အပိုင်း ၈၉-၉၀
Viewers 20k

Chapter 89

{ မစ္စချန်း... ကျွန်တော်တို့ အေးဆေးစကားပြောလို့ ရမလား - ၃ }


ချန်းဟွမ်သည် ရှင်းရှင်းလေးဘက်မှ နောက်ထပ်ပန်ကိတ်ထပ်တောင်းပါက လုံးဝမပေးတော့ဖို့ ဆုံးဖြတ်ချက်ချထားချိန်တွင် ရှင်းရှင်လေးဆီမှ ဗိုက်ပြည့်ပြီ ဟူသောစကားကို ကြားလိုက်ရသည်... ရှင်းရှင်းလေးက အလွန်အကျွံစားခဲ့ခြင်းဖြစ်တာကြောင့် သူမသည် ကလေးလေးအား အစာချေဆေးလုံးသောက်ခိုင်းထားရ၏...  


" ဒါလေး သောက်လိုက် ဒါက သားဗိုက်ထဲက အစားအသောက်တွေကို မြန်မြန်ချေပေးလိမ့်မယ်... ပြီးရင် ဟိုဘက်နားမှာ ခဏသွားရပ်နေအုံးနော်..."


" ဟုတ် " ကလေးလေးသည် ဗိုက်တင်းလွန်းနေကက ခုန်ပေါက်ဖို့ပင် အင်အားမရှိမျိုးမရှိတဲ့အတွက် မိခင်ဖြစ်သူပြောသည့်အတိုင်း တစ်ဖက်တွင် သွားရပ်နေလိုက်သည်... 


ယခုတွင် ပေါက်စီလုံးလေးစားပြီးသွားပြီဖြစ်တာကြောင့်  အိုးထဲတွင် ကျန်နေသေးသောယာဂုနှင့် ပန်းကန်ထဲမှပန်ကိတ်တချို့ဟာ ချန်းဟွမ်အတွက် ညစာဖြစ်ခဲ့လေပြီ...


သူမ ညစာစားနေစဥ်တွင် ရှင်းရှင်းလေးဟာ သူမအား လှမ်းကြည့်ရင်း သရေကျလို့နေပြန်တယ်...


" ဘာတွေစားနေတာလဲ မေမေ " ကလေးလေးသည် လှမ်းမျှော်ကြည့်ရင်း ထိုသို့ဆိုပြီးနောက် " သားလည်း စားချင်တယ် " ဟုပြောလာသေးသည်...


" ရှင်းရှင်း ထပ်မစားရတော့ဘူး " 


ချန်းဟွမ် ရှင်းရှင်းလေးဘက်သို့ လှည့်မကြည့်ပဲ ပြောလိုက်သည်


... " စားပြီးသား အစာအသောက်တွေ အရင်ဆုံး အစာကြေအောင် စောင့်ရအုံးမယ်..."


" သား တကယ် ထပ်စားနိုင်ပါသေးတယ်... "


" ထပ်စားလို့မရဘူး... " ထို့နောက် သူမဟာ ရှင်းရှင်းအား လှည့်ကြည့်ကာ 


" မေမေက မစားရဘူးဆို မစားရဘူးဘဲ ရှင်းရှင်း! "


က​လေး​လေးင နှုတ်ခမ်းလေး ဆူရင်း မိခင်ဖြစ်သူ အနားသို့ လျှောက်လာချိန်တွင် အအော်​လိုက်​ခံလိုက်ရတာကြောင့် ရှေ့သို့ ဆက်မတိုးလာရဲတော့ပေ...


ချန်းဟွမ် ညစာစားပြီးသည်နှင့် ဟင်းခွက်ပန်းကန်များ ဆေးကြောလိုက်လေသည်... ပြီးနောက်တွင် လက်ကို ခြောက်အောင်သုတ်ပြီး အိမ်နောက်ဖေးမှ ပြန်ထွက်လာခဲ့၏... ထိုစဥ်တွင် ရှင်းရှင်းလေးကသူ့ရဲ့ဗိုက်လုံးလုံးလေးကို ပွတ်နေရင်း ငိုမဲ့မဲ့ဖြစ်နေသည်ကို တွေ့လိုက်ရသည်... 


