အပိုင်း ၁၁၇-၁၁၈
Viewers 20k

Chapter 117

အလုပ်များနေချိန်၌ အချိန်မှာ ကုန်လွယ်လှသည်။ 

ချန်းဟွမ်၏ စားသောက်ဆိုင်သည် လမ်းကြောင်းမှန်ပေါ်သို့ရောက်နေပြီဖြစ်၏။

 သူမ၏အစားအသောက်များက အရသာရှိသောကြောင့် စီးပွားရေးက ပုံမှန်အတ်ိုင်း လည်ပတ်နေသည်။

ထမင်းစားချိန်များတွင်နေရာလွတ်မရှိဘဲ တစ်ချို့အချိန်များတွင် တစ်နာရီမှ နှစ်နာရီအထိစောင့်ဆိုင်းရတတ်၏။

 ကျန်းမင်ယွမ် ဆယ်ရက်ကြာ အလုပ်ကိစ္စဖြင့် ခရီးထွက်ပြီး ဒီဇင်ဘာ ၁၆ ရက်နေ့တွင် ပြန်လာခဲ့သည်။ 

သူပြန်လာသောနေ့သည် သောကြာနေ့ဖြစ်ပြီး Cမြို့တွင် မိုးရွာနေသည်။လေထုက အေးပြီး စိုစွတ်နေ၏။

 လေယာဉ်ပေါ်ကဆင်းပြီးနောက် ကျန်းမင်ယွမ်က ရုံးကိုပြန်လာပြီး အစည်းအဝေးတစ်ခုတက်သည်။ 

လွတ်သွားသော အရေးကိစ္စအတော်များများရှိသည့်အတွက် အစည်းအဝေးကာလမှာ ရှည်ကြာ၏။

အကြောင်းအရာတစ်ခုကို နိဂုံးချုပ်ပြီးချိန်၌ ကျန်းမင်ယွမ်က အချိန်ကို စစ်ဆေးကြည့်သည်။

ညနေ ၅း၃၀ ပင်ရှိနေပြီဖြစ်၏။

ရှင်းရှင်း၏ ကျောင်းဆင်းချိန်ပင်။

သားဖြစ်သူနှင့် မတွေ့ရသည်မှာ ဆယ်ရက်ကျော်ကြာပြီဖြစ်သောကြောင့် ကျန်းမင်ယွမ်က အလွန်သတ်ိရနေ၏။

သူက လက်မြှောက်ပြီး အလုပ်ကိစ္စဆွေးနွေးတော့မည့်သူကို ဟန့်တားလိုက်သည်။

 " ဒီနေ့ဒီလောက်ပဲ... မနက်ဖြန်မှဆက်သွားမယ် "

 မလိုအပ်လျှင် မည်သူမှ အချိန်ပိုမဆင်းချင်ကြပေ။

 ကျန်းမင်ယွမ်၏ စကားဆုံးသည်နှင့် အစည်းအဝေးခန်းထဲရှိသူများက ချက်ချင်းထရပ်ပြီး နှုတ်ဆက်လိုက်ကြသည်။

 ကျန်းမင်ယွမ်က သူ၏ဘေးနားမှ လက်ထောက်နှင့်အတူ အရင်ဆုံးထွက်ခွာလာခဲ့သည်။

 ကျန်းမင်ယွမ်က ထိုသူကို တစ်ချက်ကြည့်ပြီး ပြောလိုက်၏။

“ဘာလို့ မနှိပ်တာလဲ....” 

