အပိုင်း ၁၈၅-၁၈၆
Viewers 22k

Chapter 185

Imperial MeowFebruary 07, 2023


Chapter 185


ကျန်းမင်ယွမ် ပြောလိုက်သောစကားသည် မီးတောက်ကို ရေနှင့်ငြိမ်းသတ်လိုက်သလို ဖြစ်သွားရပြီး ချန်းဟွမ်တုန်လှုပ်သွားကာ ‌ဘာမှ ဆက်မပြောရဲတော့ပေ။သူမ ထမင်းကို အာရုံစိုက်စားနေလိုက်ပြီး ဘာမှမဖြစ်သလို ဟန်ဆောင်လိုက်သည်။ 


ရှင်းရှင်းသည် ဂေါ်ဖီချဉ်တစ်လုတ်ကို ပါးစပ်ထဲသို့ ထည့်လိုက်သော်လည်း သူ့ပါးစပ်လေးနှင့် မဆံ့သဖြင့် မေးစေ့တွင် ဂေါ်ဖီချဥ်များ တွယ်ကပ်နေဆဲ။ သူက ချက်ချင်းပင် မေးစေ့မှ ဂေါ်ဖီချဉ်များကို လက်ဖြင့် ပါးစပ်ထဲသို့ ထည့်လိုက်ရာ သူ့ပါးစပ်တစ်ဝိုက်တွင် အဆီများ ပေနေကြတော့သည်။


"သားလည်း တော်တော်လှတယ်..." 


ရှင်းရှင်းက ဝင်ပြောလိုက်ရာ ချန်းဟွမ် နှုတ်ဆိတ်နေပြီး ဘာမှပြန်မပြောလိုက်ပေ။ကျန်းမင်ယွမ်ကမူ တစ်ချက်ရယ်လိုက်ပြီး ရှင်းရှင်း ပါးစပ်မှ အဆီများကို သုတ်ပေးလိုက်သည်။ 


 "ဟုတ်တယ်.... ငါတို့ ရှင်းရှင်းက အရမ်းလှတာပဲ..."


ချန်းဟွမ် နှင့် ကျန်းမင်ယွမ် တို့ထံမှ ရုပ်ရည်လှပသော အမွေကို ရှင်းရှင်းက ရရှိထားခြင်းဖြစ်၍ ကျန်းမင်ယွမ် စကားမှာ လိမ်ညာခြင်းမဟုတ်ပေ။


ရှင်းရှင်းသည် ယခုအချိန်တွင် ငယ်သေးသော်လည်း သူချောမောသည်ကို အရိပ်အမြွက်ကလေးမျှ သိနိုင်နေပြီဖြစ်သည်။သူ၏ တိုတောင်းပြီး သန်မာသော ခြေထောက်များပင်လျှင် ရွယ်တူသူငယ်ချင်းများထက် အနည်းငယ်ရှည်နေလေသည်။ ကလေးလေးက အဖေဖြစ်သူက သူ့ချောမောမှုကို အသိအမှတ်ပြုသည့်အတွက် ပျော်နေသော်လည်း အမေဖြစ်သူ၏ စကားကိုလည်း ကြားချင်နေသေးသည်။


ချန်းဟွမ်မှာ ရှင်းရှင်း အော်သံကြောင့် နားစူးသွားရသော်လည်း သူမမပြောမချင်း ရှင်းရှင်းက တရစပ်မေးနေမည်ဖြစ်၍ လှသည်ဟု ပြောဖို့ကလွဲပြီး ရွေးစရာ လမ်းမရှိတော့။


ထိုအဖြေကြောင့် ရှင်းရှင်းမှာ ဝမ်းသာအားရ ထမင်းတစ်လုတ်ကို ပါးစပ်ထဲသို့ ထည့်လိုက်ရာ ပါးနှစ်ဖက်လုံး ဖောင်းနေလျက်နှင့် ပြောလိုက်သည်။


 "မေမေလည်း အရမ်းလှတာပဲ..." 


