အပိုင်း ၁၇၉-၁၈၀
Viewers 20k

Chapter 179

Imperial MeowFebruary 07, 2023


Chapter 179


ချန်းဟွမ်သည် သားဖြစ်သူ တီဗီထဲ မပါရသည်ကို ဂရုမပြုအားဘဲ သတင်းတွင် ဖော်ပြခဲ့သည့် မီးဘေးအန္တရာယ်ဆိုင်ရာ ကိစ္စရပ်များကို အာရုံစိုက်နေသည်။ လူတိုင်းသိကြသည့်အတိုင်း စည်းမျဥ်းစည်းကမ်းများအရ မီးသတ်ကိရိယာများကို စစ်ဆေးမှုမရှိခြင်း သို့မဟုတ် စစ်ဆေးရန် ဆန္ဒမရှိလျှင် ဒဏ်ငွေဆောင်ရမည် ဖြစ်လေသည်။


 ရှင်းရှင်း လက်မှ သွေးထွက်ဒဏ်ရာ အဖြစ်အပျက်နှင့် ပတ်သက်၍ သင်ခန်းစာပေးရမည်ဟု ကျန်းမင်ယွမ် ကပြောခဲ့ခြင်းကြောင့် မူကြိူကျောင်း၏ မီးစည်းကမ်းဖောက်ဖျက်မှုများ နောက်ကွယ်တွင် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များကို ရှင်းရှင်းလင်းလင်း မည်သူမှ မသိနိုင်ပေ။


ယခု သူမသည် မူကြိုကျောင်း၏ ဖြေရှင်းချက်ကို သွားတောင်းချင်သော်လည်း သူမ တွေဝေသွားရသည်။ 


သူပြောတာက ဘာလဲ....


ချန်းဟွမ်သည် ကျန်းမင်ယွမ် ပြောခဲ့သည့်စကားများကို မှတ်မိရန်ကြိုးစားရင်း ခေါင်းညိမ့်လိုက်သည်။သူကအသေးအဖွဲကိစ္စတစ်ခုဖြစ်ပြီး သူကိုင်တွယ်လိုက်မည်ဟု ယခင်တစ်ခေါက်ကပြောခဲ့ခြင်း ဖြစ်လေ၏။ယခုလည်း ရလဒ်ကို ကြည့်လိုက်ရုံဖြင့် သူမည်မျှကြိုးစားထားသည်ကိုတွေ့နိုင်ပေသည်။ ချန်းဟွမ်သည် ကျောင်းကို တည်ထောင်ထားသူ၏ ယခုဖြစ်ပျက်နေမည့်ပုံကို တွေးရင်း တစ်ချက်ရယ်လိုက်မိသည်။သူမရယ်သံကိုကြားလျှင် ရှင်းရှင်းက အံ့အားသင့်စွာ နောက်လှည့်ကြည့်လိုက်သည်။


 "မေမေ...ဘာလို့ရယ်နေတာလဲ..."


"ဪ...သားကျောင်းပြန်တက်စရာ မလိုဘူးဆိုတာ တွေးမိလို့ပါ..."


ရှင်းရှင်းက သူမကို ပြန်ကြည့်ရင်း မေးလိုက်လေသည်။


 "ဘာလို့ သားက ကျောင်းတက်ဖို့ မလိုတာလဲ..." 


"သားရဲ့ မူကြိုက ဆရာတွေ အားလုံး အိမ်ပြန်သွားကြလို့လေ..." 


သတင်းများတွင် စည်းကမ်းချိုးဖောက်မှုအားလုံးကို ပြုပြင်ရန် ကျောင်းကို နှစ်လခန့် ပိတ်ထားရမည်ဟု ဆိုသည်။ ထို့ကြောင့် နှစ်သစ်မတိုင်မီ ကျောင်းမဖွင့်ရုံသာမက လာမည့်နှစ်အတွက် ကျောင်းသားသစ်များ ခေါ်ယူခြင်းကိုလည်း ရပ်နားထားမည်ဖြစ်သည်။


တကယ်တမ်းတွင် နှစ်သစ်ကူးမတိုင်ခင် ကျောင်းပြန်ဖွင့်နိုင်လျှင်တောင် မိဘတော်တော်များများက ယခုကဲ့သို့ အဖြစ်ကြီး ဖြစ်ထားသည့်အတွက် ကလေးများကို ကျောင်းပြန်တက်ခိုင်းလိမ့်မည် မထင်ပေ။


 


