အပိုင်း (၈၅)
Viewers 31k

part 85


စုန်ထင်ရှန်းတစ်ယောက် သူမ၏ပျော်ရွှင်ပြီး ဂုဏ်ယူဝင့်ကြွားနေသောအပြုံးကိုမြင်ပြီးနောက် အနည်းငယ် ဇဝေဇဝါဖြစ်သလိုခံစားလိုက်ရသည်။


သူမအပေါ် သူနားလည်ထားသလိုပြောရမည်ဆိုပါက ၄င်းကသူနားလည်ထားသလိုအမူအကျင့်နှင့်ကွဲထွက်နေလေသည်။


မြို့တော် Aကိုအလုပ်ခရီးပြီးတဲ့အချိန်ထဲက သူမဘာတွေဖြစ်သွားတာလဲ....

အဲဒီအချိန်ထဲက ပြောင်းလဲသွားတာပဲ..

သူမက ဝမ်လေးကိုလည်း အချိန်ပိုပေးလာပြီးတော့ အပြင်ထွက် အပျော်အပါးရှာတာလဲမလုပ်တော့ဘူး။သူမ အင်္ဂလိပ်စကားပြောသင်တဲ့အချိန်နဲ့ မုန့်ဖုတ်သင်တန်းကိုသွားတဲ့အချိန်ကလွဲရင် ကျန်တဲ့အချိန်အများစုက အိမ်မှာပဲ သူမကတကယ်ကိုရွက်ဖူးအသစ်လေးလိုပြောင်းလဲသွားပုံပေါ်နေပြီးတော့မိခင်ကောင်းတစ်ယောက်ဖြစ်ဖို့ကြိုးစားနေပုံပေါ်တယ်။ဒါပေမဲ့ဘာကြောင့်လဲ....


အစောပိုင်းကသူမ၏နှလုံးသားကိုမည်သည့်အရာကပြောင်းလဲစေခဲ့မှန်းကိုသူစိတ်မဝင်စားခဲ့ပေ။သို့သော် အခုတွင်သူသိချင်လာပေသည်။ပြောရမည်ဆိုလျှင် လွန်ခဲ့သည့် လေးနှစ်လုံး သူမက ဝမ်လေးကိုလျစ်လျူရှုထားခဲ့သည်။ကလေးလေးက အစပြုပြီးသူမကို ချဉ်းကပ်နေတောင်မှ သူမက တုန့်ပြန့်မှုအလျဉ်းမရှိပဲ စိတ်အနှောက်ယှက်ပင်ဖြစ်တတ်သည်။


"မားမား ပေါင်ပေါင်လဲစားချင်တယ်လေ..."


ဝမ်လေးက ယွမ်ရှ၏ အင်္ကျီစကိုဆွဲလိုက်ပြီး သနားစဖွယ်အကြည့်လေးဖြင့်ပြောလိုက်သည်။


ယွမ်ရှက သူကိုသတိပေးသလိုပြန်ကြည့်၍ပြောလိုက်သည်။


"မားမား သားအတွက်လည်း တစ်ခုလုပ်လာပေးတယ်လေ။ဒါပေမဲ့သားစားပြီးသွားပြီမဟုတ်ဘူးလား...

တစ်ခါစားပြီးရင်တော်ပြီပေါ့..."


ထို့သို့ပြောလိုက်သည်နှင့် ဝမ်လေးက စိတ်ဆိုးတကြီးဖြစ်သွားပြီးသူ၏ဖောင်းဖောင်းတုတ်တုတ်လက်ကလေးများကို လက်သီးဆုပ်ဖြင့်ပြောင်းကာ လက်မောင်းကို ဆန့်တန်း၍ အော်ပြောလိုက်သည်။( လက်နှစ်ဖက်ကို ခန္ဓါကိုယ်ဘေးကပ် လက်သွးဆုပ်တဲ့ပုံစံလေးပါ)


"မားမားက သားအတွက်လုပ်ထားတာက သေးသေးလေး

ပါးပါးတွက်လုပ်ပေးတာကြတော့အကြီးကြပဲ...

ပြီးတော့သားအတွက်ကိုကျတော့ တစ်ခုတည်း ပါးပါးအတွက်က်ိုကြတော့ အများကြီးပဲ..

မားမားက တအား ဘက်လိုက်တယ်..."


ဝမ်လေး၏ စောဒကတတ်မှုကတကယ်ကိုတိကျသည်။ 


ယွမ်ရှက ကလေးလေးတွက် မိုချီကို စူပါးမားကက်များတွင်ရောင်းနေသည့်အရွယ်အစားတိုင်းပြုလိုက်ထားခဲ့ပြီး စုန့်ထင်းရှန်း တွက်ကိုမှု ပို၍ကြီးထားခဲ့သည်။ပေါက်စီလုံးလေးက ထိုခြားနားချက်ကို သတိပြုမိသွားလိုက်မည်ဟုသူမ မမျှော်လင့်ထားခဲ့ပေ။


"ဒါပေမဲ့ ပေါင်ပေါင်က ပါးပါးလို မျိုးမပိန်ဘူးလေ..."


ယွမ်ရှက အနည်းငယ်မျှပင်အပြစ်ရှိသလို မခံစားရပဲပြောလိုက်သည်။


"ပြီးတော့ ပါးပါး လူကြီးဖြစ်နေပြီ။ပေါင်ပေါင်ကတော့ ကလေးပဲရှိသေးတယ်။ပါးပါးရဲ့ အစားသောက်တွေက အမြဲတမ်းသားထက်ပိုများတယ်။ဆရာဝန်ကလည်း သားဝိတ်လျော့ရမယ်လို့ပြောထားတယ်လေ။

မူကြိုကျောင်းမှာလည်းသားတစ်ယောက်တည်း ဖက်တီးလေးဖြစ်နေတာ...."