 လက်ထောက်က သဘောပေါက်သွားပြီး ဓာတ်လှေကားခလုတ်ကို နှိပ်‌ပေးသည်။

ထို့နောက် အောက်တွင် ဒရိုင်ဘာရောက်နေပြီဖြစ်ကြောင်း ပြော၏။

ကျန်းမင်ယွမ်က ခေါင်းငြိမ့်ပြပြီး ဓာတ်လှေကားထဲသို့ဝင်သွားသည်။

ကားပါကင်သို့ရောက်သောအခါ ကျန်းမင်ယွမ် ကားနောက်ခန်းထဲသို့ ဝင်ထိုင်လိုက်၏။

ကားတံခါးပိတ်ပြီးနောက်တွင် ဒရိုင်ဘာက မေးလာသည်။

" ဘယ်ကိုသွားမလဲဗျ "

 " ကျင်းရှို့....." ကျန်းမင်ယွမ်က သတိလက်လွတ်ဖြစ်ပြီး 

ချန်းဟွမ်၏လိပ်စာကိုပြောမိတော့မတတ်ဖြစ်သွား၏။

" အိမ်ပဲအရင်သွားရအောင် "

အိမ်၌ဝင်ယူစရာ အနည်းငယ်ကျန်ရှိနေသေးသည်။

****

 စားသောက်ဆိုင်ဖွင့်သည်မှာ ဆယ်ရက်ရှိပြီဖြစ်ပြီး ချန်းဟွမ် တစ်ချိန်လုံး စိတ်ပူနေစရာမလိုတော့ပေ။  

တစ်နေ့ တစ်ကြိမ် အခြေအနေသွားကြည့်ရုံသာ။

မိုးရွာသောနေ့ဖြစ်၍ နံရံများပင် စိုစွတ်နေ၏။

အပူပေးစက်က လည်ပတ်နေသော်လည်း ဘာမှထူးမလာချေ။

 ဟော့ပေါ့သည် ဤကဲ့သို့ရာသီဥတုမျိုးနှင့် အလိုက်ဖက်ဆုံးဖြစ်သည်။ ချန်းဟွမ်သည် ဆိုင်မှ အပြန်၌ ပါဝင်ပစ္စည်းတစ်ချို့ကို ယူလာခဲ့၏။

ယနေ့ည အိမ်၌ ဟော့ပေါ့ချက်ရန် စီစဉ်ထားသည်။ 

ဟော့ပေါ့လုပ်ရသည်က မခက်‌ခဲချေ။

အဓိကကျသည်မှာ ဟင်းချိုဖြစ်သည်။

သူမ အရိုးရှည်များကို ရေနှင့် ပွက်ပွက်ဆူအောင် တည်ထားပြီး တစ်နာရီခန့် အကြာတွင် ဆယ်ယူလိုက်သည်။

ထို‌နောက် အရိုးများကို နုတ်နုတ်စင်းကာ ထောပတ်နှင့်အတူ သမအောင်ရောမွှေပြီးနောက်

ကြက်သွန်နီ၊ ဆား၊ မုန်လာဥနီ၊ ဂိုချီဘယ်ရီသီးခြောက် နှင့် ခရမ်းချဉ်သီးများ ထပ်ပေါင်းထည့်၏။

 ချန်းဟွမ် ဟင်းရည်ကို ဦးစွာချက်ပြုတ်ခဲ့ပြီး ရှင်းရှင်းအိမ်ပြန်ရောက်ချိန်၌ တစ်အိမ်လုံး ဟင်းရည်နံ့များလှိုင်နေပြီဖြစ်သည်။

 ရှင်းရှင်းသည် အိမ်ထဲသို့မ၀င်မီ၌ပင် နှစ်သက်ဖွယ်ကောင်းသော အနံ့ကိုရလိုက်၏။

နေ့လယ်က စားထားသမျှက ဗိုက်ထဲတွင်မရှိတော့သလိုပင်။

ရှင်းရှင်း ဗိုက်ဆာနေပြီဖြစ်သည်။

သူက တံခါးကိုဖွင့်ပြီးသည်နှင့် ဧည့်ခန်းအတွင်းသို့ ပြေးဝင်လိုက်၏။ 

ရှင်းရှင်းက အနွေးနားကြပ်နှင့် လက်အိတ်များကို ချွတ်ကာ ကျောပိုးအိတ်ကိုပစ်ချပြီး မီးဖိုခန်းထဲသို့ အပြေးအလွှားဝင်သွားသည်။