  " ဗိုက်က အခုထိ မသက်သာသေးဘူးလား? "


 သူမ၏ အမေးစကားကိုကြားသည်နှင့် ကလေးလေးက ခေါင်းယမ်းပြ၏...


" နောက်တစ်ခါ အခုလို လုပ်အုံးမှာလား ရှင်းရှင်း "


ပေါက်စီလုံးလေးသည် ခေါင်းငုံ့ထားပြီး ဘာမျှ ပြန်မဖြေပေ. 


" မေမေ သားကို ဘာပြောခဲ့လဲ...? သားက အခုလို အရမ်းအများကြီး စားရင် တခြားအရသာရှိတာတွေအတွက် နေရာမရှိတော့ဘူးလို့ မေမေပြောခဲ့တယ်လေ ဒါပေမယ့် ရှင်းရှင်းက လုံးဝနားမထောင်ဘူး... " 


ချန်းဟွမ် ဒီတစ်ကြိမ်တွင် အလွန်လေးနက်လို့နေသည်... " ရှင်းရှင်းက ပန်ကိတ်တွေ အများကြီး စားထားလို့ မေမေက ထပ်မစားတော့ဖို့ ပြောတာကို ရှင်းရှင်းက နားမထောင်ဘူးလေ... အခုတော့ ရှင်းရှင်းမှားတယ်ဆိုတာ သိပြီလား...? "


ထိုအခါ ရှင်းရှင်းလေးသည် နှုတ်ခမ်းလေး ဆူလျက် "ဒါပေမယ့် သားက ဗိုက်ဆာနေတုန်းလေ... "


" ခဏနေရင် ဗိုက်ဆာမှာ မဟုတ်တော့ဘူးလေ... ဒါပေမယ့် ရှင်းရှင်းက ဆက်ပြီးတောင်းနေတယ် "


ကလေးလေးဟာ ဘာမျှပြန်မပြောသေးဘဲ ခေါင်းငုံ့ရင်းသာ ဆက်နားထောင်နေခဲ့၏...


ရှင်းရှင်းလေးသည် လွန်ခဲ့သောလအနည်းငယ်လောက်က ယခုကဲ့သို့ မဟုတ်ဘဲ သူမ ပြောသမျှကို တစ်ခွန်းတည်းဖြင့် နားထောင်ပေတယ်... ယခုတွင်တော့ တစ်ခွန်းဆို တစ်ခွန်းပြန်အထွန့်တက်ချင်လာလေပြီ...


ဒီကလေးပေါက်လေးသည် ပြန်အတွန့်တက်သည့်အကြံက ဘယ်ကရသွားမှန်း ချန်းဟွမ် မသိချေ... ရှင်းရှင်းသည် လွန်ခဲ့သောရက်အနည်းငယ်လောက်တည်းက နေ့တိုင်း ကြက်ကြော်စားချင်သည်ဟုပြောလာခဲ့သည်... ကြက်ကြော်အကြောင်း သတိရတိုင်း နေ့စဥ်ရက်ဆက်တောင်းနေတတ်သည်... သူမက သူ့အားကို ကြက်ကြော်မဝယ်ကျွေးပါက "  မေမေက သားကို မချစ်တော့ဘူးလား " ဟုပင် ပြောသေး၏...


နောက်ပိုင်းတွင် ထိုစကားသည် ချန်းဟွမ်၏အားနည်းချက်တစ်ခုလိုဖြစ်လို့လာလေသည်... ထို့ကြောင့် ယခုတွင်တော့ သူမသည် ကလေးလေးအား သေချာဆုံးမစကားဆိုရန် ဆုံးဖြတ်လိုက်ရခြင်းဖြစ်သည်...


