အပိုင်း (၈၁)
Viewers 31k

Part 81


စုန့်ထင်ရှန်း ဖြေးဖြေးချင်းပြောလိုက်သည်။ 


"ဝမ်လေးက တစ်နေ့ထက်တစ်နေ့ ပိုပြီး ထက်မြက်လာပြီ  ..ငါဘဲဖြစ်ဖြစ် မင်းဘဲဖြစ်ဖြစ် သူ့ရှေ့မှာ စံနမူနာကောင်းဖြစ်အောင်လုပ်ရမယ် ..မဟုတ်ရင် သူကြီးလာတဲ့အခါ ဒီဆက်ဆံရေးအပေါ် သူ့ရဲ့အမြင်က ဆိုးရွားလာနိုင်တယ်...အိမ်တွင်းအကြမ်းဖက်ခံရတဲ့ မိသားစုမှာ ကြီးပြင်းလာတဲ့ကလေးတွေက မိခင်ကို  ရိုက်နှက်ဆုံးမလို့ ဖခင်ကို မုန်းတီးနေပေမဲ့... အဲ့ဒီ မကောင်းတဲ့လွှမ်းမိုးမှုကြောင့်ပဲ သူတို့က ပြသနာကိုအကြမ်းဖက် ဖြေရှင်းတတ်သူတွေဖြစ်လာကြတယ်..." 


ယွမ်ရှသည်လည်း လက်တွေ့ ဘဝ၏ဥပမာမှ တစ်ဆင့် ထိုခံစားချက်ကို နက်ရှိုင်းစွာ နားလည်သဘောပေါက်သည်။


သူမ ထိုကဲ့သို့သောလူများကိုသိပေသည်။ ထိူလူက သူ့အဖေက သူ့အေမကို ရိုက်တာကို ကြည့်ပြီး ကြီးပြင်းလာခဲ့သည်။ သူအဖေနဲ့ဆက်ဆံရေးက အလွန်ဆိုးရွားသည်ဆိုတာ သူမကောင်းကောင်းသိသည်။သူက သူ့အဖေကို မုန်းတီးခဲ့သော်လည်း နောက်ပိုင်း အရွယ်ရောက်လာသောအခါ သူ့ချစ်သူနှင့် စကားများသည့်အချိန်သူမကို ရိုက်နှက်လေ့ရှိသည်။


ထို့ကြောင့် ကလေးတစ်ယောက်၏မိသားစုအခြေနေသည် ကလေးလေးကြီးပြင်းမှုအပေါ်တွင် မည်ကဲ့သို့လွှမ်းမိုးမှုရှိကြောင်းသိနိုင်သည်။


"စိတ်မပူပါနဲ့ " ယွမ်ရှက မြန်ဆန်စွာပြောလိုက်သည်။ 

"အခုတော့ အဲ့ခံစားချက်နဲ့ အချစ်လို အရာတွေကို ကျွန်မစိတ်မဝင်စားဘူး.."


ထိုအရာများသည် အလွန်အဓိပ္ပာယ်မဲ့လွန်းလှသည်။

သူ့တွင် ပိုက်ဆံအများကြီးရှိပြီး ကလေးလည်း ရှိသည်။ ကြင်နာတတ်သော အမျိုးသားများနှင့် ချိန်းတွေ့ဖို့ ဘာကြောင့် သူမစိတ်ဝင်စားနေရဦးမလဲ...


စုန့်ထင်ရှန်း"....."


"တစ်နေ့ အဲ့တာကို စိတ်ဝင်စားပြီး အရမ်းချစ်ရတဲ့သူ တွေ့လာရင် ပြောပြမယ် ..အဲ့အချိန်ကျ အေးဆေးဘဲ ကွာရှင်းကြမယ် ရှင်လည်း အဲ့လို လုပ်မယ်လို့မျှော်လင့်ပါတယ်.."


စုန့်ထင်ရှန်း၏နှုတ်ခမ်းထောင့်များ ဖွင့်ဟလိုက်ပြီး

"ကောင်းပြီ.."


သူတို့နှစ်ယောက် ထိုကိစ္စရပ်နှင့် ပတ်သက်၍ တူညီသော နားလည်မှု တစ်ခုရှိခဲ့သည်ဟုယူဆနိုင်သည်။


ယွမ်ရှက ခဏမျှတိတိဆိတ်နေပြီးမှ ပြောလိုက်သည်။


 "စုန့်ထင်ရှန်း ရှင် ဝမ်လေးကို အရမ်းကောင်းတာတွေဘဲ သင်ပေးတယ်လို့ ခံစားရတယ်"


ပရော်ဖက်ရှင်နယ်ကျင့်ဝတ်အတိုင်းစုန့်ထင်ရှန်းသည် သူမ၏ချီးကျူးမှကို ပြန်လည်တံု့ပြန်ခဲ့သည်။ "သူက မင်းဆီက ချစ်စရာကောင်းတာလေးတွေကို သင်ယူတယ်လေ မင်းသူ့ကို ကောင်းကောင်းမွေးပေးခဲ့တယ်လေ..."


