အခန်း(၂)
- လွန်ခဲ့သောသုံးနှစ်အကြာသို့ ပြန်သွားခြင်း
“အားလုံး
စီစဉ်ပြီးပြီလား”
စုယန်ယန်သည် ထိုလူ ရင်ခွဲခန်းမှ ထွက်သွားသည်ကို စောင့်ကြည့်နေရာ
သူ့နောက်သို့ လိုက်ပါနေသော လူအချို့ကို အေးစက်စွာ မေးခွန်းထုတ်သံအား ကြားလိုက်ရသည်။
သူ
လိုချင်သော အဖြေကို ရရှိပြီးနောက် စက္ကန့်ပိုင်းအတွင်းမှာပဲ ထိုအမျိုးသား၏ မျက်လုံးအတွင်း
အန္တရာယ်ကြီးမားသော မုန်တိုင်းတစ်ခု ရုတ်တရက် ချင်းနင်း ဝင်ရောက်လာသည်။ ရင်ခွဲခန်းအတွင်းမှ
အနမ်းတစ်ပွင့်ဟာ သူ့ခန္ဓာကိုယ်အတွင်းက နွေးထွေးမှုများကို ယူဆောင် သွားရုံသာမက ကမ္ဘာပေါ်ရှိ
သူ့မျှော်လင့်ချက် အားလုံးကိုပါ ရှင်းလင်းပစ်လိုက်သလို ဖြစ်သည်။
“သူမအသက်အတွက်
ပါဝင်ပတ်သက်သည့်လူတိုင်း ပြန်ပေးဆပ်ရမယ်”
စုယန်ယန်နှလုံးသားသည်
အလွန်တုန်လှုပ်သွားသည်။
“ငါ့အသက်အတွက်
ပြန်ပေးဆပ်ရမှာတဲ့လား”
သူက
ဘယ်သူ့ကို တိတိကျကျ လက်တုံ့ပြန်မှာလဲ။ ကားမောင်းသမားကိုလား... ဒါမှမဟုတ် တခြားတစ်ယောက်ယောက်ကိုလား။
စုယန်ယန်သည်
ဒီအကြောင်းကို မစဉ်းစားနိုင်ခင်မှာပင် သူမသည် ဟောက်ချန်ဟွမ်းဆီသို့ ပြေးသွားပြီး သူ့ကို
ဖမ်းဆုပ်ဖို့ ကြိုးစားခဲ့သည်။
သို့သော်
သူမလက်သည် ဟောက်ချန်ဟွမ်းကို ထိခါနီးအချိန်တွင် စုယန်ယန်အပါအဝင် သူမပတ်ဝန်းကျင်ရှိ
အရာအားလုံး ရုတ်တရက် အေးခဲသွားပြီး တုန်ခါသွားသည်။
ကြီးမားသော
စုပ်ဝဲတစ်ခုသည် အရာအားလုံးကို ၎င်း၏ဗဟိုသို့ လှည့်ပတ် စုပ်ယူသွားကာ မရေမတွက်နိုင်သော
မှတ်ဉာဏ် အပိုင်းအစများများသည် စုယန်ယန်၏စိတ်ထဲ တစ်ခုပြီးတစ်ခု ရုတ်ခြည်းပျံ့နှံ့သွားသည်။
အသက်ရှူချိန်
အနည်းငယ် ကြာပြီးနောက် စုပ်ဝဲဟာ ရပ်တန့်သွားကာ အရာအားလုံး ငြိမ်သက်သွားခဲ့သည်။ ထိုအချိန်တွင် မည်သည့်နေရာကမှန်းမသိတဲ့ စက်ရုပ်အသံ
တစ်သံကို ကြားလိုက်ရသည်။
“တင်မ်...
