အခန်း(၃)
- အဓိပ္ပါယ်ကင်းမဲ့ပြီး စိတ်ကူးယဉ်ဆန်သော မယ်ရီဆူးဇာတ်လမ်း
စုယန်ယန်သည်
သူမရည်းစားဟောင်း အမည်ကို ရုတ်တရက် ကြားလိုက်ရသောအခါ သူမ၏ခန္ဓာကိုယ်ဟာ တုန်လှုပ်သွားပြီး
လွန်ခဲ့သောသုံးနှစ်က အချိန်သို့ ပြန်ရောက်သွားကြောင်း သူမ သိလိုက်ရသည်။
ဟောက်မိသားစုအိမ်တော်
အဘိုးဟောက်၏ အသက်ရှစ်ဆယ်ပြည့် မွေးနေ့ပွဲတွင် သူမ၏ ငတုံးစေ့စပ်ထားသူသည် သူမအား လိမ်လည်လှည့်စားနေကြောင်း
မတော်တဆ သိလိုက်ရသည်။ သူသည် ထိုအရာကို ဖုံးကွယ်ရန်ပင် မကြိုးစားခဲ့ပေ။ ဒီထက်ပြောပြရလျှင်
သူမကို အမြှောင်မနှင့် သူမသတို့သားလောင်းက သူတို့၏ ရူးကြောင်ကြောင် အချစ်အတွက် လှေကားပေါ်မှ
တွန်းချခြင်းကို ခံခဲ့ရပြီး မေ့မြောသွားကာ ဆေးရုံသို့တင်ထားရခြင်းဖြစ်သည်။
ထိုခွေးမနှင့်
ခွေးကောင်တို့ နှစ်ယောက်အပြင် သူမအပေါ် အပေါ်ယံဟန်ဆောင် သဘောကောင်းပြသော အမှိုက်လိုမိသားစုက
နောက်ကွယ်တွင် လှောင်ပြောင်ရယ်မောနေကြကာ သစ္စာမရှိသော ကြောင်သူတော်လူကြီးများကို စဉ်းစားမိချိန်တွင်
စုယန်ယန်၏ မျက်လုံးများထဲတွင် ရွံ့ရှာဖွယ်သော အရိပ်အယောင်များ လှိုင်းလုံးသဖွယ် အလျင်အမြန်
ထွက်ပေါ်လာသည်။
သို့သော်လည်း
သူမကို ရင်ခွဲခန်းထဲတွင် နမ်းရှိုက်လိုက်သော ထိုအမျိုးသား၏ ပုံရိပ်သည် ချက်ချင်းပင်
သူမ မသိစိတ်ထဲမှာ ထွက်ပေါ်လာသည်။ ထို့နောက် နောင်နှစ် အနည်းငယ်ကြာက ပုံရိပ်တချို့ ပေါ်လာပြန်သည်။
သူ့ကိုယ်သူ မီးတင်ရှို့နေစဉ် သူ့လက်ထဲတွင် သူမအရိုးပြာများကို တင်းကြပ်စွာ ဆုပ်ကိုင်ထားသည်။
သို့သော်လည်း
ယခုအချိန်တွင် ထိုအရာအားလုံးဟာ မဖြစ်ပျက်လာသေးပါ။ ထိုအမျိုးသားရော သူမရော အသက်ရှင်နေသေးသည်။
စုယန်ယန်
ဤသည်ကို နားလည်လိုက်ချိန်တွင် သူမနှလုံးသားသည် ပြင်းထန်စွာ တုန်လှုပ်သွားပြီး သူ့ကို
အခုချက်ချင်း တွေ့လိုသောဆန္ဒမှာ မစောင့်ဆိုင်းချင်အောင် ထွက်ပေါ်လာတော့၏။
“မေမေ
သမီး အခုချက်ချင်း ဟောက်မိသားစုအိမ်တော်ကို သွားချင်တယ်”
“ဒါပေမယ့်
သမီးခန္ဓာကိုယ်က...” မစ္စစုသည် ဟောက်မိသားစုထံသို့သွား၍ သူတို့ကို ပြန်ပေးဆပ်စေချင်သည်ဟု
ယူဆမိသောကြောင့် စာနာမိသော်လည်း သူမ သမီးဖြစ်သူကိုတော့ စိုးရိမ်ပူပန်နေဆဲဖြစ်သည်။
“လိမ္မာတဲ့ ကလေးရယ် နည်းနည်းလောက် သည်းခံလိုက်ပါဦး။
