အပိုင်း ၈၅-၈၆
Viewers 20k

Chapter 85

{ ကလေးအတွက် လျော်ကြေးလား? ကလေးကို ပြန်ခေါ်မလို့လား? - ၃ }


ပေါက်စီလုံးလေးသည် ပန်းလေးများ ထပ်မခူးဖို့ ဆုံးဖြတ်ပြီးနောက် ပန်းပင်လေးရှိရာဘက်ကို ပြန်လှည့်လိုက်ကာ ခြေဖျားလေးထောက်ရင်း ပန်းရနံ့ကို အနံ့ခံလိုက်လေ၏... ထိုစဥ်တွင် ပန်းပင်တွင် ရှိနေသောပင့်ကူအိမ်ဟာ ကလေးလေး၏ပါးတွေ ကပ်ပါလာလေတယ်...


ရှင်းရှင်းလေးက မျက်နှာပေါ် ကပ်ပါလာသောပင့်ကူအိမ်ကို ဖယ်ရန် လက်လှမ်းလိုက်လေသည်...  ချန်းဟွမ်က ရှင်းရှင်းလေး ပါးစပ်ထဲသို့ မတော်တဆ ပင့်ကူဝင်သွားမည်စိုးသောကြောင့် ပင့်ကူအိမ်အား အလျင်အမြန်ဖယ်ပေးလိုက်ချေတယ်... 


ပင့်ကူအိမ်ဖယ်လိုက်ပြီးချိန်တွင်တော့ ပေါက်စီလုံးလေးဟာ မိခင်ဖြစ်သူအား နူးညံ့စွာပြုံးပြလို့လာ၏... ချန်းဟွမ်သည် ပေါက်စီလုံးလေး၏ချစ်စရာကောင်းသောပုံစံလေးကို ကြည့်ပြီးနောက် ကလေးလေး၏ပါးကို ခပ်ဖွဖွဆွဲလိုက်လေသည်...


ထိုချိန်တွင်ပင်...

သူမ ဦးနှောက်ထဲတွင် ပုံရိပ်တချို့ဖြတ်ပြေးလာတော့၏... သူမသည် ရှင်းရှင်းလေး၏​ကျောင်းတွင် တွေ့ခဲ့သောအမည်မသိအမျိုးသားကို ပြန်သတိရသွားချေတယ်... ထိုအမျိုးသားဟာ ရှင်းရှင်းလေးနှင့် ချွတ်စွတ်နီးပါးတူလွန်းပေသည်... ထို့ကြောင့် သူမက ထိုအမျိုးသား၏မျက်နှာကို မြင်ဖူးသည်ဟု ခံစားနေရသည်မှာ မဆန်းလှချေ... 


သူမ စဥ်းစားနေသည့်ကိစ္စတစ်ခု၏အမှန်တရားက တဖြည်းဖြည်း ရုပ်လုံးပေါ်လာချိန်တွင် သူမ၏စိတ်အစဥ်တို့ ပိုလို့ပင် လေးလံလို့လာပေသည်... ထို့နောက်တွင်တော့ သူမ မေ့ပျောက်ထားမိသောမူလဇာတ်လမ်းထဲမှ မူလချန်းဟွမ်ဟာ သားဖြစ်သူအား ဇာတ်လိုက်ဆီသို့ သွားခေါ်ခဲ့သည့်ဇာတ်ကွက်တို့ကို ပြန်လည် တွေးတောလိုက်မိ၏... ကျန်းရှင်းချန်လေးအား(ရှင်းရှင်း) တွေ့သောသူတို့က သူဟာ ဇာတ်လိုက်နှင့်ချွတ်စွတ်တူလွန်းသည်ကို လက်ခံကြချေသည်... ဇာတ်လိုက်၏မိခင်ကိုယ်တိုင်မှာလည်း ရှင်းရှင်းလေးဆီမှ မွေးရာပါအမှတ်ကို ကြည့်ကာ DNAစစ်ပါ သေချာစစ်ဆေးကြည့်ပြီးနောက် မြေးအဖြစ် လက်ခံလိုက်လေတယ်... 


