အပိုင်း ၁၀၅-၁၀၆
Viewers 20k

Chapter 105

{ ရှင်းရှင်းရဲ့ဖေဖေက ရှင်းရှင်းကို အများကြီး ချစ်ပါတယ် - ၁ }


ချန်းဟွမ် အသုံးပြုသောသိုးသားများသည် အမျိုးအစား​ကောင်းများထဲမှသာ ဖြစ်သည်... ပုံမှန်အားဖြင့် သိုးသားမှ အီသောအရသာရှိသောငြား ထိုသိုးသားမှာတော့ လတ်ဆတ်နူးညံ့သည့်အပြင် အရသာလည်း ရှိလွန်း၏... သို့သော်လည်း ထိုအသားသည်သာမန်အသားထက်တော့ ပို၍စျေးကြီးပေသည်...


ကျိုးဟန်ယွမ်သည် သိုးကျောရိုးဟော့ပေါ့ တစ်ပွဲလုံးကို တစ်ယောက်တည်း စားလိုက်ရခြင်းဖြစ်သော်လည်း သူ့အတွက် မတင်းတိမ်သေးတာကြောင့် ဒုတိယတစ်ပွဲ ထပ်မှာယူလိုက်ပေသည်...


ထို့နောက် ကျန်းမင်ယွမ်ကို တစ်ဖန်ပြန်ကြည့်လိုက်ပြီး စကားစလာပြန်၏..." မင်းကောင်မလေးရဲ့အချက်အပြုတ်လက်ရာက  တော်တော်ကောင်းတာပဲ... "


ထိုအခါတွင် ကျန်းမင်ယွမ်သည် စားလက်စကို ရပ်လိုက်ပြီး " သူက ငါ့ကောင်မလေး မဟုတ်ဘူး... "ဟု ပြန်ပြောရသေးသည်...


ထို့နောက်တွင်တော့  မှိုတစ်ပိုင်းကို ခပ်ယူပြီး ပန်းကန်လုံးအတွင်း ထည့်လိုက်ရင်း " သူ့နာမည်က ချန်းဟွမ်... နာမည်ကို ထည့်သုံး... "


" ဟုတ်ပါပြီ... ဟုတ်ပါပြီ... ငါထပ်မပြောတော့ပါဘူး..." ကျိုးဟန်ယွမ်သည် အစအနောက်သန်သော်လည်း ဘယ်ချိန်တွင် စနောက်ခြင်းကို ရပ်သင့်ကြောင်း သိသူပင်... ပြီးနောက်တွင်တော့  သူ့ဘီယာဘူးကိုဖွင့်ကာ " သောက်ကြစို့ " ဟုဆိုလိုက်သည်...


ကျိုးဟန်ယွမ်တစ်ယောက် ဘီယာသောက်နေစဥ်တွင် ကျန်းမင်ယွမ်ကတော့ ရေကိုသာ သောက်နေခဲ့ပေသည်....သူ့ဆီတွင် အလုပ်တာဝန်များရှိသေးသည်ကြောင်​လ အရက်မသောက်ခြင်းပင်...


ကျိုးဟန်ယွမ်မှာယူထားသော၏ဒုတိယမြောက်သိုးကျောရိုးဟော့ပေါ့  မရောက်လာခင်တွင် သူတို့၂ဦး စကားစမြည်ပြောနေလိုက်၏.. 


ခေတ္တအကြာတွင်တော့ ကျန်းမင်ယွမ်နှင့် ချွတ်စွပ်တူသောကောင်လေးတစ်ယောက်သည် ဟော့ပေါ့အိုးလေးနှင့် အတူ ကျန်းမင်ယွမ်တို့စားပွဲသို့ ရောကလာခဲ့လေသည်...


အပူပေးစက်များဖွင့်ထားသဖြင့် စားသောက်ဆိုင်အတွင်း၌ အတော်လေး ပူနွေးလို့နေသောကြောင့် ကလေးလေးသည် အပေါ်ဂျက်ကပ်အင်္ကျီကို ချွတ်လိုက်ပြီး အဖြူရောင်ဆွယ်တာအင်္ကျီလေးကိုသာ ဝတ်ဆင်ထားလေသည်...


ကလေးလေးသည် လက်ရှိချန်းဟွမ် ဝတ္ထုထဲသို့ ကူးပြောင်းလာပြီးနောက်ပိုင်းတွင် စားကောင်းသောက်ဖွယ်များ စားရတာကြောင့် ပြည့်ပြည့်ဖြိုးဖြိုးလေးဖြစ်လာခဲ့ပြီး အရင်ကထက်ပိုလို့ပင် ချစ်စရာ​ကောင်းနေချေ၏ ...