ချန်းဟွမ်က သူ့ကို ခပ်တည်တည် ပြောလိုက်သည်။


 "ထမင်းစားရင်း စကားမပြောနဲ့လေ..." 


ကလေးလေးသည် သူမအား မတရားဘူးဆိုသည့် အကြည့်ဖြင့် ကြည့်လိုက်ကာ ပါးစပ်ထဲမှ ထမင်းများကို အလောသုံးဆယ် မြိုချလိုက်ပြီး ပြောလိုက်သည်။


 "မေမေ...သား စားပြီးပြီ..."


 


"အင်း..."


"အခု စကားပြောလို့ရပြီလား..." 


"ဆက်ပြောတော့..."


ရှင်းရှင်းက ခါးထောက်ကာ ပါးစပ်ကိုဟပြီး ပြောရန်ပြင်လိုက်သော်လည်း ဘာပြောရမှန်း မသိတော့ပေ။အတန်ကြာကာမှ သူက ပြောလိုက်သည်။


 


“ဒီငါးက အရမ်းအရသာရှိတယ်...” 


ချန်းဟွမ် "……" 


........


ထုံးစံအတိုင်း ကျန်းမင်ယွမ် သည် ညစာစားပြီးနောက် ပန်းကန်ခွက်ယောက်များကို ဆေးကြောသူဖြစ်သည်။ ပန်းကန်များ ဆေးပြီးသည်နှင့် သားဖြစ်သူနှင့် ခဏဆော့လိုက်ပြီး ရေချိုးတော့မည်ဟု ပြောလေသည်။


“အင်း...” 


ဤသည်မှာ ကျန်းမင်ယွမ်၏ ပထမဆုံး အကြိမ် ရှင်းရှင်းကို ထိန်းကျောင်းရခြင်း ဖြစ်သော်လည်း ချန်းဟွမ် လုံးဝမစိုးရိမ်ပေ။


သူမတို့ တိုက်ခန်းကလည်း သိပ်မကျယ်ဘဲ  ရေချိုးခန်းတစ်ခုသာ ရှိလေသည်။ရှင်းရှင်းကို ရေမချိုးပေးခင်မှာ ကျန်းမင်ယွမ်က အနောက်တိုင်းဝတ်စုံကို ချွတ်လိုက်ပြီး ရှပ်အင်္ကျီကြယ်သီးများကို ဖြုတ်လိုက်ကာ အင်္ကျီလက်ကို လိပ်တင်လိုက်ပြီး ဘောင်းဘီကိုလည်း လိပ်တင်လိုက်သည်။ထို့နောက် သူက အပူပေးစက်ကိုဖွင့်လိုက်ပြီး ရှင်းရှင်းကို အဝတ်ချွတ်မပေးမီ ရေချိုးခန်းအတွင်းမှ အပူချိန်ကိုမြှင့်လိုက်သည်။


ချန်းဟွမ်သည် ရှင်းရှင်းကို ရေချိုးပေးသောအခါတွင် ရှင်းရှင်းမှာ အေးဆေးစွာ ရေချိုးသော်လည်း ကျန်းမင်ယွမ် ရေချိုးပေးသည့်အခါ ရေကိုဆော့ကစားနေလေသည်။ရေချိုးခန်းအပြင်ဘက်တွင်ရှိနေသော ချန်းဟွမ်ပင် ရေချိုးခန်းအတွင်းမှ ထွက်ပေါ်လာသော တခစ်ခစ်ရယ်သံများကို အတိုင်းသား ကြားနေရလေသည်။ 


ရှင်းရှင်းကို ရေချိုးပေးသည်မှာ မိနစ် ၂၀ ခန့်ကြာသည်။ထုံးစံအတိုင်း ချန်းဟွမ်လိုပင် ကျန်းမင်ယွမ်လည်း အဝတ်အစားများမှာ ရေစိုနေကြလေသည်။


သူမက သူ့အဝတ်တစ်စုံကို ဗီရိုထဲမှ ဆွဲထုတ်လိုက်ပြီး ပြောလိုက်သည်။


"ရေသွားချိုးချည်တော့လေ..."


