Chapter 93
{ အပန်းဖြေပန်းခြံသို့တစ်ခေါက် - ၁ }
ချန်းဟွမ်သည် အကြောင်းအရင်းများစွာကို ဆက်လက်စဥ်းစားနေရန် မဖြစ်နိုင်တော့ချေ...
ကျန်းမင်ယွမ် သူ့ရှေ့တွင် ထိုင်နေသောအတွေးများနေသည့်အမျိုးသမီးငယ်လေးအား စောင့်ကြည့်လို့နေ၏... နောက်ဆုံးတွင်တော့ ထိုအမျိုးသမီးငယ်လေးဟာ သူ့တောင်းဆိုချက်ကို လက်ခံလိမ့်မည်ဟု ကျန်းမင်ယွမ်က ယုံကြည်နေသည်...
ခေတ္တအကြာတွင်တော့ ချန်းဟွမ် ခေါင်းပြန်မော့ကြည့်လာခဲ့ပြီး ယခင်ထက်ပိုလို့ပင် တည်ငြိမ်လာသည်...
သူမသည် DNAစစ်ဆေးချက်အား ကျန်းမင်ယွမ်ဆီသို့ ပြန်ပေးကာ သူမဘက်က လက်ခံကြောင်းဆိုလိုက်၏...
ကျန်းမင်ယွမ်သည် ထိုချိန်မှာသာ သက်ပြင်းတစ်ချက်ချနိုင်လိုက်ပြီး အနည်းငယ်စိတ်ချမ်းသာသွားခဲ့ရလေသည်... ထို့နောက်တွင်တော့ သူ မတ်တပ်ထရပ်ပြီး ခြံထဲသို့ လှည့်ပတ်ကြည့်ရန် ဖိတ်ခေါ်လိုက်သည်... " ဒီခြံထဲက ရှူခင်းတွေကဟအရမ်းလှတာ... ခဏလောက် လှည့်ပတ်ကြည့်သွားပါလား... "
" ရပါတယ်... ကျွန်မ မကြည့်တော့ပါဘူး... "
ချန်းဟွမ်သည် သူမဆီတွင်ရှိနေသောရှင်းရှင်ူလေး၏အာရုံစိုက်မှုတို့အား ရရှိရန် အနာဂတ်တွင် သူမနှင့်ယှဥ်ပြိုင်ရတော့မည့်အမျိုးသားနှင့် မရင်းနှီးချင်ပါလေ... " ကျွန်မမှာ တခြားလုပ်စရာကိစ္စလေးတွေရှိသေးလို့ သွားခွင့်ပြုပါအုံး... "
သူမသည် ထိုသို့ဆိုပြီးနောက် ထိုနေရာမှ ထထွက်လာခဲ့ပြီး တံခါးပေါက်ဆီသို့ ရောက်ချိန်တွင် အဓိကအကြောင်းအရင်းတစ်ခုကို သတိရသွားခဲ့လေသည်...
သူမသည် ကျန်းမင်ယွမ်အား ပင်းအန်နယ်မြေဖြိုဖျက်ရေးနှင့်ပတ်သက်လို့ရရှိခဲ့သောလျော်ကြေးအကြောင်းကို မေးမြန်းရန် စဥ်းစားထားသော်လည်း ရှင်းရှင်းလေးနှင့်ပတ်သက်၌သာ တွေးနေခဲ့မိတာကြောင့် လျော်ကြေးအကြောင်းမေ့နေခဲ့ခြင်းဖြစ်သည်...
ချန်းဟွမ် တံခါးဝအရောက်တွင် သူမ၏ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး ကျန်းမင်ယွမ်အား ပြန်လှည့်ကြည့်လိုက်ကာ " ရှင် ကျွန်မဆီကို ပိုက်ဆံပို့ပေးဖူးလား... ပင်းအန်းဖြိုဖျက်ရေးနဲ့ပတ်သက်ပြီးတော့လေ..."
ကျန်းမင်ယွမ်သည် ချန်းဟွမ်ရဲ့တည့်တိုးအမေးကြောင့် အနည်းငယ် တုံ့ဆိုင်းသွားခဲ့သည်... သူမက ယခုကဲ့သို့ တည့်တိုးမေးလာလိမ့်မည်ဟု မမျှော်လင့်ထားသောကြောင့်ပင်... ကျန်းမင်ယွမ်ဆီမှ အဖြေစကားမထွက်လာခင်၌ ချန်းဝှမ်ကပင် ဆက်ပြောလေ၏... " ပြီးတော့ ဆိုင်ခန်းကိစ္စမှာလည်း နောက်ကွယ်မှာ ရှင်ရှိနေခဲ့တာလား.."
