အပိုင်း ၇၅-၇၆
Viewers 20k

Chapter 75

{ ဆိုင်ခန်းနေရာ - ၃ }


ချန်းဟွမ် ခွေးခြေခုံပုလေးပေါ်တွင် မတ်တပ်ရပ်နေသောပေါက်စီလုံးလေး၏နောက်သို့ လျှောက်သွားလိုက်သည်... ထို့နောက် ကလေးလေးအား ခွေးခြေခုံပုလေးပေါ်မှ ချီယူလိုက်ကာ ​ကြမ်းပြင်ပေါ်သို့ ချပေးပြီး ရေပိုက်ကို ပိတ်လိုက်သည်... 


 ရှင်းရှင်းလေးက မိခင်ဖြစ်သူအား ​အူတူတူပုံစံလေးဖြင့် မော့ကြည့်လို့နေပြန်သည်... ထ

 ချန်းဟွမ် ကလေးလေး၏နဖူးကို ခပ်ဖွဖွတောက်လိုက်ရင်း စကားဆိုချေ၏... " မေမေ ဟင်းချက်ပြီးသွားပြီ... "


" Ohh..." ရှင်းရှင်းလေးသည် သူ့လက်ထဲတွင် ကြွေကာပျက်စီးနေပြီးဖြစ်သောအရွက်တို့ကို ကြည့်လိုက်ပြီးနောက် စားပွဲပေါ်မှ ဟင်းပွဲများကို လှည့်ကြည့်လိုက်မိလေတယ်...  ထို့နောက်တွင်တော့ လက်ထဲမှ အရွက်တို့ကို မိခင်အား ပေးလိုက်ရင်း... " ဒါဆို ဒီအရွက်တွေကို ညစာချက်လိုက်နော် မေမေ... " 


" ဟုတ်ပါပြီ... " 


ချန်းဟွမ် ကလေးလေး လက်ထဲမှ အရွက်များကို ယူလိုက်ပြီးနောက် ရှင်းရှင်းလေးအား နေ့လည်စာစားရန် ထိုင်ခိုင်းလိုက်တော့၏...


ချန်းဟွမ်တစ်ယောက် တစ်ဖက်သို့ လှည့်သွားစဉ် ရှင်းရှင်းလေးသည် အရွက်အစအနများအားလုံးကို ကောက်ယူပြီး အမှိုက်ပုံးထဲသို့ ပစ်ထည့်လိုက်လေသည်...


ခေတ္တအကြာတွင်တော့ ချန်းဟွမ်သည် ပူနွေးသောထမင်းဖြူအပြည့်ပါသည့်ပန်းကန်လုံးနှစ်လုံးကို ကိုင်ရင်း ပြန်ရောက်လာသည်...


နေ့လည်စာစားပြီးနောက်တွင် ချန်းဟွမ် ပင်းအန်ဘက်သို့ ထွက်လာခဲ့လိုက်... 


သူမ လာရာလမ်းတွင် ယခုကိစ္စနှင့်ပတ်သက်ပြီး ပြန်လည်တွေးဆမိပေ၏... သူမတွင် မြင့်မားလာသောအလုပ်ရာထူးတစ်ခု ဒါမှမဟုတ် ပြီးပြည့်စုံလှသောငွေကြေးလည်းမရှိတာကြောင့် သူမအား တစ်စုံတစ်ယောက်က လိမ်လည်စရာအကြောင်းတော့မရှိပေ... သို့သော်လည်း ယွမ်ငွေသန်းပေါင်းများစွာသောငွေပမာဏကို နေ့ချင်းညချင်း ရရှိမည်ဆိုသောကိစ္စက ယုံကြည်ဖို့ရန် ခက်ခဲလို့နေဆဲပင်...


လက်ရှိတွင် ပင်းအန်က တစ်ဝက်နီးပါး ဖြိုဖျက်ပြီးနေခဲ့ပြီ အန္တရာယ်များသောကြောင့် ရှင်းရှင်းလေးအား အိမ်တွင်သာ ထားခဲ့ရန် ဆုံးဖြတ်လိုက်၏...