အိမ်ထောင်ပြုပြီး အစပိုင်းတွင် သူ မပျော်ရွှင်ခဲ့သော်လည်း ဝမ်လေးမွေးပြီးနောက်ပိုင်းတွင် ထို မပျော်ရွှင်သော ခံစားချက်များ အများကြီးပျောက်ကွယ်သွားခဲ့သည်။


ဝမ်လေးက သူတို့ ကွားရှင်းတော့မည်ဆိုသော အတွေးမှားကြောင့်စိတ်မကောင်းဖြစ်ခဲ့ရသော်လည်း ထိုအဖြစ်အပျက်ကြောင့်ပင် စုန့်ထင်ရှန်းနှင့် ယွမ်ရှတို့ကြား နားလည်မှု တိုးတက်လာခဲ့သည်။


နောက်ဆုံးတွင် အိမ်ထောင်ရေးကွာရှင်းမည့်ကိစ္စများကို အေးဆေးတိုင်ပင်ဆွေးနွေးနိုင်သည်အထိ  ထို ဟန်ဆောင် စုံတွဲအနည်းငယ် နီးကပ်လာတော့သည်။


နောက်တစ်နေ့တွင်...


ဝမ်လေးက သူ၏ပုံမှန်ရွှင်လန်းသော ပုံစံကို ပြန်လည်ရောက်ရှိလာပေပြီ။ သူက ယွမ်ရှအား ခပ်ချွဲချွဲလှမ်းပြောလိုက်သည်။


"မားမား မနေ့က ရေခဲမုန့်စားချင်လားလို့ မေးတာလေ အခု သားဖြေမလို့ ရေခဲမုန့်စားချင်တယ်..."


ယွမ်ရှ သူ၏တောင်းဆိုမှုကို ငြင်းဆန်လိုက်သည်။


"တောင်းပန်ပါတယ် မစ္စတာ စုန့်ရှုယန်...အဲ့ကမ်းလှမ်းချက်က သက်တမ်းကုန်ဆုံး သွားပါပြီ အဲ့ဒာကို ဝယ်ကျွေးဖို့ အကြောင်းမရှိတော့ပါဘူး.."


စုန့်ထင်ရှန်း အောက်ထပ်သို့ဆင်းလာချိန်၌ 

ထိုကိစ္စကိုကြားလိုက်ရသည်။ သူ ဝမ်လေး၏ထိုင်ခုံနားလျှောက်သွားကာ သူ၏ပါးပြင်ကို နမ်းလိုက်ပြီး


" သားက အဲ့အခွင့်အရေးကို ဖြုန်းတီးပစ်လိုက်တာပဲ..."


ဝမ်လေးက သက်ပြင်းချလိုက်သည်။


"..မနေ့က စားချင်စိတ်မရှိပေမဲ့ အခု သားစားချင်စိတ်ရှိလာလို့ ပါပါး သားကို စားခွင့်မပေးဘူးဆိုတော့ 

ပါးပါးတို့က သားကို မချစ်ဘူးဘဲ..."


ယွမ်ရှ ဝမ်းလေးကို မူကြိုကျောင်းလိုက် ပို့ရန်  မစီစဉ်ထားသော်လည်း မနေ့က အဖြစ်အပျက်တစ်ခုကြောင့် စိတ်ပြောင်းသွားသည်။ 


သူမ ဝမ်လေးကို ဖိနပ်စီးရန်ခေါ်သွားသည့်အချိန် စုန့်ထင်ရှန်းလည်း အနောက်ကလိုက်လာသောကြောင့် အံ့သြသွားမိသည်။


သူ ဝမ်းနည်းပြီး စိတ်မချမ်းသာဖြစ်နေသည့်အခာ သူ့မိဘများက အရင်ကထက် ပိုကောင်းမွန်စွာ ဆက်ဆံကြကြောင်း ဝမ်လေး သတိပြုမိလိုက်သည်..။


သူ စိတ်ညစ်နေတဲ့အချိန် မားမားက သူ့ကို ဒိန်ခဲ ကွတ်ကီးနဲ့ ရေခဲ့မုန့်တွေ ဝယ်ကျွေးတယ်...ပါးပါးရော မားမားရော နှစ်ယောက်လုံး သူ့ကို မူကြိုကျောင်းလိုက်ပို့ပေးတယ်...။


ဒာကြောင့် သူက စိတ်ညစ်နေတဲ့ကလေးလေးပဲ ဖြစ်နေရင် ပိုကောင်းမလား....။