အခန်း(၁၁)
- သူက ကျွန်မရဲ့အချစ်ရဆုံးသူပဲ
စုယန်ယန်
ကားထဲတွင် ထိုင်နေစဉ် အတောအတွင်း သူမသည် သတိပေးချက်အသံကို ထပ်မံ ကြားလိုက်ရပြန်သည်။
[ဂုဏ်ယူပါတယ်
Host သင် နှစ်လိုမှုရမှတ် +21မှတ် ရရှိခဲ့သည်။ သင် အဆင့်တက်ဖို့ ခြေတစ်လှမ်း နီးကပ်လာခဲ့ပါပြီ။
ကျေးဇူးပြုပြီး ဆက်လက် ကြိုးစားပေးပါ။]
သူမအား
ထိုနှစ်လိုမှု ရမှတ်များအား ဘယ်သူပေးတာလဲ ဆိုသည်ကို ခန့်မှန်းရန်ပင် မလိုအပ်ပါ။ သူမ
ထွက်လာရုံပင် ရှိသေးသည် သူက သူမကို လွမ်းဆွတ်နေပြီလား။
စုယန်ယန်သည်
သူမပြုံးနေတာကို မရပ်တန့်နိုင်ခဲ့ပါ။ သူမ ဘယ်လောက် ပျော်ရွှင်နေတာလဲ ဆိုတာကို သူမကို
မြင်သည့် ဘယ်သူမဆို သိနိုင်လေသည်။
“နင့်မျက်နှာပေါ်က
အရူးလိုအပြုံးက ဘာဖြစ်နေတာလဲ”
“ဟစ်...”
စုယန်ယန်သည်
ထိတ်လန့်သွားပြီး ကြို့ထိုးသွားလေသည်။ သူမအမေဖြစ်သူရဲ့ တင်းမာပြီး စူးစမ်းလေ့လာသည့်
အကြည့်စူးစူးတွေကြောင့် သူမ အနည်းငယ် အပြစ်ရှိသလို ခံစားသွားရသည်။
“ဘာမှမဖြစ်ပါဘူး”
ချိန်ရှုချင်က
အရူးလုပ်ဖို့ရာ မလွယ်ကူပါ။
“ဘာမှ
မဖြစ်ဘူးလား။ သမီး နှုတ်ခမ်းထောင့်စွန်းတွေက သမီးရဲ့ နားနောက် ရောက်လုနီးပါးဖြစ်နေပြီ။
အမှန်အတိုင်း အမေ့ကို ပြော။ သမီးနဲ့ မစ္စဟောက်အကြား ဘာရှိလဲ”
စုမိသားစုဝင်
သုံးယောက်သည် သူတို့ရဲ့သမီးလေး (ညီမလေး)က ဟောက်ချန်ဟွမ်းနဲ့ အကျွမ်းဝင်ပြီး သူမှလွဲ၍
အခြားမည်သူ့ကိုမှ လက်မထပ်ချင်တော့တဲ့အထိ သူတို့ရဲ့ဆက်ဆံရေး တိုးတက်သွားတာကို နားလည်နိုင်စွမ်း
မရှိသေးပေ။
“အဲ့ဒါကိုပြောပြရရင်...
ဒါက ဇာတ်လမ်းအရှည်ကြီး တစ်ခုပဲ”
“ဒါဆို
လိုရင်းတိုရှင်းပဲပြော”
စုယန်ယန်သည်
သူမရဲ့စကားတွေကို သေသေချာချာ ရွေးချယ်လိုက်သည်။
“ဒါက
သမီး သူ့ကို မြင်မြင်ချင်း ချစ်ကျွမ်းဝင်သွားတာ ပြီးတော့ သူကလည်း သမီးကို အရင်ကတည်းက
ချစ်မြတ်နိုးနေခဲ့တာ”
“သူက
သမီးကို ဟိုးအရင်ကတည်းက ချစ်မြတ်နိုးနေခဲ့တာလား”
ချိန်ရှုချင်
မျက်မှောင်ကြုတ်သွားသည်။
“အဲ့တာကို သမီး ဘယ်လိုလုပ်ပြီး သိတာလဲ။ သူ သမီးကို
သူကိုယ်တိုင် ပြောပြတာလား”
“မဟုတ်ဘူး။
သမီး အဲ့တာကို အမှတ်တမဲ့ ရှာဖွေတွေ့ရှိခဲ့တာပါ။ မေမေ သမီး မေမေတို့နဲ့ ဟောက်မိသားစုဝင်တွေရှေ့မှာ
ဆုံးဖြတ်ချက်ချလိုက်တာက စိတ်လိုက်မာန်ပါ လုပ်လိုက်တာမျိုး မဟုတ်ပဲ သမီး သေချာစဉ်းစားဆုံးဖြတ်ပြီးမှ
ပြောလိုက်တာပါ”
ထိုစကားကို
ကြားရပြီးနောက် ချိန်ရှုချင်၏ မျက်နှာထားဟာ အနည်းငယ် ပြေလျော့သွားသော်လည်း သူမမျက်ခုံးတွေကို
အနည်းငယ် ကျုံ့နေသေးသည်။
“ဒါပေမယ့်
သူ့ခြေထောက်တွေက... အကယ်၍ သမီး သူ့ကို သဘောကျတယ်ဆိုရင်တောင် သူက ...”