သူမ အိမ်မှမထွက်လာခင်၌ အိမ်နီးနားချင်းများကို ရှင်းရှင်းအား ခဏကြည့်ပေးရန်မှာထားခဲ့လိုက်၏... ရှင်းရှင်းလေးသည် မိခင်ဖြစ်သူ ဓါတ်လှေကားထဲဝင်သွားပြီးနောက်တွင်မှ အိမ်ထဲသို့ ဝင်သွားလေတော့သည်...


ချန်းဟွမ်တစ်ယောက် ဝတ္ထုထဲသို့ ကူးပြောင်းလာခဲ့သည်မှာ ၂လနီးပါးရှိနေပြီပင်... သူမသည် ပင်းအန်တွင် ရက်အနည်းငယ်လောက်သာ နေထိုင်ခဲ့ခြင်းဖြစ်ပြီး သူမ ထွက်လာသည့်အချိန်ကတော့ နေထိုင်ရန် အဆင်ပြေခဲ့သေး၏... ယခုချိန် သူမ ပြန်ရောက်ချိန်တွင်တော့ ပင်းအန်၏တစ်ဝက်လောက်မှာ ဖြိုဖျက်ပြီးလို့နေလေပြီ... ပင်းအန်၏လက်ရှိအခြေအနေမှာ အတော်လေးစိတ်ပျက်စရာပဲ...


ချန်းဟွမ်သည် ပင်းအန်းထဲသို့ အရောက်တွင် အနီးမှအမျိုးသားတစ်ဦးကို မေးမြန်းပြီးနောက် ပင်းအန်ထဲ၌ ယာယီဆောက်လုပ်ထားသောရုံးခန်းလေးဆီသို့ လျှောက်လာခဲ့လိုက်သည်..


ထိုရုံးခန်းလေးသို့ ရောက်ချိန်တွင် အထဲ၌ ဆူညံလွန်းနေတာကြောင့် သူမသည် ခေတ္တမျှစောင့်ဆိုင်းနေလိုက်၏... တစ်ခဏကြာ ရုံးခန်းထဲမှလူအုပ်တစ်အုပ်ထွက်သွားခဲ့ပြီးနောက်တွင် ချန်းဟွမ် ရုံးခန်းလေးထဲသို့ ဝင်သွားခဲ့တော့သည်...


အထဲရှိဝန်ထမ်းများသည် ချန်းဟွမ်၏အခန်းနေရာကို အသေအချာမေးမြန်းအတည်ပြုပြီးနောက်တွင်တော့ လျော်ကြေးနှင့်ပတ်သက်ပြီး သူမ သိသင့်သည့်အချက်အလက်အားလုံးကို ရှင်းပြပေးကြ၏... ချန်းဟွမ်က ပင်းအန်၏ဒါရိုက်တာ ပြောပြချက်အရ တချို့သောအချက်အလက်တို့ကို သိနှင့်ပြီးသားပင်... သို့သော် သူမသည် ရှင်းပြချက်အားလုံးကို အသေအချာနားထောင်နေခဲ့သည်... ကုမ္မဏီဘက်မှ လျော်ကြေးကို နည်းလမ်းနှစ်မျိုးဖြင့် လျော်ခြင်းဖြစ်ပေသည်... ပထမတစ်နည်းမှာ တိုက်ခန်းအစားထိုးပြန်ပေးခြင်းဖြစ်ကာ နောက်တစ်နည်းမှာ ငွေသားလျော်ကြေးပေးခြင်းဖြစ်၏...


တိုက်ခန်းကို ရွေးချယ်ပါက ပင်းအန်ရှိနေရာ တစ် စတုရန်းမီတာအတွက် သုံးစတုရန်းမီတာနှုန်းဖြင့် တွက်ချက်ပြီး တိုက်ခန်းတစ်ခန်းပြန်ပေးမည်ဖြစ်ကာ ငွေသားလျော်ကြေးကို ရွေးချယ်ပါက တစ် စတုရန်းမီတာအတွက် ယွမ်50,000ပေးမည်ဖြစ်သည်... ထိုလျော်ကြေးတို့ကြောင့် လူအတော်အများဟာ ဖြိုဖျက်ရေးနှင့်နေရာရွှေ့ပြောင်းရေးကို သဘောတူညီလာကြသည်..