သူမမျှော်မှန်းထားသည်မှာ လုံးဝမမှန်သော်လည်း နီးစပ်ပေသည်။သတင်းကို ထုတ်လွှင့်ပြီးသည်နှင့် မိဘများ၏ group chatတွင် ဝေဖန်သံများ ထွက်ပေါ်ခဲ့လေသည်။ Group ပိုင်ရှင်ဖြစ်သည့် မူကြိူကျောင်းဆရာမမှာ အားလပ်ရက်မတိုင်မီ တစ်ပတ်စော၍ ကျောင်းမှထွက်ရမည်ဟု မက်ဆေ့ခ်ျပို့လိုက်ကာ မိဘများပို့ထားသည့် မက်ဆေ့ချ်များကို လျစ်လျူရှုကာ Groupထဲမှ ထွက်သွားလေသည်။


မိဘများသည် မက်ဆေ့ချ်များကို Groupထဲတွင် မရပ်မနားပို့ခဲ့ကြပြီး ချန်းဟွမ် အနည်းငယ်ဖတ်ပြီးနောက် အဖွဲ့ကို ပိတ်လိုက်ပြီး ချက်ချင်းဆိုသလိုပင် သူမကို အခြားGroup တစ်ခုသို့ တစ်စုံတစ်ယောက်က ဆွဲထည့်လိုက်လေသည်။


 ဤGroupအသစ်ကို အလွန်တက်ကြွသောမိဘတစ်ဦးက ဖန်တီးထားပြီး ဆရာမမှလွဲ၍ လူတိုင်းကို အဖွဲ့ထဲသို့ထည့်သွင်းခဲ့ခြင်း ဖြစ်သည်။ ထို့နောက် Groupပိုင်ရှင်ဖြစ်သူက သူမ၏ ပထမဆုံး မက်ဆေ့ချ်ကို ပို့လိုက်လေသည်။


 [မေမေ တုတု: ကောင်းပြီလေ... ဒီအဖွဲ့ထဲမှာပဲ စကားပြောကြရအောင်နော်... ကျွန်မတို့ ဘာဆက်လုပ်သင့်လဲ....] 


Group ထဲတွင် ဆရာမ မရှိသဖြင့် မိဘများမှာ မည်သည့်အကြောင်းကိုမဆို စိတ်ကြိုက်ပြောဆိုနိုင်လေသည်။တစ်ချို့မိဘများကလည်း မူကြိုထံမှ ပြန်အမ်းငွေ တောင်းချင်သည်ဟု ပြောကြပြီး မကြာမီ ကျောင်းပြန်ဖွင့်စေချင်ဟုလည်း တချို့က ပြောကြပြန်သည်။


အများစုကလည်း သူတို့ကလေးများကို တခြားကျောင်းသို့ ပြောင်းချင်နေကြသည်။ ဤရပ်ကွက်၏ ဘေးတွင်ရှိသော မူကြိုတစ်ခုသည် စျေးသက်သက်သာသာမဟုတ်ပဲ အဆင့်မြင့်ကျောင်း တစ်ခုနှင့် ဆင်တူပေသည်။


ကလေးကို မူကြိုပို့ရန် ငွေတတ်နိုင်သူတိုင်းမှာ အလွန်ဈေးကြီးသည့် ကျောင်းများကိုသာ စဉ်းစားကြလေသည်။ဤဒေသရှိ ဒေသခံများအနေဖြင့် အခြားမိဘများမှာ ချန်းဟွမ်ထက်ပင် ကျောင်းကိစ္စများကို နားလည်ကြလေသည်။ချန်းဟွမ်ကပင် သူတို့ကြောင့် မူကြိုကျောင်းနာမည်အချို့ကို ရင်းနှီးလာရပေသည်။


ထိုကျောင်းများသည် သူမနေထိုင်ရာ ရပ်ကွက်နှင့် ဝေးလွန်းပြီး အလွန် ဈေးကြီးလေသည်။Group ထဲမှမိဘများ မကြာခဏပြောလေ့ရှိသောကျောင်းမှာ Mars မူကြိူဖြစ်သည်။


 "ဖေဖေ ခိုင်ခိုင်- ဒီကျောင်းက ဝင်ဖို့ ခက်တယ်လို့ကြားဖူးတယ်...အဲ့ဒီကျောင်းကို တက်နိုင်ဖို့ အဆက်အသွယ်တွေ ဘာတွေ ရှိလား....] 


