Chapter 73
{ ဆိုင်ခန်းနေရာ - ၁ }
တစ်နှစ်ကို $800,000...
ထိုငှားရမ်းခစျေးနှုန်းဟာ ယခုလိုဆိုင်ခန်းနေရာကောင်းမျိုးအတွက်တော့ လွန်စွာတန်လွန်းသည်ဟု ဆိုရမည်ဖြစ်သော်ငြား ချန်းဟွမ်သည် ထိုစျေးနှုန်းကိုပင် မတတ်နိုင်သေးချေ...
လက်ရှိတွင် သူမ လက်ထဲတွင် $10,000လောက်သာ စုဆောင်းမိထားသောကြောင့် ယခုငှားရမ်းခကို ပေးချေနိုင်ရန် အလှမ်းဝေးလွန်းလှသေး၏... ထို့ပြင် ယခုချက်ချင်း ငှားရမ်းနိုင်ခဲ့လျှင်တောင် ဆိုင်တွင်းဒီဇိုင်းပြင်ဆင်ရန် ကုန်ကျမည့်ငွေပမာဏမှာ သူမဆီတွင် မရှိပါပေ...
ချန်းဟွမ်သည် ထိုအကြောင်းတို့ကို တွေးရင်း အတော်လေး စိတ်ပျက်သွားမိသည်... ဝတ္ထုထဲသို့ စောစောစီးစီး ကူးပြောင်းမလာခဲ့ခြင်းကိုသာ အပြစ်တင်ရတော့မလိုပင်... ထို့နောက်တွင်တော့ သူမဟာ ဖုန်းတစ်ဖက်မှအမျိုးသားဟာ တောင်းပန်စကားဆိုလိုက်လေတယ်...
" တောင်းပန်ပါတယ်ရှင်... ကျွန်မလက်ထဲမှာ ပိုက်ဆံများများစားစား မရှိသေးတော့... "
" ရပါတယ်ဗျ... ကျွန်တော် စောင့်ပေးပါ့မယ်... ပိုက်ဆံစုပြီးရင်သာ ကျွန်တော့်ဆီ ဖုန်းပြန်ခေါ်လိုက်ပါ... "
အနှီ ထိုသို့ပြောလိုက်ပြန်ပြောရှာသည်...
' ငါ ပိုက်ဆံစုပြီးတဲ့အချိန်ဆိုရင် အဲ့နေရာကို တခြားသူတွေ ငှားပြီးသွားလောက်ပြီ... ' ချန်းဟွမ်သည် စိတ်အားငယ်စွာဖြင့် တွေးလိုက်မိသော်ငြား တစ်ဖက်မှအမျိုးသားကိုတော့ ကျေးဇူးတင်စကားဆိုလိုက်သည်..
ဖုန်းချလိုက်ပြီးနောက် ချန်းဟွမ်ရဲ့စိတ်အားထက်သန်မှုတို့ အနည်းငယ်ပျောက်ရှလို့လာ၏... ထိုဆိုင်ခန်းနေရာက အတော်လေး အဆင်ပြေလှသော်လည်း သူမတွင် ပိုက်ဆံမရှိသည်က ခက်လှသည်
သူမ ယနေ့အတွက် စိတ်အခြေအနေမကောင်းတာကြောင့် အပြင်တွင်ကြာကြာဆက်မနေတော့ပါဘဲ ရှင်းရှင်းလေးနှင့်အတူ အိမ်သို့ ပြန်လာခဲ့တော့သည်...
တစ်ဖက်တွင် ဆိုင်နေရာအသစ်ကို မှတ်မိနေသောရှင်းရှင်းလေး ထိုနေရာသို့ ဆိုင်ပြောင်းလိုက်ပါက မေမေက အလုပ်အရမ်းလုပ်စရာမလိုတော့ဘဲ သူ့အား အချိန်များများ ပေးနိုင်တော့မည်ဟု ဆိုကာ ဘယ်နေ့ဆိုင်ပြောင်းမည်လဲဟု နေ့တိုင်းနီးပါး မေးမြန်းလို့နေ၏...
ထိုသို့ မေးလာလေတိုင်း ချန်းဟွမ်ဟာ ဆိုင်ပြောင်းရန် အချိန်နည်းနည်းထပ်လိုသးသည်ဟုသာ ပြန်ဖြေလိုက်သည်...