ချန်းဟွမ်သည်လည်း ယခုကဲ့သို့ရွှေအခွင့်အရေးကို ပျော်ရွှင်စွာ လက်ခံကာ လျော်ကြေးယူရန် ဆုံးဖြတ်လိုက်၏...


ချန်းဟွမ်သည် မူလပိုင်ရှင်၏အိမ်ခန်းသည် အများဆုံး ၆၀ စတုရန်းမီတာလောက်သာ ကျယ်မည်ဟုထင်ခဲ့သော်လည်း အမှန်တကာ် တိုင်းတာလိုက်ချိန်တွင် ၇၅ စတုရန်းမီတာဖြစ်နေခဲ့ပြီး တစ် စတုရန်းမီတာကို ယွမ်50,000နှုန်းဖြင့် တွက်ချက်လိုက်တဲ့အခါလျော်ကြေးအဖြစ် ယွမ်၃.၇၅သန်းကို ရရှိသွားခဲ့ချေသည်... သူမသည် နာမည်ရေးထိုးပြီးနောက် ထိုနေရာမှထွက်လာခဲ့ကာ အိမ်သို့ ပြန်သွားခဲ့လေတယ်... သူမသည် ယခုအချိန်တို့ကို အိပ်မက် မက်နေနေသည်ဟု ခံစားနေမိ၏..


ဓာတ်လှေကားက သူမ နေထိုင်သောအထပ်သို့ ရောက်သောခဲ့ပြီး အခန်းရှိရာသို့ လျှောက်လာခဲ့ပြီးနောက်တွင် သူမသည် အိတ်ထဲမှ ချက်လက်မှတ်ကို အသေအချာ ပြန်ထုတ်ကြည့်မိသည်...


💸💸💸💸💸💸


Chapter 76

{ ကျောင်းတက်ချင်စိတ် - ၁ }


ဘာပဲဖြစ်ဖြစ် နောက်ဆုံးတော့ သူမပေါ်သို့ ငွေပုံကြီး ရောက်ရှိလာခဲ့ချေပြီ...


ချန်းဟွမ် သူမရဲ့ဘဏ်အကောင့်ထဲသို့ ပိုက်ဆံထည့်ရန် မသွားခင်တွင် ကခုန်နေသောသူမ၏စိတ်ဝိညာဥ်တို့ကို ငြိမ်သက်အောင် ပြန်လည်စုစည်းလိုက်သည်... ဘဏ်ရှိဝန်ထမ်းများဟာ သူမအား စိတ်အားထက်သန်စွာ နှုတ်ဆက်ကြပြီး  ဘဏ်၏ငွေကြေးရေးစီမံခန့်ခွဲရေးနှင့်ပတ်သက်သောအကြောင်းအရာအချက်အလက်တို့ကို အသေးစိတ်ရှင်းပြကြသည်...


ကံမကောင်းစွာဖြင့်ပင် လက်ရှိချန်းဟွမ်သည် ဝတ္ထုထဲမှဘဏ်တို့၏ငွေကြေးပိုင်းဆိုင်ရာကိစ္စတို့ကို လုံးဝနားမလည်ကြတာကြောင့် တိတ်တဆိတ်သာ နားထောင်နေခဲ့ရသည်..


ထို့နောက် သူမ အိမ်ပြန်ရောက်ချိန်၌ Hotpotဘုရင်ဆိုင်၏တာဝန်ခံဆီသို့ ဖုန်းခေါ်ဆိုရန် နံပါတ်ရှာနေစဥ်တွင် တခြားသောနံပါတ်တစ်ခုကို တွေ့သွားခဲ့ပြီး အနည်းငယ်တုံ့ဆိုင်းသွားခဲ့တော့သည်...