ရှင်းရှင်းလေးသည် ခေါင်းလေးကို ငုံ့ထားရင်း မိခင်ဖြစ်သူ၏လက်ချောင်းတစ်ချောင်းကို ဆုပ်ကိုင်ထားလိုက်သည်..


ချန်းဟွမ်ကပင် ဆက်၍ပြော၏... " ရှင်းရှင်း လိုချင်တာမရတိုင်း သားကို မေမေက မချစ်တော့ဘူးလို့ ပြောတယ်ဆိုတော့  သားက မေမေ့စကားကို နားမထောင်တဲ့အခါဆို ရှင်းရှင်းက မေမေ့ကို မချစ်တော့ဘူးလို့ ဆိုလိုချင်တာလား...? "


" မဟုတ်ပါဘူး... သားက မေမေ့ကို အများကြီးချစ်တာ! " ကလေးလေးက ချက်ချင်းပင် ပြန်​ဖြေလိုက်သည်


" ဒါပေမယ့် သားက မေမေ့စကားကို နားမထောင်ဘူးလေ "


" ••• "


" ပြောလေ ရှင်းရှင်း "


" သား တောင်းပန်ပါတယ် " ကလေးလေးသည် ဆုံးဖြတ်ချက်ကြီးကြီးမားမားချလိုက်ပြီး နောက်ဆုံးတွင်တော့ တောင်းပန်စကားဆိုလိုက်သည်... သူ့ မျက်တောင်များပေါ်တွင် မျက်ရည်များ စိုလျက်မော့ကြည့်ကာ " အခုကစပြီး သားက မေမေ့စကားကို နားထောင်ပါ့မယ်... "


“ မေမေက သားကို ဈေးကြီးတာတွေ မဝယ်ကျွေးချင်လို့ မဟုတ်ဘူးလေ... တချို့စားစရာတွေက ခဏခဏစားရင် ရှင်းရှင်းလေးလိုကလေးတွေအတွက် မကောင်းဘူး... သားက အသေးအမွှားကိစ္စတိုင်းကို မေမေက သားကို မချစ်ဘူးလို့ ပြောနေတာ့ မေမေ ဝမ်းနည်းတာပေါ့... သူမသည် ကလေးလေး မျက်နှာပေါ်မှ မျက်ရည်များကို သုတ်ပေးလိုက်ပြီးနောက် " သွားရအောင်... သား ရေချိုးရတော့မယ်... "


ရှင်းရှင်းလေးသည် ခေါင်းညိမ့်ပြပြီးနောက် မိခင်နောက်သို့ လိုက်သွားခဲ့သည်...


အမေနဲ့သားကြားမှ ပြဿနာလေး ရှင်းပြီးသွားပြီးနောက် မြန်မြန်ဆန်ဆန်ပင် ပြန်အဆင်ပြေသွားကြလေ၏... ရေချိုးပြီးနောက် အိပ်ယာဝင်ချိန်မှာတော့ သားအမိနှစ်ယောက် ပုံမှန်တိုင်ူ ခုတင်ပေါ်၌ အိပ်ရာဝင်ပုံပြင်ဖတ်နေကြသည်


.. ကလေးလေးသည် ပုံပြင်နားထောင်ရင်းသိပ်မကြာခင်မှာပဲ အိပ်မောကျသွားလေသည်... အိပ်ပျော်သးချိန် ဟောက်သွားအခါတွင်လည်း ကလေးလေးရဲ့ခြေလက်များဟာ ခုတင်တစ်ခုလုံးကို အုပ်စိုးလို့နေပြန်သည်...


