အပိုင်း ၅
Viewers 1k

အခန်း(၅) - ငါတို့စေ့စပ်ကြောင်းလမ်းမှုကို ဖျက်သိမ်းလိုတယ်

 

[သီအိုရီအရတော့ ဟုတ်တယ်။ ဒါပေမယ့် အဲ့အချိန်တုန်းက ငွေရောင်အကာအကွယ် မရှိလို့ အဲ့လိုဖြစ်တာလေ။]

 

“ငွေရောင်အကာအကွယ်လား”

 

စုယန်ယန်သည် သူမမျက်ခုံးကို အသာပင့်ကာ “နင် ကိုယ့်ကိုယ်ကိုယ် ရည်ညွှန်း ပြောဆိုနေတာလား”

 

[ဟုတ်တယ်။ အမျိုးသမီးဇာတ်လိုက်ရဲ့ ရွှေရောင် အခွင့်အလမ်းနဲ့ ဇာတ်ကြောင်းရဲ့ ကာကွယ်ပေးမှုကို ဖိအားပေးရယူဖို့ စနစ်ကို မင်း အသုံးပြုနိုင်တယ်။ မင်းက သူတို့နေရာကို အစားထိုးနိုင်ပြီး မင်းရဲ့ကံကြမ္မာကို မင်းကိုယ်တိုင် ပြောင်းလဲပြီး ကမ္ဘာကြီး၏ ကံကောင်းမှုကို မင်း ရယူနိုင်တယ်။]

 

“သူတို့ရဲ့ ရွှေရောင်အခွင့်အလမ်းနှင့် ဇာတ်ကြောင်းရဲ့ ကာကွယ်ပေးမှုကို ဖိအားပေးရယူလို့ ရတာလား”

 

 စုယန်ယန်သည် စတင် စိတ်ပါဝင်စားလာသည်။

 

သူမ၏ ယခင်ဘဝတွင် ဖြစ်ပျက်ခဲ့သော မူမမှန်မှုများသည် ဇာတ်ကြောင်း၏ ကာကွယ်ပေးမှုကြောင့်သာဆိုလျှင် သူတို့နှစ်ယောက်ကို ကာကွယ်ပေးထားသော အကာအကွယ်များ ဆုံးရှုံးသွားပါက သူမကို ပြဿနာရှာပြီး ထိခိုက်အန္တရာယ်ပေးမည့်သူ မရှိလျှင် သူမကို ကူညီပေးမည့် မိတ်ဆွေသူငယ်များ မရှိလျှင် သူတို့အချင်းချင်း ချစ်မြတ်နိုးနိုင်ပါဦးမလား။ သူမ ဒုက္ခရောက်ခဲ့သလို တစ်ပုံစံတည်း ပြန်ခံစားရမှာလား။

 

[ထို့အပြင် hostက အဆင့်မြင့် ဆေးဖက်ဆိုင်ရာ အတတ်ပညာများကို ဖွင့်လှစ်ရန် နှစ်လိုမှုရမှတ်နှင့် ယုံကြည်မှုရမှတ်များကို စုဆောင်းကာ အဆင့်မြှင့်တင်နိုင်သည်။ ထိုစွမ်းရည်များတွင် ဆေးဖက်ဝင်ဟင်းလျာများ၊ အပ်စိုက်ကုထုံး၊ အိုက်ကျို့နှင့် အခြားဆေးနည်းများ ပါဝင်သည်။ အဆင့်ပိုမြင့်လေ ပိုခက်ခဲပြီး ရှုပ်ထွေးတဲ့ ရောဂါအမျိုးအစားတွေကို ပျောက်ကင်းအောင် ကုသပေးနိုင်တယ်။]

 

ဘေးတစ်ဖက်စီမှာ ချထားသည့် စုယန်ယန်၏ လက်များသည် မသိစိတ်အရ တင်းကြပ်လာပြီး သူမမျက်ဝန်းအိမ်များက ပြူးကျယ်လာသည်။

 

သူမသည် ထိုနှစ်ယောက်၏ ဇာတ်ကြောင်း အကာအကွယ်ကို အလစ်သုတ်ပြီး အဆင့်တက်အောင် ကြိုးစားလုပ်ဆောင်နေသရွေ့ ဟောက်ချန်ဟွမ်း၏ ခြေထောက်များကို... ကုသပေးနိုင်လိမ့်မယ်လို့ စနစ်က စောင်းပါးရိပ်ခြည် ပြောနေတာမလား။

