အပိုင်း ၈၃-၈၄
Viewers 20k

Chapter 83

{ ကလေးအတွက် လျော်ကြေးလား...ကလေးကို ပြန်ခေါ်မလို့လား? - ၁ }


" Omm... " 


ကျန်းမင်ယွမ် ယနေ့တွင် စောစောအလုပ်ဆင်းခဲ့ကာ သားဖြစ်သူရဲ့ကျောင်းရှေ့သို့ ရောက်လာခဲ့ပြန်သည်... သူ ကျောင်းရှေ့သို့ ရောက်ချိန်၌ ကျောင်းဂိတ်ဝတွင် သားဖြစ်သူရဲ့ပုံရိပ်လေးကို တွေ့လိုက်ရလေသည်... တစ်ခုတည်းသောခြားနားမှုမှာ ယခင်နေ့က တွေ့နေကြဖြစ်သောအမျိုးသမီးငယ်လေး၏အရိပ်အယောင်ကို ကျောင်းရှေ့တွင် မတွေ့ရခြင်းပင်...


မိဘအသီးသီးက ၎င်းတို့သားသမီးများကို အသီးသီး လာကြိုသွားကြပြီဖြစ်သော်ငြား ရှင်းရှင်းလေးမှာတော့ ဆရာမဖြစ်သူရဲ့လက်ကို ကိုင်ထားရင်း တမျှော်မျှော်ဖြင့် စောင့်လို့နေရှာ၏... ကျန်းမင်ယွမ်သည် သားဖြစ်သူ၏ပုရိပ်လေးအား အချိန်တစ်ခုအထိ စောင့်ကြည့်နေခဲ့ပြီးနောက် ကားထဲမှ ထွက်လာလိုက်သည်...


ရှင်းရှင်းလေးသည် ချောမောပြီးဉာဏ်ကောင်းသည့်ဦးလေးကြီးနှင့် မတွေ့ရသည်မှာ လဝက်နီးပါးခန့်ရှိနေပြီဖြစ်သော်လည်း ကျန်းမင်ယွမ်ကို တွေ့လိုက်ချိန်တွင် ပြုံးပျော်ရွှင်စွာ တရင်းတနှီးနှုတ်ဆက်လေသည်... ထို့ကြောင့်လည်း ကျန်းမင်ယွမ်ဟာ အတော်လေး စိတ်ကြည်နူးသွားခဲ့ရသည်...


ကျန်းမင်ယွမ်သည် ရှင်းရှင်းလေးအား DNAစစ်ဖို့ရာအတွက် ကျောင်းအား အကူအညီတောင်းခဲ့ခြင်းဖြစ်သော်လည်း ယခု ဆရာမသည် သူ့အား မမှတ်မိပါလေ... ထို့ကြောင့် သူမ(ဆရာမ)က ရှင်းရှင်းလေးအား ကျန်းမင်ယွမ်လက်ထဲသို့ မထည့်လိုက်ချေ... သူမက ချန်းဟွမ် မရောက်သေးသည်ကို သိလိုက်ချိန်တွင် ရှင်းရှင်းလေး အအေးမမိစေရန် ကလေးအား ကျောင်းထဲသို့ ပြန်ခေါ်သွားတော့သည်...


ဆရာမက ရှင်းရှင်းလေးအား ကျောင်းထဲသို့ ခေါ်သွားတဲ့အခါ ကျန်းမင်ယွမ် သူ့သဘောဖြင့်သူ ကျောင်းထဲသို့ ​ဝင်လာလိုက်သည်...


သူမတို့ဆရာတပည့်နောက်သို့ ထိုသူလိုက်ပါလာသည်ဟု သတိထားမိသွားချိန်၌ ကျန်းမင်ယွမ်အား တားရန် ပြန်လှည့်လာခဲ့လေသည်...


 သို့သော်လည်း ကျန်းမင်ယွမ်၏လက်ထောက်ဟာ အခြေအနေကို ခန့်မှန်းမိသောကြောင့် ကျောင်းအုပ်အား ဖုန်းဆက်ခေါ်ထားခဲ့ပြီးသားပင်... ထို့ကြောင့်လည်း ဆရာမက ကျန်းမင်ယွမ်အား တားတော့မည့်လုနီးပါးတွင် ကျောင်းအုပ်က ရောက်လာပြီး ကျန်းမင်ယွမ်အား ကျောင်းထဲသို့ ခေါ်လိုက်တော့သည်...


