အပိုင်း ၇
ကျွန်မ ဒီနေ့ အိပ်ယာကနေ နောက်ကျမှ ထခဲ့တာကြောင့် မအိပ်ချင်ဘူး။ ဒါပေမယ့် စုန့်ချွမ်ရဲ့စကားတွေကို ကြားတဲ့အချိန်မှတော့ အပူပေးအုတ်ကုတင်ပေါ်မှာပဲ လှဲအိပ်ချင်နေတော့တယ်။
စောင်က အသစ်စက်စက်.... နူးညံ့ပြီး နွေးထွေးလွန်းတယ်။ စောင်မရှိရင်တောင် ခန်က အပူရှိန်က နွေးနေသေးတယ်။ ဘာမှမလုပ်ဘဲ ဒီမှာ အိပ်နေရင်တောင် ဘယ်သူ့ကမှ ကျွန်မကို လာပြီး ဆဲဆိုနေမှာ မဟုတ်ဘူး။ ဘာကိုမှလည်း စိုးရိမ်နေစရာ မလိုဘူး။
ကျွန်မရဲ့နှုတ်ခမ်းထောင့်တွေ အလိုလို တွန့်ကွေးသွားပြီး နှလုံးသားက သက်တောင့်သက်သာရှိမှုကို အပြည့်အဝ ခံစားနေရတယ်။
တည်ငြိမ်ပြီး လုံခြုံမှုရှိတဲ့ဘဝတစ်ခု.... အတွေးထဲမှာတောင် တစ်ခါမှ မမျှော်လင့်ခဲ့ဘူး။
"မင်း ဘာလို့ မအိပ်သေးတာလဲ? မအိပ်ချင်ဘူးလား?"
အဲဒီလူက ခန်ကုတင်အစွန်းမှာ ရပ်နေပြီး နူးညံ့တဲ့မျက်လုံးတွေနဲ့ ကျွန်မကို စိုက်ကြည့်နေပြန်တယ်။
သူ့မှာ နက်နဲ့တဲ့ အသွင်အပြင်နဲ့ ထက်မြက်ပုံရတဲ့ မျက်လုံး တောက်တောက်တွေရှိတယ်။
သူ့အသံက လေးနက်နေပေမယ့် ကြင်နာမှုတွေ ရှိနေတုန်းပဲ၊ သူ့ပုခုံးတွေကလည်း ကျယ်တယ်။
"ဒီနေ့ အိပ်ယာထနောက်ကျလို့ အိပ်ရေးဝနေပြီ"
ကျွန်မ သူ့ကို ပြန်ဖြေလိုက်ပေမယ့် ကျွန်မရဲ့အသံက ဘာကြောင့်မှန်းမသိ ပုံမှန်ထက် ပိုနူးညံ့နေတယ်။
သူက ဖိနပ်ချွတ်ပြီး အပူပေးအုတ်ကုတင်ပေါ်ကို တက်လာတယ်။ နောက်တော့ သူက ကျွန်မနောက်မှာ ငြိမ်ငြိမ်လေး ဝင်လှဲနေခဲ့တယ်။
"ကျွန်မတို့ အိမ်နောက်ဖေးက လွတ်နေတာကို ကျွန်မ သတိထားမိတယ်။ ကျွန်မ မြေကြီးတွေကို ထွန်ယက်ပြီး ဆောင်းဦးသီးနှံတစ်ချို့ စိုက်ဖို့ စဉ်းစားနေတာ။ ရှင် ဘယ်လိုထင်လဲ?"
"အင်း၊ ကောင်းတယ်"
"နောက်နှစ် နွေဦးပေါက်လို့ ရာသီဥတု နည်းနည်းပူလာရင် ကျွန်မ ကြက်နည်းနည်းမွေးမယ်။ ကြက်တွေက ဥနိုင်တယ်၊ ပြီးတော့ ကျွန်မတို့ ကြက်သားလည်း စားနိုင်လိမ့်မယ်။ အဲဒါကိုရော ရှင် ဘယ်လိုထင်လဲ?"
"အင်း၊ ကောင်းတယ်"
"မီးဖိုချောင်မှာ ဗီရိုအသေးတစ်ခု လိုနေသေးတယ်၊ ရှင် တစ်ခုလောက် ထပ်လုပ်ပေးလို့ ရမလား?"
"အင်း"
"ဘာလို့ 'အင်း' လို့ပဲ ပြောနေတာလဲ?”