ချန်းဟွမ် ကလေးလေးကို ကြည့်ကာ စောင်သေချာပြန်ခြုံပေးလိုက်သည် ထို့နောက် မီးပိတ်ပြီး အိပ်ယာပေါ် လှဲချလိုက်တော့တယ်... သူမ ဘေးနားမှ စည်းချက်ညီညီအသက်ရှုသံကို နားဆင်ရင်း သူမသည်လည်း အိပ်စက်ခြင်းနယ်မြေထဲ ခြေချလိုက်မိပေ၏... ဒီတစ်နေ့လုံး သူမတစ်ယောက်တည်း အတွေးများခဲ့ရတာကြောင့် အတော်လေး စိတ်ပင်ပန်းခဲ့ရ၏...


မနက်တွင်လည်း နှိုးစက်နာရီ​၏နှိပ်စက်မှုကြောင့် ချန်းဟွမ်ဟာ အိပ်ရာထခဲ့ရပြန်သည်... 


ချန်းဟွမ်သည် မနက်စာပြင်ဆင်ပြီး သားဖြစ်သူ မနှိုးခင် သူမမျက်နှာကို ရေအေးဖြင့် ထပ်သစ်လိုက်လေသည်... ထိုသို့ဖြင့် ရှင်းရှင်းလေး မနက်စာစားနေတဲ့အချိန်တွင် သူမသည် ဟူထန်းဟွာကို ဖုန်းထပ်ခေါ်ကြည့်သော်လည်း မည်သူမျှ ဖုန်းမကိုင်ကြပြန်...


ချန်းဟွမ်သည် သူမ ဖုန်းကို မကိုင်သောကြောင့် လွန်စွာစိတ်တိုပေမယ့်လည်း အချိန်တန်ရင် ဖုန်းကိုင်လိမ့်မည်ဟုသာ တွေးလိုက်တော့သည်...


မနက်စာစားပြီးနောက် ရှင်းရှင်းလေးအား ကျောင်းလိုက်ပို့လေတယ်... ကျောင်းအပြင်တွင်တော့ ထုံးစံအတိုင်း မိဘများဖြင့် စည်ကားလို့နေလေတယ်... ချန်းဟွမ်သည် သားဖြစ်သူကို ဆရာမ လက်ထဲ သေချာအပ်လိုက်၏... ချန်းဟွမ်သည် လွန်ခဲ့သောနှစ်ရက်က သူမတို့သားမိနှစ်ဦး အချိန်များစွာအတူတကွကုန်ဆုံးခဲ့ကြသည်ကို တွေးရင်း ရှင်းရှင်းလေးနှင့်ဆရာမ အတူတူသွားနေသည်ကို ငေးကြည့်နေခဲ့မိပေတယ်... သူမ  မမြင်ရတော့သည့်နေရာသို့ ရောက်သွားချိန်တွင်တော့ သက်ပြင်းတစ်ချက်ချလိုက်ပြီး လှည့်ထွက်လာခဲ့တော့သည်...


သူမ အနောက်သို့ လှည့်လိုက်ချိန်တွင်တော့ သူမ နောက်တွင်ကားနက်တစ်စီး ရှိလို့နေလေတယ်... စက္ကန့်ပိုင်းအကြာတွင်တော့ ကားမှန်ပြတင်းပေါက်ဟာ ပွင့်လာခဲ့ကာ မနေ့က သူမ တွေ့ခဲ့ရသောဆွဲဆောင်မှုရှိသည့်အမျိုးသားကို ​မြင်လိုက်ရ၏... ထိုစဥ်တွင် သူမအတွေးထဲ၌ မူလဇာတ်ရံ၏သေခြင်းကံကြမ္မာကို ပြန်လည် သတိရသွားခဲ့ကာ အနည်းငယ်တုန်လှုပ်သွားခဲ့ရလေသည်... သို့သော် သူမသည် ထိုတုန်လှုပ်မှုတို့ကို မျက်နှာပေါ်တွင် မပြသမိအောင် ထိန်းချုပ်ထားလိုက်လေသည်...


