ ပြန်ပေးဆွဲခံရ၊ အဖမ်းခံရ၊ ရောင်းစားခံရသောသတင်းမျိုး မကြာခဏကြားနေရသောကြောင့် ရှင်းရှင်းလေးအတွက် စိုးရိမ်စိတ်ဖြစ်ရပြန်၏...


ချန်းဟွမ်သည် ပေါက်စီလုံးလေး၏ရှေ့တွင် ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး စကားဆက်လိုက်သည်.. 


" နောက်နေ့က စပြီး မေမေနေရာကနေ သားကို မြင်ရမယ့်နေရာမှာ ပြောင်းဆော့နော် ဟုတ်ပြီလား...  "


ရှင်းရှင်းလေးဟာ သူဆော့ကစားရမည့်နေရာနှင့်ပတ်သက်ပြီး အထွန့်တက်ချင်စိတ်မရှိပေ... ထို့ကြောင့်ချက်ချင်းခေါင်းညိမ့်ပြလိုက်လေသည်...


" မေမေ့သားလေးက လိမ္မာလိုက်တာ... " 


သူမ  သားဖြစ်သူ၏ပါးဖောင်းဖောင်းလေးကို နမ်းလိုက်၏... ထို့နောက်တွင်တော့ သူမနှင့်ရှင်းရှင်းတို့ အိမ်ပြန်တော့မည်ဖြစ်ကြောင်း ရှန်းလီအား အသိပေးလိုက်တော့၏...


သားဖြစ်သူနှင့်အတူ အိမ်ပြန်နေသောချန်းဟွမ်မှာ သူမအတွေးထဲ၌ ကလေးရောင်းစားသည့်သူဟုထင်နေမိသောအမျိုးသားဟာ အမှန်တကယ်တွင်တော့ သူ့ဆီ၌ သားတစ်ယောက်ရှိနေမှန်း ယခုချိန်မှသာ သိခွင့်ရခဲ့သည့်သနားစရာဖခင်တစ်ယောက်ဖြစ်သည်ကို မသိသေးချေ...


နောက်တစ်နေ့တွင် ကျန်းမင်ယွမ်တစ်ယောက် ဘာဘီကျူးဆိုင်လေးဆီသို့ ရောက်လာချိန်တွင် ရှင်းရှင်းလေးက အရင်နေရာတွင် မဟုတ်ဘဲ မိခင်ဖြစ်သူနှင့် ပိုနီးသည့်နေရာတွင် ရှိနေသေးသည်ကို တွေ့လိုက်ရသည်... ယနေ့တွင်လည်း ကလေးလေးသည် ဉာဏ်စမ်းကုဗတုံးလေးနှင့် အလုပ်ရှုပ်လို့နေဆဲပင်... အနှီအမျိုးသားဟာ သားဖြစ်သူကိုသာ လှမ်းကြည့်နေမိသည်ကြောင့် သူ့အား စောင့်ကြည့်နေသောမျက်ဝန်းတစ်စုံကို သတိမထားမိလိုက်ပါပေ...