ထို့နေ့ အိမ်ပြန်ရောက်ပြီးနောက် ချန်းဟွမ် အိမ်ခြံမြေကုမ္မဏီအား ဆက်သွယ်လိုက်ကာ ယနေ့ပြသသောနေရာထက် နည်းနည်းပိုသေးပြီး ငှားရမ်းခ $50,000 မကျော်သည့် ဆိုင်ခန်းငယ်မျိုး ဆက်ရှာပေးရန် တောင်းဆိုထားလိုက်ပေတယ်...
အိမ်ခြံမြေကုမ္မဏီဘက်မှ လတ်တလောတွင်တော့ ထိုသို့ဆိုင်ခန်းမျိုး မတွေ့သေးကြောင်း၊ ရှာတွေ့သည်နှင့် အကြောင်းပြန်ပေးမည်ဖြစ်တာကြောင့် ခေတ္တစောင့်ပေးရန် ပြန်လည်ဖြေကြားလေသည်...
ချန်းဟွမ်တစ်ယောက် အိမ်ခြံမြေကုမ္မဏီဆီမှ အကြောင်းပြန်မည့်သတင်းကို စောင့်နေစဥ်အတောအတွင်းတွင် သူမဆီသို့ တခြားသောသတင်းတစ်ခု ရောက်ချလာတော့၏...
" ဘယ်လို.. ဘယ်လို.."
ချန်းဟွမ် သူမ ကြားလိုက်ရသောစကားကြောင့် တခဏမျှဆွံ့အသွားခဲ့ရ၏... " ဖြိုဖျက်ရေးနဲ့ နေရာရွှေ့ပြောင်းရေး ဟုတ်လား.. "
" ဟုတ်ပါတယ် ပင်းအန်းကို ဖြိုချတော့မှာပါ... "
ဖုန်းတစ်ဖက်ရှိခေါ်ဆိုသူသည် သူမအား အကြောင်းအရင်း၊အချက်အလက်တို့ကို ထပ်မံမပြောခင်တွင် " ဒီအပေးအယူက မစ္စချန်းအတွက် အဆင်ပြေတယ်ရင် နေရာရွှေ့ပြောင်းဖို့အတွက် အခုတည်းက အချိန်ယူသင့်ပါတယ်... မကြာခင်မှာ ကုမ္မဏီဘက်ကနေ နေရာကို လိုက်စစ်ဆေးနေတာမျိုးရှိလာတော့မှာမို့လို့ပါ... အပေးအယူနဲ့ပတ်သက်ပြီး ကျေနပ်မှု မရှိဘူးဆိုရင်... "
တစ်ဖက်မှအမျိုးသားဟာ ထို့သို့ပြောရင်း ခေတ္တရပ်လိုက်ကာ
" ဒီအပေးအယူကနေ အရမ်းတန်လွန်းတဲ့ဈေးရနိုင်မှာပါ... ဒီအခွင့်အရေးကို လက်လွတ်သွားခဲ့ရင် နောက်တစ်ခါ ဒီလိုအခွင့်အရေးမျိုး ရဖို့ ခဲယင်းလွန်းတယ် မဟုတ်လား... "
ချန်းဟွမ်သည် ဖုန်းချလိုက်ပြီးနောက် ယခုကိစ္စနှင့်ပတ်သက်ပြီး စဥ်းစားရပြန်၏...
သူမကို ဖုန်းခေါ်ဆိုလာခဲ့သူမှာ ပင်းအန်းဒါရိုက်တာဖြစ်ပြီး ပင်းအန်အား ဖြိုဖျက်မှုနှင့်ပတ်သက်ပြီး သူမကို ပင်အန်း၌နေထိုင်သူအဖြစ်ထည့်သွင်းထားဆဲပင်...
ပင်းအန်သည် မူလချန်းဟွမ်၏အဖိုးအဖွားများ နေထိုင်ရာခဲ့ရာနေရာဖြစ်ကာ လွန်ခဲ့သော ရာစုနှစ်တစ်ခုခန့်အထိ စက်ရုံ၏အိပ်ဆောင်တစ်ခုသာဖြစ်ချေသည်... မူလချန်းဟွမ်၏အဘိုးအဘွားများ ကွယ်လွန်သွားချိန်၌ ပင်းအန်းမှနေရာတစ်နေရာဟာ မူလချန်းဟွမ်ဆီသို့ ရောက်ရှိလာတော့၏... (အမွေရသလို)
အိမ်သည် မူလချန်းဟွမ်၏အမည်အောက်တွင်ရှိနေသော်လည်း လက်ရှိချန်းဟွမ်ဟာ ထိုအိမ်နှင့်ပတ်သက်ပြီး ထွေထွေထူးထူးစီစဥ်ထားခြင်းမရှိချေ...
