အပိုင်း (၈၂)
Viewers 31k

Part 82


ဝမ်လေးက မူကြိုကျောင်းရောက်သည်နှင့်  နင်းယာကိုရှာပြီးနောက်...


 "နင် အိမ်ပြန်ရင် နင့်အမေကို  ငါ့မိဘတွေ မကွာရှင်းတော့ဘူးလို့ပြောလိုက် ..တကယ်လို့ ကွာရှင်းခဲ့ရင်တောင် စီးပွားရေးတွေရှိလို့ ငါ့ကို လုံးဝသနားစရာမလိုဘူး...သူတို့က ငါ့ရဲ့မိဘတွေ ဖြစ်နေတုန်းဘဲ သူတို့က ငါ့ကို တအားချစ်တာ..."


ထို့နောက် မိဘများကွာရှင်းထားသော သူ၏သူငယ်ချင်း ကျန်းယွမ်ဘက်သို့လှည့်၍...  "မင်းလဲမှတ်ထား...မင်းရဲ့ မိဘတွေက မင်းအပော် အချစ်မပြောင်းဘူး...သူတို့နှစ်ယောက်ကအတူတူမဟုတ်တော့ပေမဲ့ အတူတူနေရတာထက်ပိုပျော်ရွှင်နေကြတာ...ကျန်းယွမ် ငာတို့ရဲ့ မိဘတွေကလဲ ပျော်ရွှင်မှုနဲ့ထိုက်တန်ပာတယ် မင်းသူတို့ကိုယုံကြည်ပေးရမယ်လေ..."


ထိုစကားပြောပြီးနောက် ဝမ်လေး သူငယ်ချင်းများကိုကြည့်ရင်း သက်ပြင်းချလိုက်သည်။


"မင်းတို့တွေက အရမ်းကလေးဆန်တာဘဲ ငါတို့ပိုသိသင့်တယ်မဟုတ်လား...ငါတို့ကလေးမဟုတ်တော့ဘူး မူကြိုတောင်တက်နေကြပြီလေဟာ လေးနှစ်တောင်ရှိပြီ နည်းနည်းရင့်ကျက်ရတော့မယ်..."


ဝမ်လေး၏အပေါင်းသင်းများအကုန်အံ့သြသွားသည်။

ထို့နောက် မိန်းကလေးနင်းယာ အပြင် အကုန်လုံးက သူ၏စကားက မှန်ကန်ကြောင်းပြောကြလေသည်။နောက်ဆုံးတော့ သူတို့အားလုံးသည် F4 မင်းသားလေး ရဲ့နောက်လိုက်များဖြစ်ကြလေသည်။


.....


မူလပိုင်ရှင်တွင် ဟန်ဆောင်ခင်ပွန်းသာ ရှိခြင်းမဟုတ်ပဲ  ဟန်ဆောင်သူငယ်ချင်းလည်းအများအပြားရှိသည်။


ယွမ်ရှ ယခုဘဝသို့ ရောက်ရှိလာခဲ့သည်မှာ တစ်လ သို့မဟုတ် နှစ်လကြာပြီဖြစ်၏။ ထိုအချိန်အတောအတွင်း သူမကို စျေးဝယ်ထွက်ရန် ခေါ်သော လူများ အမြဲလိုလိုရှိခဲ့သည်။ ယွမ်ရှက ပေါ့ပါးလွတ်လပ်သော နေထိုင်မှုပံစံကို စိတ်မဝင်စားတာ မဟုတ်သော်လည်း... တစ်ခါမှမကြုံဖူးသောကြောင့် သူမ၏ စိတ်အခြေအနေအကောင်းဆုံးဖြစ်မည့်အချိန်ကိုစောင့်ဆိုင်းနေခဲ့သည်။


သူမ တစ်ရက်လုံး နိုင်ငံခြားသားဆရာနှင့်သင်ကြားခဲ့ပြီးနောက် မုန့်ဖုတ်သင်တန်းသွားခါနီးတွင် မူရင်းပိုင်ရှင်၏ဟန်ဆောင်သူငယ်ချင်းတစ်ယောက်နှင့်တွေ့ခဲ့သည်။


ထိုအမျိုးသမီးသည် အိတ်အကြီးအသေးဆိုဒ်မျိုးစူံကို ဆွဲထားပြီး ကုန်တိုက်မှ ပြန်လာပုံပေါ်သည်။ သူမက ယွမ်ရှ ကိုတွေ့လိုက်သောအခါ အရမ်း အံ့သြသွားပြီး...


 "နင် သေပြီထင်နေတာ..."