ထိုမူကြိူကျောင်းသည် အလွန် ရေပန်းစားသဖြင့် ထိုသူ၏ ‌မက်ဆေ့ခ်ျ အောက်တွင် "မသိဘူး" ဆိုသည့် စာများသာ ထပ်နေပေတော့သည်။


ချန်းဟွမ် :“……” 


ဒီမူကြိုရဲ့ နာမည်က ရင်းနှီးနေသလိုပဲ...  ကျန်းမင်ယွမ် အရင်တုန်းက ပြောဖူးတဲ့ ကျောင်းများလား...


Xxxxxxx


Chapter 180

Imperial MeowFebruary 07, 2023

Chapter 180


နောက်ဆုံးတွင် သူမပြုလုပ်ခဲ့သော ပြဿနာများကြောင့် ယခုကဲ့သို့ ဖြစ်လာရသည်ဟုသာ သူမတွေးမိလိုက်သည်။ ချန်းဟွမ် အပြစ်ရှိသလို အနည်းငယ် ခံစားလိုက်ရပြီး ဖုန်းကို ဘေးချကာ ရှင်းရှင်း ကို ဖက်ပြီး မေးလိုက်သည်။


 " တခြားမူကြိူကို ပြောင်းချင်လား... ချစ်တုံးလေး... "


 "ဘာလို့ တခြားမူကြိူကို သွားရမှာလဲ..." 


"သားရဲ့မူကြိူက အခုပိတ်သွားပြီဆိုတော့ တခြားမူကြိူကို သွားရမှာပေါ့..."


"ကျောင်းကို လုံးဝမသွားလို့ မရဘူးလား...." 


ရှင်းရှင်းက ဆိုဖာပေါ်တွင် မတ်တပ်ရပ်လိုက်ပြီး ချန်းဟွမ်ကို ဖက်ထားလေသည်။ 


"မေမေနဲ့ပဲ အိမ်မှာနေချင်တယ်..." 


"အင်း မရဘူး...သား အဲ့လိုလုပ်လို့မရဘူး..."


 ကလေးလေးက “အို” ဆိုကာ သံရှည်ဆွဲ၍ ညီးညူလိုက်ကာ နှုတ်ခမ်းကိုစူ၍ ပြောလိုက်သည်။


"ဒါဆိုလည်း တခြားမူကြိုက ပိုကောင်းမယ်ထင်တယ်..." 


“လိမ္မာလိုက်တာ...” 


ချန်းဟွမ်က သူ့ပါးကလေးကို ညှစ်လိုက်ပြီး မေးလိုက်သည်။


 "သားသွားချင်တဲ့ ကျောင်းများ ရှိနေလား..."


သူမစကားမှာ အဓိပ္ပာယ်မရှိပေ။


ရှင်းရှင်း က ကလေးရှိသေးတာ... တခြားကျောင်းတွေအကြောင်း သူဘယ်လိုသိနိုင်မလဲလေ...


သိုရာတွင် ချန်းဟွမ်က ရှင်းရှင်း ထံမှ အဖြေကို ကြားလိုသည်မဟုတ်ဘဲ သူမဆက်ပြောရန် အားယူလိုက်ခြင်းပင်။


"သား Mars မူကြိုကို တက်ချင်တယ်..." 


“အဲ့ကျောင်းက တော်တော်ကောင်းတဲ့ကျောင်းပဲ....သားလည်း တက်သင့်တယ်...ဟမ်...သားက ဒီမူကြိုကို ဘယ်လိုလုပ်ပြီး သိနေရတာလဲ..."


ချန်းဟွမ် အံ့သြစွာမေးလိုက်သည်။


ရှင်းရှင်းသည် သူ၏ အိမ်ဆောက်သည့်ဘလောက်စ်တုံးများကို ရှာနေစဉ် သူက ပြန်ဖြေလိုက်သည်။


 "ဖေဖေပြောပြတာ..." 


အင်း... သူက သားကို ကြိုပြောထားတာပဲ...


ထို့ကြောင့် သူပြောခဲ့သည့်အတိုင်း အမှန်တစ်ကယ်ပင် လုပ်လိမ့်မည်ဟု သူမ မထင်ခဲ့ပေ။


ချန်းဟွမ် အနည်းငယ် အံ့သြသွားရပြီး ရယ်ချင်သွားရသည်။


"အိုကေ... Mars မူကြိုကျောင်းပေါ့.." 