ချန်းဟွမ်ဘက်မှ သိနေတာကြောင့် သူ့ဘက်မှာ ဆက်လက်ဖုံးကွယ်မထားတော့ဘဲ ဝန်ခံလိုက်ရန်သာ ဆုံးဖြတ်လိုက်ရတော့သည်... ကျန်းမင်ယွမ်သည် ခေါင်းညိမ့်ပြလိုက်ရင်း " မင်းတစ်ယောက် လုပ်ခဲ့တာတွေ အရမ်းများနေပြီလေ... "
" ရှင်နဲ့ကျွန်မက ဘာမှမဆိုင်ဘူး... အဲ့ဒါကြောင့် ရှင့်ပိုက်ဆံတွေကို ကျွန်မ မယူသင့်ဘူးလေ... ဒါပေမယ့် ပိုက်ဆံတော်တော်များများ ချက်ချင်းပြန်ထုတ်ပေးလို့မရတဲ့နေရာမှာ သုံးထားတာမို့လို့ ကျွန်မဘက်ကနေပိုက်ဆံအားလုံးကို ချက်ချင်းပြန်ဆပ်ဖို့ မဖြစ်နိုင်ဘူး... အရစ်ကျစနစ်နဲ့ ဖြည်းဖြည်းချင်းပြန်ဆပ်သွားပါ့မယ်... "
" မင်း ကိုယ့်ကို ပိုက်ဆံ ပြန်ဆပ်စရာ မလိုပါဘူး... ကိုယ့်ဘက်ကနေ ကလေးကို ထောက်ပံ့ပေးတာကို သဘောထားလိုက်ပါ..."
ကျန်းမင်ယွမ်၏အမြင်တွင်တော့ ချန်းဟွမ်ဆိုသောအမျိုးသမီးရဲ့ကောင်းမွန်သောထိန်းကျောင်းပေးမှုကြောင့် ကလေးလေးက အခုလိုလိမ္မာနေခြင်းဖြစ်သည်... ထို့ကြောင့်လည်း ယခုထောက်ပံ့ပေးမှုတို့ဟာ သူ့အတွက်တော့ ပေးရကျိုးနပ်လှပေတယ်...
" ကလေးတစ်ယောက်ကို ထောက်ပံ့ဖို့ အဲ့လောက်ပိုက်ဆံများများမလိုဘူး..."
" ရှင်းရှင်းရဲ့အဖေတစ်ယောက်အနေနဲ့ သူ့ကို ပြီးပြည့်စုံအောင် ထောက်ပံ့ဖို့က ကျွန်တော့်ရဲ့တာဝန်ပါ... နောက်ပိုင်းလည်း လတိုင်း မင်းရဲ့အကောင့်ထဲကို ငွေထည့်ပေးနေမှာပါ... ထပ်လိုအပ်တာရှိရင်လည်း ကိုယ့်ကို အသိပေးပါ... " ကျန်းမင်ယွမ်က ထိုသို့ဆိုလာပြန်၏...
ချန်းဟွမ် " အဲ့လိုလုပ်ပေးစရာ မလိုပါဘူး... "
ချမ်းသာတဲ့သူတွေက ငွေပေးလိုက်သည်နှင့် အရာအားလုံးအဆင်ပြေသည်ဟု ထင်နေကြလေသလားဟု ချန်းဟွမ်တစ်ယောက် ကြိတ်တွေးလိုက်မိသည်.
သူမကိုယ်တိုင်လည်း ကျန်းမင်ယွမ်၏ကမ်းလှမ်းမှုကို အနည်းငယ် စိတ်ယိုင်သလိုဖြစ်သွားခဲ့သော်လည်း နောက်ဆုံးတွင် အသိပြန်ကပ်သွားခဲ့လေသည်...
" ရှင်းရှင်းက ရှင်းရှင်း၊ ကျွန်မက ကျွန်မပဲ... ရှင့်ပေးထားတဲ့ပိုက်ဆံတွေကို ရှင်းရှင်းအတွက် မသုံးထားဘူး... အဲ့ဒါကြောင့် အရစ်ကျပြန်ဆပ်မယ်..."