ကျွန်မ နောက်ကို လှည့်ပြီး သူ့ဘက်ကို မျက်နှာမူလိုက်တယ်။
သူက ပြုံးနေပြီး ကျွန်မကို စိုက်ကြည့်နေပြန်တယ်။
ကျွန်မတို့ အရမ်းနီးကပ်နေတော့ ကျွန်မ နည်းနည်းလန့်သွားပြီး ခေါင်းငုံ့လိုက်မိတယ်။
“မိန်းမ…”
သူက ခပ်တိုးတိုး အသံလေးနဲ့ ခေါ်လိုက်ပြီး အဆုံးသတ်လေသံက သံရှည်ဆွဲနေတဲ့အသံဖြစ်ပြီး အသက်ရှုသံက နည်းနည်းတော့ မမှန်တော့ဘူး။
သူက သူ့လက်ကို ဆန့်ပြီး ကျွန်မကို ပွေ့ဖက်လိုက်တယ်။ ပြီးတော့ သူက ကျွန်မကို သူ့ရင်ခွင်ထဲမှာ တင်းနေအောင် ဖတ်ထားခဲ့တယ်။
ကျွန်မလည်း မလှုပ်ရဲတာကြောင့် သူ့ကို ဒီအတိုင်း ဖက်ခွင့်ပေးထားလိုက်တယ်။
ဒါပေမယ့် ကျွန်မရဲ့နှလုံးက တဒိန်းဒိန်း ခုန်နေပြီး ကျွန်မကို သစ္စာဖောက်နေခဲ့တယ်။
"မကြောက်ပါနဲ့၊ ငါ မင်းကို ခဏလောက် ဖက်ထားချင်ရုံလေးပါ"
တကယ်တော့ သူ ကျွန်မကို ခဏလောက် ပွေ့ဖက်ရုံလေးပဲ မဟုတ်ဘူး။
ယောက်ျားတစ်ယောက် ဘယ်လောက်ပဲ ကောင်းမွန်နေပါစေ။ သူ လိမ်ပြောတဲ့ အခိုက်အတန့်ကတော့ မကြာခဏ ရှိနေဦးမှာပဲ။
ကျွန်မ မျက်လုံး ပြန်ဖွင့်လိုက်တဲ့အချိန်မှာ သူက ကျွန်မဘေးမှာ ထိုင်နေတုန်းပဲ။ အခန်းထဲမှာ ဖယောင်းတိုင်တစ်တိုင် ထွန်းထားပြီး ကောင်းကင်က ဘယ်အချိန်က မှောင်မိုက်သွားလဲတောင် ကျွန်မ မသိတော့ဘူး။
ကျွန်မ စောင်ကို ဆွဲယူပြီး ကျွန်မရဲ့ခေါင်းပေါ်အထိ ဆွဲတင်လိုက်တယ်။
ကျွန်မမှာ ဘာချုပ်တည်းမှု မရှိတော့ဘူး။ လူတစ်ယောက်ရဲ့ အသက်ရှုသံလေး အောက်မှာ ကျွန်မ သူ လုပ်ချင်တာကို လုပ်ခွင့်ပေးလိုက်မိတယ်။
နေ့ခင်းကြောင်တောင် ဒီလိုမျိုး လုပ်တာက... ဘယ်လောက်တောင် အရှက်ကင်းမဲ့တာလဲ!
ဒါပေမယ့် စိတ်နှလုံးရဲ့ ဟိုးအတွင်းပိုင်းအထိ ကျေနပ်ပျော်ရွှင်ရတာတော့ အမှန်ပဲ။
ရွှီလောင်စန်း ကျွန်မကို ကွာရှင်းလိုက်တဲ့နေ့ကတည်းက ကျွန်မ ရုတ်တရက် ရှင်းရှင်းလင်းလင်း သိလိုက်တာ တစ်ခုရှိတယ်။
ကျွန်မက စည်းမျဥ်းစည်းကမ်းတွေနဲ့ ကန့်သတ်ချုပ်ချယ်မှုတွေထဲမှာ ကျွန်မကိုယ်ကျွန်မ ပိတ်ထားခဲ့မိတယ်။ ရွှီလောင်စန်းက ကျွန်မကို ကောင်းကောင်းမဆက်ဆံခဲ့ဘူး။
ဒါပေမယ့် မိန်းမတစ်ယောက်က ကိုယ်ကျင့်တရား ကောင်းပြီး အိမ်ထောင်ရေးတာဝန်တွေကို ကျေပွန်ရင် ခင်ပွန်းသည်ရဲ့လေးစားချစ်ခင်မှုကို ရရှိမှာလို့ ကျွန်မ ထင်ခဲ့မိတယ်။ သူများတွေကလည်း အဲ့လိုပြောခဲ့ကြတာပဲ။
တကယ်တော့ အဲ့ဒါက အလိမ်အညာတွေပဲ။
ကျွန်မလည်း ကျွန်မလုပ်ချင်တာကို လုပ်နိုင်တယ်။ အဆုံးသတ်မှာ ကျွန်မ ဘာမှ မပိုင်ဆိုင်ရရင်တောင် အနည်းဆုံးတော့ ကျွန်မ လွတ်လွတ်လပ်လပ် နေနိုင်သေးတယ်။