ရှင်းရှင်းက သူနှင့် လက်လှမ်းမမီသည့် နေရာ၌တည်ထားသော ဟင်းအိုးအတွင်းသို့ကြည့်ရန်ပြင်လိုက်သော်လည်း အရပ်ပုနေ၍ ဘာမှမတတ်နိုင်ချေ။ 

ရှင်းရှင်းကဝမ်းနည်းစွာဖြင့် ချန်းဟွမ်ဘက်ကိုလှည့်ပြီးမေးသည်။

 "မေမေ...ဒါ‌ဘာတွေလဲ...သားလည်းနည်းနည်းစားချင်တယ် "

 “ဒါက ဟော့ပေါ့ဟင်းရည်... အဆင်သင့်မဖြ‌စ်သေးဘူး.... မစားခင် ထည့်ပြုတ်စရာတွေရှိသေးတယ်... ခဏနေရတော့မှာပါ... "

 ချန်းဟွမ်သည် အနွေးထည်အထူကိုချွတ်လိုက်သည်။ ထို့နောက် ရှင်းရှင်းကို နေရာမှ ဖယ်စေပြီး မီးဖိုနားပြန်ကပ်ကာ ကျန်ရှိသောပါဝင်ပစ္စည်းအနည်းငယ်ကို ထည့်လိုက်သည်။

ဟင်းချိုသည် ပွက်ပွက်ဆူနေပြီး အသီးအနှံများနှင့် ဂိုချီဘယ်ရီသီးများလည်းပါဝင်၏။

ချန်းဟွမ်က မီးဖိုကိုပိတ်လိုက်သည်။

ထို့နောက် စားပွဲပေါ်၌ ဂတ်စ်မီးဖိုကို နေရာချကာ ဟင်းရည်အိုးကိုပါတစ်ခါတည်းတင်လိုက်၏။

 ဟော့ပေါ့အိုးထဲထည့်ရမည့် ပါဝင်ပစ္စည်းများကိုလည်း ပြင်ဆင်ထားပြီးဖြစ်သည်။ အမဲသားနှင့် သိုးသားကို လတ်လတ်ဆတ်ဆတ် လှီးဖြတ်ထား၏။

ယနေ့နေ့လည်ခင်းကပင် ဝက်သား ၊သစ်အယ်သီး၊ မုန်လာဥနီတို့ဖြင့် အစာသွပ်၍လောလောလတ်လတ် ‌ပေါင်းထားသည့် ကြက်ဥဖက်ထုပ်များလည်းပါဝင်သည်။

ချန်းဟွမ်သည် ဟင်းသီးဟင်းရွက်နှင့် ပဲပိစပ်ထွက်ကုန်များ၊ လတ်ဆတ်သော ဂေါ်ဖီထုပ်၊ ဘရိုကိုလီနှင့် တို့ဟူး အစရှိသည့် ပစ္စည်းများ အများအပြားကို ဝယ်ယူခဲ့ပြီး ၎င်းတို့အားလုံးကို သေသပ်စွာစီရီထား၏။

ပန်းကန်တစ်ပြားစီက အရွယ်မကြီးသော်လည်း 

ဆယ်ချပ်ခန့်ရှိသည်။ တစ်ချက်ကြည့်ရုံနှင့်ပင် သားအမိနှစ်ယောက်စာထက် ပိုလျှံနေသော အနေအထားမျိုးပင်။

ဂတ်စ်မီးဖိုမှ အပြာရောင်မီးတောက်ထွက်ပေါ်လာကာ ဟင်းရည်က တစ်ဖန်ဆူပွက်လာပြန်သည်။

 ချန်းဟွမ်  အမဲသားတစ်ပိုင်းကို ထည့်ကာ တူဖြင့်မွှေ၏။ထို့နောက် သွားရည်တမြားမြားဖြင့် ဘေးမှ စိုက်ကြည့်နေသော ရှင်းရှင်းကို ပြောသည်။

 "နည်းနည်းစောင့်ရဦးမှာ... ဒီအသားက ကျက်လွယ်ပါတယ်... တစ်မိနစ်ပဲ "

