အခန်း(၂၁)
- ကျွမ်းကျင်မှုများအကြောင်း ကြွားလုံးထုတ်မယ်
ကြည့်ရှုသူအများအပြား
မရှိသေးသော်လည်း ဒါက ကောင်းသောအစပြုမှုတစ်ခုပင်ဖြစ်သည်။
လန်းဆန်းသွားသလို
ခံစားလိုက်မိပြီး တိုက်ရိုက်ကြည့်ရှုသူများ၏ မေးခွန်းများကို စုယန်ယန်က စိတ်ရှည်လက်ရှည်
ပြန်လည်ဖြေဆိုပေးခဲ့သည်။
“အခု ကျွန်မကိုင်ထားတဲ့ အနီရောင်အသီးကို ရှန်းကျားလို့
ခေါ်ပါတယ်။ ဒါက အသီးလို့ခေါ်ဆိုလို့ ရရုံသာမက ဆေးဖက်ဝင် အမျိုးအစားထဲမှာလည်း ပါဝင်ပါတယ်။
လတ်ဆတ်တဲ့ ရှန်းကျားကို ဒီအတိုင်းလည်း စားလို့ရပါတယ်။ ဒါပေမယ့် သူတို့ကို နေရောင်အောက်မှာ
အခြောက်ခံပြီးတဲ့ နောက်မှာတော့ သူတို့ကို ဆေးဝါးအဖြစ်လည်း အသုံးပြုနိုင်ပါတယ်။ သူက
အစားစားချင်စိတ်ကို တိုးမြှင့်ပေးပြီး အစာချေဖျက်ရာတွင်လည်း အံ့ဖွယ်အကျိုးသက်ရောက်မှုရှိတယ်”
စုယန်ယန်
ဤသို့ရှင်းပြပြီးသည်နှင့် ဖန်သားပြင်ပေါ်တွင် မေးခွန်းအချို့ ပေါ်လာခဲ့သည်။
[အဲ့တာက
တကယ်လား။ သူက အသီးလို့ခေါ်လို့ ရတဲ့အပြင် ဆေးဖက်လည်း ဝင်တယ်လား။ တင်ဆက်သူရေ မင်း ငါတို့ကို
လှည့်စားနေတာ မဟုတ်ဘူးလား။]
[မင်းပြောတာကို
ဘယ်လိုမှ မယုံကြည်နိုင်ဘူး။ ယနေ့ခေတ် တိုက်ရိုက်ထုတ်လွှင့် တင်ဆက်သူတွေက သူတို့ရဲ့
ကျွမ်းကျင်မှုတွေကို ဘယ်လို ကြွားဝါပြောဆိုရမလဲ ဆိုတာကိုပဲ သိကြတယ်။ လက်တစ်ဆုပ်စာလောက်ကပဲ
တကယ့် ဗဟုသုတနဲ့ စွမ်းရည်ရှိတယ်။ ငါတော့ ထွက်ပြီ။]
ဟောက်ချန်ဟွမ်းသည်
ဖန်သားပြင်ပေါ်မှ ပျံဝဲနေသော အချိန်နှင့်တစ်ပြေးညီ တင်ဆက်နေသော မှတ်ချက်များကို ဖတ်ရှုရင်း
သူ့မျက်ဝန်းတွေက ကျဉ်းမြောင်းသွားသည်။ သူ့မျက်နှာအသွင်အပြင် မည်းမှောင်လွန်းသဖြင့်
ယုကျစ်ယန်က သူ့ကို ကြည့်လိုက်ရုံဖြင့် ထိတ်လန့်တုန်လှုပ်သွားမိသည်။
“ဝက်မြေစာဥတွေက
ရင်ဘတ်မဟုတ်ပါဘူး။ သူတို့က အခွံမာသီးတစ်မျိုးပါ။ ဒီပန်းကန်လုံးထဲမှာ ပြည့်နေတဲ့ အဖြူရောင်
အသီးတွေက ဝက်မြေစာဥတွေပါပဲ။ ရှေးခေတ်ကမ္ဘာမြေကြီးရဲ့ ဒေသိယ ဘာသာစကားအရ သူတို့ကို ဝက်မြေစာဥတွေလို့
အမည်ပေးထားခြင်း ဖြစ်ပါတယ်။ ဒီအသီးတွေက ချိုမြိန်ကြွပ်ဆတ်ပြီး အစာစားချင်စိတ်ကို နှိုးဆွပေးပြီး