ရှင်းရှင်းလေးသည် ကျန်းမင်ယွမ်နှင့် အတော်လေး ရင်းနှီးနေပုံရပေသည်... ကလေးလေးသည် ကျန်းမင်ယွမ်အနားတွင် ဝင်ထိုင်လိုက်ပြီးနောက် အိုးထဲမှအသားကို လက်ညှိုးထိုးပြရင်း စားချင်ကြောင်း တောင်းနေ၏...


အိုးကို ယူလာပြီးချိန်တွင် ဟင်းချိုရည်သည် သိပ်မပူတော့သည်ကြောင့် ကျန်းမင်ယွမ်သည် ကလေးလေးကို ခေတ္တစောင့်ရန်ပြောပြီး ဟင်းချိုရည်ကို ပြန်လည်အပူပေးလိုက်လေသည်... ဟင်းရည် ပွက်ပွက်ဆူလာသောအခါတွင် သိုးသားတစ်ပိုင်းကို ခပ်ယူကာ အနည်းငယ်အေးသွားရန် မှုတ်ပေးလိုက်ပြီးနောက်တွင်မှ ရှင်းရှင်းလေးကို ခွံ့ကျွေးလိုက်သည်...


ရှင်းရှင်းလေးသည် အသားကို စားလိုက်ပြီးနောက်တွင် နောက်တစ်ခါ ထပ်တောင်းပြန်၏... ကျန်းမင်ယွမ်သည်လည်း စိတ်ရှည်ရှည်ဖြင့် ထပ်ခွံ့ကျွေးပြန်သည်...


သားအဖနှစ်ယောက်သား တစ်ယောက်က တစ်ယောက်ကို ခွံ့ကျွေးကာ လွန်စွာပျော်ရွှင်နေပုံပင်... တစ်ဖက်ရှိ ကျိုးဟန်ယွမ်သည် ထိုမြင်ကွင်းကို ကြည့်ရင်း ပါးစပ်အဟောင်းသားဖြင့် အံ့သြနေမိပေသည်... ကျန်းမင်ယွမ်တစ်ယောက် ယခုကဲ့သို့ စိတ်ရှည်သည်းခံမှုရှိသည်ကို ကျိုးဟန်ယွမ်တစ်သက်တွင် တစ်ခါမျှ မမြင်ဖူးပါလေ...


ရှင်းရှင်းလေးသည် ဗိုက်အရမ်းဆာနေခြင်း မဟုတ်တာကြောင့် နောက်ထပ်အနည်းငယ်စားအပြီးတွင် ထပ်မံမတောင်းတော့ချေ... စားပြီးသည့်နောက်တွင်မှ သူ့ရှေ့တွင်ဦးလေးကြီးတစ်ယောက်ရှိနေသည်ကို သတိပြုမိလိုက်၏... ထိုအခါတွင် ကလေးလေးသည် ချိုမြိန်သောအပြုံးလေးပြုံးလိုက်ရင်း နှုတ်ဆက်လိုက်လေတယ်...  " Hi.. ဦးလေးကြီး... "


" Hi ချာတိတ်လေး... " ကလေးလေးသည် သူငယ်ချင်းဖြစ်သောကျန်းမင်ယွမ်နှင့် လွန်စွာတူလွန်းတာကြောင့် ကျိုးဟန်ယွမ်သည် ကလေးလေးနှင့် ချက်ချင်းပင်ရင်းနှီးသွားခဲ့သည်... ထို့နောက်တွင်တော့ ကျိုးဟန်ယွမ်သည် ရှင်းရှင်းလေးနှင့် ပထမဆုံးတွေ့သည့်အနေဖြင့် လက်ဆောင်ပေးရန် စဥ်းစားမိသွား၏... သို့သော် ကြိုတင် မပြင်ဆင်ထားမိသောကြောင့် လက်ရှိတွင် လက်ဆောင်နှင့် တူသောအရာ တစ်ခုမျှပါမလာပေ... ဤသို့ဖြင့် နောက်ဆုံးတွင် သူ့ပိုက်ဆံအိတ်ထဲမှ ကတ်တစ်ကတ်ကိုထုတ်လိုက်ပြီး ရှင်းရှင်းလေးကို ပေးလိုက်လေသည်...


 " ဒါက ဦးလေးကြီးက ပေးတဲ့လက်ဆောင်..."


