အခန်း(၁၉)
- သူလေးရဲ့သခင်လိုမျိုး ပေါပေါတောတောလေး
အနှစ်နှစ်ဆယ်ကျော်
နေထိုင်ပြီးနောက် မကြာသေးမီ အချိန်ကမှ သူ့၏ ပထမဆုံး အနမ်းကို ပေးခဲ့ဖူးသော ဟောက်ချန်ဟွမ်းသည်
သူ့ရဲ့သတို့သမီးလောင်းထံမှ ပြင်းထန်သော စနောက်ကျီစယ်မှုများနှင့် တွေ့ကြုံခဲ့ရပြီး
သူ့ခမောက်နှင့် ချပ်ဝတ်တန်ဆာများကို ဆုံးရှုံးခဲ့သည်။ သူက အချိန်ခဏလေးအတွင်းမှာပင်
လက်နက်ချ အရှုံးပေးလိုက်ရသည်။
ဟောက်ချန်ဟွမ်းသည်
သူ၏ အခုမြန်နေသော နှလုံးခုန်သံကို ငြိမ်သက်အောင် မထိန်းနိုင်မီ အချိန်အတန်ကြာအောင်
အသက်ပြင်းပြင်း ရှူလိုက်ပြီး စုယန်ယန်ကို လေးနက်စွာ တုံ့ပြန်လိုက်သည်။
ဟောက်:
[ကျွန်တော် ဒါကို မြတ်နိုး တန်ဖိုးထားပါ့မယ်။]
စုယန်ယန်သည်
သူ၏တုံ့ပြန်ပြောဆိုချက်က အရမ်းလေးနက်သည့်ပုံ ပေါ်နေသည့် အတွက် အရူးလေးလို ပြုံးနေမိသည်ကို
မရပ်တန့်နိုင်တော့ပေ။
ဒီကမ္ဘာပေါ်မှာ
ယန်ယန်က ရှင့်ကို အချစ်ဆုံးပဲ: [ရှင် အခုတလော အလုပ်အရမ်းများနေပြီး နောက်ကျတဲ့အထိ လုပ်နေရတယ်လို့
ကျွန်မ ကြားတယ်။ ပြီးတော့ ရှင့်ရဲ့စားချင်သောက်ချင်တဲ့ စိတ်ကလည်း သိပ်မကောင်းဘူးဆို။
အလုပ်ကလည်း အရေးကြီးတယ်ဆိုပေမယ့် ရှင့်ကျန်းမာရေးကလည်း အရမ်းအရေးကြီးတယ်။ ရှင် အခုအချိန်မှာ
ရှင့်အတွက်ရှင်ပဲ ရှင်သန်နေတာ မဟုတ်ဘူးဆိုတာကို အမှတ်ရပါ။ ရှင် သိထားရမှာက ရှင့်ရဲ့ခန္ဓာကိုယ်ကို
ကျန်းမာအောင် ဂရုစိုက်နေထိုင်မှ ကျွန်မတို့ အတူတူ အချိန်အကြာကြီး အတူရှိလို့ရမှာ...]
ဟောက်ချန်ဟွမ်းသည်
သူ့ဖခင်ဖြစ်သူ ဆုံးပါးသွားပြီး ကတည်းက နှစ်များစွာကြာအောင် သူ့ဘဝရှေ့ရေးအတွက် ဇွဲ လုံလ ဝီရိယထားပြီး သူ့ကိုယ်သူသာ
အားကိုးအားထားပြုနေရတာ ဖြစ်သည်။
အထူးသဖြင့်
သူမပြောခဲ့သည့် စကားရှည်ကြီး၏ နောက်ဆုံးစကား အနည်းငယ်ခန့်မှာ ဟောက်ချန်ဟွမ်းရဲ့စိတ်ကို
ချက်ချင်း ပြိုလဲကျသွားစေကာ သူ အဆင်ပြေတယ်ဆိုသည့် စကားတစ်ခွန်းကလွဲ၍ တခြားဘာကိုမှ မပြောနိုင်ခဲ့ချေ။
စုယန်ယန်သည်
ဟောက်ချန်ဟွမ်းက သူမ၏စကားကို နာခံစွာ သဘောတူ လက်ခံလိုက်သည်ကို မြင်လိုက်ရသောအခါတွင်
သူမ မနက်ဖြန်လည်း သူနှင့် တွေ့ဆုံရဦးမည်ကို သတိရလိုက်ပြီး သူ့ကို ဆက်၍ အနှောင့်အယှက်
မပေးတော့ချေ။
ဒီကမ္ဘာပေါ်မှာ
ယန်ယန်က ရှင့်ကို အချစ်ဆုံးပဲ: [ဒါဆို ကျွန်မ ရှင့်ကို ထပ်မနှောင့်ယှက်တော့ဘူး။ ရှင်
