အပိုင်း ၇၁-၇၂
Viewers 20k

Chapter 71

{ ယုံဖို့ရန် ခက်ခဲ - ၄ }


အနှီအမျိုးသား ပြသသောဆိုင်ခန်းများသည် အချက်အချာကျသောနေရာများတွင်ရှိကာ စားသုံးသူဖောက်သည်များများ ရရှိနိုင်မည့်နေရာများပင်... ဘယ်နေရာတွင် စားသောက်ဆိုင်ဖွင့်ဖွင့် လူသိများလာနိုင်သည့်ဆိုင်နေရာမျိုးများဖြစ်ကြ၏...


ချန်းဟွမ်သည် ထိုနေရာတို့ကို ငှားရမ်းရန် စိတ်အားထက်သန်မိသော်ငြား သူမ လက်ထဲတွင် စုဆောင်းမိထားသောငွေပမာဏကို ပြန်စဥ်းစားမိချိန်တွင် အနည်းငယ်စိတ်ပျက်ရပြန်သည်...


" အဲ့ဆိုင်ခန်းတွေရဲ့ငှားရမ်းခတွေက ဘယ်လောက်လဲ... "


" $70,000ပါ... "


" ဘယ်...ဘယ်လောက်လို့ပြောလိုက်တာ... "ချန်းဟွမ်သည် သူမ နားရွက်တို့ကိုပင် မယုံနိုင်တော့လောက်အောင် အံ့သြသွားခဲ့တာကြောင့် ပြန်မေးချေ၏...


" တစ်လကို $70,000ပါ... နေရာနှစ်ခုလုံးက ငှားရမ်းခ စျေးချင်းတူတူပါပဲ... " ဝမ်ချောင်ယွမ်သည် ထိုသို့ပြန်ဖြေကာ ချန်းဟွမ်ရဲ့အမူအရာကို အကဲခတ်လိုက်လေသည်...


 " တကယ်လို့ မစ္စချန်းအနေနဲ့ စျေးများတယ်လို့ ခံစားရရင်... "


ထိုအမျိုးသားရဲ့စကားမဆုံးလိုက်ခင်တွင်ပင် ချန်းဟွမ် ခေါင်းတခါခါလုပ်ရင်း ပြောလိုက်သည်


" စျေးများလို့ မ...မဟုတ်ပါဘူး... "


အမှန်တွင်တော့ သူပြောသောစျေးမှာ သူမ ထင်ထားသည်ထက် အဆပေါင်းများစွာ နည်းပါးနေသေး၏...


ထိုဆိုင်နေရာနှစ်ခုလုံးသည် သူရ ငါရ အပြိုင်လုရလောက်သည့်ဆိုင်နေရာကောင်းများပင်... ထို့ကြောင့် သူမသည် ငှားရမ်းခကို $200,000လောက်ဖြစ်လိမ့်မည်ဟု ခန့်မှန်းထားမိခဲ့သေးသည်...


သူမသည် ထိုအကြောင်းကို တွေးရင်း ပိုလို့ပင် စိတ်ရှုပ်လာခဲ့တော့တယ်... ထိုစဥ် ရုတ်တရက်ဆိုသလို သူမ ခေါင်းထဲသို့ သံသယဖြစ်စရာအတွေးတို့ တိုးဝင်လာတော့၏... 


ဒီလိုနေရာမျိုးကို စျေးနိမ့်နိမ့်ဖြင့်ရရန် လုံးဝမဖြစ်နိုင်ပါလေ... ယခုခေတ်ကဲ့သို့ အစားတလိုင်းများ ပေါများသောခေတ်တွင် စားသောက်ဆိုင်တစ်ဆိုင်ဖွင့်ဖို့ နေရာအသည်းအသန်လုနေရတာကြောင့် ယခုလိုဆိုင်မျိုး ကျန်နေသေးသည်ကို ချန်းဟွမ်တစ်ယောက် ယုံကြည်ရန် ခက်ခဲလို့နေသည်...


ဒါက အလိမ်အညာတွေလား..?


ချန်းဟွမ်သည် ဝမ်ချောင်ယွမ်အား သံသယဖြစ်နေသောမျက်ဝန်းတို့ဖြင့် မော့ကြည့်လိုက်လေ၏... ယခုတလော အိမ်ခန်းငှားရမ်းခြင်းနှင့် ပတ်သက်ပြီး လိမ်လည်မှုများစွာ ပေါ်ပေါက်နေသည်ကြောင့် မျက်စိစုံမှိတ်ယုံကြည်ရန် မဖြစ်နိုင်ပေ... 