အစာချေဖျက်ရာတွင်လည်း အထောက်အကူပြုပါတယ်”
စုယန်ယန်သည်
ဖန်သားပြင်ပေါ်ရှ် သံသယ မေးခွန်းများကို လျစ်လျူရှုထားခဲ့သည်။ သူမသည် ဆက်လက်ရှင်းပြနေရင်း
ရှန်းကျားနဲ့ ဝက်မြေစာဥတွေကို အိုးထဲသို့ ထည့်လိုက်ပြီး ဆူပွက်အောင် တည်ထားလိုက်ပြီးနောက်
မီးအေးအေးဖြင့် ဆက်တည်ထားသည်။ တစ်ချိန်တည်းမှာပင် သူမသည် အကြော်အိုးကိုကိုင်ကာ ငါးကြင်းကို
စတင်ကြော်လိုက်သည်။
“စွပ်ပြုတ်ထဲကို
မထည့်ခင် ငါးကြင်းကိုကြော်မယ်။ ဒါက စွပ်ပြုတ်ထဲမှာ ငါးအသားကို မကြေမွသွားစေအောင် ကာကွယ်ဖို့အတွက်ပါ။
ဒီနည်းနဲ့ဆို အရသာကိုလည်း ပိုကောင်းမွန်စေပါတယ်။ သိပ်အကြာကြီး ကြော်စရာမလိုပါဘူး။ နှစ်ဖက်စလုံးကို
ရွှေရောင်သန်းလာတဲ့အထိ ကြော်ပြီး ဖယ်ထားလိုက်ပါ”
စုယန်ယန်သည်
ငါးကြင်းကို စတင်ကြော်ပြီးနောက် တိုက်ရိုက်ထုတ်လွှင့်မှု ဖန်သားပြင်ပေါ်တွင် မေးမြန်းနေမှုများ
ရုတ်တရက် နှေးကွေးသွားခဲ့သည်။ တိုက်ရိုက်ထုတ်လွှင့်မှုတွင် ကြည့်ရှုသူအသစ်များ များပြားလာသည်။
ငါးကိုကြော်ဖို့က
ကျွမ်းကျင်မှုလိုအပ်သည်။ ငါးကြင်းကိုကြော်သည့်အခါတွင် သတိမထားမိပါက အလွယ်တကူ အကျက်လွန်သွားစေနိုင်သည်။
အဲ့ဒီအစား စုယန်ယန်၏ ငါးကြင်းကြော်ကို ဘေးဖယ်လိုက်ချိန်တွင် ရွှေဝါရောင်သန်းနေပြီး
အလွန်စားချင်စဖွယ် ဖြစ်နေပါသည်။
[တင်ဆက်သူရဲ့
အချက်အပြုတ် စွမ်းရည်က တော်တော်လေးကို ကောင်းမွန်ပါတယ်။ အရသာပိုကောင်းမွန်အောင် ဂျင်းကို
ပါးပါးလှီးထည့်ဖို့ရော မလိုအပ်ဘူးလား။ ဖုဖျင်တာတာဆို သူမငါးဟင်းချက်တဲ့အခါတိုင်း ဂျင်းကို
ပါးပါးလှီးထည့်တယ်။]
စုယန်ယန်သည်
ထိုမှတ်ချက်ကို ဖတ်ရှုပြီးနောက် တစ်ခဏမျှ ထိတ်လန့်သွားသည်။ ‘ဒီလူပြောနေတဲ့ ဖုဖျင်တာတာဆိုတာ
ဝမ်ကျင့်ဖျင်ရဲ့ တိုက်ရိုက်ထုတ်လွှင့် တင်ဆက်မှု နာမည်ကို ရည်ညွှန်နေခြင်း မဟုတ်ပါလား’
“ဂျင်းကို
ပါးပါးလှီးထည့်တာက အရသာကို ပိုကောင်းမွန်စေပေမဲ့ ရှန်းကျားမှာ တူညီတဲ့အာနိသင် ရှိပြီးသား
ဖြစ်တဲ့အတွက်ကြောင့် ဂျင်းကို ပါးပါးလှီးထည့်စရာ မလိုအပ်တော့ပါဘူး”