ဤနည်းဖြင့်ပင် ကျန်းမင်ယွမ် ရှင်းရှင်းလေးနှင့်အတူ တခဏရှိခွင့်ရခဲ့ခြင်းဖြစ်ပေသည်... ကျန်းမင်ယွမ်သည် သူ့ဆီတွင် သားတစ်ယောက်ရှိနေသည်ဟု စသိလိုက်စဥ်က လွန်စွာလန့်ထိတ်သွားခဲ့သော်ငြား ယခုတွင်တော့ သားဖြစ်သူအား ဘေးရန်တိုင်းမှ ကာကွယ်ပေးချင်မိ၏...


ရှင်းရှင်းလေးသည် အရွယ်နှင့်မလိုက်အောင် ယဥ်ကျေးလိမ္မာသည့်အပြင် လွန်စွာချစ်ဖို့ကောင်းလွန်းသေးသည်... 


ကျန်းမင်ယွမ်သည် သူ့ဘေးတွင် ထိုင်နေကာ မိခင်အား စောင့်မျှော်နေသောကလေးအား ကြည့်ရင်း သူ့ခေါင်းထဲရှိ ယခင်အစီအစဥ်ကို ပယ်ဖျက်လိုက်ပြီး အစီအစဥ်သစ်တစ်ခုကို စဥ်းစားလိုက်ပေသည်...


သူ သားဖြစ်သူ၏မိခင်အား အသေအချာတွေ့ကာ ပြတ်ပြတ်သားသားဆွေးနွေးသင့်ပြီဟုပင်...


တစ်ခုအရေးကြီးသည်က သူ သားဖြစ်သူအား သူ့အိမ်သို့ ခေါ်လိုက်ရမည်လား ဒါမှမဟုတ် ယခုကဲ့သို့ ပုန်းလျှိုကွယ်လျှိုတွေ့နေမည်လားဆိုသောကိစ္စဖြစ်၏... ထိုအတွေးတို့ကို တွေးနေရင်းဖြင့် ကျန်းမင်ယွမ်တစ်ယောက် ရှေ့သို့ ခြေလှမ်းအနည်းငယ် လှမ်းလိုက်ချိန်တွင် အခန်းတံခါးပွင့်ခဲ့ပြီး အမျိုးသမီးငယ်လေးတစ်ယောက် ဝင်လာလေသည်...


ထိုအမျိုးသမီးငယ်လေးကို ပေါက်စီလုံးလေး က တွေ့သွားချိန်တွင် ပျော်ရွှင်စွာ ထရပ်လိုက်သည်.. ကလေးလေးက မိခင်ဖြစ်သူဆီပြေးသွားတဲ့အခါတွင် မိခင်ဖြစ်သူ ကလေးလေးရဲ့ပါးနှစ်ဖက်ကို နမ်းလိုက်ပြီး " အကြာကြီးစောင့်လိုက်ရလား သားလေး... မေမေ အလုပ်နည်းနည်းရှုပ်သွားလို့ပါ... တောင်းပန်ပါတယ်နော် "


" ရပါတယ် ဆရာမကပြောပြတယ် မေမေ အလုပ်ရှုပ်နေလို့တဲ့... "


" ဘာပဲဖြစ်ဖြစ် မေမေရဲ့အပြစ်ပါ... နောက်တစ်ခါ မဖြစ်စေရဘူးနော်... "


သားအမိ၂ယောက်က ထိုသို့ချစ်ပြနေကြသော်ငြာ်း မလှမ်းမကမ်းမှ ကျန်းမင်းယွမ်ဟာ ယခုချိန်တွင် ဘာမျှမတတ်နိုင်တာကြောင့် ကြည့်နေရုံသာ တတ်နိုင်ချေသည်...