အလုပ်တွေကို စောစောပြီးအောင် လုပ်ပြီးတာနဲ့ အနားယူနော်၊ ဟုတ်ပြီလား။ ရှင်က နောက်ကျတဲ့အထိနေတာမျိုး
ခွင့်မပြုဘူး။]
စုယန်ယန်က
သူ့ကို အမိန့်ပေးသံလို ဆိုလိုက်သော်လည်း သူ့နားထဲမှာတော့ ဒီလိုကြားရတာလေးကပင် ချိုမြိန်လှသည်။
ဟောက်:
[ကောင်းပြီ]
စုယန်ယန်သည်
သူမနှင့် စကားပြောပြီးပြီးချင်း ဟောက်ချန်ဟွမ်းရဲ့ မျက်နှာပျက်သွားတာကို မသိလိုက်ရပေ။
သူ၏
ဖြောင့်စင်းရှည်လျားကာ ကျဉ်းမြောင်းသော မျက်ဝန်းများသည် သူလိုချင်သမျှ အရာအားလုံးကို
ရရှိထားကြောင်းကို နားလည် သဘောပေါက်မိသွားပြီးနောက် တုန်ယင်သွားခဲ့သည်။ သူ့မျက်လုံးတွေထဲတွင်
တစ်ယောက်ကို တစ်ယောက် ပွေ့ဖက်နမ်းရှုံ့နေတဲ့ ချစ်သူများ၏ ရွှင်လန်းတက်ကြွမှု၊ အပြစ်ကင်းစင်တဲ့
စိတ်ခံစားချက်များဖြင့် သူမကို ပိုင်ဆိုင်နိုင်ရန် ရူးသွပ်လုနီးပါး ဖြစ်နေသည့် ဆုံးဖြတ်ချက်များ
ပြည့်နှက်နေသည်။
“ကိုယ်
မင်းကို အခွင့်အရေးတစ်ခု ပေးခဲ့ပြီး မင်း ငါ့ကို ရွေးလိုက်ကတည်းက မင်း ကိုယ့်လက်ထဲကနေ
ဘယ်တော့မှ ရှောင်ပြေးလို့ရမှာ မဟုတ်တော့ဘူး”
သူ့စိတ်ခံစားချက်တွေအပေါ်
ထိန်းချုပ်နိုင်စွမ်း မရှိတော့သည်က ဟောက်ချန်ဟွမ်းရဲ့ လက်များ လှုပ်ရှားနေသည့် အပေါ်တွင်
အနည်းနှင့်အများ သက်ရောက်မှု ရှိနေခဲ့သည်။
သူ့ရင်ခွင်ထဲမှာ
ပွေ့ချီထားသော သွမ်းသွမ်းသည် မသက်မသာ ဖြစ်သောကြောင့် လှုပ်ရှားသွားသော်လည်း ဒီအမျိုးသားရဲ့
ကြောက်လန့်ဖွယ် သွင်ပြင်ကို မထိတ်လန့်သွားခဲ့ပေ။ အဲ့ဒီအစား ၎င်းမှာ ထိုအမျိုးသားရဲ့
စိတ်ခံစားချက်တွေကို နားလည်သကဲ့သို့ တိတ်ဆိတ်စွာ နေပေးသည်။
သူ့လျှာလေးကို
တက်ကြွစွာ ဆန့်ထုတ်လိုက်ပြီး ထိုအမျိုးသားအား ပျော်ရွှင်စေလိုသည့် ရည်ရွယ်ချက်ဖြင့်
သူ့လက်ချောင်းထိပ်များကို သေသေချာချာ နမ်းလိုက်လေသည်။
ဟောက်ချန်ဟွမ်းသည်
ခဏလောက် အေးခဲသွားပြီး စုယန်ယန်ကဲ့သို့ တူညီသည့် အသွင်အပြင်ရှိသည့် ခွေးငယ်လေးကို ကြည့်လိုက်ချိန်တွင်
သူ့မျက်နှာအမူအရာမှာ တဖြည်းဖြည်း ပျော့ပျောင်းလာခဲ့သည်။
သူ့လက်ကို
ဆန့်ထုတ်ကာ သွမ်းသွမ်းလေးကို ပွတ်သပ်ပေးလိုက်သည်။ သူက အမြတ်တနိုး ကြိမ်းမောင်းသည့်
အသံဖြင့် “မိုက်မဲလိုက်တာ။ မင်းလေးက မင်းလေးရဲ့သခင်လိုပဲ မိုက်မဲလွန်းတယ်”
သူနှင့်အတူရှိနေခြင်းသည်
