အပိုင်း (၇၉)
Viewers 31k

Part 79


သူတို့သည် တရားဝင်လက်ထပ်ပြီး စုံတွဲဖြစ်သောကြောင့် အတူတူအိပ်ခြင်းဖြစ်သင့်သည်။


သို့သော် အရွယ်ရောက်ပြီးသူနှစ်ယောက် အိပ်ရာတစ်ခုတည်းတွင် အိပ်ပါက သက်ရောက်မှုတစ်ခုခုရှိနိုင်ပေသည်။ 


ထိုသို့တွေးပြီးနောက် စုန့်ထင်ရှန်းက 


"မိဘတွေက မတူကြဘူးလေ ...အတူတူအိပ်တဲ့မိဘအချို့ရှိပေမယ့်အကျင့်မတူတာကြောင့်သီးသန့်ခွဲအိပ်တဲ့မိဘတွေလည်းရှိတယ်...

ပါးပါးက တစ်ခါတလေ အလုပ်အရမ်းနောက်ကျတယ်လေ ...မားမားနဲ့ပါးပါး အတူတူအိပ်ရင် တကယ်အနှောင့်ယှက်ဖြစ်လိမ့်မယ်...."


"ဒါဆို ပါးပါး မားမားနဲ့ဘယ်တော့မှမအိပ်တော့ဘူးလား..."


စုန့်ထင်ရှန်းက တုံ့ဆိုင်းသွားသည်။ 


"ပါးပါးမသိဘူးလေ..."


"မသိဘူး..."


ဝမ်လေးက လူကြီးများ၏ကိစ္စနှင့်ပတ်သက်၍ ပိုပြီး စိတ်ရှုပ်ထွေးသွားသည်။ကံကောင်းစွာဖြင့် သူသည် ထိုအကြောင်းအရာကိုစိတ်မဝင်စားတော့ပေ။ သူ လက်ကို ဝှေ့ယမ်းလိုက်ပြီး ပြောလိုက်သည်။


"ပါးပါးတို့ကို မနှောင့်ယှက်တော့ဘူး..."


ဝမ်လေးအတွက် သူ့မိဘများက မကွာရှင်းဘဲ စိတ်ချမ်းသာနေသရွေ့ အဆင်ပြေသည်။


ဝမ်လေးက "လူကြီးတွေက တကယ်ဒုက္ခပေးတယ်ဆိုတာ သား သိလိုက်ပြီ...ဒါကြောင့် ပါးပါးတို့ကို မနှောင့်ယှက်ချင်တော့ဘူး...ပါးပါးတို့ကွာရှင်းချင်ရင်လဲ သားကိုကြိုပြောထားမှရမယ်..."


စုန့်ထင်ရှန်းက အံ့အာသင့်သွားသည်။ သူ၏သားလေးက ထိုကဲ့သို့စကားပြောလိမ့်မည်ဆိုတာ သူမယုံနိုင်ခဲ့ပေ။


" သားမားမားနဲ့ ပါးပါး ကွာရှင်းမယ်လို့ ဘယ်သူပြောလဲ..."


"အဲ့ဒါ အရေးမကြီးပါဘူး..." 


ဝမ်လေးက ခေါင်းခါလိုက်သည်။


"ဘာဘဲဖြစ်ဖြစ်  သားသေချာသိသွားပြီ ...ပါးပါးတို့က ကွာရှင်းမှာ မဟုတ်ဘူး အဲ့တော့ ပါးပါးတို့ နှစ်ယောက်ကြား သားစိတ်မပူတော့ဘူး 

ပါးပါးက  ဘာလို့လဲ တူတူမအိပ်တာလဲဆိုတာတောင် မဖြေနိုင်ဘူး ...ဒါက ရိုးရှင်းတဲ့မေးခွန်းလေးပဲလေ..."


