အပိုင်း ၁၀၁-၁၀၂
Viewers 20k

Chapter 101

{ ပစ်ချက်တစ်ချက်သာ လိုအပ်သည် - ၃ }


ကျန်းမင်ယွမ်သည် မှတ်ဉာဏ်ကောင်းသူတစ်ယောက်ဖြစ်တာကြောင့် မိခင်ဖြစ်သူက သူ့အား အတင်းစေ့စပ်ပေးနေသောအမျိုးသမီးငယ်လေးကို ချက်ချင်းပင် မှတ်မိပေသည်... လက်ရှိတွင် ထိုအမျိုးသမီး ယခုပွဲသို့ ရောက်ရှိနေခြင်း၏နောက်ကွယ်တွင် မိခင်ဖြစ်သူရှိနေနိုင်သည်...


သူ အနည်းငယ်စိတ်အနှောင့်အယှက်ဖြစ်သွားခဲ့ပြီး အေးစက်သည့်အကြည့်တို့ဖြင့် ချူးရန်အား ကြည့်ရင်း နှုတ်ဆက်လိုက်ရ၏... " မစ္စချူး... "


" ကျွန်မကို မှတ်မိနေတာလား Bossကျန်း... " 


ချူးရန် နူးညံ့စွာပြုံးလျက် မေးလိုက်လေသည်... ထို့နောက် သူမလက်ထဲမှ ဝိုင်တစ်ခွက်ကို ကျန်းမင်ယွမ်အား လှမ်းပေးလိုက်သည်... 


" ခွက်ချင်းတိုက်ရအောင် Bossကျန်း... "


" မလိုဘူး ကျေးဇူး... " 


ကျန်းမင်ယွမ် ထိုသို့ပြတ်သားစွာ ပြောပြီးနောက် လက်ရှိနေရာမှ ထွက်သွားရန် ပြင်လိုက်သည်...


သို့သော် ထိုစဥ်တွင် ချူးရန်သည် ခြေယိုင်သွားခဲ့ပြီး ကျန်းမင်ယွမ်ရှိရာဘက်သို့ ယိုင်လဲကျလာခဲ့၏... ချူးရန် ကျန်းမင်ယွမ်အား ဖမ်းဆွဲထားလိုက်ရင်း သူမကိုယ်သူမ ဟန်ချက်ညီအောင် ပြန်ထိန်းထားလိုက်သည်... သူမ ယိုင်လဲသွားချိန်၌ သူမလက်ထဲမှ ဝိုင်ခွက်သည် ကျန်းမင်ယွမ်ရဲ့ဘောင်းဘီပေါ်သို့ ဖိတ်စင်သွားခဲ့သည်...


" ကျွန်မ တောင်းပန်ပါတယ် Boss ကျန်း... "


သူမ တောင်းပန်စကားဆိုရင်း ကျန်းမင်ယွမ် ဘောင်းဘီကို သုတ်ပေးရန် အောက်သို့ အနည်းငယ်ကုန်းလိုက်လေ၏... ချူးရန်ရဲ့ဂါဝန်သည် ရင်ဟိုက်ပုံစံဖြစ်တာကြောင့် ယခုအခြေအနေတွင် ကျန်းမင်ယွမ်သည် သူမ၏ရင်ဘတ်ကို မြင်တွေ့နိုင်ပေသည်...


ကျန်းမင်ယွမ် ချူးရန်ရဲ့ယခုပုံစံကြောင့် ပိုလို့ပင် စိတ်ရှုပ်သွားခဲ့ကာ အကြည့်လွှဲထားလိုက်သည်... ထို့နောက် ချူးရန်နားမှ ခြေနှစ်လှမ်းမျှခွာလိုက်ပြီး ထွက်သွားတော့မည့်အချိန်တွင် ပွဲခင်းထဲမှ ကျိုးဟန်ယွမ်လည်း အပြင်သို့ ထွက်လာခဲ့၏...


ထိုအမျိုးသားက စီးကရက်ကို လက်ကြားညှပ်ထားရင်း ကျန်းမင်ယွမ်နှင့်ချူးရန်တို့နှစ်ဦးဘက်သို့ကြည့်ကာ စကားစလေသည်... 


" အို... ငါက ဝင်နှောင့်ယှက်သလိုဖြစ်သွားတာလား? "


" အဓိပ္ပါယ်မရှိတာတွေ မပြောနဲ့... " 


ကျန်းမင်ယွမ်သည် ကျိုးဟန်ယွမ်အား ထိုသို့ပြန်ပြောပြီးနောက် ကားရှိရာသို့ ထွက်လာခဲ့တော့သည်... 