 

စုမိသားစု ဟောက်မိသားစုအိမ်တော်သို့ အပြေးအလွှား ရောက်သွားသော အချိန်တွင် ဟောက်ရှောက်ဖုန်းနှင့် သူ့မိသားစုသည် အပြင်သို့ထွက်ရန် ပြင်နေကြသည်။

 

 

 

ဟောက်မိသားစုသည် စုယန်ယန်နှင့် သူမမိသားစု ရုတ်တရက် အိမ်တံခါးဝသို့ ရောက်ရှိလာတာကို တွေ့လိုက်ရသောအခါ ကြက်သေ သေသွားကြသည်။ မစ္စဟောက်သည် အရင်ဆုံး အသိဝင်လာပြီး သူတို့ထံသို့ လျှောက်လာကာ လက်ဦးမှုယူ၍ ပြောလေသည်။

 

 “ရှုချင် နင်တို့ ဒီကို ဘာလို့ရောက်လာရတာလဲ။ ယာယန်ရဲ့ဒဏ်ရာတွေက ပြင်းထန်တယ်မလား။ ချီဟန်နဲ့ ငါ အခုပဲ ရှောက်ဖုန်းကိုခေါ်ပြီး ဆေးရုံမှာ သူမကို လာကြည့်တော့မလို့ လုပ်နေတာ။ အခု နင်တို့က ဒီကိုရောက်လာကြပါလား။ တိုက်ဆိုင်လိုက်တာ”

 

 

 

မစ္စစုသည် မစ္စဟောက်၏ ဆွဲကိုင်လိုဟန် လှမ်းလာသည့်လက်ကို ရှောင်တိမ်းလိုက်ကာ လျစ်လျူရှုလိုက်သည်။

 

“နင်တို့မိသားစုတစ်ခုလုံး ဒီနေရာမှာ ရှိနေတယ်ဆိုတော့ ငါတို့ မနေ့က မတော်တဆမှုအကြောင်း ရှင်းကြရအောင်။ မနေ့ညက ဖြစ်ပျက်ခဲ့တာတွေကို နင်တို့အားလုံး သိပြီးကြပြီမို့လို့ ဒီနေ့ ငါတို့က နင်တို့ ဒါကို ဘယ်လိုဖြေရှင်းမလဲဆိုတာကို သိရအောင် လာခဲ့ကြတာပဲ”

 

“အဲ့တာနဲ့ပတ်သက်ပြီး...” မစ္စဟောက်သည် သူမခင်ပွန်းထံ မသိမသာကြည့်ပြီး ကိုးရိုးကားရားနိုင်စွာ ပြောလိုက်သည်။

 

“မနေ့ညက ဖြစ်ပျက်ခဲ့တဲ့ အရာတွေက တကယ့်ကို ရှောက်ဖုန်းရဲ့ အမှားပါပဲ။ ချီဟန်နဲ့ ငါ သူ့ကို ပြင်းပြင်းထန်ထန် ဆူပူခဲ့ပြီးပြီ။ ရှောက်ဖုန်းလည်း သူ အမှားလုပ်မိတာကို သိသွားပါပြီ...”

 

 

 

မစ္စဟောက် ရှင်းပြ၍ မပြီးသေးခင်မှာ ချိန်ရှုချင်က စိတ်မရှည်စွာ စကားဖြတ်ပြောခဲ့သည်။

 

 “ဒါဆို နင်က အဲ့ကိစ္စကို ဒီအတိုင်းထားလိုက်ဖို့ ဆိုလိုချင်တာလား”

 

ချိန်ရှုချင်ရဲ့ တဲ့တိုးပြောဆိုလိုက်သည့် စကားကြောင့် အခန်းအတွင်းရှိ လေထုသည် ချက်ချင်း အေးခဲသွားခဲ့သည်။ ဟောက်ချီဟန်က အသာလေး ချောင်းဆိုးလိုက်ကာ တိတ်ဆိတ်နေမှုကို ဖြိုခွင်းလိုက်သည်။

 