အိမ်ခြေမြေကုမ္မဏီသည် သူမအား ဆိုင်ခန်းနေရာနှစ်ခုကို အကြံပြုထားခြင်းဖြစ်ကာ သူမသည် ထိုနှစ်နေရာထဲမှ တစ်နေရာကိုသာ ကြည့်ရှုရသေး၏...ယခု သူမလက်ထဲ၌ ငွေကြေးအလုံအလောက်ရှိပြီဖြစ်တာကြောင့်ဒုတိယဆိုင်ခန်းနေရာကိုပါ ကြည့်ရှုသင့်သည်ဟု တွေးဆလိုက်မိသည်...


ဆုံးဖြတ်ပြီးနောက်တွင် သူမဟု ရှန်းလီဆီသို့ ဖုန်းခေါ်လိုက်ပြီး ယနေ့ည သူမ ညစျေးဆီသို့ မလာတော့ဘူးဟု အသိပေးလိုက်သည်... ထို့နောက် သူမ ရှင်းရှင်းလေးအား အိမ်နီးချင်းအိမ်တွင် ခေတ္တထားခဲ့လိုက်သည်... ချန်းဟွမ်သည် ပေါက်စီလုံးလေးအား ခေါ်သွားချင်သော်ငြားသူမ သွားရမည့်နေရာမှာ ဝေးလွန်းတာကြောင့် ကလေးကို အိမ်တွင်သာ ထားခဲ့ရန်သာ ဆုံးဖြတ်လိုက်ရတော့၏...


ညနေ ၅နာရီခွဲအချိန်တွင် ယာဉ်ကြောပိတ်ဆို့မှုများ ပိုလို့ပင် တိုးလာခဲ့လေသည်... ချန်းဟွမ်က ရှင်းချီ ၇၃လမ်းကို တိုက်ရိုက်ရောက်မည့်ဘတ်စ်ကား သို့မဟုတ် မြေအောက်ရထားကို ရှာမတွေ့သည့်အပြင် တက္ကစီတစ်စီးပင် ရှာမရချေ... သူမသည် အချိန်တစ်ခုကြာသည်အထိ ဖုန်တလုံးလုံးကြားထဲ၌ မတ်တပ်ရပ်ခဲ့ပြီး နောက်ဆုံးတွင် ထိုနေရာသို့ လမ်းလျှောက်သွားရန်သာ ဆုံးဖြတ်လိုက်ရတော့၏...


သူမ ထိုနေရာသို့ လျှောက်သွားပြီးနောက် ၂၉၆ဟူသောနံပါတ်ကို အဆောက်အဦးတစ်ခုပေါ်တွင် တွေ့လိုက်ရသည်... သူမ လမ်းနံပါတ်များကို ကြည့်ရင်း လျှောက်လှမ်းလာလိုက်သည်... လမ်းတစ်လမ်းလုံးက လူသွားလူလာများပြားလှပြီး တစ်ယောက်နှင့်တစ်ယောက် ဝင်မတိုက်မိရုံလောက်သာ ရှိပေသည်... သိပ်မကျယ်တဲ့လမ်းမှာဆွဲဆောင်မှုရှိတဲ့ အမျိုးသားများနှင့် အမျိုးသမီးများ သူမနားမှ ဖြတ်လျှောက်သွားလေတိုင်း ၎င်းတို့ရဲ့ မွှေးရနံ့တို့ဟာ သူမဆီ၌ စွဲကျန်နေလေသည်... ရံဖန်ရံခါတွင် လမ်းဘေးတွင် ရပ်နေသော လူမိုက်ပုံစံလမ်းသရဲများက ဖြတ်လျှောက်သွားသောအမျိုးသမီးလေးများကို  လေချွန်သံပေးကာ စနောက်နေကြသည်ကို တွေ့ရပြန်၏... ထိုသူတို့သည် ချန်းဟွမ်ကိုပင် အလွတ်မပေးဘဲ စနောက်နေကြသေးသည်...