ကျန်းမင်ယွမ် " ပင်းအန်နယ်မြေကိုက ဘာကြောင့်ပဲဖြစ်ဖြစ်ဖြိုချပစ်ဖို့စီစဥ်ထားခဲ့ပြီးသား... အဲ့နေရာမှာရှိတဲ့မိသားစုတိုင်းက မင်းလိုပဲ သူ့တို့ပိုင်ဆိုင်ထားတာနဲ့ထိုက်တန်တဲ့လျော်ကြေးကို ရကြတာပါပဲ... အဲ့ဒါကြောင့် မင်းက ကိုယ့်ဆီမှာ ဘာအကြွေးမှ မရှိပါဘူး..."
~~~
ထိုနေ့ပြီးနောက်တွင် ကျန်းမင်ယွမ်ဆီမှ ဘာသတင်းမျှမကြားရသလို ရှင်းရှင်းလေး ကျောင်းဆင်းချိန်တွင် မြင်နေကြဖြစ်သောကားနက်တစ်စီးကိုလည်း မတွေ့ရတာကြာပြီဖြစ်သည်...
ချန်းဟွမ်၏စိတ်ထဲတွင်တော့ ' မသကောင် စိတ်ပြောင်းသွားတာလား! ' ဟု နူးညံ့စွာ တွေးဆနေမိ၏...
ဤသို့ဖြင့် သောကြာနေ့ရောက်ချိန်တွင်တော့ ချန်းဟွမ်သည် ဖုန်းနံပါတ်စိမ်းတစ်ခု၏ဆက်သွယ်မှုကို လက်ခံရရှိခဲ့သည်...သူမဘက်မှ ဖုန်းကိုင်လိုက်ချိန်တွင် ငြိမ့်ညောင်းတည်ငြိမ်လှသော ယောက်ျားတစ်ယောက်၏အသံကို ကြားလိုက်ရလေတယ်...
" မင်္ဂလာပါ မစ္စချန်း... ကိုယ်ပါ ကျန်းမင်ယွမ်..."
💕💕💕💕💕💕
Chapter 94
{ အပန်းဖြေပန်းခြံသို့တစ်ခေါက် - ၂ }
ချန်းဟွမ်သည် သူမ၏ဖုန်းနံပါတ်အား တစ်ဖက်မှအမျိုးသားက မည်သို့ရခဲ့သည်ကို မမေးချင်တော့ပါချေ... " aww မစ္စတာကျန်း... ကျွန်မ ဘာကူညီပေးရမလဲ... "
" မနက်ဖြန် မစ္စချန်း အားလား..."
သူ လက်ထဲရှိ အချက်အလက်တချို့ကို ကြည့်ရင်းကို စိတ်အေးလက်အေး မေးလာခဲ့၏... " တကယ်လို့ မစ္စချန်းက မနက်ဖြန် အားတယ်ဆို ရှင်းရှင်းလေးကို အပန်းဖြေပန်းခြံဆီ(ပြည်သူ့ရင်ပြင်ကဲ့သို့သောနေရာမျိုး) ခေါ်သွားရင် မကောင်းဘူးလား... "
ဒါဟာမကောင်းတဲ့အကြံတစ်ခု မဟုတ်ပါပေ... ကလေးအတော်များများဟာ အပန်းဖြေပန်းခြံမျိုးကို နှစ်သက်ကြသည်... အပန်းဖြေပန်းခြံသို့ တစ်ခါမျှမရောက်သေးသောရှင်းရှင်းလေးသည် ထိုနေရာသို့ သွားခွင့်ရပါက လွန်စွာပျော်ရွှင်နေလိမ့်မည်ပင်...