ဝတ္ထုထဲမှ လူတိုင်းပြောသည့် ဇာတ်လိုက်နှင့်ရှင်းရှင်းလေးသည် ချွတ်စွတ်နီးပါးတူသည်ဆိုသောစကားအရသာဆိုပါလျှင် ကျောင်းတွင် သူမ တွေ့ခဲ့သောအမျိုးသားက~~~


ချန်းဟွမ်သည် သူမ သိရှိလိုက်ရသောအ​မှန်တရားကို ယုံကြည်ရန်ခက်ခဲလို့နေပေသည်... လက်ရှိအခြေအနေသည် သူမ သိထားသောမူလဇာတ်လမ်းနှင့် ကွဲလွဲလွန်းနေသောကြောင့်ပင်... သူမ သိထားသောဇာတ်လမ်းအရ လက်ရှိအချိန်၌ ဇာတ်လိုက်သည် သူ့ဆီတွင် သားတစ်ယောက်ရှိနေကြောင်း မသိသင့်သေးချေ...


~~~~~


ချန်းဟွမ်၏ အတွေးတို့ ရှုပ်ထွေးနေခဲ့သောကြောင့် ရှင်းရှင်းလေး၏ခေါ်သံကို မ​ကြားပေ.


. ပေါက်စီလုံးလေးသည် ရုတ်တရက်ဆောင့်ကြောင့်ထိုင်ချလိုက်သောမိခင်ဖြစ်သူအား ကြည့်ရင်း "မေမေ မေမေ "ဟု အကြိမ်ကြိမ်ခေါ်နေခဲ့ရှာသည်... 


"မေမေ မေမေ မေမေ " ပေါက်စီလုံးလေးက နောက်ထပ်အကြိမ်ကြိမ်ခေါ်နေခဲ့သော်လည်း  ချန်းဟွမ်ဟာ အတွေးနယ်လွန်နေဆဲပင်... ထိုချိန်တွင်တော့ ရှင်းရှင်းလေးသည် မိခင်ဖြစ်သူ၏ပါးနှစ်ဖက်ကို ခပ်ဖွဖွဆွဲညှစ်လိုက်လေတော့တယ်... 


ချန်းဟွမ်သည်လည်း ထိုအခါမှသာ သတိပြန်ကပ်သွားခဲ့လေချေ၏... " ​ဘာဖြစ်လို့လဲ သားသား"


" စောနက မေမေ ဘာဖြစ်သွားတာလဲဟင် "


" မေမေ ဘာမှမဖြစ်ပါဘူး အဆင်ပြေပါတယ်... " ချန်းဟွမ်သည် သားဖြစ်သူအား ပြုံးပြရင်း ထိုသို့ပြောရင်း သားဖြစ်သူကို လက်တွဲလိုက်ကာ အိမ်ပြန်လမ်းကို ဆက်တော့သည်... 


သို့သော်လည်း သူမ၏အတွေးများမှာတော့ မရပ်တန့်သွားပါလေ... မူလဇာတ်ကြောင်းကဘာကြောင့် သွေဖယ်လာသည်ကို သူမ နားမလည်တော့ချေ... လက်ရှိတွင် ရှင်းရှင်းလေးမှာလည်း ၄နှစ်အရွယ်သာရှိသေးပြီး ဇာတ်လိုက်နှင့်ဇာတ်လိုက်မတို့မှာလည်း တစ်ယောက်နှင့်တစ်ယောက် မတွေ့ကြသေးပေ...


💓💓💓💓


Chapter 86

{ ကလေးအတွက် လျော်ကြေးလား? ကလေးကို ပြန်ခေါ်မလို့လား? - ၄ }


ချန်းဟွမ်သည် သူမ ခေါင်းပေါ်သို့ တောင်တစ်လုံး တင်ထားရသလို အတွေးတို့ဖြင့် လေးလံလို့နေ၏... သူမသည် အိမ်ပြန်လမ်းတစ်လျှောက်လုံး ဘာစကားမျှထပ်မပြောနိုင်တော့သည့်အထိ ဆွံ့အနေမိသည်... အိမ်သို့ ပြန်ရောက်ချိန်မှသာ အနည်းငယ် စိတ်ဖြေလျှော့နိုင်သည် ... လက်ရှိတွင်တော့ ချန်းဟွမ်ဟာ ဖြစ်ပျက်ခဲ့သမျှကို အစမှ အသေအချာပြန်စဥ်းစားနေတော့သည်...