တစ်နည်းအားဖြင့် ထိုနေရာသည် သေးငယ်သော်လည်း အလွန်စျေးကြီးသောကြောင့် ပြောင်းရွှေ့ရန် ငြင်းဆန်နေသူ အများအပြားရှိလို့နေ၏... မကြာမီအချိန်အတွင်းတွင် ဖြိုဖျက်ရောင်းချလိမ့်မည်ဟု မည်သူတစ်ဦးတစ်ယောက်မှ မမျှော်လင့်ထားချေ... လွန်ခဲ့သောရာစုနှစ်မှအဆောက်အဦးတစ်ခုကို ပိုင်ဆိုင်ထားသေးသည်ဟူသောဂုဏ်ကို မက်မောနေသူများလည်း ရှိနေသေးသည်...
အမှန်တိုင်းဆိုရသော် မူလနေထိုင်သောသူတို့ ဆုံးပါးသွားချိန်တည်းက ထိုနေရာဟာ အစိုးရထံသို့ အလိုအလျောက် ပြန်သွားကာ ချန်းဟွမ်နှင့် မသက်ဆိုင်ပေ... ကုမ္မဏီဘက်မှ သူမအား အသိမပေးဘဲ ချက်ခြင်းဖြိုချပစ်လိုက်လျှင်တောင် သူမတွင် ထိပ်တိုက်ပြန်ပြောနိုင်သည့်အကြောင်းပြချက် ခိုင်ခိုင်လုံလုံမရှိချေ...
ထိုအချက်ကို ကုမ္မဏီဘက်မှလည်း သိလိမ့်မည်ဟု သူမ ထင်မိ၏... မိသားစုတစ်စု မပါလျှင်ပင် ဖြိုဖျက်ရေးလျော်ကြေးအတွက် ဒေါ်လာသန်းပေါင်းများစွာ သက်သာနိုင်ပြီလေ... ဒါကိုတောင် ဘာကြောင့်များ သူမကို ထည့်စဥ်းစားနေသည်လဲ...
" မေမေ... ဘာဖြစ်လို့လဲဟင်... "
ရှင်းရှင်းလေးသည် အတွေးနယ်လွန်နေသောမိခင်ဖြစ်သူအား သတိထားမိလိုက်တာကြောင့် သူ့လက်ထဲမှ အရုပ်လေးကို ဘေးခဏချထားလိုက်ပြီး မေးမြန်းလိုက်သည်... ပေါက်စီလုံးလေးက မိခင်ဖြစ်သူအား အကြိမ်ပေါင်းများစွာ မေးမြန်းနေမိသော်လည်း ချန်းဟွမ်ဟာ အချိန်တော်တော်ကြာသည့်အထိ မလှုပ်မယှက် ထိုင်နေသေးတာကြောင့် စိတ်ပူစပြုလာလေသည်...
💜💜💜💜💜💜💜
Chapter 74
{ ဆိုင်ခန်းနေရာ - ၂ }
အချိန်တစ်အကြာတွင် ချန်းဟွမ် သားဖြစ်သူအား လှည့်ကြည့်လိုက်ရင်း တုံ့ပြန်စကားဆိုလိုက်သည်
" ပိုင်မုန့်တစ်ခု မိုးပေါ်ကနေ ပြုတ်ကျလာပြီ သားသား "
" ဘယ်မှာလဲ..."
ပိုင်မုန့်ကြိုက်သောပါကျဲပေါက်လေးသည် ဘယ်ကြည့်လိုက် ညာကြည့်လိုက်လုပ်ပြီးနောက် မိုးပေါ်သို့ မော့ကြည့်လိုက်သည်... သို့သော်လည်း ဘယ်လိုရှာရှာ မိခင်ဖြစ်သူ ပြောသောပိုင်မုန့်ကို မတွေ့တာကြောင့် အနည်းငယ် ဝမ်းနည်းမိသွားခဲ့လေသည်...