ရှင်းရှင်းလေးသည် ကျိုးဟန်ယွမ်လှမ်းပေးသောကတ်ကို ကြည့်ပြီးနောက် ဘေးရှိကျန်းမင်ယွမ်ကို လှည့်ကြည့်လိုက်ကာ ကျန်းမင်ယွမ်မှ ခေါင်းညိမ့်ပြမှသာ ကျိုးဟန်ယွမ်ပေးသောကတ်ကို လက်ခံလိုက်လေသည်..


. " ကျေးဇူးတင်ပါတယ် ဦးလေးကြီး... "


ထိုကတ်သည် ဘာလုပ်ရသောကတ်ဆိုသည်ကို ကလေးလေးက သိပုံမရပေ... ထို့ကြောင့်လည်း ထိုကတ်ပြားနှင့် ကစားနေ၏... ကျန်းမင်ယွမ်သည် ကလေးလေး ကစားနေခြင်းကို ကြည့်ရုံနေခဲ့ပြီး ထိုကတ်ပြားကို ပါးစပ်ထဲ မထည့်ရန်သာ ပြောခဲ့သည်...


ရှင်းရှင်းလေးသည်လည်း " ဟုတ်ကဲ့ "ဟုသာပြန်ဖြေပြီး ဆိုဖာပေါ်တွင် ထိုင်နေရင်း သူ့ခြေထောက်နှစ်ချောင်းကို လွှဲရင်း ဆော့ကစားနေတော့၏...


တစ်ဖက်တွင် ကျိုးဟန်ယွမ်သည် ရှင်းရှင်းလေးကို အာရုံစိုက်မိနေသဖြင့် ဟော့ပေါ့ ဆက်စားရန်ပင် မေ့သွားခဲ့သည်... ခေတ္တအကြာတွင်တော့ သူကျန်းမင်ယွမ်နားသို့ ကပ်ကာ ခပ်တိုးတိုး​မေးလိုက်လေတယ်..." မင်း သူ့ကို မပြောပြသေးဘူးလား? "


ထိုအမေးကို ကျန်းမင်ယွမ်က ခေါင်းယမ်းကာ ပြန်ဖြေသည်..." မပြောသေးဘူး..."


" မင်း ဘာကို စောင့်နေတာလဲ? "


Xxxxxx


Chapter 106

{ ရှင်းရှင်းရဲ့ဖေဖေက ရှင်းရှင်းကို အများကြီး ချစ်ပါတယ် - ၂ }


" ဒီကိစ္စမှာ မင်း ဝင်မပါနဲ့... ငါ့မှာ အစီအစဥ်ရှိပြီးသား... " 


ကျန်းမင်ယွမ် ကျိုးဟန်ယွမ်အား စိုက်ကြည့်လိုက်ရင်း  ပြောလိုက်၏...


" အေးပါကွာ.. ဘာပဲဖြစ်ဖြစ် ငါ့ကလေးလည်း မဟုတ်တော့... "ကျိုးဟန်ယွမ်သည် ထိုသို့ပြန်ဖြေပြီးနောက်တွင်တော့ ရှင်းရှင်းလေးဘက်သို့ လှည့်ကြည့်လိုက်ကာ စကားစလိုက်လေသည်...


" Hey ချာတိတ်လေး... သားရဲ့မေမေ ဘယ်မှာလဲ.. "


" မေမေက ဟိုးနားမှာ... "


 ကလေးလေးက ငွေရှင်းကောင်တာဘက်သို့ ညွှန်ပြလိုက်ရင်း ချက်ချင်းပြန်ဖြေလေသည်...


သူတို့၃ယောက်(ကျန်းမင်ယွမ်၊ ကျိုးဟန်ယွမ်၊ ရှင်းရှင်း)ထိုင်နေသောနေရာနှင့် ငွေရှင်းကောင်တာသည် သိပ်အလှမ်းမဝေးလှသောကြောင့် ချန်းဟွမ်အား ရှင်းရှင်းလင်းလင်းမြင်ရပေသည်... ကျိုးဟန်ယွမ်သည် ကောင်တာမှအမျိုးသမီးငယ်လေးအား တစ်ချက်ကြည့်ပြီးနောက် ရှင်းရှင်းလေးဘက်သို့ ပြန်လှည့်ကြည့်လိုက်ရင်း နောက်ထပ်အမေးတစ်ခု ထပ်မေးလိုက်ပြန်၏...