ယနေ့တွင် ရှင်းရှင်းလေး ထိုင်နေသောနေရာမှာ သူ့မိခင်ဖြစ်သူနှင့် မနီးမဝေးလှသောနေရာတွင် ရှိနေသောကြောင့် ကျန်းမင်ယွမ်သာ ရှင်းရှင်းလေးနားသို့ လျှောက်သွားပါက ချန်းဟွမ်က သူ့အား သတိထားမိသွားနိုင်၏... ကျန်းမင်ယွမ်သည် လက်ရှိချိန်အထိ ချန်းဟွမ်ကို ထိပ်တိုက်ရင်ဆိုင်ရန် အဆင်သင့်မဖြစ်သေးပါချေ... ထို့ကြောင့်လည်း သူဟာ အဝေးတစ်နေရာမှသာ သားဖြစ်သူအား ငေးကြည်းနေခဲ့ပြီးနောက် အချိန်တစ်ခုကြာအပြီးတွင် ပြန်ထွက်သွားလေတော့သည်...


~~~~~


နောက်ဆုံးတွင် ချန်းဟွမ် ဆက်သွယ်ထားသောကုမ္မဏီဆီမှ သူမ ရှာနေသောဆိုင်ခန်းနေရာပုံစံမျိုး ရှာတွေ့ပြီဖြစ်ကြောင်း အကြောင်းကြားလာခဲ့သည်..


သူမ မနက်စောစောတွင်ပင် ထိုအကြောင်းနှင့်ပတ်သက်ပြီး ဖုန်းလက်ခံရရှိခဲ့ခြင်းဖြစ်သည်...


ဖုန်းတစ်ဖက်မှဝန်ထမ်းက ယဥ်ကျေးပျုငှာသောလေသံဖြင့် စကားဆိုလေ၏... " Hello...  မစ္စချန်းလားဗျ... မစ္စချန်း ​လိုချင်နေတဲ့ဆိုင်ခန်းပုံစံနဲ့ကိုက်ညီပြီး စျေးလည်းသင့်တဲ့ဆိုင်ခန်းတစ်ခု တွေ့ထားလို့ပါ... အဆင်ပြေမယ်ဆိုရင် တစ်ချက်လောက် လာကြည့်ပေးနိုင်မလား... "


" ဆိုင်ခန်းနေရာ ရှာတွေ့ပြီလား....ဟုတ်ကဲ့ပါ ကျွန်မ အခုပဲ ထွက်လာခဲ့မယ်... " 


ချန်းဟွမ် ပျော်ရွှင်မှုရော အံ့သြမှုကိုပါ တစ်ပြိုင်နက် ခံစားလိုက်ရသည်...


ဖုန်းချပြီးနောက်တွင် ချန်းဟွမ် ပါးဖောင်းဖောင်းလေးဖြင့် ထမင်းဝါးနေသောပေါက်စီလုံးလေးဆီသို့ ပြေးသွားလိုက်ပြီး ပါးလေးကို ခပ်ဖွဖွဆွဲလိုက်၏...


ရုတ်တရုက်ပါးဆွဲခံလိုက်ရသောပေါက်စီလုံးလေးသည် မိခင်အား မော့ကြည့်ရင်း 


 " မေမေ..ဘာလို့လဲ.."


💙💙💙💙💙💙💙


Chapter 70

{ ယုံဖို့ရန် ခက်ခဲ - ၃ }


" မေမေတို့ နေရာသွားကြည့်ရမှာမို့လို့ သားလေး မြန်မြန်စားနော်...  " 


ချန်းဟွမ် သားဖြစ်သူ၏ပါးဖောင်းဖောင်းလေးကို ခပ်ဖွဖွဆွဲလိုက်ရင်း ပြောလိုက်သည်...


ရှင်းရှင်းလေးသည် ' နေရာသွားကြည့်မည် 'ဟူသောစကားကြားလိုက်ချိန်တွင် အံ့သြသွားခဲ့လေသည်... " မေမေ... သားတို့က အိမ် ထပ်ပြောင်းရအုံးမှာလား... သားကတော့ ထပ်မပြောင်းချင်တော့ဘူး... " ကလေးလေးသည် အနည်းငယ်ဝမ်းနည်းသွားဟန်ဖြင့်ဆိုလေ၏...


ပေါက်စီလုံးလေးသည် လက်ရှိနေထိုင်နေသောအိမ်ကို အတော်လေးနှစ်သက်နေပြီပင်...


" အိမ်ပြောင်းမှာ မဟုတ်ပါဘူး... ဆိုင်နေရာ ပြောင်းမလို့ပါ သားရယ်... "


 ချန်းဟွမ် ရှင်းရှင်းလေးအား အသေအချာရှင်းလင်းပြလိုက်သည်... 


" ရှင်းရှင်းက မေမေ အခု အလုပ်လုပ်နေရတဲ့နေရာကို သိတယ်မလား... အဲ့နေရာက လေနည်းနည်းလေးတိုက်လိုက်တာနဲ့ အရမ်းအေးလွန်းတယ်လေ...  "


မိုးကာ ကာထားသော်ငြား လေထန်လွန်းသောနေ့မျိုးတွင် ထိုမိုးကာမှာ အသုံးမဝင်လှပါချေ... 


 ရှင်းလေးက စိုးရိမ်နေသောမျက်ဝန်းတို့ဖြင့် မိခင်ဖြစ်သူအား ကြည့်ရင်း ခေါင်းညိမ့်ပြလိုက်ကာ ပြန်ပြောလေ၏...


 " မေမေ အနွေးထည်သေချာဝတ်မှဖြစ်မယ်နော်... "


" ဟုတ်ပါပြီ... " 


ချန်းဟွမ် သားဖြစ်သူ၏ခေါင်းကို ခပ်ဖွဖွပွတ်သပ်ပေးလိုက်ကာ စကားဆက်လိုက်သည်


