အပိုင်း (၈၀)
Viewers 31k

part 80


စုန့်ထင်းရှန်း သည် သူ့အသိုင်းအဝိုင်းထဲတွင် ရှားမှရှားသည့်လူတစ်ယောက်ဟု ယူဆနိုင်သည်။


 လူများရှေ့တွင် သူ၏ ဇနီးသည်ကိုဂရုစိုက်ချစ်ခင်ပြီး ယောက်ကျားကောင်းတစ်ယောက်ကဲ့သို့ ပြုမှုတတ်သော စီအီးအိုတစ်ချို့ ရှိသော်လည်းနောက်ကွယ်၌မှု သူတို့၏ အတွင်းရေးမှူးများနဲ့ဆက်ဆံရေးကကာ မေးခွန်းထုတ်စရာဖြစ်နေခဲ့သည်။ 


ယောက်ကျားများသည် ချမ်းသာသည်ဖြစ်စေ ဆင်းရဲသည် ဖြစ်စေ တူညီသော အိမ်မက်တစ်ခုရှိကြသည်။ ၄င်းမှာ အိမ်၌လည်း ဇနီး မယားတစ်ယောက်ရှိပြီး အပြင်၌လည်းအငယ်အနှောင်းများထားတာ ပါတနာများစွာနဲ့ ဘဝကိုပျော်ရွှင်စွာ ဖြစ်သန်းလိုခြင်းဖြစ်သည်။


လွန်ခဲသည့်နှစ် အနည်းငယ်အတွင်း စုန့်ထင်းရှန်း၌အလွန်တရာ ချောမောလှပသော ဇနီးသည်တစ်ယောက်ရှိသည်ဟု ကောလဟာလများ ထွက်ပေါ်ခဲ့သော်လည်း တစ်ချို့သော အခွင့်အရေး ရလိုသူများက စီးပွားရေး တွေ့ဆုံ ပွဲများတွင် စုန့်ထင်းရှန်းနားသို့ အမျိုးသမီးများ ပေးပို့ဆဲပင်ဖြစ်သည်။ သို့သော်လည်း စုန့်ထင်ရှန်းက အမြဲတန်း ယဉ်ကျေးစွာပင်ငြင်းပယ်ခဲ့သည်။


၄င်းက ယွမ်ရှကို ချစ်မြတ်နိုးသောကြောင့် ငြင်းပယ်ခဲ့ခြင်းဆိုရင်တော့ ပေါက်ကရသာဖြစ်ပေလိမ့်မည်။ 


သူက ယွမ်ရှကို ရွံရှာမုန်းတီးခြင်းမရှိသော်လည်း နှစ်လည်းမနှစ်သက်ပေ။သူအတွက် ယွမ်ရှသည် တရားဝင်ဇနီးတစ်ယောက်နှင့် သူသားလေး၏ မိခင်ဆိုသောအချက်မှလွဲ၍ လမ်းမပေါ်တွင်တွေ့မြင်ရသော အခြားသူစိမ်းအမျိုးတစ်ယောက်အဖြစ်နှင့်မခြားပေ။ 


သူမက အမှန်တကယ် အလွန်လှပသည်ဆိုသော်လည်း ထိုမျက်နှာကို လေးနှစ်လုံးလုံးတွေ့မြင်ခဲ့ရသည် ဖြစ်သော်ကြောင့် ရိုးနေပေပြီ။ သူမ၏ အလှတရားကအသက်အရှု မှားလောက်စရာ အခြေနေမျိုးမဖြစ်ပေတော့ချေ။ 


တကယ်တမ်းတွင် စုန့်ထင်းရှန်း တည်ငြိမ်သန့်ရှင်းရိုးသားစွာ နေထိုင်ရခြင်း၏ နောက်ကွယ်၌ အကြောင်းပြချက်နှစ်ခုရှိပေသည်။ 


ပထမတစ်ခုက သဘာဝကျစွာပင် သူသည် သူသားလေးအတွက် စံပြဖခင်ကောင်းတစ်ယောက်ဖြစ်လိုခြင်းဖြစ်ပြီး ဒုတိယ အချက်ကကြောက်ရွံ့သောကြောင့်ဖြစ်သည်။


တစ်ချိန်တစ်ခါမှားယွင်းမှု၏ ရလဒ်က မပျော်မရွှင် မသာယာသော အိမ်ထောင်ရေးက်ိုဖြစ်စေခဲ့သည်။ ထို့ကြောင့်သူနောက်တစ်ကြိမ်မှားယွင်းလိုက်မည်မဟုတ်ပေ။


အမှားအယွင်းကို ပြုလုပ်လိုက်ပြီဆိုလျင် ၄င်း၏ အကျိုးဆက်ကို ကျိန်းသေပေါက် မျက်နှာခြင်းဆိုင်ကြုံတွေ့ရပေတော့မည်။


....


"လူတစ်ယောက်ရဲ့ နှလုံးသားကို ထိန်းချုပ် ပြောင်းလဲလို့မရဘူး..ငါက ဖိအားပေးပြီး အပြင်မှာ တစ်စုံတစ်ယောက် ထားမယ်ဆိုပါတော့... သူက မကျေပ်ပဲ တစ်နေ့နေ့  ငါ့ကို ဒုက္ခပေးလာရင် ငါဘယ်လိုလုပ်ရမှာလဲ...မင်းငါ့ကို ဘယ်လိုထင်နေလဲ ငါဂရုမစိုက်ဘူး... ပွင့်ပွင့်လင်းလင်းပြောရရင် မင်းက ငါ့သားကိုဘဲ ဂရုစိုက်ပြီး  ငါတို့ရဲ့ ဆက်ဆံရေးကို မင်းဂရုမစိုက်ဘူးဆိုတာ သေချာသိပေမဲ့လည်း ငါ့ရဲ့ တစ်ဦးတည်းသော သားလေးကို စိတ်မထိခိုက်စေချင်ဘူး..."