 " ဒါဆို သားရဲ့ဖေဖေကရော? "


ကျိုးဟန်ယွမ်၏ရုတ်တရက်အမေးကို ကျန်းမင်ယွမ်တစ်ယောက် တားဆီးရန် အချိန်မရလိုက်ပါချေ... ထို့ကြောင့်လည်း ကျန်းမင်ယွမ်ဟာ သူ့ရှေ့မှအမျိုးသားအား စကားတစ်လုံးမျှထပ်မဟတော့ရန် အချက်ပြသည့်အနေဖြင့် ကျိုးဟန်ယွမ်အား စိုက်ကြည့်လိုက်လေသည်...


သို့သော်~~~

ထိုအမျိုးသားဟာ ရပ်တန့်မသွားပါဘဲ ကြိတ်ရယ်မောနေတော့၏...အမှန်တော့ ကျိုးဟန်ယွမ်တစ်ယောက် ယခုကဲ့သို့လုပ်ရခြင်းမှာ သူ့ကိုယ်ကျိုးအတွက်မဟုတ်ပါဘဲ သူ့သူငယ်ချင်းဖြစ်တဲ့ကျန်းမင်ယွမ်အတွက်သာဖြစ်သည်...


" သားရဲ့ဖေဖေ..? " ကလေးလေးသည် ထိုသို့ရေရွတ်ရင်း ငွေရှင်းကောင်တာရှိမိခင်ဖြစ်သူအား ပြန်လှည့်ကြည့်လိုက်လေတယ်... ဒီတစ်ကြိမ်တွင်တော့ ယခင်က ကဲ့သို့ " သားဖေဖေက စူပါမင်းလေ " ဟု မဆိုတော့ချေ...


ကလေးများဟာ ရိုးသားဖြူစင်ကြသော်လည်း တစ်ဦးနှင့်တစ်ဦးပြိုင်ဆိုင်မှုတို့ အနည်းနှင့်အများ ရှိတတ်ကြစမြဲပင်... ရှင်းရှင်းလေးတို့အတန်းတွင် ကလေးများစုဝေးကာ သူတို့အရုပ်အကြောင်း၊ အဝတ်အစားအကြောင်း၊ အစားအသောက်အကြောင်းနှင့် မိသားစုအကြောင်း ပြောတတ်ကြပေ၏...


ကျောင်းမှာ ကျောင်းသားအများစုသည် မိဘနှစ်ပါးဆီမှ ချစ်ခြင်းမေတ္တာများအပြင် အဖိုးအဖွားတို့ဆီမှလည်း ချစ်မေတ္တာတို့ရရှိလို့နေသည်... 


ဒါပေမယ့်လည်း ရှင်းရှင်းလေးတွေတော့ မဖိုးအဖွားဟူ၍မရှိပါလေ... ကလေးလေးတွင် မိခင်ဖြစ်သူနှင့် သူ တစ်ကြိမ်တစ်ခါမျှ မမြင်ဖူးပါသောစူပါမင်းဖခင်သာ ရှိ၏...


ရှင်းရှင်းလေးသည် ကျောင်းတွင် အတန်းဖော်များအား မိခင်ဖြစ်သူအကြောင်း အမြဲပြောပြနေခဲ့တာကြောင့် ကလေးတချို့သည် ထိုကိစ္စကို စိတ်မဝင်စားကြတော့ပေ... ထိုကိစ္စအစား ရှင်းရှင်း၏ဖခင်ဖြစ်သူအကြောင်းကို မေးမြန်းလာကြတော့သည်...ကလေးလေးသည် အစပိုင်းတွင်တော့ မပြောဘဲ ကြိတ်မှိတ်နေခဲ့သော်ငြား နောက်ပိုင်းတွင်တော့ သူ့ဖခင်ဟာ စူပါမင်းဖြစ်ကြောင်း အတန်းဖော်အားလုံးရှေ့တွင် ဖောက်သည်ချလိုက်လေ၏...


သို့သော်လည်း နောက်တစ်နေ့တွင်တော့ ရှင်းရှင်းလေးသည် ကလေးတချို့ရဲ့စနောက်လှောင်ပြောင်ခြင်းကို ခံရတော့သည်...