ကားထဲမှ အမျိုးသားက သူမအား ကြည့်နေပြီး သူ့မျက်နှာပေါ်တွင် အပြုံးရိပ်တို့ သမ်းနေလျက် မေးခွန်းတစ်ခုကို မေးလာခဲ့၏  " မစ္စချန်း... ကျွန်တော်တို့ အေးဆေးစကားပြောလို့ ရမလား ... "


Xxxxx


Chapter 90

{ ကလေးကို မတွေ့အောင် ဖွက်ထားလို့ ရမည်မဟုတ် - ၁ }


ထိုအမျိုးသား၏အမေးကြောင့် ချန်းဟွမ်ရဲ့မျက်နှာဟာ ချက်ချင်းပင် အရောင်ပြောင်းသွားခဲ့တော့သည်... ဇာတ်လိုက်က သူမဆီ ယခုကဲ့သို့ ရုတ်ချည်းရောက်ရှိလာလိမ့်မယ်ဟု မထင်ထားမိမှာ အမှန်ပင်...


သူမသည် ဇာတ်လိုက်အား အချိန်ကြာကြာ စိုက်ကြည့်မိလေ သူမရင်ထဲမှ စိတ်ပူပန်မှု မီးလျှံတို့ တဟုန်းဟုန်းတောက်လေဖြစ်လို့နေသည်... သို့သော်လည်း နောက်ဆုံးတွင်တော့ သူမသည် အံ့ကြိတ်ထားရင်း " ရပါတယ် " ဟု ပြန်ဖြေလိုက်သည်... 


သူမက ထိုသို့ပြန်ဖြေလိုက်ချိန်တွင် ကားရှေ့ခန်းမှ ဒါရိုက်ဘာအမျိုးသား ဆင်းလာပြီး ကားနောက်ခန်းတံခါးကို ဖွင့်ပေးလေ၏...


ချန်းဟွမ်သည် ကားထဲသို့ ဝင်လာပြီးနောက် ရှေ့တည့်တည့်ကိုသာ ကြည့်နေလိုက်သည်... သူမဟာ မျက်နှာကို ရှေ့တည့်တည့်သာ လှည့်ထားပြီး အတည်ငြိမ်ဆုံးမျက်နှာသွင်ပြင်ကို တပ်ဆင်လို့ထား၏... ကျန်းမင်ယွမ်သည် သူ့ဘေးမှအမျိုးသမီးငယ်လေးကို တစ်ချက်လှည့်ကြည့်ပြီးနောက် လက်ရှိတွင် ဘာမှမပြောသေးရန်သာ ဆုံးဖြတ်လိုက်တော့သည်...


၎င်းတို့ ၂ဦးဟာ လမ်းတစ်လျှောက်လုံး စကားတစ်လုံးမျှမပြောကြပါလေ... 


အချိန်အတော်တန်ကြာမြင့်သွားခဲ့ပြီးနောက်ချန်းဟွမ် လိုက်ပါလာသောကားက ခြံတစ်ခြံရဲ့အပြင်ဘက်တွင် ရပ်တန့်သွားခဲ့၏...


 ချန်းဟွမ်သည်လည်း ကားပေါ်မှ ဆင်းလာခဲ့ပြီး ပတ်ဝန်းကျင်သို့ ကြည့်ရှူလိုက်ချေ၏...


လူစည်ကားလှသောမြို့လယ်၌ ယခုကဲ့သို့သာယာပြီးတိတ်ဆိတ်သောနေရာတစ်ခု ရှိနေလိမ့်မည်ဟု ချန်းဟွမ်တစ်ယောက် အိမ်မက်ပင် မမက်ဖူးပေ... ခြံဝင်းကြီးသည် အပြင်ဘက်မှ ကြည့်လိုက်လျှင်တောင် အတော်လေးကျယ်ဝန်းလိမ့်မည်ကို ခန့်မှန်းနိုင်လောက်သည်... ခြံဝင်း၏ဘေးပတ်လည်တွင် မြင့်မားလှသောတိုက်များဖြင့် ဝန်းရံခံထားရကာ ခြံတံခါးကို တင်းကျပ်စွာ ပိတ်ထားသည့်အပြင် ခြံထဲ လှမ်းကြည့်လျှင် ထင်းရှူးပင်တို့ကိုသာ ပိုလို့မြင်တွေ့ရမည်ပင်...