ပထမဆုံးအနေနဲ့ စဥ်းစားရမည်က ဇာတ်လိုက်က သူ့ဆီတွင် သားတစ်ယောက်ရှိနေသည်ကို မည်သို့ သိရှိသွားခဲ့ခြင်းပင်...


ရှင်းရှင်းလေးနှင့်ဇာတ်လိုက်တို့က နှုတ်ဆက်ဖို့အထိ ရင်းနှီးနေသည်ကို ကြည့်ပါက ယခုအကြိမ်သည် ၎င်းတို့၂ဦး၏ပထမအကြိမ်တွေ့ဆုံခြင်း မဖြစ်နိုင်ပါလေ... နောက်ဆုံးတွင်တော့ သူမဟာ ရှင်းရှင်းလေးကို တိုက်ရိုက်မေးရန်သာ ဆုံးဖြတ်လိုက်ရတော့သည်...


" ကျောင်းပိတ်ရက်တုန်းက စတွေ့ခဲ့တာ မေမေ "


 ရှင်းရှင်းလေးသည်  မိခင်ဖြစ်သူက မေးလာချိန်တွင် တုံ့ဆိုင်းခြင်းမရှိဘဲ ပြန်ဖြေရှာ၏... ကလေးလေးသည် ထိုအမျိုးသားနှင့်ပတ်သက်ပြီး တော်တော်​များများကို ​ပြောပြသေးသည်... 


" အဲ့ဦးလေးကြီးက အရမ်းချောတယ်... ပြီးတော့ ဉာဏ်စမ်းကုဗတုံးကို ခဏလေး ဖြေရှင်းနိုင်တာ... "


ချန်းဟွမ်သည် ဉာဏ်စမ်းကုဗတုံးဆိုသောစကားကို ကြားလိုက်ချိန်တွင် ရှင်းရှင်းလေး ခဏခဏပြော​ပြခဲ့ဖူးသောရုပ်ချောသည်ဆိုသောအမျိုးသားအကြောင်းကို သတိရသွားတော့၏... ထိုစဥ်တုန်းက သူမသည် ထိုအမျိုးသားကို ကလေးပြန်ပေးဆွဲသမားဟု သံသယရှိတာကြောင့် ရှင်းရှင်းလေးအား သူမ အနားတွင်သာတွင်သာ ဆော့ကစားစေခဲ့ပေတယ်... ဤသို့ဖြင့် နောက်ပိုင်းတွင်တော့ အမျိုးသား၏အရိပ်အယောင်ကို မတွေ့ရတော့ချေ...


လက်ရှိတွင် အောက်တိုဘာလကုန်ပြီဖြစ်ကာ ရှင်းရှင်းလေး ပြောပြသလို အပြည်ပြည်ဆိုင်ရာကျောင်းပိတ်ရက်အတွင်းတွင် ဇာတ်လိုက်နှင့် တွေ့ခဲ့သည်မှာ မှန်ပါလျှင် ဇာတ်လိုက်သည် သူ့ဆီ၌ သားတစ်ယောက်ရှိကြောင်း သိရှိသွားသည်မှာ အနည်းဆုံး ၂ပတ်ကျော်ခန့်ရှိနေလောက်ပြီပင်...


ချန်းဟွမ်သည် ထိုအကြောင်းတို့ကို တွေးဆ ရင်း အံ့ကြိတ်လိုက်မိပေတယ်... ထိုအကြောင်းကိစ္စတို့ကို သတိမထားမိသောကြောင့် သူမကိုယ်သူမ ဒေါသထွက်လို့နေ၏... ထို့ပြင် ဇာတ်လိုက်ဘက် ဘာဖြစ်ချင်နေသည်ကို သူမ နားမလည်ချေ... ဇာတ်လိုက်ဟာ သူ့ဆီတွင် သားရှိသည်ကို သိသွားတာတောင် ဘာလို့ ပုန်းလျှိုးကွယ်လျှိုးနေနေသည်လဲ... သားဖြစ်သူအား သူ့ဟာ ၎င်း၏ဖခင်ပါဟု ဘာကြောင့် ဝန်မခံသေးသည်လဲ... ဒါမှမဟုတ် ရှင်းရှင်းလေးကို သူ့သားအဖြစ် မရှိစေချင်သည်လား...