ရှင်းချီလမ်းသို့ ရောက်ချိန်တွင်တော့ သူမအား အိမ်ခြေမြေကုမ္မဏီမှ ပြောခဲ့သလိုပင် ဒုတိယမြောက်ဆိုင်ခန်းနေရာမှာ ရှင်းချီ ၇၃လမ်း၏မျက်နှာစာတွင် ရှိနေသောနှစ်ထပ်တိုက်ပင်... ထိုနေရာသည် ယခုအထိ  စားသောက်ဆိုင်လုပ်ငန်းတစ်ခုကို လုပ်ကိုင်ဆဲဖြစ်ပြီး လက်ရှိတွင် ကျောက်ပုစွန်အဓိကထားသောဆိုင်ဖြစ်၏...


သူမ လာရာလမ်းရှိဆိုင်အများစုသည် ဟော့ပေါ့ သို့မဟုတ် ​ကျောက်ပုစွန်ဆိုင်များသာဖြစ်​သည်ကို သူမ သတိပြုမိပေတယ်...


ဒီနေရာ၏စီးပွားရေးအခြေအနေမှာ အတော်လေးအခြေအနေကောင်းလှသည်ဟုဆိုရပေမည်... လက်ရှိ၌ ညစာစားချိန် မရောက်သေးသော်ငြား စားပွဲ ၄လုံး ၅လုံးလောက်၌ လူအပြည့်ဖြစ်လို့နေပြီပင်...  ချန်းဟွမ် ဆိုင်၏အခြေအနေကို အပြင်မှ အကဲခတ်ပြီးနောက်တွင်တော့ အချိန်ဆက်ဖြုန်းမနေတော့ဘဲ အိမ်ပြန်ရန် ဆုံးဖြတ်လိုက်တော့သည်...


သူမ၏အိမ်ပြန်လမ်းမှာ လာခဲ့ချိန်နှင့် ခြားနားလွန်းစွာ မိုးကောင်းကင်တစ်ခုလုံး အမှောင်ယံတို့သာ ကြီးစိုးနေခဲ့ပြီး လမ်းမီးရောင်ပျပျသာ ရှိနေချေတော့သည်... သူမ အရက်ဆိုင်များရှေ့မှ ဖြတ်လျှောက်လာခဲ့ချိန်တွင် လမ်းတစ်လျှောက် လှုပ်ရှားမှုတို့ ကင်းမဲ့နေလေသည်...  တစ်ခါတစ်ရံ ဆောင်းဦးလေညင်းတို့က သူမကို ထိခတ်လာစဥ်၌ ကြက်သီးမွှေးတို့ ထကာ ကြောက်ရွံ့မှုတို့ စိုးမိုးလာရပြန်တယ်...


ဆောင်းဦးလေးညင်းတို့ရဲ့ကျီစယ်မှုကြောင့် သူမ ယခင်က ကြားဖူးခဲ့သောတစ္ဆေပုံပြင်များစွာကို ရုတ်တရက် ပြန်အမှတ်ရလာမိတော့၏... သူမသည် မူဘဝတွင် တစ္ဆေရုပ်ရှင်ကြည့်ပြီးနောက် ရေချိုးခန်းထဲပင် မသွားရဲတော့လောက်အောင် သတ္တိရှိဖူးပေသည်...


ဝတ္ထုထဲသို့ ကူးပြောင်းလာခဲ့ပြီးနောက် သူမသည် ညစဥ်ညတိုင်း အိမ်ပြန်လမ်းတွင် သူမကို တစ္ဆေသရဲများနှင့်ဝိညာဉ်များက သူမနားသို့ ဝန်းရံလာသည်ဟု အမြဲခံစားနေရသေးသည်...သို့သော် ဘဝပေးအ​ခြေအနေကြောင့် ယခုတွင်တော့ အမှောင်ယံတို့က လောဘကြီးစိုးစွာ အုပ်စိုးထားသောညမျိုးတွင်လည်း တစ်ယောက်တည်း အိမ်ပြန်ခြင်းကို နေသားကျနေခဲ့ပြီပင်...


Xxxxxx