အပိုင်း ၁၅
Viewers 1k

အခန်း(၁၅) - ဆေးဖက်ဝင်အပင်မျိုးစေ့များ

 

ဟောက်ချန်ဟွမ်းသည် နေ့လယ်ခင်း အချိန်တွင် ဗီဒီယိုကွန်ဖရင့်တစ်ခု တက်ရောက်ရန် ရှိသောကြောင့် စုယန်ယန်သည် ဟောက်အိမ်တော်တွင် အချိန်အကြာကြီး မနေတော့ပဲ နေ့လယ်စာ စားပြီးနောက် ထွက်လာခဲ့သည်။

 

သူမ မထွက်လာခင်တွင် သူမသည် ဟောက်အိမ်တော်တွင် သွမ်းသွမ်းဟုခေါ်သည့် ကော်ဂီခွေးငယ်လေးကို သူတို့နှစ်ဦးကြား ခွေး-ဖေဖေ ဆက်ဆံရေး တိုးတက်ကောင်းမွန် စေလိုသောကြောင့်ဟု ပြောကာ ထားရစ်ခဲ့လေသည်။

 

ဟောက်ချန်ဟွမ်း “…” ‘ဒါက မရှိမဖြစ် လုံးဝမလိုအပ်ဘူးလေ!!!’

 

သူမ အိမ်ပြန်ဖို့ ကားပေါ်တက်ချိန်တွင် ရင်းနှီးသည့် အသိပေးချက် တစ်ချက်က ထွက်ပေါ်လာခဲ့သည်။

 

[ဂုဏ်ယူပါတယ် Host သင် နှစ်လိုမှုရမှတ် +520 ရရှိခဲ့သည်။ သင့်ရဲ့ နှစ်လိုမှုရမှတ်သည် အမှတ် 100ကျော်သွားတာကို တွေ့ရှိရပါသည်။ သင် ဒုတိယအဆင့်သို့ တက်ရောက်သွားပါပြီ။ အဆင့်တက်ခြင်းအတွက် လက်ဆောင်ထုပ်နှင့် စတင်အသုံးပြုသူအတွက် လက်ဆောင်ထုပ်ကို သင့်အီးမေးလ်တွင် ပေးပို့ထားပါသည်။ ကျေးဇူးပြုပြီး စစ်ဆေးကြည့်ပါ။] (TN: 520သည် ဟန်ယွီ ဖျင်းယင်းတွင် နင့်ကို ငါချစ်တယ်လို့ ဆိုလိုသည်။)

 

 

 

စုယန်ယန်သည် ရုတ်တရက် သဘောကျနှစ်သက်ခြင်း မြင့်တက်လာခြင်းကြောင့် အံ့အားသင့်သွားကာ ဟောက်ချန်ဟွမ်းသည် သူမ ယခင်က စိတ်ရင်းမှန်သည့် ထိုစကားလုံးတွေနှင့် ပတ်သက်ပြီး ဤမျှ အချိန်အတော်ကြာအောင် စဉ်းစားနေခဲ့သည်။

 

အမှန်အားဖြင့် သူ အလွန်ပျော်နေသော်လည်း သူ့မျက်နှာပေါ်တွင် မည်သည့်လက္ခဏာကိုမျှ မဖော်ပြခဲ့ပေ။ ဤအမျိုးသားသည် အပြင်ပိုင်းကြည့်လျှင် အေးစက်နေသည်ဟု ထင်ရသော်လည်း သူ့ စိတ်အတွင်းတွင် အမြဲတမ်းနွေးထွေးနေသည့် လူတစ်ယောက်ဟု ဆိုလိုသည့် သဘောပင် ဖြစ်သည်။

 

ခဏတာ ကြည်နူးနေပြီးနောက် စုယန်ယန်သည် နောက်ဆုံးတွင် သူမ ရရှိခဲ့သော လက်‌ဆောင်ထုပ် အသစ်နှစ်ခုကို အမှတ်ရသွားခဲ့သည် သို့သော်ငြားလည်း...