နောက်ဆုံးတွင် ဤအထူးမူကြိုကျောင်းသည် မိဘများ group chat တွင် ရေပန်းစားသော ကျောင်းပင် ဖြစ်လေသည်။ မိဘတစ်ယောက်အနေဖြင့် ကိုယ့်သားသမီးများကို အကောင်းဆုံးဖြစ်စေချင်ကြသည်မှာ သဘာဝပင်။


တစ်ချိန်တည်းမှာပင် ကျန်းမင်ယွမ် အပေါ် သူမ ယုံကြည်သင့်သည်ဟု သူမ ခံစားလိုက်ရ‌လေသည်။ သူက မူကြိုကျောင်းကိစ္စကို တာဝန်ယူမည်ဟု ပြောပြီး သူ့စကားကို တာဝန်ယူခဲ့လေသည်။


မဒမ်ကျန်း က သူမတို့ သားအမိနှစ်ယောက်ကို မနှောင့်ယှက်စေရဟု ပြောသည့်အတွက်လည်း သူ့စကားကို တာဝန်ယူနိုင်ပေလိမ့်မည်။


ထိုအချိန်မှစ၍ မဒမ်ကျန်း ထံမှ မည်သည့် လှုပ်ရှားမှုမျိုးကိုမှ သူမ,မမြင်ဖူးသေး။ ချန်းဟွမ်သည် ဆုံးဖြတ်ချက်ချပြီးသည်နှင့်စိတ်သက်သာရာ ရသွားလေ၏။ ထို့နောက် သူမက အသက်ပြင်းပြင်းရှူလ်ိုက်ရင်းမူကြိူကျောင်းအသစ်သို့ ပြောင်းမည့်ကိစ္စနှင့် ပတ်သတ်၍ ရှင်းရှင်းကို ပြောပြလိုက်သည်။


 “‌ မေမေတို့က တခြားကျောင်းကို ပြောင်းရင် အိမ်လည်း ပြောင်းရမှာ... ဖေဖေ့နေရာကို ပြောင်းချင်လား...." 


ရှင်းရှင်း မျက်လုံးများ ပြူးကျယ်သွားကာ သူကိုင်ထားသည့် ဘလောက်စ်တုံးများမှာ လက်ထဲက ပြုတ်ကျသွားလသည်။ စက္ကန့်အနည်းငယ်ကြာပြီးနောက်၊ ကလေးလေး၏ မျက်နှာမှ အမူအရာတို့ ပြောင်းလဲသွားရ၏။သူက ဝမ်းသာအားရ အော်လိုက်ကာ ချန်းဟွမ်ရင်ခွင်ထဲသို့ ပြေးဝင်လာတော့သည်။


 "သားက စိတ်လှုပ်ရှားနေတာလား..." 


ကလေးလေးသည် ခုန်ပေါက်နေသဖြင့် ချန်းဟွမ် ဟန်ချက်ပျက်လုနီးပါးပင်။


"ဒီနေ့ ပြောင်းမှာလား မေမေ...အိမ်အသစ်က တစ််ကယ်အကြီးကြီးပဲတဲ့..., ဖေဖေပြောတာ...” 


 တကယ်တမ်းတွင် သားအဖနှစ်ယောက် ထိုအကြောင်းကို ပြောနေသည်မှာ အတော်ကြာနေပြီ ဖြစ်မည်။ချန်းဟွမ် က စိတ်ဆိုးဟန်ဆောင်ပြီး ရှင်းရှင်း ၏နှာခေါင်းကို ချစ်စနိုးလိမ်ဆွဲလိုက်သည်။


"သစ္စာဖောက်ကလေး....ဖေဖေက ဘာပြောသေးလဲ..." 


“အမေက မပြောင်းချင်ဘူးလို့ ဖေဖေ ကပြောတယ်....” 


ရှင်းရှင်းက လေးနက်စွာ ပြောလိုက်ရင်း သူ့မျက်နှာမှာ ညှိုးငယ်သွားရှာသည်။


" ဖေဖေနဲ့ မေမေ မနေချင်ဘူးလားဟင်...ဒါပေမယ့် တခြားကလေးတွေရဲ့ မိဘတွေအားလုံးက အမြဲအတူနေကြတာ...” 


ချန်းဟွမ်က သားဖြစ်သူရှေ့တွင် အသေအချာ ငြင်းပစ်လိုက်သည်။


"အဲ့လို မဟုတ်ပါဘူး... မေမေတို့က ကိစ္စတစ်ခုကြောင့် ခွဲနေနေတာလေ... အခုပြောင်းမယ်လို့ သားကို ပြောတယ် မဟုတ်လား..." 


ရှင်းရှင်း ခဏစဉ်းစားပြီး ခေါင်းညိတ်လိုက်သည်။ 


"ဒါဆို သားတို့ကို လာကြိုဖို့ ဖေ့ဖေ့ကို ပြောရအောင်နော် မေမေ..."


Xxxxxx