ခေတ္တအကြာ၌ ခြံတံခါးပွင့်လာသောအခါ ကျန်းမင်ယွမ်ဟာ ချန်းဟွမ် အနားသို့ လျှောက်လာပြီး " မင်းအရင်ဝင်ပါ... " ဟူသောလက်ဟန်အမူအရာ လုပ်ပြလာခဲ့လေသည်...


ချန်းဟွမ် ကျန်းမင်ယွမ်နှင့်အတူ အထဲသို့ လျှောက်လှမ်းလာချိန်တွင်လည်း တိတ်ဆိတ်မှုကို ဆက်ထိန်းထားဆဲပင်...


ခြံဝင်းအတွင်းပိုင်းသည် အပြင်ဘက်ထပ်ပိုလို့ပင် တိတ်ဆိတ်ငြိမ်သက်လို့နေသေး၏... ထင်းရှူးပင်များသည် ဆောင်းဦးတွင်ကဲ့သို့ပင် စိမ်းလန်းလို့နေချေတယ်... ခြံဝင်းအလယ်တွင်  ကြာပန်းများပွင့်နေသောရေကန်ကြီးတစ်ခုရှိပြီး ထိုရေကန်နားတွင် ငှက်တချိုလည်း ရှိနေပေသည်...


ခြံဝင်းထဲတွင် လမ်းလျှောက်လာကြသောသူများ၏ခြေသံမှလွဲပြီး ကျန်သောအရာခပ်သိမ်းဟာ တိတ်ဆိတ်လို့နေလေသည်... ထိုချိန်တွင် ကားဒါရိုက်ဘာမှာလည်း သူ့နေရာသို့ ပြန်လှည့်သွားခဲ့ပြီဖြစ်၏...


အိမ်အတွင်းပိုင်းရှိ ပရိဘောကများအားလုံးကို ကြည့်လိုက်ရုံဖြင့်ပင် ရှေးခေတ်ဟောင်းသို့ ပြန်ရောက်သွားသည်ဟု ခံစားနိုင်လောက်ပေသည်...  စားပွဲနှင့်ကုလားထိုင်များကို ကြည့်လိုက်ရုံဖြင့် လွန်စွာစျေးကြီးမှန်း သိသာလွန်းသည်...


ချန်းဟွမ်အတွက်တော့ ထိုအရာများအားလုံးဟာ အရေးမပါလှပေ... သူမသည် ကုလားထိုင်ပေါ်တွင် ထိုင်လိုက်ပြီးနောက် ထိုအမျိုးသားအား အသေအချာစိုက်ကြည့်လိုက်ကာ တည့်တိုးမေးချလိုက်သည်


“ ရှင်ဘာလိုချင်နေတာလဲ ”


ချန်းဟွမ် ထိုအမေးကို မေးရန် အတော်လေး သတ္တိမွေးထားရ၏... လက်ရှိတွင် သူမပုံစံဟာ ကျန်းမင်ယွမ်အား လွန်စွာရန်လိုနေပုံရသည်...


ထိုသို့သော သူမရဲ့တုံ့ပြန်မှုကြောင့် သူမသည် အနှီအမျိုးသား မည်သူမည်ဝါဖြစ်ကြောင်း သိသွားခဲ့ပြီဟု သိနိုင်ချေ၏... 


ထို့ပြင် သူမသည် ထိုအမျိုးသားအား ကျေနပ်ပုံမရပါလေ...


ကျန်းမင်ယွမ်သည် သူမျှော်လင့်ထားသည့်အတိုင်း အနည်းနဲ့အများ ယခုကဲ့သို့ဖြစ်မည်ကို သိတာကြောင့် ဘာမျှမပြောသေးဘဲ တိတ်တိတ်ဆိတ်ဆိတ် သက်ပြင်းချလိုက်ပြီး ဓါတ်ခွဲခန်းစစ်ဆေးချက်ပါသည့်စာရွက်(DNAစစ်ထားသောရလဒ်)ကို ထုတ်ယူကာ ချန်းဟွမ်ထံသို့ လှမ်းပေးလိုက်လေသည်...