 

“စတင်အသုံးပြုသူ လက်ဆောင်ထုပ်လား။ အဲ့တာကို ငါ ပထမဆုံး စာချုပ်ချုပ်ဆိုတဲ့ အချိန်ကတည်းက ပေးသင့်တာ မဟုတ်ဘူးလား”

 

သေချာပါတယ်။ မနေ့ညက စာချုပ်ချုပ်ဆိုသည့်အချိန်တုန်း စနစ်က စုယန်ယန်ကို နှောင့်ယှက်ဖို့ စိတ်စောနေတာကြောင့် စုယန်ယန်ကို လက်ဆောင်ထုပ် ပေးအပ်ဖို့ လုံးဝမေ့လျော့သွားခဲ့သည်။ ဒါ့ကြောင့် စနစ်က စကားလမ်းကြောင်းကို အမြန်ပြောင်းလိုက်သည်။

 

[Host ကျေးဇူးပြုပြီး လက်ဆောင်ထုပ်ကို စစ်ဆေးပေးပါ။ အကယ်၍ နားမလည်မှု တစ်စုံတစ်ရာရှိပါက ကျွန်ုပ်ကို မေးပါ။]

 

စုယန်ယန်သည် စနစ်၏အသံတွင် အပြစ်ရှိသည့် အရိပ်အယောင်များကို အလွယ်တကူ ပိုင်းခြားသိသော်လည်း ကံကောင်းထောက်မစွာဖြင့် သူမ စိတ်ကောင်းဝင်နေ၍ စနစ်နှင့် ငြင်းခုန်ခြင်း မပြုခဲ့ပေ။

 

အဆင့်တက်ခြင်း လက်ဆောင်ထုပ်သည် စတင်အသုံးပြုသူ လက်ဆောင်ထုပ်နှင့် မတူညီ ကွဲပြားခြားနားသည်။ တစ်ခုက ရွှေရောင်ရှိပြီး အခြားတစ်ခုကတော့ အစိမ်းရောင်ဖြစ်သည်။

 

စုယန်ယန်သည် ပထမဦးစွာ ရွှေရောင်လက်‌ဆောင်ထုပ်ကို နှိပ်လိုက်ရာ သူမရှေ့တွင် သူမ ယခင်က ကစားဖူးသည့် ကတ်ပြားများ ရွေးချယ်ရသည့် ဂိမ်းထဲကလိုမျိုး ရွှေရောင် စာအုပ်တစ်အုပ် ပေါ်ထွက်လာပြီး ရွှေရောင် စာမျက်နှာတစ်ခု ရုတ်တရက် ပေါ်ထွက်လာသည်။

 

[ဂုဏ်ယူပါတယ် Host။ သင် တရုတ်ဆေးဖက်ဝင် ဟင်းလျာချက်ပြုတ်နည်းကို ရရှိသွားပါပြီ။ ယခု စွမ်းရည်သစ်ပင် လုပ်ဆောင်ချက်ကို တရားဝင် ဖွင့်လှစ်လိုက်ပါပြီ။ ကျေးဇူးပြုပြီး အဆင့်တက်ပြီး စွမ်းရည်များကို ထပ်မံဖွင့်လှစ်နိုင်ရန်အတွက် နှစ်လိုမှုရမှတ်နှင့် ယုံကြည်မှုရမှတ်များကို များများ စုဆောင်းနိုင်ဖို့ အလုပ်ကြိုးစားပေးပါ။]

 

“စွမ်းရည်သစ်ပင်လား”

 

 စုယန်ယန်သည် အာရုံစူးစိုက်ပြီး ကြည့်ရှုလိုက်ရာ သစ်ပင်ကြီး အကြီးကြီးတစ်ပင်ပါသည့် ကားချပ်တစ်ခုသည် သူမစိတ်အာရုံတွင် ပေါ်ပေါ်လာသည်ကို သတိပြုမိလိုက်သည်။

 

ထိုကားချပ်သည် မြေပြင်မှ ထိုးထွက်လာသည့် ပင်စည်များသည် ဘေးဘက်ဆီသို့ အကိုင်းများစွာ ဖြာထွက်နေသော ဧရာမမြင့်မားသည့် သစ်ပင်ကြီးနှင့် ဆင်တူသည်။

 

သူမ ဖွင့်လှစ်လိုက်သော တရုတ်ရိုးရာ ဆေးဖက်ဝင် ဟင်းလျာချက်ပြုတ်နည်းသည် ထိုသစ်ပင်၏ အောက်ခြေတွင် လင်းလက် တောက်ပနေသည်။ သစ်ပင် အထက်ပိုင်းတွင် အပ်စိုက်ကုထုံး၊ တရုတ်အနှိပ်ကုထုံး၊ ပါ့ကွမ် လျောင်းဖာ၊ အိုက်ကျို့နှင့် အခြားစွမ်းရည်များကို တွေ့ရှိရပြီး ၎င်းတို့ကို မဖွင့်လှစ်ရသေးသောကြောင့် မည်းမှောင်နေဆဲ ရှိနေသည်။

