အခန်း(၁၃)
- ငါတို့ ကလေးရနိုင်မှာ မဟုတ်ဘူး
“ကိုယ်
မင်းကို မေးစရာရှိတယ်’
စုယန်ယန်သည်လည်း
သူ သူမကို မေးခွန်းမေးစရာ ရှိလိမ့်မည်ဟု မျှော်လင့်ထားပြီး ဖြစ်သည်။
“မေးလေ”
“မင်း
ဘာလို့ ကိုယ့်ကို ရွေးချယ်ရတာလဲ”
ဟောက်ချန်ဟွမ်းသည်
စုယန်ယန်၏မျက်လုံးကို စေ့စေ့ကြည့်၍ မေးမြန်းလိုက်သည်။
“ကိုယ်က
ဟောက်ရှောက်ဖုန်းရဲ့ ဦးလေး ဖြစ်တာကြောင့်လား”
စုယန်ယန်သည်
သူမမျက်ခုံးကို တွန့်ချိုးလိုက်ပြီး ဟောက်ချန်ဟွမ်းရဲ့ ဘေးနားသို့ ခွေးငယ်လေးကို ပွေ့ချီရင်း
လျှောက်သွားသည်။ ထို့နောက် သူမသည် ငုတ်တုပ်ထိုင်၍ ဟောက်ချန်ဟွမ်း၏လက်ကို ဆုပ်ကိုင်လိုက်သည်။
ဟောက်ချန်ဟွမ်း၏
မျက်ဝန်းအိမ်များ အနည်းငယ် မှေးကျဉ်းသွားပြီး သူ ပြန်လည် မတုံ့ပြန်ခင်တွင် စုယန်ယန်က
“ရှင်က ဟောက်ချန်ဟွမ်း ဖြစ်နေတာကြောင့်လေ” ဟု ပြောတာကို ကြားလိုက်ရသည်။
“ဘာကိုလဲ”
“တခြား
ဘယ်သူနဲ့မှ မသက်ဆိုင်ဘူး။ ရှင်က ဟောက်ချန်ဟွမ်း ဖြစ်နေလို့ ကျွန်မ ရှင့်ကို လက်ထပ်ချင်တယ်။
ရှင် အခု နားလည်သွားပြီလား”
ဟောက်ချန်ဟွမ်းသည်
သူ့နှလုံးသားကို လက်ဖြင့် တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားခြင်းခံရကာ သေခါနီးအချိန်မှ
လက်လွတ်ပေးသလိုမျိုး ခံစားလိုက်ရသည်။ သွေးတွေနောက်ပြန် စီးဆင်းလာပြီး သူ့နှလုံးသားကို
ပြင်းထန်စွာ ရိုက်ခတ်လိုက်သလိုပင်။
သို့သော်လည်း
ရက်စက်ကြမ်းကြုတ်သော အမှန်တရားက သူ့ကို စိတ်ငြိမ်စေခဲ့သည်။
“ကိုယ့်ခြေထောက်တွေက
တစ်သက်လုံး ဒီအတိုင်းပဲ ဖြစ်နိုင်တယ်လို့ပြောတယ်”
“ကျွန်မ
ဒါကို စိတ်ထဲ မရှိပါဘူး။ ကျွန်မက လူတစ်ယောက်ကို သူ့အသွင်အပြင်ထက်စာရင် ကျွန်မကို ချစ်နိုင်လား၊
ကျွန်မ တစ်ယောက်တည်းကိုပဲ ချစ်မှာလား ဆိုတာကို ပိုအလေးထားတယ်။ ဟောက်ရှောက်ဖုန်းဆို
ခြေလက်တွေ သန်မာပြီး အကောင်းတိုင်း ရှိနေပေမယ့် ကျွန်မမျက်လုံးထဲမှာတော့ သူ့လို အမှိုက်ကောင်က