ကျိုးဟန်ယွမ်သည် ကျန်းမင်ယွမ်၏ကားထဲသို့ အတင်းလိုက်ဝင်လာခဲ့ပြီး သူ့အိမ်လိပ်စာကို ကားဒါရိုက်ဘာအား ကြိုပေးထားလိုက်သည်.. ထို့နောက်တွင်မှ ဘေးရှိကျန်းမင်ယွမ်အား လှမ်းကြည့်ရင်း " ဟီး... ငါ မင်းကားနဲ့ ကားကြိုလိုက်လို့ရတယ်မလား? "ဟု မေးလိုက်၏...


ကျန်းမင်ယွမ်ကတော့ ဘာမျှပြန်မပြောဘဲ အကြည့်တစ်ချက်သာ ပြန်ပေးခဲ့လေသည်... သို့သော်လည်း ကျိုးဟန်ယွမ်သည် သူ့ဘေးမှဒေါသအိုးကြောင့် စိတ်မညစ်ပါလေ... သူသည် ထိုအမူအရာတို့နှင့် ကျင့်သားရနေခဲ့ပြီပင်... ခေတ္တအကြာတွင်တော့ ကျိုးဟန်ယွမ်သည် အမေးတစ်ခုထပ်မေးပြန်သည်... 


" မင်းရှာနေတဲ့တစ်ယောက်ကို ရှာတွေ့ပြီလား? "


" Omm " ကျန်းမင်ယွမ်သည် တိုတိုတုတ်တုတ်သာပြန်ဖြေ၏...


" မင်းတို့နှစ်ယောက်ရဲ့ဆက်ဆံရေးကို အစကပြန်စနေကြပြီလား? အဲ့ကောင်မလေးက မင်းကြိုက်တဲ့ပုံံစံ မဟုတ်လောက်ဘူးလို့ ငါက ထင်ထားတာ... "


 ကျန်းမင်ယွမ်က ချန်းဟွမ်ဆိုသောအမျိုးသမီးငယ်လေးအကြောင်းမေးမြန်းစဥ်တုန်းက ကျိုးဟန်ယွမ်သည် အနည်းငယ်ကူညီရှာဖွေပေးခဲ့ဖူး၏... ထို့ကြောင့်လည်း သူသည် ချန်းဟွမ်၏ပုံကို သိနေခြင်းဖြစ်သည်... ချန်းဟွမ်ဆိုသောအမျိုးသမီးလေးသည် ဆွဲဆောင်မှုရှိသည့်ကောက်ကြောင်းတို့ရှိသည့်ပုံစံမျိုးပင်...


" အဲ့ချိန်တုန်းက မင်းကို ချောက်ချခဲ့တဲ့အဖိုးကြီးတွေ နောင်တရနေတော့မှာပဲ... သူတို့က မင်းကို အပြစ်ကင်းတဲ့ပုံစံနဲ့ကောင်မလေးတွေကို ကြိုက်မယ်ထင်နေခဲ့ကြပြီး ကြာပန်းဖြူလေးတစ်ယောက် ပို့ပေးခဲ့တာလေ... တကယ်လို့ သူတို့သာ ဆွဲဆောင်မှုရှိ(ကိတ်)တဲ့ကောင်မလေးကို ပို့ပေးခဲ့ရင် သူတို့ မင်းကို ချောက်ချတာ အောင်မြင်သွားလောက်ပြီ...ဟားဟား... "


" အဓိပ္ပါယ်မရှိတာတွေ တော်တော့... " ကျန်းမင်ယွမ်သည် သူ့ဘေးတွင် ပွစိပွစိပြောနေသောအမျိုးသားအား ဆူလိုက်လေတယ်...


" wow... မင်းက သူ့အတွက်နဲ့ ငါ့ကို ဆူနေပြီပဲ... ရှောင်ကျိုး မင်း ပြောင်းလဲသွားပြီ... အဲ့ကောင်မလေး တော်တော်လှတာပဲလား...  "


' လှတယ်? '


ကျန်းမင်ယွမ်သည် အမျိုးသမီးများကို သိပ်စိတ်မဝင်စားပါလေ... လက်ရှိတွင်တော့ သူ့ကလေးရဲ့မိခင်ကတော့ သူ့အတွက် အလှဆုံးသောအမျိုးသမီးဟု ခံစားနေမိသည်..