ချန်းဟွမ်တစ်ယောက် ထိုအကြောင်းတို့ကို ပိုတွေးလေ ယခုအခြေအနေဟာ အလိမ်တစ်ခုနှင့် ပိုတူလို့လာလေပင်... ခေတ္တအကြာတွင် သူမထိုအမျိုးသားအား တစ်ချက်ပြုံးပြလိုက်ရင်း " ကျွန်မ စဥ်းစားပြီးရင် အကြောင်းပြန်လိုက်ပါ့မယ်... " ဟုသာ ပြောလိုက်လေသည်...


" ဟုတ်ကဲ့ပါ... တကယ်လို့ မစ္စချန်းဘက်က ဆုံးဖြတ်ပြီးရင် အချိန်မရွေး ကျွန်တော့်ဆီ ဖုန်းဆက်လိုက်ပါ... " ဝမ်ချောင်ယွမ်သည် ချန်းဟွမ်ဆိုသောအမျိုးသမီးလေးက သူ ပြသသောနေရာကောင်းများကို ငှားရမ်းရန် ချက်ချင်းဆုံးဖြတ်ချက်မချလိုက်သည့်အပေါ် နားမလည်တော့ပေ... အနည်းငယ်လည်း စိတ်ပျက်မိသွားခဲ့သေးသည်...


ထို့နောက် ချန်းဟွမ် သက်ပြင်းတစ်ချက်ချလိုက်ပြီး ရှင်းရှင်းလေးအား လက်ဆွဲရင်း ကုမ္မဏီထဲမှ ထွက်လာခဲ့၏...


 တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့သောရှင်းရှင်းလေးမှ စကားစလာသည်... " မေမေ... သားတို့က ဘယ်တော့ ဆိုင်အသစ်ကို ပြောင်းရမှာလဲဟင်...? "


ချန်းဟွမ်ဟာ သက်ပြင်းတစ်ချက်ထပ်ချလိုက်ရင်း " သိပ်မကြာခင်ပေါ့... " ဟု ပြန်ဖြေချေသည်...


" ဘာလို့လဲ... အဲ့နေရာက မလှလို့လားဟင်... "


" အဲ့လို မဟုတ်ပါဘူး... " 


ချန်းဟွမ် ပေါက်စီလုံးလေးအား မည်သို့ရှင်းပြရမည်ကို မသိတော့ပေ... နောက်ဆုံးတွင်တော့ သူမဟာ ကလေးပေါက်လေးအား busကားဂိတ်နားသို့ လက်ဆွဲခေါ်သွားခဲ့ပြီး " အဲ့နေရာတွေကို မေမေတို့ ကိုယ်တိုင်သွားကြည့်ကြမယ်လေ... " ဟု ဆိုလိုက်၏... ဒါ့ပြင် ထိုနေရာတို့ကို သူမကိုယ်တိုင်ကိုယ်ကျ သွားရောက်လေ့လာသည်က ပိုစိတ်ချရပေမည်...


ဆိုင်ခန်းနေရာနှစ်ခုလုံးဟာ ဒီနေရာနှင့် နှစ်မှတ်တိုင် သုံးမှတ်တိုင်မျှသာ ဝေးပေ၏... ချန်းဟွမ် ရှင်းရှင်းလေးအား ဟိုင်းယွမ်စင်တာရှိတတိယထပ်သို့ ဦးစွာ ခေါ်သွားခဲ့ချေတယ်...


ဟိုင်းယွမ်စင်တာရှိတတိယထပ်နှင့်စတုတ္ထထပ်များသည် စားသောက်ဆိုင်များသာရှိပြီး ယခုချိန်ဟာ နေ့လည်စာ စားချိန်မရောက်သေးသော်ငြား လူအနည်းငယ် ရှိနေပြီဖြစ်သည်...


တတိယထပ်သို့ ရောက်ချိန်တွင်တော့ ချန်းဟွမ်သည် ဝမ်ချောင်ယွမ်ပြောပြသော " Hotpotဘုရင် "ဟုရေးထားတဲ့ဆိုင်ကို တွေ့လိုက်လေသည်... ထိုဆိုင်၏တံခါးအားလုံး အသေပိတ်ထားလေသည်..


.

💓💓💓💓💓💓💓


Chapter 72

{ ယုံဖို့ရန် ခက်ခဲ - ၅ }


" မေမေ... သားတို့က ဒီနေရာမှာ နေ့လည်စာ စားဖို့လာတာလားဟင်... "


" နေ့လည်စာ စားဖို့မဟုတ်ဘူး... မေမေတို့ကိုယ်တိုင် စုံစမ်းရမယ့်ကိစ္စလေးရှိလို့လေ...  " 


ချန်းဟွမ် ရှင်းရှင်းလေးအား ပြန်ဖြေပြီးနောက်တွင် " Hotpot ဘုရင် "ဆိုင်ဘေးရှိ ဝန်ထမ်းများ စုနေသည့်နေရာသို့ လျှောက်လာလိုက်သည်... 