 ချန်းဟွမ်၏စကားဆုံးသည်နှင့် တံခါးခေါက်သံ ထွက်ပေါ်လာ၏။

 ရှင်းရှင်းက အရှေ့မှအစားအသောက်များကိုသာ

အာရုံရောက်နေသောကြောင့် ချန်းဟွမ်က နေရာမှ ထပြီး တံခါးသွားဖွင့်သည်။

 တံခါးအပြင်ဘက်၌ ရပ်နေသူက (၁၁) ရက်ကြာ မတွေ့ခဲ့သော ကျန်းမင်ယွမ်ပင်။

"မင်္ဂလာညနေခင်း.... ညနေစာစားပြီးသွားပြီလား "

 ချန်းဟွမ်သည် ထိုအခိုက်အတန့်တွင် ယခင်အပတ်က အဖြစ်အပျက်ကို ချက်ချင်းဆိုသလို ပြန်လည်သတိရသွားသည်။

သူမသည် တံခါးကို ဆောင့်ပိတ်ချင်သော်လည်း ကျန်းမင်ယွမ်က ကိုယ်လုံးဖြင့်ခံထား၏။

 ချန်းဟွမ်သည် ဆုံးရှုံးသွားသော အခွင့်အရေးအတွက် နောင်တရခဲ့သည်။ 

သူမက ကျန်းမင်ယွမ်ကို အထဲဝင်ခိုင်းလိုက်ကာ တံခါးကိုပြန်ပိတ်ပြီးမေး၏။

 “ရှင်ရောစားပြီးပြီလား”

လက်ထဲတွင် အိတ်အနည်းငယ်ကို ကိုင်ဆောင်ထားသည့် အမျိုးသားက လှည့်ကြည့်ကာ ညစာ မစားရသေးကြောင်း ပြောလာသည်။

 သူသည် ဝတ်စုံပြည့်ဝတ်ထားပြီး အနည်းငယ်ပင်ပန်းနေပုံရ၏။ သူ့အကြည့်က နူးညံ့သည်။

 "ဒီမှာ ညစာစားလို့ရမလား" ကျန်းမင်ယွမ်က ချန်းဟွမ်အား ခပ်တိုးတိုးမေးလာ၏။

သေချာပေါက်မရပေ။ချက်ချင်း ထွက်သွားသင့်နေပြီဖြစ်သည်။

Xxxxx

Chapter 118

ချန်းဟွမ်က အံကြိတ်ထားမိသည်။

သူမသ ကျန်းမင်ယွမ်ကို ဆွဲထုတ်ပစ်ချင်သော်လည်း ကံဆိုးစွာဖြင့်ပင် အိမ်တွင်းသစ္စာဖောက်ကလေးက

ကျန်းမင်ယွမ်အားလမ်းပြခဲ့ပြီးဖြစ်သည်။

 ရှင်းရှင်းသည် စက္ကန့်ကိုရေတွက်နေရင်း အသားကို စိုက်ကြည့်နေ၏။ 

၆၀မပြည့်ခင်အချိန်၌ ရင်းနှီးသောအသံကိုကြားရသဖြင့် လှည့်ကြည့်လိုက်‌သည်။

ထိုအခါ အဖေဖြစ်သူပြန်ရောက်နေကြောင်း သိလိုက်ရ၏။

 ရက်အနည်းငယ်ကြာပြီဖြစ်သောကြောင့်  သူ့ အဖေကို လွန်စွာသတိရနေမိသည်။

ကလေးငယ်သည် အသားများကို လျစ်လျူရှုကာ ကုလားထိုင်ပေါ်မှ ဆင်းသွား၏။

ထို့နောက် ကျန်းမင်ယွမ်ထံသို့ ပြေးသွားပြီး ခြေသလုံးကိုဖက်ကာ ဘောင်းဘီစကို ဆွဲကိုင်လိုက်သည်။

  "ဖေဖေ....."