ချန်းဟွမ်သည် အစပိုင်းတွင် လျစ်လျူရှုထားသော်လည်း အနှီအမျိုးသားဟာ ထိုစာရွက်ကို ပြန်ယူသိမ်းလိုက်မည့်ပုံစံမဟုတ်တာကြောင့် စာရွက်အား တစ်ချက်လှမ်းကြည့်ပြီးနောက် လှမ်းယူလိုက်ရတော့တယ်...


" ဒါက ဘာလဲ? "


သူမသည် စာရွက်ပေါ်မှ ခေါင်းစဥ်ကို မြင်လိုက်သောလည်း မသိချင်ယောင်ဆောင်နေခဲ့၏... သူမသည် သူမ နားမလည်သောဆေးပညာဆိုင်ရာအသုံးအနှုန်းများအားလုံးကို ကျော်ဖတ်လိုက်ကာ နောက်ဆုံးတွင်တော့ DNAစစ်ဆေးခြင်းအရလဒ်အား ဖော်ပြထားသည့်နေရာသို့ ရောက်လာခဲ့ချေတယ်...


ရလဒ်အပိုင်းတွင်   DNAစစ်ဆေးမှုအရ ကျန်းမင်ယွမ်သည် ကျန်းရှင်းချန်၏ဖခင်အရင်းဖြစ်ကြောင်း ရေးသားထားသေးသည်...


ဇာတ်လိုက်သည် သူမ ငြင်း၍မရစေရန် ဒါတွေအားလုံးကို ကြိုတင်ပြင်ဆင်ထားပုံပင်...


ထိုကိစ္စက ချန်းဟွမ်အား ပိုလို့ပင်ဒေါသထွက်စေသည်... ထို့ကြောင့်လည်း သူမသည် DNAစစ်ဆေးချက်စာရွက်ကို ချေမွပစ်လိုက်ပေတယ်... ထို့နောက် ချန်းဟွမ်သည် ကျန်းမင်ယွမ်အား ပြန်မော့ကြည့်လိုက်ကာ " ကျွန်မသားရဲ့DNAနမူနာကို ဘယ်ကနေ ရခဲ့တာလဲ...​ "


" သူ့ကျောင်းကနေ သူ့ဆံပင်နမူနာယူခဲ့တာ... " 


ထိုကိစ္စဟာ လျှို့ဝှက်ထားစရာမလိုတာကြောင့် ကျန်းမင်ယွမ်သည် ချန်းဟွမ်အား ချက်ချင်းပြန်ဖြေလေသည်... 


 " တောင်းပန်ပါတယ်... ကျွန်တော် အရမ်းလောမိသွားလို့ ခွင့်ပြုချက် တောင်းဖို့ မေ့သွားခဲ့တယ်... "


 ချန်းဟွမ်သည် ရွဲ့ပြုံးပြုံးလျက် " အဲ့ဒါ ရှင်ရဲ့မှတ်ဥာဏ်တွေက ချို့ယွင်းနေလို့လေ... " 


ကျန်းမင်ယွမ်သည် အနှီအမျိုးသမီးငယ်လေး၏စကားကို ကြားပြီးနောက်အံ့အားသင့်သွားသော်လည်း ခေတ္တအကြာတွင် ခေါင်းတညိမ့်ညိမ့်လုပ်ပြရင်း 


 " မင်းပြောတာမှန်ပါတယ်... ကိုယ်လည်း အသက်ရလာတော့ မှတ်ဉာဏ်တွေ ယိုယွင်းလာပြီ..."


ချန်းဟွမ် " •••? "(ဆွံ့အ)


Xxxxxx