“မေမေ”
စုယန်ယန်သည် သူမအမေပြောမည့်စကားကို သိသော်လည်း သူမသည် ထိုစကားများကို မည်သူ့နှုတ်မှ
မကြားလိုပါ။
“သူက
သမီး အချစ်ရဆုံးသူပဲ”
ထိုဝါကျအတိုလေးသည်
ဒီနေရာရှိ လူတိုင်း၏ နှလုံးသားကို တုန်လှုပ်သွားစေခဲ့သည်။
စက္ကန့်အနည်းငယ်
ကြာပြီးနောက် ချိန်ရှုချင်သည် နှာခေါင်းရှုံ့ကာ ကိုးရိုးကားရား ဆိုလိုက်သည်။
“နင်က သတို့သားလောင်း အသစ်ရတာနဲ့ နင့်အမေကိုတောင်
ဂရုမစိုက်တော့ဘူးလား။ သူ့ကိုသိတာ ဘယ်လောက်ကြာသေးလို့လဲ။ ပြီးတော့ သူက ရုတ်တရက်ကြီး
မင်းရဲ့ အချစ်ရဆုံးသူ ဖြစ်သွားပြီလား။ ငါ နင့်ကိုပြုစုပျိုးထောင်ခဲ့တဲ့ အချိန်တွေ အကုန်လုံး
ဖြုန်းတီးမိသွားတာပဲ။ ငါ့ရင်ဝကို စောင့်ကန်ခံလိုက်ရသလိုပဲ။ ငါတို့သမီးက အရွယ်ရောက်လာတာနဲ့
ငါတို့စကားကို နားမထောင်တော့ပါလား”
မစ္စတာစု,
“ဟမ့်!”
စုယုရွှမ်,
“ဟမ့်!”
စုယန်ယန်သည်
သူမမိသားစုဝင်များထံမှာ ပြစ်တင်ရှုတ်ချလိုသော အကြည့်တွေကို လက်ခံရရှိချိန်တွင် သူမနှုတ်ခမ်းထောင့်စွန်းများ
ယောင်ယောင်လေး တွန့်ကွေးသွားခဲ့သည်။
သူမသည်
ချိန်ရှုချင်ရဲ့လက်မောင်းကို ရှက်ကိုးရှက်ကန်း ပွေ့ဖက်ကာ ပြောသည်။
“အမေတို့က
သမီးရဲ့ အချစ်ရဆုံး မိသားစုဝင်တွေပါ၊ သူကတော့ သမီးရဲ့ အချစ်ရဆုံး ခင်ပွန်းလေ။ အဲ့တာက
တူညီတဲ့အရာမျိုး မဟုတ်ဘူးလေ။ ဒါကြောင့် အဲ့တာနဲ့ပတ်သက်ပြီး နားလည်မှုလွဲစရာ မလိုအပ်ပါဘူး။
အမေအားလုံးကို ရောထွေးလိုက်လို့ မဖြစ်နိုင်ဘူးလေ...”