ချန်းဟွမ်သည် ထိုအကြောင်းကို တွေးကြည့်မိသည့်အခါ အနည်းငယ် အပြစ်ရှိသလို ခံစားခဲ့သွားခဲ့ရချေသည်... သူမသည် ယခုချိန်အထိ ကလေးလေးအား အပန်းဖြေပန်းခြံဆီသို့ တစ်ခါမျှမခေါ်သွားခဲ့မိပေ... " ရတယ်လေ... ကျွန်မတို့ ဘယ်ကိုသွားမှာလဲ "
" ကိုယ် အကုန်စီစဉ်ထားပြီးသား... မနက်ဖြန်မနက်ကျရင် မစ္စချန်းတို့သားအမိနှစ်ယောက်ကို လာခေါ်မယ်လေ... "
ထိုစကားကိုပြောပြီးနောက်တွင်တော့ ကျန်းမင်ယွမ်သည် ကိစ္စတစ်ခုရှိတာကြောင့် ဖုန်းချလိုက်တော့မည်ဟု ဆိုကာ ဖုန်းချလိုက်လေသည်...
ထိုနေ့ညတွင် ချန်းဟွမ်သည် ရှင်းရှင်းလေးအား မနက်ဖြန်၌ အပန်းဖြေပန်းခြံသို့ သွားမည်ဖြစ်ကြောင်း ပြောပြလိုက်သည်.. သူမ မျှော်လင့်ထားသည့်အတိုင်းပင် ကလေးလေးသည် ထိုအကြောင်းကို သိသွားချိန်တွင် လွန်စွာပျော်ရွှင်ဝမ်းသာလို့နေသည်..
" ဒါပေမယ့် မနက်ဖြန်ကြရင် မေမေတို့နှစ်ယောက်တည်း မဟုတ်ဘူး... ဦးလေးတစ်ယောက်လည်း ပါမှာ... " ထိုစကားကို ပြောပြီးနောက် ချန်းဟွမ်သည် သားဖြစ်သူအား ငုံ့ကြည့်လိုက်ရင်း စကားဆက်ချေ၏... " သားကို ဉာဏ်စမ်းကုဗတုံးလေးရဲ့ဖြေရှင်းနည်းကို သင်ပေးခဲ့တဲ့ဦးလေးလေ... သား မှတ်မိသေးလား...?
" ဟုတ် သား မှတ်မိပါတယ်... " ရှင်းရှင်းလေးသည် ခေါင်းတညိမ့်ညိမ့်လုပ်ရင် ပြန်ဖြေရှာသည်.. “ မေမေ... အဲ့ဦးလေးက ဘာလို့ သူ့မေမေနဲ့တူတူမသွားဘဲ သားတို့နဲ့လိုက်လာတာလဲဟင်... "
ချန်းဟွမ် " ••• "
ချန်းဟွမ်သည် ကလေးလေး၏အမေးကို မကြားချင်ယောင်ဆောင်လိုက်ကာ ကလေးခေါင်းကို ခပ်ဖွဖွပုတ်ပေးပြီး အိပ်ယာဝင်ရန် တိုက်တွန်းရလေ၏...
ရှင်းရှင်းလေးသည် စိတ်လှုပ်ရှားလွန်းတာကြောင့် လုံးဝမအိပ်နိုင်ပါဘဲ တစ်ညလုံး အိပ်ရာထပ်၌ လူးလိမ့်နေတော့သည်... နောက်ဆုံးတွင်တော့ ချန်းဟွမ်မှ ကလေးလေး၏တင်ပါးလေးကို ၂ကြိမ်ရိုက်လိုက်ချိန်မှာ ငြိမ်ငြိမ်လေး အိပ်သွားလေသည်..
သားအမိနှစ်ယောက်လုံး အိပ်ရာဝင် နောက်ကျသွားခဲ့တာကြောင့် နောက်တစ်နေ့တွင် ၈နာရီခွဲကျော်မှသာ နိုးလာခဲ့သည်...
ကျန်းမင်ယွမ်က မနက်ကြ လာကြိုမည်ဟု ပြောခဲ့သော်လည်း ဘယ်အချိန်လာကြိုမည်ဟု အတိအကျမပြောခဲ့ပေ... သို့သော် သူမသည် အလျင်မလိုပါဘဲ အေးအေးဆေးဆေးသာ မနက်စာပြင်နေလိုက်သည်
မနက်စာ အဆင်သင့်မဖြစ်တွင် ကျန်းမင်ယွမ်တစ်ယောက် သူမတို့သားအမိအိမ်ရှေ့သို့ ရောက်ရှိခဲ့ပြီး လူခေါ်ဘဲလ်သံကြားခဲ့ရသည်...