ကလေးများသည် အိမ်ပြန်ရောက်ချိန်တွင် ရှင်းရှင်းလေး၏ဖခင်က စူပါမင်းဖြစ်ကြောင်း သူတို့ရဲ့မိဘများကို ပြန်ပြောပြကြသည်.. ချန်းဟွမ်ရဲ့'ဖေဖေက စူပါမင်း'ဆိုသောစကားဟာ ကလေးများအတွက် အသုံးဝင်ပေမယ့်လည်း အရွယ်ရောက်ပြီးသားလူကြီးအတွက်တော့ ဟာသကြီးတစ်ခုလိုပင်... မိဘတချို့က ထိုကိစ္စကို ပြုံးလျက်သာ နားထောင်နေခဲ့ငြား တချို့သောမိဘများမှာ အရာအားလုံးကို အသေးစိတ်လိုက်ရှင်းပြလိုက်ကြချေသည်...


ကလေးငယ်များဟာ လျှို့ဝှက်ချက်ကို ကြာကြာမထိန်းသိမ်းနိုင်ကြပေ... ထို့ကြောင့်လည်း နောက်တစ်နေ့တွင်ပင် ရှင်းရှင်းလေးဟာ လှောင်ပြောင်ခံခဲ့ရခြင်းဖြစ်လေသည်...


ရှင်းရှင်းလေးက လူလိမ်ဖြစ်ကြောင်း၊ သူ့အဖေက သူ့အား မလိုချင်တော့တာကြောင့် ဖေဖေက စူပါမင်းပါဟု အမေက လိမ်ပြောထားခြင်းဖြစ်ကြောင်း ဝိုင်းပြောကြတော့၏...


ကလေးတစ်ယောက်က ထိုသို့ထပြောလိုက်သောအခါ တချို့သောကလေးငယ်များကလည်း စူပါမင်းဆိုတာ အပြင်လောကတွင် တကယ်မရှိကြောင်း ထပြောလာကြလေတယ်... သို့သော် တစ်ဖက်တွင်လည်း စူပါမင်းဆိုတာ တကယ်ရှိကြောင်း ပြန်လည်ချေပကြသောကလေးငယ်များလည်း ရှိပေသည်... ထိုသို့ဖြင့် အပြန်အလှန်စကားများကြရင်း ရန်ပွဲပင် ဖြစ်ကြသေး၏...


ကျောင်းရှိဆရာမမှ ရန်ပွဲကို ဝင်ရောက်ဖျန်ဖြေပေးခဲ့သော်လည်း ထိုရန်ပွဲဟာ အဆုံးသတ်မရှိနိုင်ဟု တစ်ဖက်နှင့်တစ်ဖက်သိထားပြီးသားပင်...


ရှင်းရှင်းလေးကတော့ နေရာတွင်ပင် အတွေးများနေတော့၏... ကလေးလေးသည် တစ်နေကုန် ပျော်ပျော်ရွှင်ရွှင်ဖြင့် မဆော့နိုင်ချေ... အိမ်ပြန်ရောက်ချိန်တွင်လည်း gameပင် မဆော့နိုင်တော့... ရှင်းရှင်းလေးသည် မိခင်ဖြစ်သူအား ဖခင်အကြောင်း ထပ်မေးကြည့်ချင်နေခဲ့ပေမယ့်လည်း  ဖခင်ဆိုသောလူကို ရင်းနှီးမှုရှိမနေတာကြောင့် ရက်အနည်းငယ်အတွင်းပင် ထိုကိစ္စကို မေ့ပျောက်သွားခဲ့သည်...


သို့သော် ယခုတွင် ကျိုးဟန်ယွမ်က ထိုကိစ္စကို အစဆွဲထုတ်လာခဲ့သောကြောင့် ပြန်သတိရသွားခဲ့၏...


ကျန်းမင်ယွမ်သည်လည်း ကျိုးဟန်ယွမ်၏ရုတ်တရက်အမေးကို မနှစ်သက်သော်လည်း ဘာမျှဝင်မပြောခဲ့ပါလေ... သားဖြစ်သူက " သားဖေဖေက စူပါမင်းလေ "ဟု ပြန်ဖြေလိမ့်မည်ဟု တွေးလိုက်မိခြင်းကြောင့်ဖြစ်လေသည်...


သို့ပေမယ့်လည်း ကလေးလေးဟာ တခြားသောအဖြေတစ်ခုကို ပြန်ပေးခဲ့ချေတယ်...


ရှင်းရှင်းလေးသည် မိခင်ဖြစ်သူရှိရာသို့ တစ်ချက်လှမ်းကြည့်ပြီးနောက် သတ္တိမွေးလိုက်ကာ ကျိုးဟန်ယွမ်အား ပြန်ကြည့်လိုက်ရင်း " သား...သားမှာ ဖေဖေမရှိဘူး... "


💓💓💓💓💓💓💓💓