 " သားသား.... "

ကျန်းမင်ယွမ်က လက်ထဲမှ အိတ်များကို ချလိုက်ပြီး ရှင်းရှင်း၏ပါးပြင်ကို ငုံ့နမ်းလိုက်၏။

ကျန်းမင်ယွမ်၏ ပါးသိုင်းမွှေးရိတ်ထားသည့်နေရာများမှ အထိအတွေ့ကြောင့် ရှင်းရှင်းက ယားယံကာ တခစ်ခစ်ရယ်ပြီး ရှောင်သည်။

သို့သော် ဘောင်းဘီစကို မလွှတ်သေးချေ။

ရှင်းရှင်းက ကျန်းမင်ယွမ်ကို ထမင်းစားခန်းဆီ ဆွဲခေါ်သွား၏။

 "ဖေဖေ....မေမေက ဟော့ပေါ့လုပ်ထားတယ်...  အရမ်းအရသာရှိတယ် "

 အိမ်၌ ဟော့ပေါ့သောက်ခြင်းက ကျန်းမင်ယွမ်အတွက် ပထမဆုံးအကြိမ်ဖြစ်သည်။

ရှင်းရှင်းက မြည်းစမ်းမကြည့်ရသေးသော်လည်း

အပြည့်အဝထောက်ခံနေ၏။

မည်သို့ပင်ဆိုပါစေ မေမေချက်သမျှက အရသာရှိသည်။

 ဆွဲ‌ခေါ် ခံရသော ကျန်းမင်ယွမ် သည် အရှေ့သို့ ခြေလှမ်းအနည်းငယ် လှမ်းခဲ့၏။

ထို့နောက် သူသည် ကလေး၏ပါးပြင်ကို ပွတ်သပ်ကာ ညွှန်ကြားချက်ကို စောင့်ဆိုင်းနေသကဲ့သို့ အုပ်ထိန်းသူကို လှည့်ကြည့်လိုက်သည်။

 ကျန်းမင်ယွမ်က အပြုံးများကို ထိန်းချုပ်မထားခဲ့ပေ။

ထို့ကြောင့်ချန်းဟွမ်ခမျာ ကတုန်ကယင်ဖြစ်သွားပြီး သူမ၏ရှေ့၌ရှိသော သစ္စာဖောက်ကလေးထံ အကြည့်လွှဲလိုက်သည်။

 “အ-အင်း .... ဟုတ်တယ်...အတူလာစားလေ "

ထိုအချိန်၌ ဟော့ပေါ့အိုးထဲမှ အမဲသားက ကျက်နေပြီဖြစ်၏။ ရှင်းရှင်းသည် သူ၏ကိုယ်ပိုင်ထိုင်ခုံပေါ်သို့ ပြန်တက်ကာ အိုးအတွင်းမှ အသားများကို စိုက်ကြည့်လျက် ပြာယာခတ်နေတော့သည်။

  "ဖေဖေ... သားကို အသားပေးပါ "

 “ဟုတ်ပါပြီဗျာ...”  စားပွဲပေါ်တွင် တူနှစ်စုံရှိ၏။

 တစ်စုံမှာ ချန်းဟွမ်အတွက်ဖြစ်ပြီး  ကျန်တစ်စုံမှာ လိုရမယ်ရချထားသလိုပင်။

 ကျန်းမင်ယွမ်က ကျန်တစ်စုံကို ကောက်ယူကာ အသားကိုဆယ်ယူသည်။ထို့နောက် ဆော့စ်နှစ်ပြီး ရှင်းရှင်းကို ကျွေးလိုက်၏။

 ရှင်းရှင်း၏ဆော့စ်ကို နှမ်းငါးပိ၊ မြေပဲထောပတ်စသည်တို့ဖြင့်  ပြုလုပ်ထားသည်။ အလွန်အရသာကောင်း၏။

 အမဲသားသည် အလွန်ပါးလွှာပြီး အရသာရှိသော ဟင်းရည်များစွာကို စုပ်ယူထားသည်။ဆော့စ်နှင့်ပေါင်းစပ်လိုက်ချိန်တွင် အရသာက နှစ်ဆတိုးသွား၏။