ချန်းဟွမ်ရဲ့မူလအစီအစဥ်မှာ ဇာတ်လိုက်နှင့်ဇာတ်လိုက်မတို့၏အဝေးတွင် နေရန်ဖြစ်သော်ကြောင့် ယခုကဲ့သို့ဇာတ်လိုက်၏လျှို့ဝှက်စောင့်ကြည့်မှု သဘောမကျပါလေ... သူမသည် ခေတ္တမျှစဥ်းစားပြီးနောက် ရှင်းရှင်းလေးရှိရာဘက်သို့ ပြန်လှည့်ကြည့်ကာ ထပ်မေးပြန်၏...


 " အဲ့ဦးလေးက သားကို ဘာအကြောင်းတွေ မေးသေးလဲ "


" ဟင်? " ကလေးလေးသည် ချန်းဟွမ် ဆိုလိုချင်သောစကားကို နားမလည်ပေ...


" အဲ့ဦးလေးက ဖေဖေတို့ မေမေတို့နဲ့ပတ်သက်တဲ့အကြောင်းတွေ မေးသေးလား... 


ရှင်းရှင်းလေးသည် မိခင်စကားကို သေချာနားထောင်ပြီးနောက် ခေါင်းငုံ့ကာ စဥ်းစားလို့နေသော်လည်း ဘာမျှမှတ်မိပုံမရချေ...


ပေါက်စီလုံးလေးဟာ ငယ်ရွယ်သေးတာကြောင့် လွန်ခဲ့သောတစ်လနီးပါးမှအကြောင်းအရင်းတို့ကို မှတ်မိရန် ခဲယဥ်းလှပေတယ်... 


နောက်ဆုံးတွင်တော့ ချန်းဟွမ်သည် ကလေးလေး မမှတ်မိသည့်အကြောင်းတို့ကို မမေးတော့ဘဲ တခြားသောမှတ််မိလွယ်သည့်ကိစ္စတို့ကို မေးမြန်းပြီးနောက် ဆော့ခွင့်ပေးလိုက်တော့သည်... ရှင်းရှင်းလေး တစ်ယောက်တည်းဆော့နေချိန်တွင် စာရွက်လွတ်တစ်ရွက်ကို ယူလိုက်ပြီး ယခုအဖြစ်အပျက်ရဲ့ဖြစ်စဥ်ကို ရေးဆွဲကြည့်လေ၏...


ပထမဆုံးအနေနဲ့ ဇာတ်လိုက်ဟာ သားဖြစ်သူ ရှင်းရှင်းလေးအကြောင်းကို သိရှိသွားပြီးနောက် တစ်စုံတစ်ခုကြောင့် ထပ်မပေါ်လာခဲ့ပေ... ထိုသို့ဖြင့် ရက်အနည်းငယ်ကြာပြီးနောက်တွင်တော့ သူမသည် အိမ်ခြံမြေကုမ္မဏီဆီမှ သူမ ​စိတ်တိုင်းကျပုံစံကို ရှာတွေ့ပြီဖြစ်ကြောင်း ဖုန်းလက်ခံရရှိခဲ့လေတယ်...


အစတွင်တော့ သူမအတွက် မိုးပေါ်မှ ကံကောင်းမှုတို့ ဆင်းသက်လာတာကြောင့် ဆိုင်ခန်းနေရာကောင်းတစ်ခုအမြန်ရရှိခဲ့သည်ဟု တွေးခဲ့ဖူး၏... ယခုအခြေအနေအရ ပြန်သုံးသပ်ရပါလျှင် ကံကောင်းမှုဟု ထင်ခဲ့ရသောကိစ္စများ၏နောက်တွင် ဇာတ်လိုက်ရှိနေခဲ့ခြင်းဖြစ်နိုင်သည်...


ချန်းဟွမ် ထိုကိစ္စတို့ကို စဥ်းစားလိုက်ချိန်တွင် အံ့ကြိတ်လိုက်ရင်း သူမ လက်ထဲမှဘောပင်ကို ချိုးလိုက်မိသည်..


" တောက်!! ဒါဆို အခုလုပ်ပေးထားတာတွေက ကလေးအတွက် လျော်ကြေးလား... ကလေးကို ပြန်ခေါ်မလို့လား..."


Xxxxxxx