ကျန်းမင်ယွမ်က သူမပေးသော အဝတ်အစားများကို ယူပြီး ခေါင်းညိတ်လိုက်သည်။ 


ချန်းဟွမ်သည် ရှင်းရှင်း ဆံပင်ကို ဒရိုင်ယာဖြင့် ခြောက်အောင်မှုတ်ပေးလိုက်သည်။သူတို့သုံးယောက်ကြားတွင် ရေငွေ့ရိုက်နေသော တံခါးတစ်ချပ်သာ ခြားနေသဖြင့် ရေချိုးခန်းထဲမှ ရေကျသံနှင့် ဒရိုင်ယာမှ အသံသည် တစ်ချိန်တည်းတွင် ပီပီသသထွက်‌ပေါ်လာကြပြီး သဟဇာတဖြစ်နေလေသည်။


ရှင်းရှင်း ဆံပင်ကို ခြောက်အောင်မှုတ်ပြီးနောက် ချန်းဟွမ်သည် ရှင်းရှင်းကို စောင်ထဲတွင် အိပ်ခိုင်းလိုက်ပြီး ပုံပြင်စာအုပ်ကို ဆွဲထုတ်လိုက်သည်။


 "ဖေဖေ့ကိုပဲ ဖတ်ခိုင်းမယ်..."


 "ဟုတ်ပါပြီ...သဘော သဘော...."


ချန်းဟွမ်က ရှင်းရှင်း နှာခေါင်းလေးကို ခပ်ဖွဖွ ဖျစ်လိုက်ပြီး ပုံပြင်စာအုပ်ကို ချကာ  ခုတင်တစ်ဖက်မှာထိုင်ပြီး ဖုန်းဖွင့်ပြီး ကြည့်နေလိုက်သည်။ 


ကျန်းမင်ယွမ် ရေချိုးခန်းထဲမှထွက်လာပြီး ဆံပင်ကို မြန်မြန်ခြောက်အောင်သုတ်လိုက်ပြီး အိပ်ခန်းထဲကို လှမ်းကြည့်လိုက်ရာ သားဖြစ်သူက စာအုပ်ကို‌ ဝှေ့ယမ်းပြရင်း မျှော်လင့်တကြီး ပြောလိုက်သည်ကို တွေ့လိုက်ရသည်။


 “ဖေဖေ သားကို ပုံပြင် ဖတ်ပြပါလား...” 


Xxxxx


Chapter 186


ကျန်းမင်ယွမ်မှာ ရှင်းရှင်းစကားကို ကြားလျှင် အံ့ဩသွားရလေသည်။ 


"ဖတ်ပြလိုက်ပါ....ရှင့်သားက ကျွန်မကို ငြီးငွေ့နေပြီ....” 


ချန်းဟွမ်က ကျန်းမင်ယွမ်ကို မကျေမနပ် ပြောလိုက်ပြီး ကုတင်ဘေးရှိ ပုံပြင်စာအုပ်များကိုပြလိုက်သည်။


ကျန်းမင်ယွမ် အနည်းငယ် တုံ့ဆိုင်းသွားသည်။


 "ကိုယ်...တစ်ခါမှ မဖတ်ဖူးဘူး..." 


“ရပါတယ်... စာအုပ်ထဲက အတိုင်းပဲ ဖတ်လိုက်ရတာ..."


ချန်းဟွမ်သည် ကလေးများကို လှည့်စားရာတွင် အလွန်အတွေ့အကြုံရှိသူပီပီ ကျန်းမင်ယွမ်ကို အကြံပေးလိုက်သည်။


 "ဘာပဲဖြစ်ဖြစ် သူ အိပ်ပျော်ရင်ရပြီလေ..."