ရှင်နဲ့ အပုံသန်းပေါင်း တစ်ထောင်ပုံ တစ်ပုံ လောက်နဲ့တောင် မနှိုင်းယှဉ်နိုင်ဘူး။ ပြီးတော့
သူ့ကို ရှင်နဲ့နှိုင်းယှဉ်တာက ရှင့်ကို မလေးစားရာ ကျတယ်”
စုယန်ယန်၏
မျက်ဝန်းများသည် တောက်ပနေပြီး သူ့စိတ် ဒွိဟဖြစ်ခြင်းကို ဖယ်ရှားပေးလိုက်သည်။ သူမသည်
အဆုံးတိုင် လေးနက်မှုတို့ ရှိနေသည်။
ဘီးတပ်ကုလားထိုင်ကို
ကိုင်ထားသည့် ဟောက်ချန်ဟွမ်း၏ လက်များ အနည်းငယ် တင်းကျပ်သွားသည်။ သူ့မျက်နှာအမူအရာက
များစွာပြောင်းလဲခြင်း မရှိသော်လည်း သူ့မျက်လုံးများထဲတွင်
ပျော်ရွှင်သည့် အရိပ်အယောင်များ ယှက်သန်းနေသည်က သူ၏အစစ်အမှန် ခံစားချက်များကို သစ္စာဖောက်နေဆဲ
ဖြစ်သည်။
“ကျွန်မ
ရှင့်ကို ဘာလို့ ရွေးချယ်ခဲ့တာလဲဆိုတာ မသိချင်ဘူးလား”
စုယန်ယန်က
ကျီစားလိုသည့် အကြည့်များဖြင့် သူမခန္ဓာကိုယ်ဟာ သူ့အနားသို့ တဖြည်းဖြည်း ကပ်လာသည်။
ဟောက်ချန်ဟွမ်းရဲ့
နှလုံးသားသည် အခုန်မြန်လာခဲ့ပြီး သူမ မနေ့ညကဲ့သို့ သူ့ကို အနမ်းပေးတော့မည်လို့ တွေးထင်မိလိုက်သည်။
သို့သော်လည်း စုယန်ယန်သည် သူ့မျက်နှာမှ ငါးစင်တီမီတာ အကွာအဝေးလောက်တွင်
ရပ်တန့်သွားသောကြောင့် သူ အံ့အားသင့်သွားသည်။ စုယန်ယန်သည် မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်လုပ်ကာ
အပြုံးလေး တစ်ပွင့်ဖြင့် “ကျွန်မမျက်လုံးထဲမှာ ရှင် ဘာတွေ့လဲ” ဟု မေးလိုက်သည်။
“ကိုယ်”
“ဟုတ်တယ်။
ကျွန်မမျက်လုံးထဲမှာ ရှင့်ပုံရိပ်တွေနဲ့ ပြည့်နေပြီး ရှင့်မျက်လုံးထဲမှာလည်း ကျွန်မပုံရိပ်တွေနဲ့
ပြည့်နေတာကို ကျွန်မ မြင်ရတယ်။ အဲ့တာ ကျွန်မ လိုချင်တဲ့အရာပဲ။ ရှင်နဲ့ ကျွန်မအကြား
ကြားလူ မလိုချင်ဘူး။ ကျွန်မတို့ တစ်ယောက်ကို တစ်ယောက် ကြည့်နေတာကိုပဲ လိုချင်တယ်။ အဲ့တာကို
သေချာအောင် ဆက်လုပ်လို့ ရနိုင်မလား၊ မရနိုင်ဘူးလားဟင်”
“ကိုယ်...”