Xxxxx


Chapter 84

{ ကလေးအတွက် လျော်ကြေးလား? ကလေးကို ပြန်ခေါ်မလို့လား? - ၂ }


" သားကို ကြည့်ပေးထားလို့ ကျေးဇူးပါနော် "


 ချန်းဟွမ်သည် အနီးမှ ဆရာမအား ကြည့်လိုက်ရင်း ပြောလိုက်သ်.. 


" မဟုတ်တာ ရပါတယ်ရှင်... " ဆရာမသည် ချန်းဟွမ်ဟာ ပြုံးလိုက်ပြန်ဖြေလေသည်... သို့သော် သူမ နားမလည်သည်က ရှင်းရှင်းလေးက မစ္စတာကျန်းဆိုသောအမျိုးသားနှင့် အရမ်းရင်းနှီးသည့်ပုံစံရှိသော်ငြာ်း အမေဖြစ်တဲ့ချန်းဟွမ်နှင့်ထိုအမျိုးသားကတော့ သူစိမ်းများလိုဖြစ်နေသည်ကိုပင်... 


သို့သော်လည်း သူမသည် သူမအတွေးတို့ကို ထိုနေရာတွင်ပင် ရပ်တန့်လိုက်ချေ၏... သူမအား ကျောင်းအုပ်ကိုယ်တိုင်က ထိုအမျိုးသား၏လမ်းကို မနှောင့်ယှက်သင့်ကြောင်းမှာထားတာကြောင့် သူမအနေနဲ့ နှုတ်ဆိတ်နေလိုက်သင့်သည်... သူမကိုယ်တိုင်သည်လည်း ပြဿနာများကြား ဓါးစားခံမဖြစ်ချင်ပေ...


ချန်းဟွမ်မှ ဆရာမကို ကျေးဇူးတင်စကားဆိုပြီးနောက် ရှင်းရှင်းလေးအား လက်တွဲထားရင်း အခန်းထဲမှ ပြန်ထွက်လာခဲ့လိုက်သည်... သို့သော် တံခါးဝသို့ ရောက်ချိန်တွင်တော့ ရှင်းရှင်းလေးသည် ကျန်းမင်ယွမ်အား သတိရသွားခဲ့ကာ အနောက်သို့ ပြန်လှည့်ကြည့်ရင်း " သားသွားပြီနော် ဦးလေးကြီး တာတာ့ "ဟု ဆိုလိုက်၏...


ပေါက်စီလုံးလေး၏နှုတ်ဆက်စကားကြောင့် ချန်းဟွမ်သည်လည်း ထိုအမျိုးသားရှိရာသို့ လှည့်ကြည့်လိုက်မိသည်... သူမသည် အခန်းထဲဝင်လာစဥ်က သားဇောကပ်နေသောကြောင့် အခန်းထဲ၌ ထိုအမျိုးသားရှိနေသည်ကို သတိမထားလိုက်မိပါချေ... ချန်းဟွမ်သည် အနှီအမျိုးသားအား လှည့်ကြည့်ပြီးနောက် ကျောင်းသားမိဘတစ်ယောက်ဟုသာ တွေးလိုက်ကာ ကျောင်းထဲမှ ထွက်လာခဲ့လိုက်သည်...


အမှန်တိုင်းဆိုရပါလျှင် သူမသည် ထိုအမျိုးသားကို အချိန်တစ်ခုထိ ငေးနေခဲ့မိပေသည်... ထိုသူ အတော်လေးဆွဲဆောင်မှုရှိပြီး ချောမောပေသည်... အရပ်၆ပေ ၁လက်မနီးပါးရှိပုံရကာ suitအနက်ကို ဝတ်ဆင်ထားပြီး ဘောင်းဘီအိတ်ကပ်ထဲ လက်ထည့်ထားလေ၏... သူ့ကို မြင်မိသူတိုင်း လည်ပြန်ကြည့်ရလိုက်သည်အထိ ဆွဲဆောင်မှုရှိကာ သူ့ဆီမှ ထွက်ပေါ်နေသောအရှိန်အဝါမှာလည်း ရှိန်လောက်သည်...


ချန်းဟွမ်သည် သူမအတွေးထဲတွင် ထိုသို့မှတ်ချက်ပေးလိုက်ပြီးနောက် ရှင်းရှင်းလေးနှင့်အတူ ကျောင်းထဲမှ ထွက်လာခဲ့တော့သည်...