သမီး နေကောင်းတာနဲ့ အမေတို့ သူတို့ဆီသွားပြီး သူတို့လုပ်ရပ်အတွက် ပြန်ပေးဆပ်ခိုင်းမယ်”
“သမီးအဆင်ပြေပါတယ်။
သမီး အရမ်းဒေါသထွက်လို့ ခေါင်းကိုက်ပြီး မူးလဲသွားတာလို့ ထင်တယ်။ သမီးခေါင်းမူးပြီးတော့
သတိလစ်သွားတာပဲ။ ဒါပေမယ့် သမီးသတိပြန်ရလာတော့ ဘာပြဿနာမှ မရှိတော့ဘူး။ တကယ်ပြောတာ”
စုယန်ယန်သည်
မစ္စစု၏လက်မောင်းကို ဖက်တွယ်ရင်း ချွဲနွဲ့နေလေသည်။
“မေမေ သမီး ဟောက်မိသားစုအိမ်တော်ကို သွားချင်တယ်။
အခုချက်ချင်း သွားချင်တာ။ မေမေ သမီးကို အဲ့အိမ်ကို ခေါ်သွားပေးပါလား”
သမီးဖြစ်သူ၏
ချွဲ့နွဲ့မှုကြောင့် မစ္စစု စိတ်ပြေသွားသည်။ ပြောစရာစကား ကင်းမဲ့အောင် ဒေါသတကြီး ဖြစ်နေသေးသော်လည်း
အံကြိတ်ကာ ခေါင်းညိတ်လိုက်သည်။
“ကောင်းပြီ။ အမေတို့ သမီးနဲ့အတူ ဟောက်အိမ်တော်ကိုသွားပြီး
စေ့စပ်ပွဲကို ဖျက်သိမ်းဖို့ တောင်းဆိုလိုက်မယ်”
မစ္စတာစုနှင့်
စုယုရွှမ်၏ မျက်နှာများသည် အတန်ငယ် နစ်မြှုပ်သွားသည်။ မည်သို့ပင် ဆိုစေကာမူ သူတို့က
အမြန်သဘောတူလိုက်ပြီး “ကောင်းပြီ၊ ကောင်းပြီ၊ ကောင်းပြီ၊ စေ့စပ်ပွဲကို သွားဖျက်သိမ်းကြတာပေါ့။
ငါတို့သွားပြီးတော့ သူတို့ကို အခုချက်ချင်း စေ့စပ်ပွဲဖျက်သိမ်းခိုင်းလိုက်မယ်”
စုယန်ယန်
မေ့မြောနေချိန်တွင် သူမမိသားစုသည် ဘယ်သူမှားတယ် ဘယ်သူမှန်တယ်ဆိုတာကို ရှာဖွေဖို့ မတွေးမိပေမယ့်
အခုအချိန်မှာ စုယန်ယန် သတိပြန်ရလာတော့ သူတို့ လွယ်လွယ်ကူကူ လက်လျှော့ပေးမှာ မဟုတ်တော့ချေ။
စုယန်ယန်သည်
သူမမိဘများ၏ အကူအညီဖြင့် ဆေးရုံမှဆင်းကာ ကားပေါ်သို့ တက်ချိန်တွင် သူမရင်ထဲက မျှော်လင့်ချက်သည်
အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။ သူမ ထိုအမျိုးသားရှေ့တွင် ပေါ်လာပြီး သူ့ကို တင်းတင်းကြပ်ကြပ်
ပွေ့ဖက်နိုင်ရန်အတွက် မစောင့်ဆိုင်းချင်တော့ပေ။
ထိုအချိန်တွင်
သူမခေါင်းထဲမှာ စက်ပိုင်းဆိုင်ရာ အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ [သင့်အတွက် အချိန်ရေတွက်မှု
ဆယ်မိနစ် ပြီးဆုံးသွားပါပြီ။ အလိုအလျောက် ရွေးချယ်ခြင်းအရ hostသည် တာဝန်ဝတ္တရားများကို
လက်ခံရရှိပါလိမ့်မည်။ စနစ်ရဲ့တာဝန်များကို သုံး၊ နှစ်၊ တစ် ရေတွက်ပြီးချိန်တွင် တရားဝင်
စတင်ပါမည်။ စနစ်နှင့်ပေါင်းစည်းခြင်း ပြီးမြောက်ပါသည်။ တန်ပြန်တိုက်ခိုက် ပါးရိုက်ခြင်းစနစ်