ဒီလူကတော့ မယုံနိုင်လောက်အောင် သန်မာလွန်းတယ်။ သူက အားစိုက်ထုတ်မှုနည်းနည်းလေးနဲ့ ကျွန်မကို စောင်အောက်ကနေ ဆွဲထုတ်လိုက်တယ်။
ပြီးတော့ သူက စောင်ခြုံထဲက ကျွန်မကို ငေးကြည့်နေပြန်တယ်။ နောက်တော့ သူက ပြုံးလိုက်ပြီး ဘာမှ မပြောဘဲ ကုတင်ပေါ်ကနေ ဆင်းသွားတယ်။
ကျွန်မ ပြတင်းပေါက်ကို မှီနေရင်း သူ့ကို လိုက်ကြည့်နေမိတယ်။ အပြင်က ကောင်းကင်ကြီးကတော့ မှောင်မဲနေပြီ။
ရှို့အာရဲ့အခန်းက မှောင်နေပေမယ့် တာ့လန်ရဲ့အခန်းကတော့ လင်းနေသေးတယ်။
သူက မီးဖိုချောင်ထဲ ဝင်သွားပြီး ခဏကြာတော့ ယာဂုပူပူလေးတစ်ပန်းကန်နဲ့ ပြန်ရောက်လာပြီး ကုတင်ဘေးမှာ ဝင်ထိုင်လိုက်တယ်။
"ငါ ဒီညအတွက် ရိုးရိုးယာဂုပဲ လုပ်ထားတယ်။ တခြား ဘာလုပ်ရမှန်း မသိတော့ဘူး၊ နည်းနည်းတော့ စားလိုက်ဦး"
ယာဂုက အငွေ့တစ်ထောင်းထောင်း ထနေတုန်းပဲ။ သူက တစ်ဇွန်းကို ခပ်ပြီး လေမှုတ်ပြီးမှ ယာဂုဇွန်းကို ကျွန်မရဲ့နှုတ်ခမ်းနားအထိ ကပ်လာပေးတယ်။
ကျွန်မ ပါးစပ် မဖွင့်တော့ သူက သူ့ပါးစပ်ကို ဖွင့်ပြပြီး “အာ” လို့ အသံပြုရင်း ကျွန်မကို ပါးစပ်ဖွင့်ဖို့ တိုက်တွန်းခဲ့တယ်။ ပြီးတော့ ဇွန်းကို ကျွန်မဆီသို့ ထပ်တိုးကပ်ပေးလာပြန်တယ်။
နောက်ဆုံး ကျွန်မ ပါးစပ်ဖွင့်ပြီး ယာဂုကို စားလိုက်တော့ သူ့နှုတ်ခမ်းထောင့်တွေက ခပ်ကျယ်ကျယ် ပင့်တက်သွားတယ်။
ကျွန်မ စောင်နဲ့ အထုပ်ခံထားရပြီး လက်တောင် မလုပ်ရဘဲ ယာဂုတစ်ပန်းကန် စားပြီးသွားတယ်။
သူက ပန်းကန်လုံးကို ဆေးကြောဖို့ ပြန်ထွက်သွားတယ်။ သူ ပြန်လာတဲ့အခါ သူ့လက်ထဲမှာ ရေစိုနေတဲ့ လက်ကိုင်ပါဝါတစ်ထည်ပါလာပြီး ကျွန်မရဲ့မျက်နှာနဲ့ လက်တွေကို ညင်ညင်သာသာ သုတ်ပေးနေတယ်။
"ရှင်က ဘာလို့ ကျွန်မအပေါ် ဒီလောက်ကောင်းနေရတာလဲ?"
ကျွန်မ ခေါင်းငုံ့ထားပြီး ကျွန်မရဲ့နှုတ်ခမ်းကို ကိုက်ထားမိတယ်။ သူ့ကိုတော့ လုံးဝ မကြည့်ရဲတော့ဘူး။
ကျွန်မ ကြောက်တယ်.... ဒါတွေ အကုန်လုံးက ကျွန်မရဲ့စိတ်ကူးယဉ်အိပ်မက်တစ်ခု ဖြစ်နေမှာကို ကျွန်မ ကြောက်တယ်။ လေပြေတစ်ချက်နဲ့ လွင့်ထွက်သွားနိုင်တဲ့ အိပ်မက်တစ်ခုလို ချက်ချင်း ပျောက်ကွယ်သွားမှာကို ကျွန်မ စိုးရိမ်တယ်။
"ဒါက ကောင်းတယ်လို့ ထင်နေတာလား?"
"ဒါက ကျွန်မ တွေးခဲ့ဖူးသမျှထဲက အကောင်းဆုံးဘဝထက် ပိုကောင်းတယ်"
ကျွန်မ တိုးတိုးလေး ညည်းလိုက်မိတယ်။
"ယောက်ျားက မိန်းမအပေါ် ကောင်းပေးတာ သဘာဝပဲ"
သူက သူ့လက်နဲ့ ကျွန်မ ခေါင်းကို မော့ယူပြီး ရိုးရိုးသားသား နူးနူးညံ့ညံ့ ပြုံးပြနေတယ်။
ဒါဆို ယောက်ျားက မိန်းမကို ကောင်းကောင်း ဆက်ဆံပေးတာ သဘာဝပေါ့လေ။
🌟🌟🌟🌟🌟 Thank you for always being my greatest supporter. 🌟🌟🌟🌟🌟