အပိုင်း (၈၄)
Viewers 31k

part - 84


လီယွမ်ဟန့်၏ ဇနီးသည်က သူမတို့၏ မင်္ဂလာပွဲနေ့တွင် ယွမ်ရှနှင့် အပြန်အလှန် သူငယ်ချင်းအဖြစ် အပ်ခဲ့ကြပြီး ဖြစ်သည်။ထို့ကြောင့် ယွမ်ရှ၏ ပို့စ်အောက်တွင် စုံ့ထင်ရှမ်းနဲ့ ယွမ်ရှတို့ အပြန်အလှန်ပြောဆိုနေကြသည်ကို မြင်လိုက်ရသည်။


စုန့်ထင်ရှန်းနဲ့ ယွမ်ရှတို့၏ ပြောဆိုမှုက ဘာမှ ထူးထူးဆန်းဆန်းမပါပေ သို့သော်လည်း ထိုကွန့်မန့်များကို မြင်လိုက်ရသည့်ခဏ၌ လီယွမ်ဟန့်၏ ဇနီးသည် ပြုံးလိုက်မိပြီး သူ့ဘေးနားက လူကို ပြောလိုက်သည်။


"နင်ရဲ့ အကိုကြီးကလေ စုန့်ထင်ရှန်းနဲ့ သူ့ဇနီးရဲ့ကြား ဆက်ဆံရေးကမကောင်းလို့ဆိုပြီးတော့ အမြဲတမ်းစိုးရိမ်နေတာ သူက စုန့်ထင်ရှန်းက ကွာရှင်းတော့မယ်လို့ ထင်နေတာလေ ဒါပေမယ့် ငါ့အတွက်ကတော့လေ သူတို့နှစ်ယောက်ကို ကြည့်ရတာ ချိုမြိန်နေတာပဲ ဒီလောက်လက်ထပ်ထားတဲ့ နှစ်တွေ ကြာတာတောင်မှလေ သူတို့ တစ်ယောက်အပေါ် တစ်ယောက် ပြောဆိုဆက်ဆံပုံက တော်တော်လေးကို ကောင်းတယ်..."


လီကျင်းက ယနေ့တွင် နေ့တစ်ပိုင်းခွင့်ယူပြီး ဆေးရုံတက်နေရသော သူမ၏ ဆွေမျိုးတစ်ယောက်ဆီသို့ သူမ၏ ယောင်းမနှင့်အတူ လာရောက်ကြည့်ရှုခြင်းဖြစ်သည်။


ထိုစကားလုံးများကို ကြားလိုက်ရသည့်ခဏ၌ သူမ၏ နှလုံးသားက လည်ချောင်းထဲမှ ခုန်ထွက်လာတော့မလိုမျိုး တုန်လှုပ်သွားပြီး မေးလိုက်သည်။


"နင်က ဘာလို့ အဲ့ဒီလို ပြောရတာလဲ ..."


မစ္စလီက သူမယောင်းမရှေ့တွင် ဘာမှ ဖုံးကွယ်မနေပေ။ပြောရမည်ဆိုလျှင် သူတို့နှစ်ယောက်က သူငယ်ချင်းများလည်းဖြစ်ကြသည်။


သူမ၏ဖုန်းကို လီကျင်းဆီသို့ ထိုးပေးလိုက်ပြီး ပြောလိုက်သည်။


"ကြည့်လေ ..."


လီကျင်းတစ်ယောက် သူငယ်ချင်းအသိုင်းအဝိုင်းထဲတွင် ယွမ်ရှ၏ ပို့စ်ကို မြင်လိုက်ရသည့်ခဏ၌ အံ့သြမှင်သက်သွားမိသည်။


"တကယ်တမ်းတော့လေ လက်ထပ်ထားတဲ့ စုံတွဲတစ်တွဲ ကွာရှင်းဖို့ဆိုတာက လွယ်လွယ်ကူကူလေး မဟုတ်ဘူး...အထူးသဖြင့် သူတို့မှာ ကလေးလေးရှိနေတဲ့ အချိန်မျိုးပေါ့ ...နင့်ရဲ့ အကိုကြီးကလေ ဘာမှမဟုတ်ပဲ အလကားသက်သက် စိုးရိမ်နေတာ ..."