အရည်အချင်း ပြည့်မီသော အမျိုးသမီးဇာတ်ပို့ Hostအား တွေ့ရှိသည်။ သင့်အတွက် ဝန်ဆောင်မှုက
တန်ပြန်တိုက်ခိုက် ပါးရိုက်ခြင်းစနစ် ဖြစ်သည်။ ရွေးချယ်ခံရသော Hostသည် ရွေးချယ်ရန်အတွက်
အချိန်ဆယ်မိနစ် ရှိပါသည်။ လက်ခံမည်ဆိုပါက တစ်ကိုနှိပ်ပါ သို့မဟုတ် ငြင်းပယ်မည်ဆိုပါက
နှစ်ကိုနှိပ်ပါ။ ရေတွက်မှု စတင်နေပါပြီ...”
တစ်ချိန်တည်းမှာပင်
ဆေးရုံတစ်ရုံအတွင်း၌ ချွေးအေးများနစ်၍ ရုတ်တရက် သတိလစ်သွားသော တစ်စုံတစ်ယောက်သည် ဆေးရုံခုတင်ပေါ်မှာ
လဲလျောင်းနေရာမှ ထထိုင်လိုက်သည်။
ဆေးရုံခုတင်ဘေးတွင်
လူတော်တော်များများက ဝန်းရံစောင့်ဆိုင်းနေပြီး -
“ယန်ယန် ယန်ယန် နိုးပြီလား။ ဘယ်နေရာ နာကျင်နေသေးလဲ။
သမီးခေါင်းကရော ဘယ်လိုခံစားရလဲ”
“မေမေ”
စုယန်ယန်သည်
အလွန်စိတ်ပူပန်ပြီး စိုးရိမ်သောက ရောက်နေသော သူမရှေ့မှ ရင်းနှီးသော ရုပ်သွင်ကိုကြည့်ရင်း
မှင်သက်သွားသည်။ အိပ်မက်မဟုတ်ကြောင်း အတည်ပြုရန် ကြိုးစားသကဲ့သို့ သူမရှေ့မှ ရုပ်သွင်ကို
ထိတွေ့ကိုင်တွယ်ခြင်းအား ရပ်တန့်ဖို့ မတားဆီးနိုင်ပါ။
“မေမေ
ဒီမှာရှိတယ်။ မေမေ ဒီမှာရှိနေတယ်နော်။ သမီး ခေါင်းမူးနေသေးလား။ တခြားဘယ်နေရာကရော နာနေသေးလဲ။
ယုရွှမ် မင်းညီမကို စစ်ဆေးကြည့်ဖို့ ဆရာဝန်ကို မြန်မြန်သွားခေါ်ချေ”
“ဟုတ်ကဲ့”
စုယုရွှမ်သည်
ချာခနဲ လှည့်ထွက်သွားဖို့လုပ်ချိန်တွင် သူ့ညီမက သူ့လက်ကို လှမ်းဆွဲလိုက်သည်။
“မသွားပါနဲ့”
စုယန်ယန်သည်
သူမအစ်ကို၏လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားကာ သူမခန္ဓာကိုယ် တစ်ခုလုံး အထိန်းအကွပ်မဲ့စွာ
တုန်ရီနေသည်။
သူမ
ပြန်ရောက်လာတယ်။ သူမ အသက်ရှင်နေတဲ့ အချိန်ကို ပြန်ရောက်လာခဲ့တယ်။ သူမအမေ၊ သူမအဖေနဲ့
သူမအစ်ကိုတို့အတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်သေးခင် သူတို့ တစ်ယောက်ပြီး တစ်ယောက် မသေဆုံးခင်အချိန်ကို
ပြန်ရောက်လာတယ်။ သူတို့အားလုံး အသက်ရှင်နေသေးတယ်။
“အစ်ကို၊
အဖေနဲ့ ... အမေ”
စုယန်ယန်၏
အကြည့်များသည် သူမရှေ့ရှိ မိသားစုဝင်များကို တစ်ယောက်ပြီးတစ်ယောက် ကြည့်မိသည်။ သူမမျက်လုံးများ
အနည်းငယ် နီရဲလာသည်။