" မေမေ ပိုင်မုန့်က ဘယ်မှာလဲဟင်... "
ချန်းဟွမ် ကလေးပေါက်လေး၏အမေးကြောင့် အနည်းငယ်ရယ်မောလိုက်မိသည်.. သူမ ကလေးလေး၏ပါးကို ခပ်ဖွဖွဆွဲလိုက်ရင်း " စားလို့ရတဲ့ပိုင်မုန့်ကို ပြောတာမဟုတ်ဘူးလေ... "
" ဒါဆိုရင် ဘယ်လိုပိုင်မုန့်ကို ပြောတာလဲဟင်? " ရှင်းရှင်းလေးက ထပ်မံမေးမြန်းပြန်သည်...
" ကံကောင်းတာတစ်ခုခု ဖြစ်သွားတာကို ပိုင်မုန့်တစ်ခု မိုးပေါ်ကနေ ပြုတ်ကျလာတယ်လို့ ပြောတာလေ... "
ချန်းဟွမ် သားဖြစ်သူအား အရှင်းဆုံးနည်းလမ်းဖြင့် ရှင်းပြလိုက်သည်.
" Aww အဲ့လိုလား... "
ပေါက်စီလုံးလေးသည် ယခု ပိုလို့ပင် စိတ်ရှုပ်သွားသည်...
" ဒါဆိုရင် ဘာလို့ မေမေက မပျော်တဲ့ပုံစံဖြစ်နေတာလဲ..."
မိမိခေါင်းပေါ်သို့ မီလီယံပေါင်းများစွာသောပိုက်ဆံများ ပြုတ်ကျလာသည်ကို မပျော်ရွှင်သည့်လူ မရှိပါလေ...
သို့သော်~~~
ချန်းဟွမ်၏အမြင်တွင် ယခုဖြစ်ပျက်နေသောအဖြစ်အပျက်တို့ဟာ အတော်လေး သံသယဖြစ်စရာပင်... ဆိုင်နေရာရွှေ့ရန်အတွက် စျေးအသင့်အတင့်ရှိသည့်ဆိုင်ခန်းနေရာ ရှာချိန်တွင် ကောင်းမွန်လွန်းသောဆိုင်ခန်းနေရာတစ်ခု ချက်ချင်းဆိုသလို ရှာတွေ့ခဲ့ပြီး ယခု ငွေကြေးလိုအပ်နေချိန်တွင်လည်း ဖြိုဖျက်ရေးနှင့် နေရာရွှေ့ပြောင်းရေးကြောင့် လျော်ကြေးငွေများစွာ ရနေပြန်သည်..
လက်ရှိချန်းဟွမ်သည် မူရင်းဝတ္ထုကို ဖတ်ဖူးသော်ငြား ဝတ္ထုထဲတွင် ဇာတ်လိုက်နှင့်ဇာတ်လိုက်မတို့ကြားမှအချစ်ဇာတ်လမ်းကိုသာ အသားပေးဖော်ပြထားသည်ကြောင့် ဇာတ်ရံဖြစ်သောမူလချန်းဟွမ်နှင့်ပတ်သက်ပြီး ပြည့်ပြည့်စုံစုံမသိရပါချေ... ထို့ကြောင့်လည်း လက်ရှိချန်းဟွမ်သည် မူလပိုင်ရှင်က ဖြိုဖျက်ခြင်းနှင့်နေရာရွှေ့ပြောင်းခြင်းဆိုသည့်ကိစ္စအား ကြုံတွေ့ခဲ့ခြင်း ရှိ မရှိကို မသိပေ...
ရှင်းရှင်းလေးက အတွေးနယ်လွန်နေသောမိခင်ဖြစ်သူ၏မျက်ခုံးတစ်ဖက်ကို အသာအယာထိတွေ့လိုက်သည်..