လီယွမ်ဟန့်၏ ဇနီးသည်က သူမယောင်းမ၏ ပြောင်းလဲသွားသော အမူအရာကို သတိမပြုမိပဲ ဆက်ပြောလိုက်သည်။


"ပြီးတော့ ငါကလေ ယောက်ကျားတွေရဲ့ အကြောင်းကို ကောင်းကောင်းနားလည်တယ် ...စုန့်ထင်ရှန်းရဲ့ ဇနီးသည်ကို ကြည့်လိုက်စမ်းပါဦး ဘယ်လောက်တောင်လှလိုက်လဲ ဘယ်ယောက်ကျားမျိုးကများ သူမနဲ့ ကွာရှင်းချင်မှာတဲ့လဲ...သူတို့မှာ အဲ့ဒီလို ချောမောတဲ့ ဇနီးသည်ကို ချစ်ခင် အလိုလိုက်ဖို့ ချော့မြူ ကပ်တွယ်ဖို့ အလုပ်ရှုပ်နေကြတာနဲ့လေ ပြီးတော့လည်း ပြောရမယ်ဆိုရင် သူနဲ့ သူ့ဇနီးသည်က တော်တော်လေးလိုက်ဖတ်တယ် သူတို့ ကလေးလေးကလည်း အရမ်းချစ်စရာကောင်းတယ်..."


လီကျင်းရုတ်တရက်ပင် ရုံးရှိ ရေခဲသေတ္တာထဲမှ ဒူးရင်းလွှာ ကိတ်မုန့်အကြောင်းသတိရမိသွားသည်။ရုံးနားနေခန်းထဲ၌ ဒူးရင်းသီးအနံ့များ အလွန်ပြင်းထန်နေသည်ကို သူမ၏ လုပ်ဖော်ကိုင်ဖက်များပြောသံကို ကြားခဲ့ရသည်။


အကယ်၍ တခြားတစ်စုံ တစ်ယောက်သာ ဒူးရင်းသီးများထည့်ထားခြင်းဆိုပါက သူတို့၏ လုပ်ဖော်ကိုင်ဖက်က သူတို့ကို ဆူပူကြိမ်းမောင်းမည်ဟုပင် ပြောနေသေးသည်။သို့သော်လည်း ကံမကောင်းစွာဖြင့် ထည့်ထားသည့် ပိုင်ရှင်မှာ သူတို့၏ သူဌေးဖြစ်နေခဲ့သည်။


ထို့အပြင် သူမတို့၏ တည်ကြည်ခန့်ညားသော စီအီးအိုနှင့် ထိုဒူးရင်းသီးနှင့် ဒူးရင်းကိတ်မုန့်များက လိုက်ဖက်မညီကြောင်းကိုပင် ပြောဆိုနေကြသေးသည်။


စုန့်ထင်ရှန်း အချိုပွဲများ ကြိုက်နှစ်သက်သည်ကို သူမ သိရှိသွားပြီးနောက် အားလပ်ချိန်ရလျှင် ကွပ်ကီးတစ်ချို့ဖုတ်ပြီး ရုံးသို့ ယူဆောင်လာရန် ကြံစည်ထားသည်။


သူမက မုန့်ကို ယူလာပြီးတော့ ရုံးက လုပ်ဖော်ကိုင်ဖက်တွေကိုလည်း ဝေမျှလိုက်မယ် ပြီးရင် သူ့ကိုလည်း ပေးလိုက်မယ်ဆိုရင်တော့ သူငြင်းပယ်မှာ မဟုတ်ဘူး ဟုတ်တယ်မှတ်လား...