ချိန်ရှုချင်သည်
သူမသမီးဖြစ်သူကို သံသယဝင်သည့် အကြည့်ဖြင့် ကြည့်လိုက်မိပြီး သူမ ဒီစကားကို ယုံကြည်ရန်
အခက်အခဲအချို့ ကျန်ရှိနေသေးသည်။
“သမီး သူ့ကို အရမ်းနှစ်သက်တာပဲလား”
“မေမေ
ဒီတစ်သက်လုံး သမီးအချစ်ရဆုံးသူက သူပဲဖြစ်လိမ့်မယ်။ တခြားဘယ်သူ့ကိုမှ ထပ်ချစ်နိုင်မှာ
မဟုတ်ဘူး”
စုယန်ယန်၏
မပြောင်းလဲသည့် ဆုံးဖြတ်ချက်ကြောင့် တစ်မိသားစုလုံး အရှုံးပေးလိုက်ရပြီး ချိန်ရှုချင်က
သူမလက်တွေကိုဝှေ့ယမ်းကာ ကူကယ်ရာမဲ့ ဒီလိုစကားဆိုသည်။
“ကောင်းပြီ။
ကောင်းပြီ။ သမီးရဲ့ တစ်ဘဝလုံးစာ လက်တွဲဖော်ကို သမီးကိုယ်တိုင် ရွေးချယ်လို့ရပေမယ့်
အနာဂါတ်မှာ သူ သမီးကို နာကျင်အောင်လုပ်တဲ့ အခါကျရင် အမေတို့ဆီ လာမငိုပြနဲ့”
စုယန်ယန်သည်
ချိန်ရှုချင်အနားသို့ မှီတွယ်ကာ တောက်ပစွာ ပြုံးလိုက်မိသည်။
ဘဝအသစ်တစ်ခုကို
တစ်ဖန်ပြန်ရပြီးနောက် သူမသည် ယခင်ဘဝတုန်းက အမှားများကို ဘယ်တော့မှ ထပ်မံမပြုလုပ်လိုတော့ပေ။
အနာဂါတ်မှာ
သူမ ငိုကြေးရတယ် ဆိုရင်တောင် အပျော်မျက်ရည်ကျတာပဲ ဖြစ်လိမ့်မည်။
သူမသည်
ဟောက်ချန်ဟွမ်းနှင့် စောစောစီးစီး စေ့စပ်နိုင်ရန် ဒုတိယအကြိမ် အခွင့်အရေး ရလောက်သည်အထိ
ကံကောင်းခဲ့သည်။ စုယန်ယန်သည် တစ်ညလုံး အိပ်မပျော်နိုင်လောက်အောင် စိတ်လှုပ်ရှားနေခဲ့သည်။
သူမသည် မနက်ခင်းစောစောတွင် တောက်ပရွှင်လန်းစွာ နိုးထလာခဲ့ပြီး ဟောက်ချန်ဟွမ်း၏ ဒရိုင်ဘာ
သူမကို လာခေါ်မည့် အချိန်ကို စောင့်ဆိုင်းနေခဲ့သည်။
ချိန်ရှုချင်သည်
စုယန်ယန် မည်မျှ စိတ်လှုပ်ရှား တက်ကြွနေသည်ကို မြင်လိုက်ရသော အခါတွင် သူမသမီးဖြစ်သူက
သူမမျှော်လင့်ထားသည့်အတိုင်း မလိုက်လျောနိုင်ခဲ့သည့်အတွက် အနည်းငယ် ဝမ်းနည်းမိသည်။
“မိန်းကလေးတစ်ယောက်က ပိုပြီးတော့ ဣန္ဒြေသိက္ခာရှိရှိ
နေသင့်တယ်။ သမီး ဒီလို အရမ်းတက်ကြွနေတာကို တစ်ယောက်ယောက်က မြင်သွားရင် သမီး လက်ထပ်ပြီး
မိသားစုနဲ့ အိမ်ခွဲနေထိုင်ဖို့ မစောင့်ဆိုင်းနိုင်တော့ဘူးလို့ ထင်လိမ့်မယ်”
စုယန်ယန်က
အပြုံးလေးကို ဆက်လက် ဆင်မြန်းထားပြီး ရဲရဲဝင့်ဝင့် ကျိုးကြောင်း ဆီလျော်စွာ ပြန်ပြောလိုက်သည်။
“ဟုတ်တယ်။
သမီး လက်ထပ်ဖို့ မစောင့်နိုင်တော့ဘူး။ ဒုတိယအချက်ကတော့ သမီး စဉ်းစားဖို့ လိုအပ်တယ်လို့
မထင်ဘူး”
***