 

 

 

စုယန်ယန် ထိုကားချပ်ကို ကြည့်လေလေ သူမအကြည့်တွေက ပိုတောက်ပ လာလေလေ ဖြစ်လာသည်။ သူမသည် ဆေးပညာအကြောင်းကို သိပ်မသိသော်လည်း ဒီစွမ်းရည်များသည် ကာလရှည်ကြာ၍ ပျောက်ကွယ်သွားခဲ့သော တရုတ်ရိုးရာ ဆေးပညာဖြစ်ကြောင်းကို သူမ သိရှိလာရသည်။

 

သိပ္ပံနည်းများဖြင့် အမျိုးမျိုး စမ်းသပ်ဖော်စပ်ထားသော ခေတ်မီဆေးဝါးများနှင့် အနောက်တိုင်း ဆေးဝါးများ အစားထိုးလာခဲ့သည်။ သိပ္ပံနှင့်နည်းပညာခေတ်တွင်  တရုတ်တိုင်းရင်းဆေးပညာသည် ဆေးကျောင်းသားများ၏ စိတ်ကူးယဉ် အိပ်မက်များထဲတွင်သာ တည်ရှိနေနိုင်တော့သည်။

 

ယင်းမတိုင်မီက စုယန်ယန်သည် သူမအတွက် စနစ်ရေးဆွဲပေးထားသည့် စက်ဝိုင်းပုံဇယားနှင့် ပတ်သက်ပြီး သံသယရှိနေဆဲပင်။ သို့သော် အခုအချိန်တွင် ဒီအရာများကို သူမ မြင်လိုက်ရသောအခါ မျှော်လင့်ချက် အလင်းရောင် အနည်းငယ်ကို တွေ့မြင်လိုက်ရသလို ခံစားလိုက်ရသည်။

 

အကယ်၍ သူမသာ ဤစွမ်းရည် အားလုံးကို ဖွင့်လှစ်လိုက်နိုင်ရင် ဟောက်ချန်ဟွမ်း၏ ခြေထောက်တွေနဲ့ ... ထိုအရာနှစ်ခုလုံးကို ပြန်လည်ကောင်းမွန်လာနိုင်စေတဲ့ အခွင့်အရေး ရှိတယ်လို့ ဆိုလိုခြင်းလား။

 

စုယန်ယန်သည် ထိုကဲ့သို့ ကြီးမားသော ဆုလာဘ်ကို ရုတ်တရက် ရိတ်သိမ်းလိုက်နိုင်ရာ စနစ်က ပေးအပ်သော ဆုလာဘ်ကို အနည်းငယ် ပိုမျှော်လင့်မိပြီး အခြားလက်ဆောင်အထုပ်ကို ဖွင့်ကြည့်ရန် သူမ မစောင့်ဆိုင်းနိုင်တော့ပေ။

 

အကျွမ်းတဝင်ရှိသော စာမျက်နှာက တစ်ဖန်ပေါ်လာပြီး‌နောက်တွင် တောက်ပသော အလင်းရောင်တစ်ခု ပေါ်ထွက်လာသည်။ အဲ့ဒီနောက်မှာ ကတ်ပြားတွေ အများကြီး ပေါ်ထွက်လာခဲ့သည်။

 

[ဂုဏ်ယူပါတယ် Host သင် တရုတ်ကိုချီ၊ ယိမူချောင်နဲ့ ရှန်းကျားအစေ့တွေကို ရရှိသွားပါပြီ။ ၎င်းတို့အားလုံးကို သင့်သိုလှောင်ရုံတွင် သိမ်းဆည်းထားပါသည်။ ကျေးဇူးပြုပြီး ထိုအစေ့တွေကို တတ်နိုင်သမျှ အမြန်စိုက်ပျိုးပေးပါ။ အကယ်၍ ယနေ့တွင် ဒီမျိုးစေ့တွေကို စိုက်ပျိုးလိုက်ပါက လတ်ဆတ်သော ဆေးဖက်ဝင်အပင်များကို များများရိတ်သိမ်းနိုင်ပါလိမ့်မည်~]

 

***