ဝမ်လေးက သူအတွက်ပြင်ပေးထားသည့် ကလေးထိုင်ဆိုဖာလေးပေါ်တွင်ထိုင်ချလိုက်ပြီးစူပုတ်ပုတ်ဖြင့်ပြောလိုက်သည်။


"မားမားကသားကိုမချစ်ဘူး ဒါကြောင့်မို့လို့သားကိုစားခွင့်မပေးတာ..."


ထိုနေရာတွင် မရှိသည့်လူလို လျစ်လျူရှုခြင်းခံထားရသည့် စုန့်ထင်းရှန်းက ချောင်းအနည်းငယ်ဟန့်လိုက်သည်။ 


"သားမားမားက ဒါကိုသားကောင်းဖို့အတွက်လုပ်နေတာလေ ဝမ်လေး မားမားရဲ့စကားကိုနားထောင်ရမယ်..."


ပေါက်စီလုံးလေးက စုန့်ထင်းရှန်းကိုချက်ချင်းပင်ချေပလိုက်သည်။


"ပါးပါး ဝင်မပါ ပါနဲ့။ဒါက သားသား မားမား တို့ကြားထဲက ကိစ္စသားတို့ဘာသာဖြေရှင်းကြမယ်။"


စုန့်ထင်းရှန်း "....."


 ကောင်းပါပြီ။

သူသားလေးကတော့ တဖြေးဖြေးနဲ့ တတ်သထက် တတ်လာတေ့ာတာပဲ...


ယွမ်ရှက နံရံကိုတည်ငြိမ်စွာမှီလိုက်ပြီး 


"ပေါင်ပေါင် အခုလိုမျိုး အချိုတွေ အများကြီးစားနေမယ်ဆိုရင် ဘာဖြစ်လာမလဲသိလား..."


သူမဖုန်းကိုထုတ်ယူလိုက်ပြီး အွန်လိုင်းမှ ကျန်းမာရေး အချက်လက်များကိုကျယ်လောင်စွာ ဖတ်ပြလိုက်သည်။


"ပထမဆုံး ဝလာမယ်..."


ဝမ်လေးက သူ၏ လက်တစ်ဖက်ကိုမြှောက်လိုက်သည်။ 


"သားဝလာမှာကိုမကြောက်ဘူး ဘယ်လိုပဲဖြစ်ဖြစ် သားကဝနေပြီသား... "


"သားရဲ့ အရိုးတွေက ပွလာမယ်။နည်းနည်းလေးလှုပ်ရှားလိုက်တာနဲ့ လွယ်လွယ်လေးမောပန်းလာမယ်။ဆံပင်ဖြူတွေလည်းပေါက် လာမယ်..."


ကလေးလေးက မျက်တောင် တဖြတ်ဖြတ်ခတ်လိုက်သည်။


"ဘာပဲဖြစ်ဖြစ် သားက ဆံပင်အနက်ရောင်ကိုလည်းမကြိုက်ဘူးအဲတော့ ဆံပင်ဖြူဖြင့်ပြောင်းသွားလည်းအဆင်ပြေတယ်..."


ယွမ်ရှ"..." 


"ကောင်းပြီ။

ဒီမှာ တစ်ခြားအချက်လက်တွေလည်းရေးထားတယ်။အချိုတွေကို အများကြီးစားလို့ချင်ရင် သည်းခြေကျောက်လည်းတည်နိုင်တယ်။ပြီးတော့ ရင်သားကင်ဆာလည်းဖြစ်နိုင်တယ်..."


ဝမ်လေးက နတ်ဆိုးလေးတစ်ကောင်ကဲ့သို့ဘာကိုမှ အလေးမထားသောပုံစံမျိုးဖြင့်..


" မားမားပြောတဲ့ သည်းခြေကျောက်တည်တယ်ဆိုတာက အချိုအများကြီးစားရင် ဖြစ်မယ်လို့ပြောတာလေ သားက အချိုအများကြီးမှမစားဘူးတာ..."


"စုန့်ရှုယန် ဒီနေ့အရိုက်ခံချင်နေတာလား...ဟုတ်လား..."


ယွမ်ရှ စိတ်ဆိုးဒေါသထွက်သလိုပုံစံမျိုးဖြင့်ကလေးဆီသို့လျှောက်သွားလိုက်ပြီး သူကိုကောက်ပွေ့ကာ ဆိုဖာကြီးဆီသို့ချီသွားလိုက်သည်။ထို့နောက် သူမ၏ လက်များကိုဆန့်ထုတ်ခါ ကလေးလေးကို စတင်၍ ကလိထိုးနေတော့သည်။


နောက်ဆုံး၌ အမေနဲ့သားစုံတွဲက ဆိုဖာပေါ်တွင်လုံးထွေးနေပြီး ပြောလက်စ စကားအကြောင်းအရာက ရပ်တန့်သွားလေတော့သည်။


စကားများများမပြောခဲ့သော စုန့်ထင်းရှန်း ကခေါင်းကိုငုံ၍ သူပန်းကန်ထဲတွင်ရှိသော မိုချီများကိုကြည့်လိုက်သည်။


သည်းခြေကျောက်တည်တာနဲ့ ရင်သားကင်ဆာ...(သူက ရင်သားကင်ဆာဆိုလို့ အဲ့အတိုင်းပဲထည့်လိုက်ပါတယ်)


 စုန့်ထင်းရှန်း အစားစားချင်စိတ်ပါပျောက်သွားသည်။ 


ငါလည်း အဲ့လိုရောဂါတွေမဖြစ်ချင်ဘူးလေ။