ယွမ်ရှက သိချင်စိတ်ဖြင့်မေးလိုက်သည်။


"လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း ရှင့်ကို ကြိုက်တဲ့သူ မတွေ့ဘူးလား..."


စုန့်ထင်ရှန်းက ခေါင်းရမ်းလိုက်သည်။


"ဒါအတွက် ငါ့မှာ အချိန်တွေရော ခွန်အားတွေရောမရှိဘူး မင်းရော..."


 တိတိကျကျပြောရလျှင် သူတို့၏စကားဝိုင်းက ကမ္ဘာပေါ်တွင် အထူးဆန်းဆုံး စကားဝိုင်းဖြစ်ပေသည်။သူတို့က တရားဝင်လက်ထပ်ထားသော စုံတွဲများ ဖြစ်ကြောင်း သိသာသော်လည်း ထိုအကြောင်းအရာနှင့်ပတ်သက်၍ စိတ်ဖိအားမရှိဘဲ အေးဆေးစွာဖြင့် စကားပြောနိုင်ကြသည်။


"အပြင်မှာ တစ်စုံတစ်ယောက်သာရှိနေရင် ရှင် တကယ်စိတ်ဆိုးမှာမဟုတ်ဘူးလား..."


ယွမ်ရှက အံ့သြသင့်စွာမေးလိုက်သည်။


စုန့်ထင်ရှန်းက သူမအား လေးနက်သော မျက်လုံးများဖြင့်ကြည့်၍...

"အဲ့လူက ဝမ်လေးရှေ့မှာ ဇာတ်လမ်းလာရှုပ်ရင်တော့ ငါဒေါသထွက်မိလိမ့်မယ်.."


သူမ အံအားသင့်စွာ စကားတစ်ခွန်းမှ မပြောနိုင်တော့ပေ...


စုန့်မိသားစုတွေက အမျိုးသားတွေက သာမာန်လူတွေနဲ့ အရမ်းကွာခြားတာဘဲ...


ဝမ်လေးအကြောင်းကိုတော့ ဘာမှ ထပ်ရှင်းပြစရာလိုတော့ပေ။သူက လေးနှစ်ခန့်သာရှိသေးသော်လည်း  "မားမား ...ပါးပါးနဲ့ ကွာရှင်းမှ ပျော်မယ်ဆို ကွာရှင်းလိုက်ပါ..မားမား သားအတွက် စိတ်မပူပါနဲ့ မားမားပျော်ရင်ဘဲလုံလောက်ပြီ.."ဟုဆိုခဲ့သည်။


စုန့်ထင်ရှန်းသည်လည်း ထူးဆန်းစွာပင်...

သူတို့သည် ဟန်ဆောင်စုံတွဲ ဆိုရင်တောင်သူ့မိန်းမလှည့်စားတာကို သည်းခံနိုင်သည်မှာ အံ့သြစရာပင်ဖြစ်၏။


သူက အမှန်တကယ်ပင် ရိုးသားသော သူတစ်ယောက်ဖြစ်သည်။


စုန့်ထင်ရှန်းက ထပ်မေးလိုက်သည်။

 "တကယ်လို့ ငါ့မှာ အပြင်မှာ တစ်စုံတစ်ယောက်ရှိနေရင် မင်း ငါ့ကိုစိတ်ဆိုးမှာလား"


မူရင်းပိုင်ရှင်သာဆိုလျင် မည်ကဲ့သို့အဖြေပေးမည်ကို ယွမ်ရှတွေးလိုက်သည်။ 


"စိတ်မဆိုးဘူး..."


စုန့်ထင်ရှန်း၏စကားများသည် သူမကို စိတ်တိုစေခဲ့သည်။သူမ ဒေါသမထွက်ရသည့်အကြောင်းရင်းမှာ မူရင်းပိုင်ရှင် သို့မဟုတ် သူမအပေါ်ခံစားချက်မရှိသောကြောင့်ဖြစ်သည်။သူ၏နှလုံးသားထဲတွင် သူမကို ဇနီးအဖြစ်မမြင်ခဲ့သောကြောင့် သူ့ကို ချုပ်ကိုင်ချင်စိတ်မရှိတာ သဘာဝပင်ဖြစ်၏။သူ့တွင်အပြင်မှာ တစ်စုံတစ်ယောက်ရှိခဲ့ရင် လည်းသူမဂရုမစိုက်ပေ။ 


အရွယ်ရောက်ပြီးသောလူများ၏ ကမ္ဘာသည် အမြဲရှုပ်ထွေးနေလေသည်။လူတစ်ယောက်သည် မိမိ၏အလိုရှိရာအတိုင်း လိုက်လုပ်ကြသည်။ တစ်ချိန်ထဲမှာပင် တစ်ခြားအရာအားလုံးကိုလဲ အကန့်ခွဲထားတတ်ကြသည်။


"ဒါပေမဲ့ ကျွန်မစိတ်မဆိုးဘူးဆိုရင်တောင် မိုင်းကွင်းကို မဖြတ်ဖို့တော့ အကြံပေးချင်တယ်..."( အဲ့လိုမဖောက်ပြန်နဲ့)