“ဒါပေါ့။ ငါတို့ ဒီကိစ္စကို ဒီအတိုင်း ဘယ်ထားပါ့မလဲ။ ရှောက်ဖုန်း ဒီကို မြန်မြန်လာပြီး ယာယန်နဲ့ သူမမိသားစုကို တောင်းပန်လိုက်”

 

ဟောက်ရှောက်ဖုန်းက စိတ်မပါ လက်မပါ ကြည့်နေခဲ့သည်။ မနေ့ညက တခြားသူတွေ ပြန်သွားပြီးနောက် သူ့မိဘတွေက သူ့ကို ဆူပူကြိမ်းမောင်းခဲ့ကြသည့်အတွက် ဒီအချိန်မှာ တောင်းပန်ဖို့ ပြောလာသည့်အခါမှာ သူ ပိုလို့ပင် တွန့်ဆုတ်သွားသည်။

 

မစ္စတာစုသည် သူ့အသွင်ကိုမြင်လျှင် ဒေါသတကြီးနှင့် အေးစက်စွာ ပြောလိုက်သည်။

 

“ထားလိုက်တော့။ ဒါက မင်းတို့သားရဲ့အမှားလို့ မင်းတို့ ဝန်ခံပြီးပြီမို့ စေ့စပ်ပွဲကို ဖျက်သိမ်းကြဖို့ ငါတို့ တောင်းဆိုတယ်။ ဒါ့ကြောင့် မင်းတို့ဘက်က ဒီကိစ္စကို မကန့်ကွက်သင့်ဘူး ဟုတ်တယ်မဟုတ်လား”

 

ဟောက်ချီဟန်၏ မျက်နှာအမူအရာဟာ ရုတ်တရက် ပြောင်းလဲသွားသည်။ မနေ့က ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများကြောင့် အထက်တန်းစား အသိုင်းအဝိုင်းကြားထဲတွင် လူပြောသူပြောများသည့် အတင်းအဖျင်းများ ထွက်လာခဲ့သည်။

 

အကယ်၍ စုမိသားစုရဲ့ စေ့စပ်ကြောင်းလမ်းခြင်း ဖျက်သိမ်းမှုကို လက်ခံလိုက်လျှင် ဟောက်မိသားစုက လူရယ်စရာ ဖြစ်လာပြီး ပြောဆိုနေကြသည့် အတင်းအဖျင်းခေါင်းစဉ်မှာ အမှန်တကယ် ဖြစ်လာပေလိမ့်မည်။

 

“အဘိုးကြီးစု ငါ မင်းစိတ်ဆိုးတာကို နားလည်ပါတယ်။ ဒါပေမယ့် ဒီကောင်လေးက ငယ်သေးတော့ တချို့အရာတွေကို ရှင်းရှင်းလင်းလင်း မတွေးတောတတ်သေးဘူး။ အမှားတစ်ခု နှစ်ခုလောက်တော့ လုပ်မိမှာ အလွဲမသွေပါပဲ။ သူလည်း သူအမှားလုပ်မိမှန်း နားလည်သွားပါပြီ။ ဒါ့ကြောင့် မင်းတို့က သူ့ကို နောက်ထပ် အခွင့်အရေးပေးလို့ မရဘူးလား”

 

“မင်းစိတ်ကူးက သူတို့တွေကို မိဘသဘောတူညီချက်အရ သူ့ကို စဉ်းစားရွေးချယ်ခွင့်မပေးပဲ လက်ထပ်စေပြီး ငါ့သမီးကို ဒီလို အရှက်ရစေခိုင်းတာလား။ သူက ငါ့သမီးကို ဗီလိန်တစ်ယောက်ဖြစ်‌အောင် လုပ်ခဲ့ပြီး လူရယ်စရာဖြစ်အောင် လုပ်ခဲ့တယ်။ ငါ့သမီးက မင်းရဲ့သား လှေကားပေါ်က တွန်းချတာကိုခံရပြီး‌ သေလုနီးပါး ဖြစ်ခဲ့ရတယ်။ အကယ်၍ မင်းအကြံအတိုင်းသာ လက်ခံလိုက်မယ်ဆိုရင် ငါ့သမီးလေး သေမလား ရှင်မလားဆိုတာကိုတောင် ပြောနိုင်မှာ မဟုတ်ဘူး”

 

 ***