ကျန်းမင်ယွမ်သည် ခေတ္တမှတွေးခဲ့ပြီးနောက် ကျိုးဟန်ယွမ်အား သေချာရှင်းပြရန်ဆုံးဖြတ်လိုက်သည်... " မင်း ထင်နေသလို မဟုတ်ဘူး... "


" ငါက ဘယ်လိုထင်နေလို့လဲ..? " ကျိုးဟန်ယွမ်သည် ကျန်းမင်ယွမ်အား စနောက်ချင်သောအကြည့်ဖြင့်ကြည့်ရင်း ပြန်အထွန့်တက်လို့နေပြန်၏...


ထိုအခါ ကျန်းမင်ယွမ်သည် အနှီအမျိုးသားဘက်သို့ လှည့်ကြည့်ရင်း surpriseတိုက်လိုက်တော့သည်... " သူက ငါ့ကလေးရဲ့အမေ... " 


" ဘာ!!? "


ကျိုးဟန်ယွမ်သည် သူတွေးထားသည်ထက်ပိုနေသောကျန်းမင်ယွမ်အား တအံ့တသြကြည့်နေပြီးနောက် " ငါ့သူငယ်ချင်း မင်းတကယ်တော်တယ်ဟေ... မင်းက တစ်ခါတည်းနဲ့ ပစ်မှတ်ထိတယ်... မင်းအတွက် ပစ်ချက်တစ်ချက်ပဲ လိုတာပဲ... "


Xxxxxx


Chapter 102

{ သူမအတွက် ခံစားချက် - ၁ }


နောက်ဆုံးတွင်တော့ ကျန်းမင်ယွမ်သည် ကျိုးဟန်ယွမ်၏အမေးအမြန်းထူမှုကို နားမခံနိုင်တော့တာကြောင့် ကားဒါရိုက်ဘာအား လမ်းဘေးတစ်နေရာတွင် ရပ်ခိုင်းလိုက်ပြီး ကျိုးဟန်ယွမ်အား တွန်းချကာ ထားခဲ့လိုက်ရတော့သည်... 


ကျိုးဟန်ယွမ်သည် ကားမထွက်သွားခင်တွင် အပြင်မှကားမှန်ကို ထိုးလိုက်ရိုက်လိုက်၊ ကားထွက်သွားချိန်တွင် ကားနောက်သို့ ပြေးလိုက်ရင်း dramaခင်းလိုက်သေး၏...


နောက်ဆုံး၌ ကားထွက်သွားချိန်တွင်တော့  သူ့အဝတ်အစားတို့ကို သုတ်ခါလိုက်ပြီး ခေတ္တအကြာတွင် သူ့အနီးနားသို့ ခရမ်းရောင်ပြိုင်ကားတစ်စီးရောက်ရှိလာခဲ့သည်...


ထို့နောက် ကားပေါ်မှဆင်းလာသောအမျိုးသားဆီမှ ကားသော့ကို ယူလိုက်ပြီး ပြိုင်ကားကို စမောင်းနှင်လေ၏... ကျိုးဟန်ယွမ်ရဲ့ကားမောင်းနှုန်းက မြန်ဆန်လွန်းတာကြောင့် အချိန်ခဏလေးတွင်ပင် အရှေ့ရှိအနက်ရောင်ကားကို အမှီလိုက်နိုင်သွားခဲ့ပေတယ်... သို့သော် ကျိုးဟန်ယွမ်သည် ထိုကားကို ကျော်တက်ကာ အရှေ့မှပိတ်ရပ်ခြင်းမျိုး မလုပ်ပါဘဲ အနောက်ကသာ ခပ်ခွာခွာ လိုက်ပါလာခဲ့တော့သည်... ဤသို့ဖြင့် ကျန်းမင်ယွမ်နေထိုင်သောတိုက်ခန်းသို့ရောက်ချိန်တွင် ကျိုးဟန်ယွမ်သည် အမြန်ကားပါကင်ထိုးလိုက်ပြီးနောက် ကျန်းမင်ယွမ်နှင့်အပြိုင် ဓါတ်လှေကားထဲသို့ ဝင်လာခဲ့၏...