ဒါဆို သားလေးက သူတို့ကို စောင့်ကြည့်နေတာလား...။


ဝမ်လေး က ထိုစကားများကို ပြောပြီးနောက် သူ့နားမှထွက်သွားလေသည်။


စုန့်ထင်ရှန်း အတွေးများရင်း တစ်ယောက်တည်းကျန်ခဲ့လေသည်။


အချိန်ခဏစဉ်းစားပြီးနောက် စုန့်ထင်ရှန်းက ယွမ်ရှ၏အခန်းသို့သွားပြီး တံခါးကိုခေါက်လိုက်သည်။


ယွမ်ရှက ရေချိုးပြီးနောက် သူမ၏ဆံပင်ကိုခြောက်အောင်သုတ်နေသည်။သူမ တံခါးကို ဖွင့်ကြည့်လိုက်သောအခါ စုန့်ထင်ရှန်းကိုမြင်လိုက်သောကြောင့်အံ့သြသွားသည်။


 သူမက သူ့ကိုဝင်ခွင့်ပြုရန် ဘေးဘက်ကိုရွေ့ပေးလိုက်သည်။


"ဝမ်လေး က ငါတို့ကွာရှင်းမယ်လို့ ဘာကြောင့်ထင်နေတာလဲ..."


စုန့်ထင်ရှန်းက မေးသည်။


ယွမ်ရှက ခဏမျှတွေးပြီးပြန်ဖြေလိုက်သည်။


 "ကျွန်မတို့ကွာရှင်းမယ်လို့ထင်နေတဲ့ သူတွေအများကြီးရှိတယ်..."


စုန့်ထင်ရှန်း-"...."


"တကယ်တော့ စိတ်ပူစရာမလိုပါဘူး...အဲ့ကလေးက ကျွန်မတို့ထင်ထားတာထက် ပိုပြီးဉာဏ်ကောင်းတယ်..ကျွန်မသာ သူ့အသက်ရွယ်မှာ မိဘတွေကွာရှင်းမယ်ဆိုတာသိလိုက်ရရင် သေချာပေါက်ငိုပြီးကွာရှင်းမှာကို တောင်းပန်မှာဘဲ ...အခုတော့ ဝမ်လေးနဲ့ ပတ်သက်တဲ့နောက်ထပ်ထူးခြားတဲ့အချက်တစ်ခုကို ရှာတွေ့လိုက်ရတာပေါ့..."


ှဝမ်လေး၏လက်ရှိဖွံ့ဖြိုးတိုးတက်နေမှု လမ်းကြောင်း နှင့် အရည်အချင်းပေါ်မူတည်၍ပြောရလျှင်  သူက ဇာတ်လမ်း၏ဗီလိန်ထက် အမျိုးသားဇာတ်ဆောင်ဖြစ်ရန် အလားလာ ပိုများသည်။


ယွမ်ရှ က စုန့်ထင်ရှန်းကို မပြောမီ ခဏရပ်ပြီး


"ဒါဆို  ရှင် ကွာရှင်း ချင်ရင် အရမ်းစိတ်ပူစရာမလိုပါဘူး..ရှင့်မှာ ကြိုက်တဲ့သူတွေ့လာရင်လဲပြောပါ..."


စုန့်ထင်ရှန်းက သူမကို စိုက်ကြည့်ပြီး

"မင်းက ငါ့ကို ကြိုကာထားတာလား..."


ယွမ်ရှက အနည်းငယ်အံ့သြသွားသည်။


"ရှင့်မှာ နောက်အခြားတစ်ယောက်မှမရှိဘူးလား...တောင်းပန်ပါတယ် ကျွန်မ နည်းနည်းစပ်စုမိသွားတယ် ...အဲ့လိုပြောချင်တာတော့မဟုတ်ပါဘူး"


စုန့်ထင်ရှန်းက သူမ၏အရင်ဆုံးမေးသည့်မေးခွန်းကို ပြန်မေးလိုက်သည်။


"မင်းမှာရော နောက်အခြားတစ်ယောက်ရှိနေတာလား..."


ယွမ်ရှက "ဟင့်အင်း..."


စုန့်ထင်ရှန်းက သက်ပြင်းလိုက်ချလိုက်သည်။


"ကိုယ့်မှာ အငယ်အနှောင်းကို စောင့်ရှောက်ဖို့ အခွင့်အရေးမရှိဘူးလေ..."


ယွမ်ရှက ရယ်လိုက်မိသည်။


ထိုစကားလုံးရွေးချယ်မှုသည် သူ့၏ ကျင့်ဝတ်တန်ဖိုးများနှင့်ကိုက်ညီကာ အမှန်တကယ်လည်းဖြစ်၏။