အပိုင်း (၈၃)
Viewers 31k

part 83


" ဒီလူက ဘယ်လိုတောင်ရူးသွပ်တာလဲ..."


မိုလီ ယွမ်ရှကိုတစ်ချက်ကြည့်လိုက်၍ထပ်ပြောလိုက်သည်။


"အဲဒါကြောင့် နင့်ကိုငါပြောပြတာ နင့်မှာယောက်ကျားနဲ့သားလေးရှိတယ်ဆိုတဲ့အကြောင်းကိုသတိပေးနေတာပဲ...ကွာရှင်းဖို့သာဖြစ်လာရင် အာလုံးခက်ခဲကုန်လိမ့်မယ်...ပြီးတော့ နင်ကိုကြည့်ရတာလည်း အဲဒီမန်နေဂျာ့လေးကိုစိတ်ဝင်စားနေပုံမပေါ်ဘူး။အဲဒီသူကလည်း ဝင့်ကြွားလိုပြီးတော့နည်းနည်းလေးကျိုးကြောင်းမဆီလျော်ဘူး။အဲဒီလူ ပြသာနာ လိုက်ရှာနေတာကိုတာ နင်ယောက်ကျားသိသွားမယ်ဆိုရင်တော့နော် အခြေနေတွေကကောင်းလာမှာမဟုတ်တော့ဘူး..."


ယွမ်ရှကကြောက်ရွံ စိုးရိမ်ပူပန်ခြင်းမရှိပဲ အေးဆေးစွာပင် ကော်ဖီတစ်ငုံသောက်လိုက်သည်။


တကယ်လို့ အဲဒီ ကျိုးကြောင်းမဆီလျော်တဲ့မန်နေဂျာရဲ့ ပေါက်ကရအကြံအစည်တစ်ခုသာအောင်မြင်ခဲ့မယ်ဆိုရင် မူလပိုင်ရှင်က သူယောက်ကျားရဲ့ ATM စက်နေရာမှာအစားထိုးဖို့တွက် ဘာလို့ အဝေးကလူကိုရှာနေဦးမလဲလေ...


ထို့အပြင် ဝတ္တုထဲမှအချိန်ဖြင့်ပြောရမယ်ဆိုလျှင် ထိုမန်နေဂျာဆိုသူက မူလပိုင်ရှင်၏ဘဝအစ အစောပိုင်းတွင်ပင် ပေါ်လာခဲ့ပြီးသူဖြစ်နေသည်။ထိုအဓိပ္ပါယ်အရ မန်နေဂျာလေးဆိုသည်သူ ဇာတ်လမ်းထဲတွင်ပြသာနာများများမရှာနိုင်သူဟုဆိုလိုခြင်းဖြစ်သည်။ 


ယွမ်ရှ မူလပိုင်ရှင်ကို ဒူးထောက်ခစားချင်မိသွားသည်။သူမသည် ဒီနိုဗယ်တစ်ခုလုံးတွင်အရက်စက်ဆုံးလူတစ်ယောက်ပင်ဖြစ်သည်။


ယွမ်ရှက မူလပိုင်ရှင်၏ ကာရိုက်တာကို တကယ်ကိုကြိုက်နှစ်သက်ပေသည်။


မူလပိုင်ရှင်၏ သူသားအရင်းကိုစွန့်ပစ်ခဲ့သည်ဆိုသော် ထုတ်ပြော၍မကောင်းသည့် အချက်တစ်ချက်မှ လွဲ၍... သူမ၏ ဆုံးဖြတ်ချက်ပြတ်သားသောစိတ်ဓာတ်ကိုတကယ်ကိုသဘောကျမိသည်။ဝတ္တုအစမှ အဆုံးထိ မူလပိုင်ရှင်တွင် ပြတ်သားသော စိတ်ထားရှိလေသည်။သူမ(မူလပိုင်ရှင်)က သူမဘာကိုလိုချင်တယ်ဆိုသည်ထက် သူမဘာကိုလုပ်နိုင်သည်တတ်နိုင်သည်ဆိုတဲ့အချက်ကိုရှင်းလင်းစွာသဘောပေါက်ပေသည်။


ယွမ်ရှ၏ စိုးရိမ်ပူပန်မှုမရှိသော အမူအရာကိုမြင်ပြီးနောက် မိုလီမေးလိုက်သည်။


"နင်ဘာလို့ ပျော်ဖို့ပါးဖို့ထွက်မလာတော့တာလဲ...နင့်ကို အကုန်လုံးမေးနေကြတာ..."


ယွမ်ရှ ရိုးရိုးသားသားပင်ပြန်ဖြေလိုက်သည်။


" ငါကအိမ်မှာ ငါသားကိုဂရုစိုက်နေရတာလေ ဘယ်လိုလုပ်ပြီးအားတဲ့ချိန်ရှိမှာလဲ..."


မိုလီ တစ်ယောက် ခဏမျှ ကြာအောင်ပင် ဆွံအငြိမ်သက်သွားပြီးနောက် သူ့ သူငယ်ချင်းကိုလက်မထောင်ပြလိုက်သည်။


" ကြည့်ရတာတော့ အခုနင်ရဲ့အာရုံစိုက်မှုကနင်မိသားစုဆီ ရောက်သွားတဲ့ပုံပဲ..."


"နင်အဲလိုပြောနိုင်ပါတယ်..."