ထို့ပြင် ကျန်းမင်ယွမ်က အခန်းတံခါးဖွင့်လိုက်ပြီးသည်နှင့် ကျိုးဟန်ယွမ်သည် သူအရင်ဝင်ကာ အခန်းအနှံ့လိုက်လံကြည့်ရှုနေလေသည်... အခန်းထဲတွင် ကျန်းမင်ယွမ်တစ်ယောက်သာ နေထိုင်နေသည့်ပုံစံဖြစ်နေသောကြောင့် မေးလိုက်သည်


" မင်းရဲ့ကလေးကို ပြန်ခေါ်ဖို့ မလုပ်ဘူးလား... "


သို့ပေမယ့် ဒီတစ်ကြိမ်တွင်လည်း ကျန်းမင်ယွမ်သည် ဘာမျှပြန်မဖြေပါဘဲ ဝိုင်နံ့စွဲနေသောအဝတ်အစားတို့ကိုသာ လဲလိုက်၏.. ကျိုးဟန်ယွမ်သည် သူ့သူငယ်ချင်းတွင် ကလေးတစ်ယောက်ရှိနေသည်ဟု သိရပြီးနောက်တွင် သိချင်စိတ်တို့ ပိုလို့မြင့်တက်လာတာကြောင့် ကျန်းမင်ယွမ် သွားသည့်နေရာတိုင်းကို တကောက်ကောက်လိုက်နေတော့သည်... စိတ်မရှည်တော့သောကျန်းမင်ယွမ်သည် ကျိုးဟန်ယွမ်အား အခန်းပြင်သို့ ကန်ထုတ်သော်လည်း ခေါင်းမာလွန်းသောစပ်စုစိန်အမျိုးသားသည် အထဲသို့ မရရသည့်နည်းဖြင့် ပြန်ဝင်လာပြန်သည်...


သို့သော်လည်း ကလေးအကြောင်းကို ဘယ်လိုမေးမေးပြန်မဖြေသောကြောင့် ကျိုးဟန်ယွမ်သည် စကားလမ်းကြောင်း ပြောင်းလိုက်ရချေ၏... 


" မင်းရဲ့ဘွားတော်ကြီး(ကျန်းမင်ယွမ်၏အမေ)နဲ့ ချူးတွေရဲ့သမီးကြီးကို နေရာတော်တော်များများမှာ တတွဲတွဲ တွေ့နေရပြီး သူတို့၂ယောက်အရမ်းရင်းနှီးနေကြတယ်လို့ ငါကြားတယ်...  " 


ကျိုးဟန်ယွမ်သည် ထိုသို့ဆိုရင်း ရေခဲသေတ္တာထဲမှ လိမ္မော်သီးကို ထုတ်လိုက်ကာ အခွံခွာနေလေသည်... " မင်းနဲ့ချူးမမလေးတို့ရဲ့မင်္ဂလာပွဲက မကြာခင်ဖြစ်လိမ့်မယ်လို့တောင် တချို့က ပြောနေကြပြီ..  "


" ငါ သူနဲ့ လက်ထပ်ဖို့အစီအစဥ်မရှိဘူး... "


ကျန်းမင်ယွမ်သည် ကျိုးဟန်ယွမ်ပြောပြသောကောလဟလတို့ကို ကြားသိပြီးသားပင်... သူသည် ထိုကောလဟလအားလုံးကို အကြိမ်ပေါင်းများစွာ ဖြေရှင်းခဲ့ပြီးပြီဖြစ်လေသည်... သို့သော် ကောလဟလဖြန့်နေသောသူမှာ အမေကျန်း(ကုမင်လီ)ဖြစ်နေခဲ့ပြီး ကျန်းမင်ယွမ်သည့် မိခင်ဖြစ်သူကို သူကိုယ်တိုင် လူပုံလယ်မှာ အရှက်ခွဲဖို့ အဆင်မပြေနိုင်တာကြောင့်သာ လွှတ်ထားခဲ့ခြင်းဖြစ်ပေတယ်...


" ဘာပဲဖြစ်ဖြစ် အမေက ငါသဘောမတူဘဲ အတင်းလက်ထပ်ခိုင်းလို့မရပါဘူး... "


ကျိုးဟန်ယွမ်သည် ကျန်းမင်ယွမ်၏စကားအဆုံးတွင် အားရပါးရယ်မောလိုက်မိလေသည်... " ဟားဟား... ဘွားတော်ကြီးက မင်း​သဘောတူလာအောင်တော့ လုပ်လို့မရပေမယ့် အဲ့ကောင်မလေးကို မင်းကုတင်ပေါ်တော့ ပစ်တင်လိုက်နိုင်တယ်လေ... တကယ်လို့ မင်းသာ အဲ့ကောင်မလေးနဲ့အိပ်မိသွားရင် မင်းလည်း ဘာမှတတ်နိုင်မှာမဟုတ်ဘူး... "