ထိုဝန်ထမ်းများနားသို့ ရောက်သွားချိန်တွင် ချန်းဟွမ် ဝန်ထမ်းတစ်ယောက်အား မေးလိုက်သည်...


"ဟိုလေ... Hotpotဘုရင်ဆိုတဲ့ဆိုင်က ဘာလို့ပိတ်ထားတာလဲဟင်.. ကျွန်မက အဲ့ဆိုင်မှာ သူငယ်ချင်းတစ်ယောက်နဲ့ ချိန်းထားလို့ပါ... " 


" အဲ့ဆိုင်က လွန်ခဲ့တဲ့ရက်ပိုင်းလောက်ကပဲ ပိတ်သွားခဲ့တာလေ... မစ္စဆီမှာ ဆိုင်ရဲ့မန်ဘာကတ်ရှိရင် Hotpotဘုရင် ပြောင်းသွားတဲ့ဆိုင်နေရာအသစ်မှာ သုံးလို့ရပါတယ်... တကယ့်လို မန်ဘာကတ်အတွက် ပြန်အမ်းငွေ လိုချင်ရင် ဆိုင်မှာကပ်ထားတဲ့ဖုန်းနံပါတ်ကို ဆက်သွယ်ပြီး ပြန်အမ်းငွေထုတ်ယူလို့ရပါတယ်ဗျ "


" Hotpotဘုရင် "ဆိုင်က ရုတ်တရက်ပိတ်သွားခဲ့သောကြောင့် ဆိုင်နှင့်ပတ်သက်ပြီး မေးမြန်းသူအများအပြားပင်... မကြာခဏလာမေးတတ်ကြသောလူများကြောင့် ဝန်ထမ်းများမှာ ထိုကိစ္စကို ​ဆက်တိုက်ရှင်းပြနေပုံရ၏...


ချန်းဟွမ်တစ်ယောက် Hotpotဆိုင်ရှေ့သို့ လျှောက်သွားတဲ့အခါ ဆိုင်ရှေ့တွင် ဖုန်းနံပါတ်ရေးထားသောအဖြူရောင်စာရွက်တစ်ရွက် ကပ်ထားသည်ကို တွေ့လိုက်သည်... သူမ ထိုစာရွက်ပေါ်မှ ဖုန်းနံပါတ်ကို မှတ်သားပြီးနောက် ဝန်ထမ်းရှိရာသို့ ပြန်လျှောက်လာခဲ့ကာ " အဲ့ဆိုင် ဘာလို့ပိတ်လိုက်တာလဲ သိလားဟင်... "


" အဲ့ဒါကတော့ ကျွန်တော်လည်း သေချာမသိဘူးဗျ... " ထိုဝန်ထမ်းအမျိုးသားမှာလည်း အသေးစိတ်အကြောင်းအရင်းကို သိပုံမပေါ်ပေ... ချန်းဟွမ် ဝန်ထမ်းအား ကျေးဇူးတင်စကားဆိုလိုက်ပြီးနောက် ရှင်းရှင်းလေးနှင့်အတူ ကိတ်မုန့်ဆိုင်တစ်ဆိုင်ရှိရာသို့ ထွက်လာလိုက်၏...


ဆိုင်ထဲရောက်ချိန်တွင်တော့ သူမသည် ပေါက်စီလုံးလေးအတွက် သရက်သီးကိတ်တစ်ခု မှာပေးလိုက်သည်... ပါကျဲပေါက်လေးဟာ သရက်သီးကိတ်ကို တစ်ကိုက်စားလိုက်ပြီးသည်နှင့် ဘေးပတ်ဝန်းကျင်ကို မေ့ပျောက်သွားတော့သည်... 


ချန်းဟွမ်က အချက်အပြုတ်တော်သူဖြစ်သော်ငြား ယခုနောက်ပိုင်းတွင် အလုပ်ရှုပ်လွန်းတာကြောင့် ကိတ်မုန့်ဖုတ်ဖို့ရာ အချိန်မပေးနိုင်ပေ... ထို့ပြင် သူမဟာ အပြင်သရေစာ သိပ်မစားတတ်သူဖြစ်သောကြောင့် ရှင်းရှင်းလေးကိုလည်း သရေစာ ဝယ်မကျွေးဖြစ်ခဲ့ပေ... ထို့ကြောင့်လည်း ကလေးလေးသည် သရက်သီးကိတ်ကို တစ်ကိုက်မျှစားပြီးသည်နှင့် အရသာကို တော်တော်နှစ်သက်နေ၏...