တံခါးမဖွင့်ခင် လူခေါ်ဘဲလ်သံဟာ တစ်ကြိမ်သာ မြည်လိုက်ခြင်းဖြစ်၏... ထို့နောက် ရှင်းရှင်းလေးမှ တံခါးပွင့်လိုက်ချိန်တွင် ဉာဏ်ကောင်းတဲ့ဦးလေးကို တွေ့လိုက်ရတာကြောင့် အနည်းငယ် အံ့သြသွားခဲ့လေတယ်... " ဦးလေးကြီး? "
" Ommm... " ကျန်းမင်ယွမ်သည် သူ့အား တအံ့တသြမော့ကြည့်နေသောသားဖြစ်သူ၏ပါးကို ခပ်ဖွဖွညှစ်လိုက်ပြီးနောက် အိမ်ထဲသို့ ဝင်လာခဲ့လိုက်သည်နှင့် မနက်စာ ပြင်ဆင်နေသောချန်းဟွမ်အား တွေ့လိုက်ရလေသည်...
ချန်းဟွမ်သည်လည်း အနှီအမျိုးသားအား တွေ့လိုက်ချိန်တွက် အနည်းငယ် အံ့သြသွားခဲ့သော်လည်း သူမ၏မျက်နှာအမူအရာကို ပြန်လည်ထိန်းချုပ်ထားလိုက်၏... " ရှင်ရော မနက်စာစားပြီးပြီလား "
ကျန်းမင်ယွမ်သည် မနက်၆နာရီတွင် အိပ်ရာထကာ နှစ်နာရီကြာ လေ့ကျင့်ခန်းလုပ်ပြီးနောက် မနက်စာစားခဲ့ပြီးမှ သားဖြစ်သူရှိရာဆီ ထွက်လာခဲ့ခြင်းဖြစ်လေတယ်...
" စားပြီးပြီဆိုလည်း ခဏထိုင်စောင့်... " ချန်းဟွမ်သည် ယခုထိတိုင် ဇာတ်လိုက်နှင့်စကားပြောဆိုရခြင်းကို အနည်းငယ် အနေခက်နေဆဲပင်... သူမအတွက်တော့ ထိုသူက သူစိမ်းတစ်ယောက်ထပ်မပိုပေ... သူမသည် သူမနှင့်ခပ်လှမ်းလှမ်းတွင်ရှိနေသောရှင်းရှင်းလေးအား မခေါ်ခင် လက်ထဲမှမနက်စာပန်းကန်တချို့ကို စားပွဲပေါ်သို့ အရင်တင်လိုက်လေသည်... " ရှင်းရှင်း ဒီကိုလာတော့... မနက်စာစားကြမယ်... "
ရှင်းရှင်းလေးသည် " ဟုတ်ကဲ့ မေမေ "ဟု ပြန်ဖြေပြီး သူ့ထိုင်ခုံလေးရှိရာသို့ လျှောက်လာသည်.. ရှင်းရှင်းလေးက ထိုင်ခုံပေါ်သို့ တွယ်တက်တော့မည့်ဆဲဆဲတွင် ကျန်းမင်ယွမ်သည် ကလေးလေးအား ကောက်ချီလိုက်ပြီး ထိုင်ခုံပေါ်တွင် အသေအချာထိုင်စေလိုက်သည်...
" ကျေးဇူးတင်ပါတယ် ဦးလေး "
နေရာတကျထိုင်ပြီးနောက်တွင်တော့ ရှင်းရှင်းလေးဟာ မိခင်ဖြစ်သူ ထည့်ပေးမည့်မနက်စာကို စောင့်ဆိုင်းနေပေ၏...
ယနေ့ မနက်စာစားချိန်၌ တခြားနေ့များနဲ့ မတူသည့် တစ်ခုတည်းသောခြားနားချက်မှာ ယနေ့တွင် သူမတို့သားအမိနှစ်ယောက် မနက်စာစားနေချိန်၌ တစ်စုံတစ်ယောက်၏စောင့်ကြည့်ခြင်းကို ခံနေရခြင်းပင်...
ချန်းဟွမ်သည် လက်ရှိအခြေအနေတွင် အနေခက်နေသော်လည်း သားအဖနှစ်ယောက်ကို အတူတူနေဖို့ အချိန်အနည်းငယ်ပေးမည်ဟု ကတိပေးထားတာကြောင့် အားလုံးကို သည်းခံနေခဲ့ရလေသည်...
Xxxxxxx