ယွမ်ရှ၏မျက်နှာ အနည်းငယ်မှုန်ကုပ်သွားသည်။ထိုမိန်းမ၏တစ်ယောက်ယောက်ကို နှုတ်ဆက်သည့် စကားက အလွန်ထူးခြားပေသည်။


သူတို့နှစ်ယောက်သည် အနီးပတ်ဝန်းကျင်ရှိ စားသောက်ဆိုင်ကိုသွားလိုက်ကြသည်။ သူတို့ထိုင်ပြီးသည်နှင့် မိုလီက စကားပြောရန်မစောင့်နိုင်တော့သလို စတင်ပြောလာလေသည်။


"နင်နဲ့အဆက်သွယ်ရဖို့ အရမ်းခက်လိုက်တာဟယ်.. နင်သိလား ...မန်နေဂျာတင်းက နင့်ကို နေရာတိုင်းမှာလိုက်ရှာနေတာ...သူ တကယ်ကြီး နင့်ကိုလက်ထပ်ချင်နေတယ်လို့တော့ ငါထင်တာပဲ..."


ယွမ်ရှ၏ဦးနှောက် စက္ကန့်အနည်းငယ်ကြာ ရပ်တန့်သွားသလိုခံစားလိုက်ရသည်။


သူမ ထိုလူ ဘယ်သူလဲဆိုတာ မှတ်မိရန် တွေးနေမိသည်။ မူရင်းပိုင်ရှင်၏မှတ်ဉာဏ်ထဲတွင် မန်နေဂျာ တင်း အကြောင်း ကို မမှတ်မိပေ။ဆိုလိုသည်မှာ မူရင်းပိုင်ရှင်သည် ထိုလူကို ဂရုမစိုက်သောကြောင့်ဖြစ်၏။


မန်နေဂျာ တင်း ၏နာမည်မှာ တင်းချီ ဖြစ်သည်။ 

သူသည် အသက်၂၃နှစ်ခန့်ရှိပြီး မကြာမီကပင်နိုင်ငံခြားမှပြန်လာခဲ့သူဖြစ်သည်။သူနှင့် မူရင်းပိုင်ရှင်တို့သည် သိပ်မကြာခင်ကာလက ဘားတစ်ခု၌ တွေ့ခဲ့ကြခြင်းဖြစ်သည်။


မူရင်းပိုင်ရှင်သည် သမာဓိရှိသူတစ်ယောက်မဟုတ်သော်လည်း သူမတွင်ရေရှည်စားသောက်ခွင့်လက်မှတ်ရှိထားသောကြောင့် ယောက်ျားလေးများနှင့် ကစားရန် စိတ်မဝင်စားပေ။ ထို့ကြောင့် လွန်ခဲ့သော ၄နှစ်တာ ကာလအတွင်း သူမတွင်မည်သည့်ကိစ္စမျှမရှိခဲ့ပေ။


အတိအကျပြောရလျှင် မူလပိုင်ရှင်သည် တစ်စုံတစ်ယောက်ကို အချိန်ခွဲပေးရမည့်အပော် စိတ်ဝင်စားခြင်းမရှိပေ။


သို့သော် မူရင်းပိုင်ရှင်၏အဆင့်အတန်းနှင့်အလှအပကြောင့် သူမကို  လိုက်နေသည့် အမျိုးသားများလည်း ရှိနေအုံးမည်သာဖြစ်သည်။


ယွမ်ရှလို မိန်းမတစ်ယောက်အနေဖြင့်ပင် မူရင်းပိုင်ရှင်၏မျက်နှာကို ကြည့်ရခြင်းအား ငြီးငွေ့ခြင်းမရှိခဲ့ပေ။


သူမ ဒီနေရာသို့ ပြောင်းလာသည်မှာ လပိုင်းမျှရှိပြီဖြစ်သော်လည်း မှန်ကြည့်ချိန်တိုင်း အသက်ရှုမှားဆဲဖြစ်နေလေရာ... ထိုအလှတရားက အမျိုးသားများအပေါ်.သက်ရောက်ကြောင်းကို အထူးပြောစရာမလိုတော့ပေ။ 


ယွမ်ရှ ရွေးချယ်စရာမရှိတော့ပဲ သူ့မှာ ခင်ပွန်းသည်ရှိကြောင်း မိုလီကိုပြောလိုက်လေသည်။


မိုလီ " အိုး...အဲ့ဒါကြောင့်  မန်နေဂျာတင်းက နင့်ကို နင်ရဲ့ အမျိုးသားနဲ့ ၃လအတွင်း ကွာရှင်းရအောင်လုပ်မယ် ပြောတာကို..."


ယွမ်ရှ"...."