"အိုး...ဟုတ်သားပဲ...” 


သူမ၏ အကြံကို လက်ခံလိုက်ပြီး ကျန်းမင်ယွမ်က နှုတ်ခမ်းများကို 

စေ့ပိတ်ထားလျက် ပုံပြင်စာအုပ်များထဲမှ တစ်အုပ်ကို ယူကာ ပုံပြင်များထဲမှ တစ်ပုဒ်ကို ဖွင့်ကြည့်လိုက်သည်။ထို့နောက် သူက ဘေးဘီကိုလျှောက်ကြည့်လိုက်ရင်း ကုတင်ဘေးမှာ ကုလားထိုင်တစ်လုံးချထားလိုက်ပြီး ထိုင်ကာ ဖတ်ပြလိုက်သည်။


ကလေးများအတွက် ပုံပြင်များဖတ်ပြရန်မှာ ခက်ခဲသောအလုပ်မဟုတ်ပေ။ ကျန်းမင်ယွမ် ဖတ်နေသည့် ဇာတ်လမ်းမှာ ကျီးကန်းတစ်ကောင်အကြောင်းပင်။


ကျီးကန်းကလေးသည် သူ၏အနက်ရောင်အမွေးမှာ ကြီးကျယ်ခမ်းနားပုံမပေါ်ဘဲ မလှသဖြင့် ဒေါင်းများက သူ့ထက်လှသည်ဟု ခံစားမိသည်။ ဒေါင်းများကို မနာလိုစိတ်ဖြင့် အချိန်များ ကုန်လွန်သွားခဲ့သည်။ နောက်ဆုံးတွင် ကျီးကန်းကလေးသည် သတ္တိမွေးပြီး သန်းခေါင်ယံ၌ ဒေါင်းများ၏ အမွေးများကို ခိုးယူကာ သူ့ကိုယ်ပေါ်တွင် စိုက်ထားလိုက်လေသည်။ ဒေါင်းမွေးများက သူ့အရေပြားထဲထိ ထိုးဖောက်သွားကြသော်လည်း ကျီးကန်းကလေးသည် နာကျင်မှုကို တောင့်ခံလိုက်ပြီး နောက်ဆုံးတွင် သူလှပလာသည်ကို ခံစားလိုက်ရသည်။ မည်သို့ပင်ဆိုစေ  ကျီးကန်းနက်ပေါ်ရှိ ရောင်စုံအမွေးများသည် သူ့ကို လှပအောင်မပြုလုပ်နိုင်ခဲ့ပေ။ သူက အပြင်ကို လှမ်းထွက်လာရုံနှင့် ကျီးကန်ကလေးကို သူ့သူငယ်ချင်းများက လှောင်ပြောင်ကြသည်။  နောက်ဆုံးတွင် ကျီးကန်းကလေးသည် မိမိဘာသာမိမိ ဖြစ်တည်နေခြင်းသည် အကောင်းဆုံးဖြစ်ကြောင်းနှင့် မိမိကိုယ်ကို တန်ဖိုးထားတတ်ရန် သင်ယူခဲ့သည်။ သူသည် အမွေးများကို ဒေါင်းထံသို့ ပြန်ပေးကာ သူ့အမှားကိုလည်း ဝန်ခံ၍ သူ့ကို ထိန်း‌ကျောင်းပဲ့ပြင်ရန် တိရစ္ဆာန်အကျဉ်းထောင်တွင် ပိတ်လှောင်ခံခဲ့ရသည်။