" မေမေက မျက်မှောင်ကြုတ်ထားရင် မလှဘူး”
ချန်းဟွမ် သူမရဲ့သံသယစိတ်တို့ကို တွန်းထုတ်ထားလိုက်ကာ သားဖြစ်သူကို ပြုံးပြလိုက်သည်... သူမဟာ ပေါက်စီလုံးလေး၏လက်ဖဝါးလေးကို နမ်းလိုက်ပြီး " ဟုတ်ပါပြီ... မေမေ မျက်မှောင်မကြုတ်တော့ဘူး... ရှင်းရှင်းလေး ဒီမှာ ခဏလောက်ကစားနေအုံးနော်... မေမေ နေ့လည်စာ ချက်ပေးမယ်... "
" သားလည်း မေမေနဲ့တူတူ နေ့လည်စာ ချက်မယ်..! "
ရှင်းရှင်းလေးက တက်ကြွစွာပြောရင်း မိခင်ဖြစ်သူ နောက်သို့ လိုက်လာခဲ့တော့သည်...
ဆောင်းဦးလလယ်ပွဲတော်အတွင်း မိခင်နှင့်အတူ လမုန့်ပြုလုပ်ပြီးတည်းက ရှင်းရှင်းလေးသည် အချက်အပြုတ်ကို လွန်စွာ စိတ်ဝင်စားမှုရှိသွားခဲ့ကာ အချက်အပြုတ်တစ်ခုခုလုပ်ချိန်တိုင်း ကူညီပေးချင်နေသည်...
သို့သော် လက်တွေ့တွင် သူ ကူညီနိုင်သည်ဆိုတာထက် အလုပ်ပိုသာ ပေးမိနေ၏... သို့သော်ငြား ကလေးလေးသည် သူ့ကိုယ်သူတော့ တော်လွန်းသည်ဟု တွေးဆနေတုန်းပင်...
ချန်းဟွမ် သားဖြစ်သူရဲ့သူကိုယ်သူယုံကြည်ချက်ရှိနေခြင်းကို မပျက်စီးစေချင်သောကြောင့် ရှင်းရှင်းလေးက ကူညီမည်ဟု ပြောချိန်၌ သဘောတူပေးလိုက်သည်... သူမသည် သားဖြစ်သူအတွက် ခွေးခြေခုံပုလေးကို ချလိုက်ပြီးနောက် မုန်ညှင်းတစ်စည်း ယူပေးကာ " ရှင်းရှင်းက အသီးအရွက်တွေကို ရေဆေးပေးနော်... မေမေက ကျန်တာတွေ လုပ်လိုက်မယ်... "
" ဟုတ်ကဲ့ မေမေ! " လတ်ဆတ်လှသောမုန်ညှင်းရွက်တို့ကို အိမ်တွင် ကိုယ်တိုင် စိုက်ပျိုးသည့်သူဆီမှ တိုက်ရိုက်ဝယ်ခဲ့ခြင်းဖြစ်သည်...
ရှင်းရှင်းလေးက ခွေးခြေခုံပုလေးပေါ်တွင် ရပ်ကာ မုန်ညှင်းရွက်တို့ကို သေချာရေဆေးလိုက်သည်...
သားဖြစ်သူကို အလုပ်တစ်ခုပေးထားပြီးနောက် ချန်းဟွမ်သည် နေ့လည်စာအတွက် ချက်ပြုတ်လိုက်သည်..
ချန်းဟွမ်တစ်ယောက် ဟင်းလျာများကို ပန်းကန်ထဲသို့ ထည့်ပြီးနောက်အထိ ရှင်းရှင်းလေးက မုန်ညှင်းရွက်တို့ကို ဆေးကြောလို့ မပြီးသေးချေ...
သူမသည် ကူကယ်ရာမဲ့စွာ သက်ပြင်းတစ်ချက်ချလိုက်ရင်း ပေါက်စီလုံးလေး၏ဟင်းချက်ရန် စိတ်အားထက်သန်နေမှု မကြာမီပျောက်ကွယ်သွားပါစေဟု ကြိတ်ဆုတောင်းနေမိပေသည်... ခေတ္တအကြာ၌ အစားအသောက်များကို ညစာစားပွဲပေါ်တင်လိုက်ပြီးနောက် သားဖြစ်သူအား ခေါ်လိုက်တော့၏...
" မေမေ သားကို ခဏစောင့်ပါအုံး... ခဏနေဆိုရင် အရွက်တွေ ရေဆေးလို့ ပြီးတော့မှာ.."
ရှင်းရှင်းလေးက ခေါင်းပင် မော့မကြည့်နိုင်ဘဲ ပြန်ဖြေလိုက်သည်...
💙💙💙💙💙💙💙