ဤသို့ဖြင့် အိမ်ပြန်လမ်းတွင် သူမသည် ရှင်းရှင်းလေး၏ကျောင်းတွင်တော့ တွေ့ခဲ့သောအမျိုးသားကို တစ်နေရာရာတွင် ရင်းရင်းနှီးနှီးမြင်ဖူး တွေ့ဖူးသည်ဟု တဖြည်းဖြည်းခံစားလာလေတယ်... ထိုအမျိုးသားအကြောင်းကို ပိုစဥ်းစားလေ ပိုစိတ်ရှုပ်လာလေပင်... ထို့ကြောင့်လည်း သူမသည် အိမ်ပြန်လမ်းတစ်လျှောက်လုံးပေါက်စီလုံးလေးနှင့် စကားပင် မပြော​ဖြစ်ပါလေ...


ကံကောင်းစွာဖြင့်ပင် ရှင်းရှင်းလေးက မိခင်၏တိတ်ဆိတ်နေမှုကို သတိမထားမိပါဘဲ ဘေးဘီကိုသာ အာရုံရောက်လို့နေသည်... ကလေးလေးသည် လမ်းတစ်ဖက်တစ်ချက်ဆီမှ ပန်းပင်များကို ကြည့်နေရင်း ခေတ္တအကြာတွင်တော့ ပန်းပင်တစ်ခုကို လက်ညှိုးထိုးပြရင်း " မေမေ မေမေ ဒီမှာ ပန်းပွင့်လေး " ဟု ​​ဆိုလိုက်၏...


အတွေးနယ်လွန်နေသောချန်းဟွမ်ဟာ ထိုချိန်တွင်မှသာ သတိပြန်ကပ်သွားခဲ့ကာ သားဖြစ်သူ ညွှန်ပြနေသောပန်းပွင့် ၄ပွင့်ကို ကြည့်လိုက်ချေသည်... " ပန်းပွင့်လေးလို့ပဲ ပြောလို့မရဘူး... ပန်းပွင့်လေးတွေလို့ ပြောရတယ်... ပန်းက တစ်ပွင့်တည်း မဟုတ်ဘဲ ၄ပွင့်ဖြစ်နေတယ်လေ... "


သင်လွယ်တတ်လွယ်လှသောရှင်းရှင်းလေးသည် မိခင်ရှင်းပြသည်ကို နားထောင်ပြီးနောက် ခြေဖျားထောက်ကာ ပန်းပွင့်၄ပွင့်ကို ခူးလိုက်ပြီး

" ဒီမှာ မေမေတွက် ပန်းပွင့်လေးတွေ "ဟုဆိုရင်း ပန်းများအား မိခင်​ဖြစ်သူကို ပေးလိုက်သည်...


" ကျေးဇူးပါရှင် " ချန်းဟွမ်က ထိုသို့ပြောလိုက်တဲ့အခါ ရှင်းရှင်းလေးသည် ပျော်ရွှင်သွားခဲ့ကာ နောက်ထပ် ပန်းများကို ထပ်ခူးရန် လက်လှမ်းလိုက်လေ၏... ထိုအခါ " သားက အဲ့လိုခူးလိုက်ရင် ပန်းပွင့်လေးတွေက မမွှေးဘဲ နေတော့မှာ... တခြားသူတွေ ကြည့်လို့ရအောင် ထပ်မခူးနဲ့တော့နော် ဟုတ်ပြီလား... "


ပေါက်စီလုံးလေးသည်  ခေတ္တမျှတန့်သွားခဲ့ပြီးနောက် ချန်းဟွမ်လက်ထဲမှ ပန်းလေးများကို ကြည့်လိုက် ပန်းပင်မှပန်းများအား ပြန်ကြည့်လိုက် လုပ်လိုက်လေသည်... နောက်ဆုံးတွင်တော့ " ဒါဆိုလည်း မခူးတော့ပါဘူး မေမေ... တခြားသူတွေအတွက် ထားခဲ့လိုက်တော့မယ်နော် "


Xxxxxx