001က သင့်ကို ဝန်ဆောင်မှု ပေးနေပါသည်။ မင်းဆီကနေ သင်ယူရရှိနိုင်ဖို့ ကျွန်ုပ်မျှော်လင့်ပါတယ်။]
စုယန်ယန်၏
မျက်နှာပေါ်ရှိ အပြုံးသည် ရုတ်တရက် အေးခဲသွားကာ သူမဘေးတွင် ထိုင်နေသော သူမမိဘများကို
လှမ်းကြည့်လိုက်သော်လည်း ဘယ်သူမျှ ဒီဖြစ်ပျက်သွားတာကို သတိမပြုမိကြပေ။
သူမမျက်လုံးများသည်
အန္တရာယ်ရှိစွာ ကျဉ်းမြောင်းသွားကာ အသံတီးတိုးဖြင့် မေးခွန်းထုတ်သည်။
“နင်က ဘာလဲ။ ဘာလို့ ငါ့ခေါင်းထဲကနေ နင်က စကားပြောနေရတာလဲ”
[မင်္ဂလာပါ
Host ကျွန်ုပ်က တန်ပြန်တိုက်ခိုက် ပါးရိုက်ခြင်းစနစ် 001 ဖြစ်ပါတယ်။ ကျွန်ုပ်က အမျိုးသားဇာတ်လိုက်နှင့်
အမျိုးသမီးဇာတ်လိုက်တို့ကို ဇာတ်ကြောင်းရဲ့ ကာကွယ်ပေးမှု အောက်မှာ မတရား တိုက်ခိုက်ခြင်းခံရသော
အပြစ်မဲ့ အမျိုးသားဇာတ်ပို့နှင့် အမျိုးသမီးဇာတ်ပို့အတွက် တာဝန်ထမ်းဆောင်ပေးရာတာကို
အထူးပြုပါတယ်။ ကျွန်ုပ်ရဲ့ ရည်ရွယ်ချက်က hostကို အကူအညီပေးဖို့ပါ...]
001
စကားပြောဆိုလို့မပြီးသေးခင် စုယန်ယန်က စကားဖြတ်ပြောလိုက်သည်။
“နင်
ဘာအကြောင်းကို ပြောနေတာလဲ။ အမျိုးသားဇာတ်လိုက်နဲ့ အမျိုးသမီးဇာတ်လိုက် ဟုတ်လား။ အမျိုးသားဇာတ်ပို့နဲ့
အမျိုးသမီးဇာတ်ပို့ ဆိုတာကရော ဘာလဲ။ နင် ငါ့ကို သေသေချာချာ ရှင်းပြပေး”
“ဒါက
ရှင်းပြရမှာ အရှည်ကြီးပဲ။ ဒါကြောင့် ကျေးဇူးပြုပြီး ဒီစာအုပ်ကို ကြည့်လိုက်ပါ”
001
ဒီလိုပြောတာကို ကြားလိုက်ရချိန်တွင် စုယန်ယန် သူမစိတ်ထဲမှာ တစ်စုံတစ်ရာကို ဖုံးကွယ်ထားသလို
ခံစားရသည်။
စာအုပ်အဖုံးပေါ်တွင်
“Heartbreaker Game: My 101st Sweet Kiss with the Overbearing Prom King”လို့ ရေးသားထားသည်ကို
ဖတ်ရှုလိုက်ရသည်။
“...”
အဓိပ္ပါယ်ကင်းမဲ့ပြီး စိတ်ကူးယဉ်ဆန်သော မယ်ရီဆူး အချစ်ဇာတ်လမ်းသည် သူမခေါင်းထဲတွင်
ချက်ချင်း ဖုံးလွှမ်းလာသည့်အခါမှာ စုယန်ယန် အနည်းငယ် တုန်လှုပ်သွားမိသည်။
စာအုပ်ထဲမှာ
ရေးသားထားသော ဇာတ်လမ်းက စုယန်ယန်ကို စိတ်မချမ်းမသာ ဖြစ်စေသည်။ ဆင်းရဲသော မိန်းကလေးနှင့်
ချမ်းသာသော ဒုတိယမျိုးဆက် သခင်လေးတို့၏ အချစ်ဇာတ်လမ်းကို ရေးသားထားပြီး အပြန်အလှန်
မုန်းတီး ရန်ဖြစ်ရာမှ တစ်ယောက်ကိုတစ်ယောက် ချစ်မြတ်နိုးမိသွားသည့် အချစ်စုံတွဲအဖြစ်
ဖော်ညွှန်းထားလေသည်။
***