မည်သို့ပင်ဆိုစေ ရှင်းရှင်းသည် တစ်စုံတစ်ယောက်၏ အပြုအမူအတွက် အပြစ်ပေးခံရခြင်း သို့မဟုတ် သူ့ပတ်ဝန်းကျင်ရှိလူများကို မနာလိုမဖြစ်စေရန် သင်ယူလာခြင်းမဟုတ်ဘဲ ကျီးကန်းတစ်ကောင်၏ ပုံသဏ္ဍာန်ကို သာ သိချင်နေလေသည်။ ကျန်းမင်ယွမ်က ပုံပြင်စာအုပ်ကို ပေါင်ပေါ်တင်ထားလိုက်ပြီး အိပ်ယာပေါ်ရှိ သားဖြစ်သူကို ကြည့်ပြီး သက်ပြင်းချလိုက်မိသည်။ 


ထို့နောက် ဖုန်းကို ထုတ်ကာ ကျီးကန်းပုံများကို ရှာဖွေလိုက်ပြီး ရှင်းရှင်းအား zoomချဲ့ပြလိုက်သည်။


 “သူတို့က ဒီလိုလေးတွေပဲ..."


 "ဪ..အရမ်းမိုက်တယ်နော်...." 


၄ နှစ်အရွယ် ကလေးငယ်တစ်ယောက်အတွက် အနက်ရောင်သည် သူ့စိတ်ထဲတွင် အလှပဆုံးအရောင်ဖြစ်နေသည်။ ရှင်းရှင်းက ကျီးကန်းကို ခဏကြာကြည့်ရင်း အဖေဖြစ်သူကို ပြောလိုက်သည်။


 "ကျီးကန်းတွေက ဒေါင်းတွေထက် ပိုလှတယ်လို့ သားထင်တယ်...." 


“အင်း...”


ကျန်းမင်ယွမ်က မသိမသာ ပြန်ဖြေလိုက်ပြီး စာအုပ်ကိုပိတ်၍ ခုံပေါ်သို့ တင်ထားလိုက်ကာ ရှင်းရှင်းကို စောင်ခြုံ ပေးလိုက်သည်။


 "ရပြီ...ဇာတ်လမ်းက ပြီးသွားပြီ... အိပ်ရာဝင်ချိန်ရောက်ပြီ...."


"ဒါပေမယ့် သား မအိပ်ချင်သေးဘူး..." 


ရှင်းရှင်းက အဖေဖြစ်သူကို စိတ်အားထက်သန်စွာ မျက်လုံးအပြူးသားနှင့်ကြည့်နေလေသည်။ထိုအကြည့်ကြောင့် ကျန်းမင်ယွမ် နှလုံးသားမှာ ပျော့ပျောင်းသွားရသည်။


 "သား နောက်ထပ် ဘာပုံပြင်ကို နားထောင်ချင်လဲ... ဖေဖေ ဖတ်ပြမယ်..."


 “ဟင်...ဒါဆို သားတို့ အိမ်အသစ်အကြောင်း ပြောမလား ဖေဖေ...” 


ကျန်းမင်ယွမ်က ချန်းဟွမ်ကို တစ်ချက်ကြည့်လိုက်ရာ သူမက ဘာမှပြန်မပြောသဖြင့် သူက ပြန်ထိုင်လိုက်သည်။


 “ဟုတ်ပြီလေ...အိမ်အသစ်မှာ အိပ်ခန်းသုံးခန်း...မိသားစုအခန်းနဲ့ ဧည့်ခန်း ဆိုပြီး ရှိတယ်... အိပ်ခန်းတိုင်းမှာလည်း ရေချိုးခန်းရှိတယ်…” 


ကျန်းမင်ယွမ်၏ စကားပြောသံသည် အလုပ်ကိစ္စမဟုတ်သဖြင့် အလွန်ခြောက်ကပ်စွာ ထွက်ပေါ်လာသည်။  ရှင်းရှင်းကလည်း လေသံကို စိတ်မဝင်စားဘဲ အိမ်အသစ်အကြောင်းကို အသေးစိတ်မေးမြန်းပြီး ယခုလက်ရှိနေရာနှင့် နှိုင်းယှဉ်ကြည့်ချင်နေသည်။


Xxxxxxx