စုယန်ယန်သည်
စွပ်ပြုတ်အိုးထဲသို့ ငါးကြင်းကြော်ကိုထည့်ကာ အဖုံးအုပ်ပြီး ဆူအောင် တည်လိုက်သည်။ တစ်ချိန်တည်းမှာပင်
သူမသည် နောက်ထပ် အိုးတစ်လုံးကို ထုတ်ယူလိုက်သည်။
“ငါးစွပ်ပြုတ်ကို
ချက်ပြီးတဲ့ အချိန်ကို စောင့်ဆိုင်းနေတဲ့ အချိန်မှာ နောက်ထပ် ဟင်းလျာတစ်ခုဖြစ်တဲ့ တရုတ်ကိုချီ
ဝက်အသည်းဆန်ပြုတ်ကို ချက်ကြမယ်။ အဓိက ပါဝင်ပစ္စည်းတွေကတော့ တရုတ်ကိုချီအရွက်၊ တရုတ်ကိုချီနဲ့
ဝက်အသည်းတို့ပဲ ဖြစ်ပါတယ်”
စုယန်ယန်က
ဆန်နှင့် ကိုချီစေ့တွေကို အိုးထဲသို့ သွက်သွက်လက်လက် ထည့်ရင်း ရှင်းပြလိုက်သည်။ သူမသည်
ဝက်အသည်းထဲမှာရှိတဲ့ အညစ်အကြေးတွေကို ရေဖြင့်ဆေးကြောပြီးတော့ ပါးပါးလှီးထားတဲ့ ဂျင်းအနည်းငယ်ထည့်ကာ
နှပ်ထားလိုက်သည်။
အိုးထဲမှ
ထမင်းကျက်သွားသည့် အချိန်တွင် ဝက်အသည်းနှင့် ကိုချီအရွက်တွေကို ထည့်ကာ အသည်း လုံးဝ
ကျက်သွားသည့်အထိ တည်ထားလိုက်သည်။
စုယန်ယန်သည်
ဟင်းခတ်အမွှေးအကြိုင် အချို့ကိုပါ နံဘေးရှိ ငါးစွပ်ပြုတ်ထဲကို ထည့်ရန် အချိန်အနည်းငယ်
ယူလိုက်သေးသည်။
အချိန်ကြာမြင့်လာသည်
နှင့်အမျှ အိုးနှစ်လုံးထဲရှိ ဆေးဖက်ဝင် ဟင်းအမယ်များ၏ မွှေးရနံ့သည် လေထဲမှာ လွင့်ပျံလာခဲ့ကာ
တိုက်ရိုက်ကြည့်ရှုသူ ဒါဇင်ပေါင်း များစွာကို ဆွဲဆောင်နိုင်ခဲ့သည်။
နောက်ဆုံး၌
တိုက်ရိုက်ထုတ်လွှတ် တင်ဆက်မှု အခန်းထဲသို့ ဝင်ရောက်ကြည့်ရှုသူ အနည်းငယ် တိုးမြင့်လာကာ
စုယန်ယန် ဟင်းအိုးအဖုံးကို ဖွင့်လိုက်သည့် အချိန်တွင် ကြည့်ရှုသူ အရေအတွက်သည် အထွတ်အထိပ်သို့
မြင့်တက်လာခဲ့သည်။
[အိုး...
ဒီအနံ့က ဘာလဲ။ ဘာလို့ ဒီလောက်တောင် မွှေးနေရတာလဲ။]
[ဒီအနံ့က
အရမ်းမိုက်တာပဲ။ တခြား အချက်အပြုတ် တိုက်ရိုက်ထုတ်လွှင့်တဲ့ အခန်းတွေမှာ ရရှိတဲ့ သမားရိုးကျ
မွှေးရနံ့တွေနဲ့မတူပဲ ဒီတစ်ခုမှာ ခါးသီးမှု၊ အချဉ်နှင့် ချိုမြိန်တဲ့ အငွေ့အသက်လေးတွေပါ
ပါဝင်နေတယ်။ ဆန်းကြယ်တဲ့ မွှေးရနံ့တွေ ရောနှောနေပြီး ငါ ဒီအနံ့ကို ရလေလေ စိတ်လှုပ်ရှားမိလေလေပဲ။
ငါ့ကိုယ်ငါ မတားဆီးနိုင်တော့ဘူး။]
***