ရှင်းရှင်းတစ်ယောက် သရက်သီးကိတ်ကို စားနေစဥ်၌ ချန်းဟွမ်သည် သူမ မှတ်လာတဲ့သောဖုန်းနံပါတ်ကို ဆက်လိုက်လေသည်...


စက္ကန့်အနည်းငယ်ကြာပြီးနောက်တွင်တော့ တစ်ဖက်မှ ဖုန်းကိုင်လိုက်ကာ အမျိုးသမီးတစ်ယောက်၏အသံထွက်ပေါ်လာခဲ့သည်... 


ချန်းဟွမ်က နေရာ၏ငှားရမ်းခနှင့် ပတ်သက်ပြီး သိချင်ကြောင်းပြောလိုက်၏.


ချန်းဟွမ်ဘက်မှ စကားအဆုံးတွင် တစ်ဖက်မှခေတ္တတိတ်ဆိတ်သွားခဲ့ပြီးနောက် ဖုန်းပြန်ဖြေသူ အမျိုးသားတစ်ယောက်အသံဖြစ် သွားခဲ့သည်... 


" အဲ့ဆိုင်နေရာကို ငှားချင်လို့လား... "


" ဟုတ်ပါတယ်... ကျွန်မက ဒီနေရာမှာ စားသောက်ဆိုင်လေး ဖွင့်ချင်နေတာ... အခု ဒီနေရာလေးကို ငှားမယ်ဆိုပြီး သိလိုက်ရလို့ မေးကြည့်တာပါ... "


" Aww... အဲ့လိုလား... " တစ်ဖက်မှ ခေတ္တရပ်သွားခဲ့ပြီးနောက် စကားသံထွက်လာပြန်သည်...


 " ငှားမယ်ဆိုတဲ့အကြောင်းကို အိမ်​ခြံမြေကုမ္မဏီကနေ သိခဲ့တာလား... " 


" ဟုတ်ပါတယ်... "


 ချန်းဟ်မ် လျင်လျင်မြန်မြန်သာ ပြန်ဖြေလိုက်သည်.


 ပြန်ဖြေစကားကို ကြားလိုက်ပြီးနောက်တွင် ဖုန်းတစ်ဖက်မှအမျိုးသားရဲ့အသံက ပိုလို့ပင် တက်ကြွလာ၏...


 "  ငှားမယ့်ကိစ္စကို ကျွန်တော်တို့တွေ တွေ့ပြီး ဆွေးနွေးကြတာပေါ့... မနက်ဖြန် ဟိုင်းယွမ်စင်တာမှာ တွေ့ကြမယ်လေ... "


တစ်ဖက်အမျိုးသားက ချက်ချင်းပင် တွေ့ဆုံဆွေးနွေးဖို့ ပြောလာသောကြောင့် ချန်းဟွမ်တစ်ယောက် အတော်လေးလန့်သွားသည်... " ခဏလေးနေပါဦး... အရင်ဆုံးအနေနဲ့ ကျွန်မက ငှားရမ်းခကို သိချင်ရုံပါ... "


" ငှားရမ်းခလား? ကျွန်တော် ငှားခဲ့တုန်း လျှော့စျေးရခဲ့တာဆိုတော့ စျေးအရမ်းမကြီးပါဘူးဗျ... ၃နှစ်စာအတွက် $2.4Mလောက်ပါပဲ...  ကျွန်တော် ချုပ်ထားတဲ့ဆိုင်စာချုပ်မှာ တစ်နှစ်စာ ကျန်သေးတယ်လေ... ငှားရမ်းခ လျှော့ပေးမှာပါ... တစ်နှစ်စာအတွက် $800,000ဆိုရင် ဘယ်လိုသဘောရလဲ? ဒီဆိုင်နေရာနဲ့ဆိုရင် နေ့တိုင်းလူစည်မှာဆိုတော့ ငှားလိုက်တာကြောင့် နောင်တမရစေရပါဘူး... "


တစ်နှစ်ကို $800,000...


ချန်းဟွမ် အနည်းငယ်ဆွံ့အနေမိသည်... ငှားရမ်းခက ယုံဖို့ရန် ခက်ခဲလွန်းသည်အထိ စျေးသက်သာနေသည်...


အိမ်ခြံမြေကုမ္မဏီက သူမကို လိမ်လည်နေခြင်း မဟုတ်ဘဲ အမှန်တကယ်ကိုပဲ ငှားရမ်းခက စျေးသက်သာနေလွန်းခြင်းပင်...


💞💞💞💞💞💞