အန္တရာယ်ဖြစ်မည်ကို သူမ သိသော်လည်း မဆိုင်းမတွပဲ ဆက်လက် အတူရှိနေပေးသည်။ သူက သူမကို
အဝေးသို့ မောင်းထုတ်ဖို့ မကြိုးစားခဲ့သလို သူမကလည်း ထွက်ပြေးရန် မကြိုးစားခဲ့ပေ။ ဒါကို
မိုက်မဲလွန်းတယ်လို့ အဓိပ္ပါယ်မဖွင့်ဆိုလျှင် ဘယ်အရာကို မိုက်မဲတယ်လို့ ဆိုရပါ့မလဲ။
“ဒါပေမယ့်
အဆင်ပြေပါတယ်။ ကိုယ် မင်းတို့တွေကို ကာကွယ်ပေးမယ်”
မင်းကို
ကိုယ်အပါအဝင် ဘယ်သူ တစ်ဦးတစ်ယောက်ကမှ ထိခိုက်နာကျင်စေခွင့်ပြုမှာ မဟုတ်ဘူး။
စုယန်ယန်
အိပ်ရာမှ နိုးလာချိန်တွင် သူမ ပထမဆုံးပြုလုပ်သည့် အလုပ်မှာ သူမ မနေ့ညက စိုက်ပျိုးထားသည့်
ဆေးဖက်ဝင်အပင်များအား စစ်ဆေးကြည့်ရှုခြင်း ဖြစ်သည်။
အံ့သြစရာ
မရှိအောင်ပင် သူမသည် ဆေးဖက်ဝင်အပင်တွေ ရိတ်သိမ်းရန် အသင့်ဖြစ်နေပြီ ဆိုတာကို တွေ့မြင်လိုက်ရသည်။
သူမ ရိတ်သိမ်းလိုသည့် အခါတွင် ၎င်းတို့ကို လတ်ဆတ်သည့် အပင်အတိုင်းပဲ ရိတ်သိမ်းမလား
သို့မဟုတ် အခြောက်ခံပြီး ရိတ်သိမ်းမလား ဆိုတာ ရွေးချယ်နိုင်ခဲ့ပြီး အလုပ်များကို အလွန်
သက်သာ အဆင်ပြေစေမည် ဖြစ်သည်။
ဆေးဖက်ဝင်အပင်များကို
ရိတ်သိမ်းပြီးနောက် စုယန်ယန်သည် ၎င်းတို့ကို သိမ်းဆည်းကာ နောက်ထပ်မျိုးစေ့ အသစ်တစ်သုတ်ကို
ထပ်မံစိုက်ပျိုးလျက် စိတ်အားထက်သန်စွာဖြင့် အောက်ထပ်သို့ ဆင်းလာခဲ့သည်။
ထိုအချိန်တွင်
မစ္စတာစုတို့ ဇနီးမောင်နှံသည် မနက်စာ စားသောက်ပြီးစီးသွားပြီဖြစ်၍ အောက်ထပ်တွင် တစ်ယောက်မှ
မရှိတော့ပေ။
စုယန်ယန်က
သူမတို့အိမ်မှ သူမအတွက် မနက်စာပြင်ပေးဖို့ မေးမြန်းလာတဲ့ ထမင်းချက် အန်တီလီ၏ ကမ်းလှမ်းချက်အား
ငြင်းပယ်လိုက်ပြီး မီးဖိုချောင်ထဲကို ဝင်လာခဲ့သည်။
စုယန်ယန်ကိုယ်တိုင်
ချက်ပြုတ်မည့်အကြောင်းကို အန်တီလီ ကြားလိုက်ချိန် တားမြစ်ရန် ကြိုးစားခဲ့သော်လည်း
“သူမရဲ့သတို့သားလောင်းအတွက် သူမကိုယ်တိုင် ချက်ပြုတ်ပေးချင်တယ်”ဟု စုယန်ယန်က ပြောလိုက်ချိန်မှာ
အန်တီလီက လက်ခံလိုက်ပြီး သူမကို မတားမြစ်တော့ပေ။
သူမသည်
သူမစိတ်နှလုံးသားထဲတွင် တိတ်တဆိတ် သက်ပြင်း ခိုးချလိုက်သော်လည်း မျက်နှာပေါ်၌ သိမ်မွေ့သည့်
အပြုံးလေးကို ပန်ဆင်ထားကာ စုယန်ယန်ကို မီးဖိုချောင်ထဲ ခေါ်ဆောင်သွားသည်။ အခုခေတ်လူငယ်တွေ
အချစ်မှာ နစ်မြှုပ်ပျော်ဝင်သည့်အခါ တကယ့်ကို ချစ်ဖို့ကောင်းလွန်းသည်လို့ တွေးနေမိသည်။
***