.. " အခုမေမေတို့ သွားကြည့်ရမယ့်နေရာက စားသောက်ဆိုင်လို ဆိုင်ခန်းမျိုးလေ... အဲ့လိုသာ ဆိုင်ခန်းနေရာတစ်ခုမှ ဆိုင်ဖွင့်နိုင်ရင် ညပိုင်းဆိုရင် မေမေက ရှင်းရှင်းလေးနဲ့ အိမ်မှာတူတူ နေလို့ရသွားပြီပေါ့... "


ရှင်းရှင်းလေးသည် မိခင်ဖြစ်သူ၏  ' အိမ်မှာတူတူနေလို့ရသွားပြီးပေါ့ 'ဆိုသောစကားကို နားထောင်ပြီးနောက်တွင် အလွန်ပျော်ရွှင်သွားခဲ့၏... ကလေးလေးသည် ပန်းကန်ထဲတွင် ကျန်နေသောကြက်ဥလိပ်ကို အမြန်ကုန်အောင်စားလိုက်ပြီးနောက် ချန်းဟွမ်လက်ကို ဆွဲရင်း " မေမေ မြန်မြန်လာ... ဆိုင်ခန်းသွားကြည့်ကြမယ်...  " 


" ခဏလေး နေပါအုံး... မေမေ မိတ်ကပ် မလိမ်းရသေးဘူး... မေမေက ဒီတိုင်း အပြင်သွားလို့မဖြစ်ဘူးလေ ရှင်းရှင်း..." 


ချန်းဟွမ် ကလေးလေး၏ပါးစပ်ကို တစ်ရှူးဖြင့် သုတ်ပေးရင်း ပြန်ပြောလိုက်သည်...


" ဒါဆို မေမေက မိတ်ကပ်မြန်မြန်လိမ်းနော်... မေမေက လှလှလေးဖြစ်မှ အပြင်သွား... "


" ဟုတ်ပါပြီရှင်... မြန်မြန်ပြင်လိုက်ပါ့မယ်နော်... "


ဤသို့ဖြင့် ချန်းဟွမ်သည် ပြင်ဆင်စရာရှိသည်တို့ကို ပြင်ဆင်ပြီးနောက် ရှင်းရှင်းလေးနှင့်အတူ ထွက်လာလိုက်သည်.


အိမ်ခြံမြေရောင်းဝယ်ငှားရမ်းကုမ္မဏီ(ပွဲစားကုမ္မဏီ)သည် သူမတို့ နေထိုင်သောနေရာနှင့် မဝေးလှပေ... ယနေ့သည် အားလပ်ရက်ဖြစ်တာကြောင့် ရုံးတွင် ဝန်ထမ်းများများစားစားပင် မရှိပေ.


ချန်းဟွမ်တစ်ယောက် ရှင်းရှင်းလေးနှင့်အတူ ကုမ္မဏီထဲသို့ ဝင်သွားချိန်တွင် အမျိုးသားဝန်ထမ်းတစ်ယောက်က သူမတို့သားအမိ အနားသို့ ရောက်လာခဲ့လေသည်...


" မင်္ဂလာပါ... ညီမက မစ္စချန်းလား? တွေ့ရတာ ဝမ်းသာပါတယ်ဗျ... ကျွန်တော်က ဒီကုမ္မဏီရဲ့မန်နေဂျာ ဝမ်ချောင်ယွမ်ပါ... ဒါလေးက ကျွန်တော့်နာမည်ကတ်လေးပါ... " 


အနှီအမျိုးသားသည် ချန်းဟွမ်ဆီသို့ သူ့ရဲ့နာမည်ကတ်ပြားလေးကို ပေးရင်း ပျူငှာစွာ နှုတ်ဆက်ချေ၏...


ထို့နောက်  သူက ချန်းဟွမ်အား တည်နေရာရော နေရာထိုင်ခင်းပါ အဆင်ပြေလှသောဆိုင်ခန်းများကို ပြသပေးတော့သည်...


" ဒီဆိုင်ခန်းက ချူကျန်းလမ်းမပေါ်က ဟိုင်းယွမ်စျေးဝယ်စင်တာရဲ့တတိယထပ်မှာရှိတာလေ... အကျယ်အဝန်းအားဖြင့် ၂၅၀ စတုရန်းမီတာလောက်ရှိပါတယ်... အရင်တုန်းက ဒီနေရာမှာ Hotpotဆိုင် တစ်ဆိုင် ဖွင့်ခဲ့သေးတယ်... အခုတော့ တခြားနေရာတစ်ခုကို ပြောင်းသွားပါပြီ... " ဝမ်ချောင်ယွမ်သည် tabletထဲရှိ ဆိုင်ခန်းနေရာဓါတ်ပုံများကို တစ်ပုံပြီးတစ်ပုံပြသရင်း သေချာရှင်းပြလေ၏...


" ဟိုင်းယွမ်စင်တာက လူအရမ်းစည်တယ်ဆိုတာ မစ္စချန်းလည်း သိမှာပါ... ဒီနေရာကိုသာ ရွေးမယ်ဆို မစ္စချန်းရဲ့ဆိုင်အတွက် အမြတ်တော်တော်များများ ပြန်ရနိုင်လောက်ပါတယ်..."


ဝမ်ချောင်ယွမ်သည် ထိုစကားကို ပြောပြီးနောက် အချိန်တစ်ခုအထိ ချန်းဟွမ်ဆီမှ အဖြေစကားပြန်မကြားရတဲ့အခါ နေရာအသစ်တစ်ခုကို ဆက်ရှင်းပြန်တော့သည်... 


 " ဒီနေရာကတော့ ရှောင်ရှီးလမ်းမပေါ်မှာရှိတာပါ... သူက နှစ်ထပ်ရှိတာဆိုတော့ စောနက ပြခဲ့တဲ့ဆိုင်ခန်းထက်ပိုပြီး ကျယ်တာပေါ့... အကျယ်အဝန်းက ၄၀၀စတုရန်းမီတာလောက်ရှိတယ်လေ..."


💙💙💙💙💙💙💙