စုယန်ယန်၏
စကားများသည် အဆိပ်အတောက်များ ပါဝင်သည့် သကြားလုံး တစ်လုံးကဲ့သို့ စွဲမက်ဖွယ် ကောင်းပြီး
မှော်ဆရာလို သူ့ကို ဆွဲဆောင်နေသည်။ သို့သော် သူ တစ်ကြိမ် စားလိုက်ပြီးသည်နှင့် ထာဝရ
အကျုံးဝင်သွားမည် ဖြစ်သည်။
ဟောက်ချန်ဟွမ်း၏
လက်ခုံပေါ်ရှိ သွေးပြန်ကြောများ ရုတ်တရက် ပေါ်ထွက်လာပြီး သူ့လက်ချောင်းတွေ ကွေးလိုက်
ဆန့်လိုက် မလုပ်နိုင်ပဲ ရှိလေသည်။
အသက်ရှူသံများသည်
အနည်းငယ် ကြာပြီးနောက် ဟောက်ချန်ဟွမ်းသည် သူ့အတွင်းစိတ်ရိုင်းကို ထိန်းချုပ်သွားနိုင်ပုံရသည်။
စုယန်ယန်ကို စိုက်ကြည့်နေသည့် သူ့မျက်ဝန်းများမှာ နက်ရှိုင်းသော တွင်းနက်ကြီးထဲက ပြန်တက်လာသည့်
ရက်စက်ကြမ်းကြုတ်သော တစ္ဆေတစ်ကောင်လိုမျိုး နီစွေးနေသည်။
“မင်း
ကိုယ့်ကို လက်ထပ်လိုက်မယ်ဆိုရင် မင်း... ဒီတစ်သက်လုံး ကလေး ရနိုင်မှာ မဟုတ်ဘူး”
စုယန်ယန်
ခိုက်ခိုက်တုန်ယင်သွားပြီး သူ့ကို မယုံကြည်နိုင်စွာ လှမ်းကြည့်မိသည်။
“ကလေး
မရနိုင်ဘူး ဟုတ်လား”
“ဟုတ်တယ်။
အဲ့ဒီနှစ်က ကားမတော်တဆမှုတုန်းက ရခဲ့တဲ့ ဒဏ်ရာက ကိုယ့်ခြေထောက်တွေတင် မကဘူး။ အကယ်၍
မင်း ကိုယ့်ကို လက်ထပ်မယ်ဆိုရင် မင်း ဒီတစ်သက်လုံး ကလေးရဖို့ မဖြစ်နိုင်ဘူး”
စုယန်ယန်သည်
ကြည်လင်နေသော မိုးကောင်းကင်မှ ကျည်တစ်ခု ထိမှန်သွားသလို ခံစားရပြီး သူမနှလုံးသားမှ
သွေးများ ယိုစီးကျနေသလို ခံစားသွားရသည်။
တုန်လှုပ်
ချောက်ချားနေသော ခံစားချက်ထက် သူမသည် နှလုံးကွဲကြေပြီး ဝမ်းနည်းမှုများနှင့် နာကြည်းမှုတွေကို
ပိုမို ခံစားခဲ့ရသည်။
သူမ
အရင်ဘဝတုန်းက သူ သူမကို အရမ်းပိုင်ဆိုင်ချင်သော်လည်း မဝံ့ရဲခဲ့တာ အံ့သြစရာ မဟုတ်ပေ။
သူမကို
ချစ်မြတ်နိုးကြောင်း မထုတ်ဖော်ဝံ့ခဲ့သည့် အကြောင်းအရာက သူ့ခြေထောက်တွေကြောင့်ပင် မဟုတ်ပဲ
သူမ သူ့ကို နာကြည်းမှာကို စိုးရွံ့သွားမှာ ကြောက်ရွံ့သောကြောင့် ဖြစ်ပေမည်။ အဲ့ဒီ အကြောင်းအရင်းက
သူ သူမဆီမှ ဘာမှမမျှော်မှန်းတော့ပဲ တိတ်တဆိတ် စောင့်ကြည့်ဖို့ ရွေးချယ်ခဲ့တဲ့ အကြောင်းရင်းတွေပဲလို့
သူမ တွေးမိခဲ့သည်။
သို့သော်
သူမ ဘယ်တုန်းကမှ ဒီလိုအတွေးမျိုး မရှိခဲ့ဘူး...
ဟောက်ချန်ဟွမ်းသည်
စုယန်ယန် မည်မျှ ဝမ်းနည်းကြေကွဲနေသည်ကို မြင်လိုက်ရသောအခါ တုန်လှုပ်သွားပြီး နောက်သို့
ပြန်ဆုတ်သွားခဲ့သည်။ သူ့မျက်လုံးတွေက မှိုင်းညို့သွားသည်။
“အကယ်၍
မင်း ဒီကိစ္စအတွက် နောင်တရမယ်ဆိုရင် နောက်မကျသေးဘူး။ ကိုယ် မင်းမိဘတွေကို ဒါက ကိုယ့်ကြောင့်လို့
ပြောပေးနိုင်ပါတယ်...အမ်း...”
***