ကြောက်ရွံ့မှုနှင့်
နာကြည်းချက်များကို မထိန်းနိုင်တော့ပဲ သူမကိုယ်သူမ မစ္စစု၏ လက်မောင်းထဲသို့ တိုးဝင်ကာ
အသည်းနှလုံးထဲထိတိုင် ရှိုက်ကြီးတငင် ငိုကြွေးလိုက်သည်။
မစ္စစုသည်
သူမသမီးဖြစ်သူ ဝမ်းနည်းငိုကြွေးနေသည့် အဖြစ်အပျက်ကို သူမ သိသောကြောင့် ဝမ်းနည်းပက်လက်ဖြင့်
-
“အဆင်ပြေတယ်။ အဆင်ပြေတယ်။ သမီး အများကြီး ဒုက္ခခံခဲ့ရတာ
အမေ သိပါတယ်။ စိတ်မပူပါနဲ့။ သမီးအဖေရော အမေရော သမီးအစ်ကိုပါ သမီးအတွက် သေချာပေါက် ပြောရလိမ့်မယ်။
အမေတို့က ဟောက်ရှောက်ဖုန်းနဲ့ အရှက်မရှိတဲ့ခွေးမကို သမီးခြေရင်းဆွဲခေါ်ပြီး တောင်းပန်ခိုင်းမယ်”
“ဟုတ်တယ်”
စုယုရွှမ်သည် ဒေါသစိတ်များ ပြည့်နှက်နေပြီး မခံမရပ်နိုင်ဖြစ်ကာ
ထပ်ပေါင်းပြောဆိုသည်။
“ဟောက်မိသားစုက လွန်လွန်းသွားပြီ။ ညီမလေး စိတ်မပူနဲ့။
အမေ အဖေနဲ့ အစ်ကိုကြီးက ညီမလေးအတွက် တရားမျှတမှုကို သေချာပေါက် ရှာဖွေပေးမယ်။ ဟောက်မိသားစုကို
ပွင့်ပွင့်လင်းလင်း စော်ကားပြောဆိုတာက အကြံကောင်း တစ်ခုတော့ မဟုတ်ပေမယ့် ဒီလိုဆိုရင်
ဒီလိုဆိုရင်ရော အစ်ကို သူ့ကိုပြန်ပေးဆွဲပြီး ရိုက်နှက်ခိုင်းဖို့ လူအနည်းငယ်လောက် သီးသန့်
ငှားရမ်းလိုက်မယ်လေ။ ဘာပဲဖြစ်ဖြစ် ညီမလေးအပေါ် သူတို့လုပ်ခဲ့တာတွေအတွက် သူတို့ပြန်ပေးဆပ်ရမယ်”
စုယန်ယန်၏
အစ်ကိုကြီးသည် ပုံမှန်အားဖြင့်ဆိုလျှင် သာမာန်လို နှိမ့်ချစွာ နေထိုင်လေ့ရှိသော်လည်း
လက်တွေ့မှာမူ သူ့အောက်ဆုံးစည်း လုံးဝအထိမခံနိုင်သော အရာများရှိသည်။
ဒီလိုကြမ်းကြုတ်တဲ့စကားတွေ
ပြောပြီး ခံစားချက်တွေ ပေါက်ကွဲထွက်တာမျိုး ရှားပါးပါသည်။ ဒါကိုကြည့်လျှင် သူအရမ်းဒေါသထွက်နေမှန်း
သိသာထင်ရှား၏။
ပိုအံ့သြစရာ
ကောင်းသည်မှာ မစ္စတာစုသည် သူ့သား၏ ကြမ်းကြုတ်သော စကားများကို ကြားရချိန်တွင်ပင် သူ့ကို
မတားမြစ်ပဲ သူ့သမီးလေးကို စိုးရိမ်မှုအပြည့်ဖြင့် ကြည့်နေရင်း သူမျက်နှာကလည်း ထပ်တူထပ်မျှ
မည်းမှောင်နေလေသည်။
သူ့သမီးလေး...
စုမိသားစုရဲ့ အဖိုးတန်မျက်ရှုလေးက အနိုင်ကျင့် အရှက်ခွဲခံခဲ့ရသည်။
စုယုရွှမ်နှင့်
သူ့အဖေတို့ စိတ်ဆိုးဒေါသ ထွက်သွားတာ လုံးဝ အံ့အားသင့်စရာ မဟုတ်ပေ။
***