 ယွမ်ရှသည် ရုတ်တရက်ပေါ့ပါးလွတ်လပ်သောဘဝကိုနေကြည့်ချင်သည့်စိတ်ကူးများ ပျောက်ဆံုံးသွားရသည်။


မူလပိုင်ရှင်က ပြသာနာရှာတတ်သူများကို ကျွမ်းကျင်ပိုင်နိုင်စွာကိုင်တွယ်တတ်သည်ဟုချီးကျူးရပေမည်။ သို့သော်လည်း သူမအနေဖြင့်တူညီစွာလုပ်ဆောင်နိုင်လိမ့်မည်ဟုယုံကြည်ချက်မရှိပေ။


သူမ၏လက်ရှိဘဝလေးကို ကျေနပ်နှစ်သက်လေပြီဖြစ်လေရာ ကြိုမမြင်နိုင်သော ကံကြမ္မာဆိုးများကို ဖိတ်ခေါ်လိုခြင်းမရှိပေ။ 


"နင်အများကြီးပြောင်းလဲသွားတယ်..."


မိုလီရုတ်တရက် ထပြောလိုက်သည်။ .


"ငါတစ်ယောက်ယောက်ကိုလူမှားပြီးတော့ စကားပြောနေမိတယ်လို့တောင်ငါကိုယ့်ငါသံသယဝင်နေမိပြီ..."


ဒါပေါ့....သူမပြောင်းလဲသွားတာပေါ့....ဒီ ခန္ဓာ ကိုယ်ရဲ့ မူလပိုင်ရှင်က အခုလောက်ဆိုဘယ်ရောက်နေပြီလည်းဘယ်သူကသိမှာလဲ။


ယွမ်ရှ ငွေရှင်းဖို့ကဒ်ကိုထုတ်ယူလိုက်ပြီး ကျသင့်ငွေပေးချေလိုက်သည်။


"ငါရဲ့ချစ်ဖို့ကောင်းတဲ့သားလေးအတွက်တော့ဒါပျော်စရာကောင်းတဲ့ ပြောင်းလဲမှုပါပဲ...&


မိုလီနှင့်လမ်းခွဲပြီးသည်နှင့် ယွမ်ရှကထိုမန်နေဂျာအကြောင်းကိုခေါင်းထဲမှ ထုတ်ပစ်လိုက်သည်။ထိုသူက ဝတ္တုဇာတ်လမ်းထဲတွင် မပါဝင်ခဲ့ပေ။သေသည့်အချိန်မှ ဖော်ပြခံရသည့်ဇာတ်ကောင်တစ်ကောင်ဖြစ်သည်။


သူ့အတွက် သူမ၏ ဦးနှောက်ဆဲလ်များကို ဖြုန်းတီးနေစရာအကြောင်းမရှိပေ။

ထို့အပြင် ထိုသူနှင့်သူမတစ်ခုမျှ မဆုံတွေ့ဖူးသော်လည်း သူအပေါ်တွင် အထင်မြင်ကောင်းများမရှိပေ။အိမ်ထောင်သည် လင်မယားနှစ်ယောက်ကြားထဲသို့တိုးဝင်ချင်နေသော်သူက မည်သို့ အကျင့်စရိုက်ကောင်းနိုင်ပါမည်နည်း။ 


ယွမ်ရှ သူမ၏ပုံမှန် အချိန်ဇယားအတိုင်းမုန့်ဖုတ်သင်တန်းသို့သွားလိုက်သည်။


စုန့်ထင်းရှန်း ကအချိုကြိုက်သည်ဟု သူမတွေးမိပြီးနောက်သူမပြီးဆုံးသွားသော သင်ခန်းစာများကို(စမ်းလုပ်ထားသောမုန့်) တစ်ခြားသူဆီသို့ပေးတော့မည့်အစား အိမ်သို့သာပြန်ယူလာခဲ့တော့သည်။ 


တစ်ခြားအချိန်များကဲ့သို့ပင် သူမပြုလုပ်ပေးသည့်မုန့်များကို ဓာတ်ပုံရိုက်ယူလိုက်ပြီး သူမ၏ဝေ့ပေါ ပေါ်သို့တင်လိုက်သည်။


ဒီနေ့တွင်ကွဲပြားခြားနားနေသည်။


စုန့်ထင်းရှန်းနှင့်သူမက wechat တွင် သူငယ်ချင်းဖြစ်ထားပြီးပြီဖြစ်သောကြောင့် သူမတင်လိုက်သောပို့စ်ကိုတွေ့လိုက်ရသည်။


စုန့်ထင်းရှန်း ကနှစ်ခါပြန်ပင်မစဉ်းစားပဲသူမ၏ပို့စ်ကို like ပေးလိုက်သည်။


ထို့အပြင်သူ အနည်းငယ်လည်းပျင်းရိနေသောကြောင့် မန့် ပါဝင်ပေးလိုက်သည်။ 


ယွမ်ရှက သူ၏မန့်ကို ချက်ချင်း reply ပြန်လာလေသည်။


 စုန့်ထင်ရှန်း (ဒီမုန့်ရဲ့ အရသာကတော်တော်လေးကောင်းလောက်တယ်)


ယွမ်ရှ (ကျွန်မရှင်စားဖို့အိမ်ကိုပြန်ယူလာခဲ့တယ်)