 ရှင်းရှင်းက အချိန်တိုအတွင်း၌ပင် ဝါးပြီးသွား၍ နောက်တစ်လုတ်ထပ်တောင်းသည်။ ကျန်းမင်ယွမ်က နောက်တစ်ခါထပ်ခွံ့၏။

ချန်းဟွမ်က ကျန်းမင်ယွမ်အတွက် မီးဖိုချောင်ထဲသို့သွား၍ ဆော့စ်သွားမစပ်ပေးမီ ခပ်တိုးတိုးမေးလာသည်။

 "ဘယ်လိုအရသာမျိုးကြိုက်လဲ"

 "ရပါတယ်.... မင်းဟာနဲ့အတူတူပဲလုပ်ပေး"  ကျန်းမင်ယွမ်က ဖြေသည်။

 "ငါက ချေးမများပါဘူး "

 ချန်းဟွမ်၏ဆော့စ်သည် ရှင်းရှင်းထက် အနည်းငယ် အရသာပိုပြင်းသည်။ 

အိမ်လုပ်အမဲသားဆော့စ်အနှစ်နှင့် အစပ်အရသာလည်း ပါပါဝင်၏။ထိုဆော့စ်က ပို၍ကောင်းသည်။

 ကျန်းမင်ယွမ်၏ ရှေ့၌ ဆော့စ်ခွက်ကိုချ‌ပေးရင်း ချန်းဟွမ်က အေးစက်စွာပြောသည်။

 " ဒီမှာ "

 ကျန်းမင်ယွမ်က ဆော့စ်ခွက်နှင့် တူချောင်းများကို ကြည့်ပြီး သူမဘက်သို့ လှည့်ကာ နှစ်လိုဖွယ်ကောင်းစွာ ပြုံးပြလာသည်။  

"ကျေးဇူးပဲ "

 သူသည် ရုပ်ရည်ချောမောပြီး ပြုံးလိုက်သောအခါ ပို၍ပင်ကြည့်ကောင်းသေး၏။

ချန်းဟွမ်က စက္ကန့်အနည်းငယ်ခန့် မင်သက်သွားသည်။

ထို့နောက်တွင် အသိစိတ်ပြန်ဝင်လာပြီး ကုလားထိုင်ကို ဆွဲထုတ်ကာ စားပွဲတွင်ဝင်ထိုင်၏။

အိုးအတွင်းရှိ အသားအားလုံးကို ရှင်းရှင်းက စားပစ်လိုက်သည်။ထို့ကြောင့် ကျန်းမင်ယွမ်က အသားအနည်းငယ်ကို ထပ်ထည့်လိုက်၏။ 

ဟင်းရည်ထဲ၌ ရောယှက်နေသော ပါဝင်ပစ္စည်းမျိုးစုံက အလွန်ကြည့်ကောင်းသည်။

ဆိုးရွားသည့်အရာမှာ မကျက်သေးသောကြောင့် စားသုံး၍မရသေးခြင်းဖြစ်၏ ။

အမဲသားလွှာသည် ဟင်းရည်ထဲ၌ နှစ်ကြိမ်ခန့်မွှေပြီးနောက် ကျက်သွားပြီဖြစ်သည်။

ချန်းဟွမ်သည်  သူမ၏ ပန်းကန်လုံးထဲသို့ အသားကို ယူမထည့်ရသေးမီအချိန်တွင် နံဘေးရှိ အမျိုးသားက အသားပိုင်းတစ်ခုကို သူမပန်းကန်ထဲထည့်ပေးလာ၏။

 ကျန်းမင်ယွမ်က သူမ၏မျက်လုံးများကိုစိုက်ကြည့်ပြီးပြောသည်။

 “ဒီတူနဲ့ ငါမစားရသေးဘူး....” 

 "သ-ဪ " ချန်းဟွမ်က ခြောက်ကပ်စွာ ပြန်ဖြေလိုက်၏။

 ထို့နောက် သူမသည် အခြားတစ်ဖက်သို့လှည့်ကာ ပါးစပ်ထဲသို့ ထိုအသားပိုင်းကို ထည့်လိုက်သည်။

Xxxxx