သို့သော်လည်း ထိုဒူးရင်းမုန့်များကို ပြုလုပ်ထားသည်က ယွမ်ရှ ဖြစ်နေမည်ဟုတော့ သူလုံးဝ မထင်ထားခဲ့ပေ။


.......


ယွမ်ရှက ဒီနေ့ အချိုပွဲအဖြစ် မိုချီ လုပ်ခဲ့ခြင်းဖြစ်သည်။(ဒီမှာရေးထားတာက xue mei niang ပါ သူ့ပုံစံက mochi နဲ့တူတူပဲမို့ လူသိများတဲ့နာမည်လေးသုံးလိုက်ပါတယ် အပြင်က မုန့်သားအိအိလေးနဲ့ အထဲမှာ အနှစ်သွတ်ထားတာလေးပါ)


သူမ စတော်ဘယ်ရီအရသာနှင့် သရက်သီးရအသာကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။သူ့၏ မုန့်သားက နူးညံ့ချိုမြိန်ပြီး ဝါးလိုက်သည့်အခါ၌ အနည်းငယ် ပျင်းတွဲတွဲလေးဖြစ်နေသည်။ရေခဲသေတ္တာထဲထည့်ပြီးသည့်နောက်တွင် အရသာပို၍ ကောင်းပေသည်။


စုန့်ထင်ရှန်း စတော်ဘယ်ရီ အရသာ မိုချီတစ်ခုကို မြည်းကြည့်လိုက်သည်။ချိုမြိန်မှု အေးမြမှု နူးညံ့မှုလေးက တဖြေးဖြေးချင်းစိမ့်ဝင်ပျော်သွားသည်။သူက အချိုပွဲများကို ကြိုက်သော်လည်း ချိုကဲသော အစားအစာများကိုတော့ မကြိုက်ပေ။


ယွမ်ရှပြုလုပ်သော မုန့်များက အချိုလွန်ကဲခြင်းမရှိပဲ သူ့အကြိုက်နှင့် အနေတော်သာဖြစ်သည်။သူကချီးကျူးမှုပြုဖို့ ကပ်စေးနဲမနေပဲ ပွင့်ပွင့်လင်းလင်းပြောလိုက်သည်။


"ဒီအရသာက တော်တော်လေးကောင်းတာပဲ..."


ယွမ်ရှ၏ လူမမြင်နိုင်သော အမြီးလေးက မိုးပေါ်သို့ပင် မြှောက်ထောင်နေပေပြီ။


ဒါပေါ့ သူမသိတာပေါ့ သူက အဲ့ဒီနေရာမှာ တော်တော်လေး ပါရမီပါတယ်လေ အရင်တုန်းက ဒါကို အတည်မပြုထားရသေးရုံပဲရှိတာ...


သူမဒီနေရာသို့ ပြောင်းလာပြီးသည့်နောက်တွင် အွန်လိုင်းဗီဲဒီယိုများကိုကြည့်၍ မုန့်တစ်ချို့ကို လိုက်လံ ပြုလုပ်ခဲ့ဖူးသည်။ယခု သူမ၌ ပိုက်ဆံနှင့် အားလပ်ချိန်ရှိနေလေရာ သူမဘဝအတွက် အထောက်အကူပြုနိုင်သော ကျွမ်းကျင်မှုများကိုလည်း သင်ယူသလို သူမဝါသနာပါသည့် အရာများကိုလည်း သင်ယူပေမည်။


အရင်က အိမ်အကူအန်တီနှင့် ဝမ်လေးတို့ကလည်း သူမ၏ အချိုပွဲများလက်ရာကို ချီးကျူးပြောဆိုခဲ့ဖူးသော်လည်း စုန့်ထင်ရှန်းဆီမှ ချီးကျူးမှုလောက် မပျော်ရွှင်ခဲ့ပေ။


ဘာလို့လဲ...


ဘာလို့လဲ ဟုတ်လား ဘာလို့လဲ ဆိုတော့ ဒီလူက ချီးကျူးခဲတယ်လေ...