ကျိုးဟန်ယွမ်နှင့် ကျန်းမင်ယွမ်တို့သည် ငယ်သူငယ်ချင်းများပင်... ထို့ကြောင့် ကျိုးဟန်ယွမ်သည် ကျန်းမင်ယွမ်၏မိသားစုအကြောင်းကို ကောင်းကောင်းသိပေ၏... ကျန်းမင်ယွမ် ငယ်စဥ် အကူအညီလိုအပ်နေချိန်တွင် အမေကျန်းသည် ကိုယ့်ကိစ္စကိုယ့်ဘာသာဖြေရှင်းဟု ပြောကာ ဘာမျှအကူအညီမပေးပါဘဲ စျေးဝယ်ထွက်လိုက် အလှပြင်လိုက်ဖြင့် ပျော်ပါးနေခဲ့သည်... သို့သော် ယခုကျန်းမင်ယွမ် အောင်မြင်လာချိန်တွင်တော့ အမေဆိုသောအရာဖြင့် အချိန်တိုင်း အကျပ်ကိုင်ဖို့ လုပ်နေသေး၏... ထို့ကြောင့်လည်း ကျိုးဟန်ယွမ်သည် ထိုအမျိုးသမီးကြီးကို တစ်စက်လေးမျှ မလေးစားသလို၊ တစ်စက်လေးမျှအထင်မကြီးပါချေ...


ကျန်းမင်ယွမ်သည် သူငယ်ချင်းဖြစ်သူ၏စကားကို နားထောင်ပြီးနောက် အနည်းငယ်မျက်မှောင်ကျုံ့လိုက်မိသည်... ထို့နောက်တွင်တော့ ဆိုဖာလေးကို မှီလိုက်ရင်း " ငါတို့စောင့်ကြည့်တာပေါ့... "ဟုသာ ပြန်ပြောလေတယ်...


" ဘာကို စောင့်ကြည့်နေအုံးမှာလဲ? မင်းသာ အဲ့ကိစ္စကို ငါ့ဆီအပ်လိုက်ရင် ပြီးပြီ... အဲ့ဘွားတော်ကြီးအတွက် နိုင်ငံခြားမှ နေရာတစ်ခု စီစဥ်ပေးပြီး သူ့ကို အဲ့နေရာပို့လိုက်... မင်းလည်း အခုလိုကောလဟလတွေ လိုက်ဖြေရှင်းနေဖို့ မလိုတော့ဘူးပေါ့... " ကျိုးဟန်ယွမ်တစ်ယောက် ထိုသို့ပြောပြီးနောက်တွင် ကျန်းမင်ယွမ်၏အကြည့်ကို တွေ့သွားတာကြောင့် လက်ခါယမ်းပြလိုက်ကာ စကားဆက်လိုက်၏... 


" မင်းမကြိုက်လည်း ထားလိုက်ပါတော့... ငါက ပြောပြတာ...ဘာပဲဖြစ်ဖြစ် အဲ့ဘွားတော်ကြီးက ငါ့အမေလည်း မဟုတ်၊ ငါ့ပြဿနာလည်း မဟုတ်... "


" နည်းနည်း ဆက်စောင့်ကြည့်ပြီးမှ ဆုံးဖြတ်ကြတာပေါ့... " ကျန်းမင်ယွမ်သည် သူငယ်ချင်းဖြစ်တဲ့ကျိုးဟန်ယွမ်က သူ့အတွက် ထိုသို့ပြောမှန်းသိတာကြောင့် ထိုကိစ္စနှင့်ပတ်သက်ပြီး ဘာမျှဆက်မပြောတော့ပေ..


ခေတ္တအကြာတွင်တော့ ကျန်းမင်ယွမ်သည် ကျိုးဟန်ယွမ်အား လှမ်းကြည့်လိုက်ပြီး " မင်း ဟိုတယ်ကိစ္စတစ်ခု လုပ်နေတယ်လို့ ငါကြားတယ်... " 


ကျန်းမင်ယွမ်က ထိုသို့ စကားလမ်းကြောင်းလွဲလိုက်တာကြောင့် ကျိုးဟန်ယွမ်သည်လည်း ထိုကိစ္စအကြောင်းဆက်မပြောပါဘဲ အလုပ်အကြောင်းသာ စကားဆက်တော့သည်... " ဟုတ်တယ်... ငါ့ကို အဲ့ကိစ္စ ဦးစီးခိုင်းနေကြတယ်...  "


ဤသို့ဖြင့် ၂ယောက်သား အလုပ်ကိစ္စသာ ဆက်ပြောကြလေ၏...


Xxxxxx